← Chapters

တာအိုကျင့်ကြံသူကွမ်းက အလင်းရောင်ကို တဖန်ပြန်မြင်ခဲ့ရသည်

Vol. 28 Ch. 410

တာအိုကျင့်ကြံသူကွမ်းက အလင်းရောင်ကို တဖန်ပြန်မြင်ခဲ့ရသည်

Vol. 28 Ch. 410

သာမန်အခြေအနေတွင် မြင့်မားသော နယ်ပယ်အဆင့် ရှိသည့် ကျင့်ကြံသူများသာ စိတ်ဝိညာဥ် နေရာလွတ်ကို ရွှေ့ပြောင်းနိုင်စွမ်း ရှိကြသည်။

ပုံမှန်အားဖြင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူသည် အများဆုံး ပဉ္စမတန်းစား အဆင့် စွမ်းရည်၊ ဟင်းလင်းပြင်မွမ်းမံခြင်း အဆင့် ကျင့်ကြံသူသည် ဆဌမတန်းစား အဆင့်စွမ်းရည်၊ ခြေသလုံး အိမ်တိုင် အင်မော်တယ်ကမူ သတ္တမတန်းစား အဆင့်စွမ်းရည် နှင့် ပကတိအင်မော်တယ်ကမူ အဌမတန်းစားအဆင့် စွမ်းရည်များကို အသုံးပြုနိုင်မည် ဖြစ်သည်။

စိတ်ဝိညာဉ်နေရာလွတ် ကူးပြောင်းခြင်းအတွက် လိုအပ်သည့် မှော်စွမ်းရည်မှာ အဆင့်မြင့် အဌမတန်းစား စွမ်းရည် ဖြစ်သည်။

သို့သော် ဤအဌမတန်းစား စွမ်းရည်ဖြင့်ပင် ကျရှုံးနိုင်ခြေ ရှိနေဆဲဖြစ်၏။

အဆိုးဆုံးအခြေအနေတွင် ၎င်းက စိတ်ဝိညာဉ်နေရာလွတ်ကိုပင် ဖျက်ဆီးမိနိုင်သည်။

ထို့ကြောင့် ဖန်းကွမ်းက စိတ်ဝိညာဉ်နေရာလွတ်ကို ကောင်းကင် အက်ကွဲကျောက်တုံးတွင် ထည့်သွင်းသောအခါ ကြီးမားသော အခက်အခဲကို ရင်ဆိုင်ခဲ့ရသည်။

သို့သော် ဝမ်လင်းကမူ ထိုပြဿနာများကို လုံးဝ မေ့ပစ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် မဟာတာအို သုံးထောင်သည် အဌမတန်းစား အဆင့်ထက် ကျော်လွန်၍ ကောင်းကင်အဆင့် အဖြစ် သတ်မှတ်ခံထားရသောကြောင့် ဖြစ်သည်။

အတိအကျပြောရလျှင် ၎င်းက အဆင့် ဆယ့်လေး သို့မဟုတ် ဆယ့်ငါးတွင် အနည်းဆုံး ရှိမည်ဟု ဝမ်လင်း တွက်ဆခဲ့သည်။

နေရာရွှေ့ရန် မဟာတာအို သုံးထောင်ထဲမှ တစ်ခုကို အသုံးပြုခြင်းသည် အဌမတန်းစား အဆင့် မှော်စွမ်းရည်ကို အသုံးပြုခြင်းနှင့် အလွန် ကွာခြားလိမ့်မည်သာ။

အဌမတန်းစား အဆင့် မှော်စွမ်းရည်က အဆင့်၁၅မှ မှော်စွမ်းရည်နှင့် မည်သို့ယှဥ်နိုင်ပါအံ့နည်း။

ဝမ်လင်းက သူ့လက်ထဲတွင် လက်စွပ်ကို ကိုင်ထားရင်း ထွင်ထျန်းဟာ၏ အစိမ်းရောင် ခေါင်းကို ထိကိုင်လိုက်သည်။

သူက စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ်ထဲသို့ ဖန်းကွမ်း၏ စိတ်ဝိညာဥ်နေရာလွတ်ကို လွှဲပြောင်းရန် အဆင်သင့် ဖြစ်နေသည်။

ထွင်ထျန်းဟာက ဝမ်လင်း၏ လက်ကြောင့် ဦးခေါင်းပူလောင်လာသလို ခံစားခဲ့ရသော်လည်း ထိုအပူက သူသည်းခံနိုင်သည့် အတိုင်းအတာ တစ်ခု အတွင်း ရှိနေပါသေးသည်။

ထိုခဏဝယ် ဝမ်လင်း၏ လက်ဖဝါးထဲကနေ ဝိညာဉ်အလင်းများ ထွက်ပေါ်လာပြီး ဖန်းကွမ်း၏ စိတ်ဝိညာဉ် နေရာလွတ်ကို ဖုံးအုပ်သွား၏။

ဖန်းကွမ်းက သူ့ကျွန်းပေါ်ကနေ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

နှစ်အတော်ကြာအောင် စောင့်ခဲ့ရပြီးပြီ ဖြစ်၍ ဤခဏလေးက သူ့အတွက် ဘာမှမဖြစ်တော့ပေ။

ယင်းအချိန်မှာပင် သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

စူးရှတောက်ပသော အလင်းတန်း တစ်ခုက တိမ်တိုက်များအတွင်း ရုတ်တရက် ထိုးဖောက် ဝင်ရောက်ကာ ရွှေရောင်မှင်များကဲ့သို့ အလင်းရောင်က ကျွန်း၏ ကောင်းကင်ကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပင် စိတ်ဝိညာဉ် နေရာလွတ်၏ မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို ဤအလင်းရောင်က ဖုံးလွှမ်းသွားခဲ့သည်။

ဖန်းကွမ်းက လုံးဝ တုန်လှုပ်သွားခဲ့သည်။

ယင်းက မယုံနိုင်စရာ ဝိညာဉ်စွမ်းအားပင်။

သံသရာ ဝဋ်ဆင်းရဲကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အထွတ်အထိပ် ရောက်ခဲ့လျှင်ပင် ဤစွမ်းအားမျိုးကို သူပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပေ။

ဤစီနီယာက သူထင်ထားသည်ထက် ပိုကြောက်စရာကောင်းနေသည်။

ဝမ်လင်း၏ စွမ်းအားက နေရာလွတ်နှင့် လုံးဝ ပေါင်းစပ်လုနီးပါးပင်။

အမွေးစိမ်း ခွေးတစ်ကောင်၏ ဦးခေါင်းက ရုတ်တရက် ကောင်းကင်ထက်တွင် ပေါ်လာသည်။

ဖန်းကွမ်း ".........."

ထွင်ထျန်းဟာ၏ အသံက ဗုဒ္ဓ အသံကဲ့သို့ လေထဲတွင် ပဲ့တင်ထပ်နေသည်။

"စီနီယာ ဖန်းကွမ်း.. ငါ့သခင်က မင်းရဲ့နေရာကို ရွှေ့ပေးနေတယ်.. ကျေးဇူးပြုပြီး စိတ်မပူပါနဲ့.. စိတ်အေးအေးထား.. အဲဒါကို မတွန်းလှန်နဲ့ "

"ကောင်းပါပြီ.."

ဖန်းကွမ်းက ခေါင်းညိတ်လိုက်သည်။

အပြင်မှ စီနီယာက သူ့အတွက် လမ်းကြောင်းတစ်ခု ဖန်တီးနေမှန်း သူသိသည်။

သူ့အနေဖြင့် အထွတ်အထိပ်သို့ ရောက်ခဲ့လျှင်ပင် ဤစွမ်းအားကို ခုခံရန် သို့မဟုတ် တားဆီးရန် ဖြစ်နိုင်မည် မဟုတ်ပေ။

ဤအချက်ကို သူကောင်းကောင်းသိပြီး နှလုံးသားထဲကနေ သက်ပြင်းချလိုက်၏။

အားလုံး ခြုံကြည့်လိုက်လျှင် ဤစီနီယာက တာအို၏ အနှစ်သာရကို ဆုပ်ကိုင်ထားသည့် စီနီယာတစ်ယောက် ဖြစ်ပုံရသည်။

၎င်းက မည်သည့်အရာကိုပဲလုပ်လုပ် ပြတ်ပြတ်သားသား စေ့စေ့စပ်စပ် တွေးခေါ်ကာ အသေးစိတ်ကို ဂရုစိုက်ပြီး လုပ်တတ်သည်မှာ ထင်ရှား၏။

ဖန်းကွမ်းက သူနှင့်ဝမ်လင်း ကြားမှ ကွာဟချက်က သေးသေးလေး မဟုတ်ဟု ခံစားရသည်။

သေသေချာချာ စဉ်းစားကြည့်လျှင် သူက ရှုံးနိမ့်နေပြီဖြစ်သည်။

ထို့အပြင် ပြီးပြည့်စုံသော ရှုံးနိမ့်မှုလည်း ဖြစ်၏။

သီလ၊ အသိဉာဏ်၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ တို့၌ ဝမ်လင်းကို ယှဥ်နိုင်သည့် ရှုထောင့်တစ်ခုမှ သူ့တွင် မရှိသည်မှာ ထင်ရှားသည်။

............

ဝမ်လင်းက စိတ်ဝိညာဉ် နေရာလွတ် တစ်ခုလုံးကို စိတ်ဝိညာဥ် ဖိနှိပ်ခြင်း လက်စွပ် ထဲသို့ ထည့်သွင်းရန် ဆယ်မိနစ်သာ အချိန်ယူခဲ့ရသည်။

၎င်းက ပကတိအင်မော်တယ် ဝိညာဥ် နေထိုင်သောနေရာ ဖြစ်၏။

ထို့ကြောင့် ၎င်းကို ပြောင်းရွှေ့ခြင်းကို အနည်းငယ် ခံနိုင်ရည်ရှိနေဆဲပင်။

တကယ်တမ်းတွင် ယင်းက ပုံမှန်လွှဲပြောင်းသည့် နည်းလမ်းထက် အဆတစ်ရာမျှ ပိုမြန်နေပြီ ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ အန္တရာယ် လုံးဝမရှိခြင်းပင်။

"ထွက်လို့ရပြီ စီနီယာဖန်း"

ထွင်ထျန်းဟာက ဝမ်လင်း၏ လက်ထဲမှ စိတ်ဝိညာဥ် ဖိနှိပ်ခြင်းလက်စွပ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

စိတ်ဝိညာဉ်နေရာလွတ်ကို လက်စွပ်ထဲသို့ ရွှေ့လိုက်သည်နှင့် ဖန်းကွမ်းက လက်စွပ်၏ စွမ်းအားကို သိရှိနေပြီ ဖြစ်သည်။

ခဏအကြာတွင် သူ့ဝိညာဉ်က လက်စွပ်ထဲကနေ တဖြည်းဖြည်း ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ဝမ်လင်း၏ အခန်းကြမ်းပြင်ပေါ်သို့ ဆင်းသက်လာသည်။

ဖန်းကွမ်းက အခန်းတစ်ဝိုက်ကို ဝေ့ကြည့်လိုက်ရာ အမွေးစိမ်းခွေးတစ်ကောင်၊ အဖြူရောင်ဝတ် လူငယ်တစ်ဦးနှင့် လက်သူကြွယ်တွင် လက်စွပ်တစ်ကွင်း ဝတ်ထားသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

"ငါ့ကို ကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ"

ဖန်းကွမ်းက ဝမ်လင်းဘက်သို့ ချက်ချင်း လှည့်ကာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။

"မင်းအလှည့်"

ဝမ်လင်းက ထူးမခြားနားသည့် လေသံဖြင့် ပြောလိုက်သည်။

သူက သူ့တာဝန်ကို ကျေပွန်ခဲ့ပြီ ဖြစ်၏။

ကျန်အရာများကို ဗုံးပစ်စီနီယာ အင်မော်တယ်ထံ လွှဲထားလိုက်ရုံပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်း၏ ဆက်ဆံရေးက ရိုးရှင်းခြင်း မရှိကြောင်း ဖန်းကွမ်းက သိသိသာသာ သတိပြုမိသဖြင့် လှည့်၍ မေးလိုက်သည်။

"ဒီညီနောင်က.."

"ငါက ညီနောင်လင်းရဲ့ သူငယ်ချင်း လဲ့မို့ရမ်ပါ.. ငါ့ရဲ့ တာအိုနာမည်က ဗုံးပစ်စီနီယာ အင်မော်တယ်ပါ"

"ပြောရရင် ငါက ညီနောင်လင်းရဲ့ အတွင်းရေးမှူးလိုပါပဲ.. ညီနောင်လင်းက များသောအားဖြင့် စကားပြောရတာကို မကြိုက်ဘူး.. စီနီယာဖန်းလည်း အဲဒါကို ကျင့်သုံးရလိမ့်မယ်"

ဖန်းကွမ်းက နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်.. စီနီယာလင်းလို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပြောသမျှ စကားလုံးတိုင်းက ကောင်းကင်ဘုံကပဲ သိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုပဲ ဖြစ်ပါလိမ့်မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း ပြောလိုက်သည်။

ဖန်းကွမ်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒါနဲ့ ငါ အပြင်မထွက်တာ ကြာပြီ ဆိုတော့ ယနေ့ခေတ် ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှာ ဘယ်လိုတွေ ဖြစ်နေပြီလည်း ဆိုတာ ငါမသိတော့ဘူး"

"ငါ အနှစ်ကိုးရာနီးပါး ချိတ်ပိတ်ပြီး နေခဲ့ရတယ်.. အဲဒီကတည်းကဆိုရင် ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားခဲ့မှာ သေချာတယ်"

ဗုံးပစ်စီနီယာအင်မော်တယ်

"စီနီယာဖန်းရဲ့ အဆင့်အတန်းက အရမ်းမြင့်မားတယ် ဆိုတော့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းက အရမ်းမြင့်တယ်လို့ ငါယုံကြည်တယ်.. စီနီယာ ဒါကို မြန်မြန်ဆန်ဆန်ပဲ သိသွားပါလိမ့်မယ်"

"နောက်ဆုံးမေးခွန်း တစ်ခုလောက် မေးပါရစေ.. ငါ့စိတ်ဝိညာဉ်နေရာလွတ်ကို ထည့်ထားတဲ့ ဒီမှော်လက်စွပ်က ဘယ်လို အမျိုးအစားလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါက ညီနောင်လင်း ကိုယ်တိုင် ပြုလုပ်ထားတဲ့ စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ပဲ"

"စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်လား"

ဖန်းကွမ်း အနည်းငယ် စိတ်ပျက်နေပုံရသည်။

"ဒီလက်စွပ်ရဲ့ ဇာစ်မြစ်ကို လူကြီးမင်းသိလား"

"ဟင့်အင်း... တစ်ခုခုကို သတိရသွားလို့ပါ.."

"ဒါဆိုလည်း စီနီယာ သဘောတူထားတဲ့ အတိုင်း အလဲအလှယ် အနေနဲ့ အင်မော်တယ်စံအိမ် အကြောင်း မင်းသိထားတာတွေကို ပြောပြရမယ်"

"အင်းပါ... ငါ မင်းတို့ကို သေချာပြောပြမှာပါ"

သို့သော် ဖန်းကွမ်၏ စကားမဆုံးမီတွင် ဝိညာဉ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ် တွေ့လိုက်ရသည်။

သူက ဝမ်လင်းဘက်သို့ လှည့်လိုက်သည်။

"ညီနောင်လင်း.. အဲဒါ ဘာဖြစ်တာလဲ"

ထွင်ထျန်းဟာ "အားပြတ်သွားတာများလား"

ဝမ်လင်းက မေးစေ့ကိုပွတ်သပ်၍ ခဏမျှ စဉ်းစားလိုက်သည်။

ကြည့်ရသည်မှာ မှော်လက်စွပ်တွင် လုံလောက်သော ဝိညာဥ်စွမ်းအား မရှိသေး၍ ဖန်းကွမ်း၏ ဝိညာဥ်ကို အတွင်းသို့ ပြန်လည် ဆွဲခေါ်သွားခြင်း ဖြစ်နိုင်၏။

ဤအခြေအနေတွင် ဝိညာဥ်က အပြင်မထွက်နိုင်သဖြင့် ဆက်သွယ်ရန် နည်းလမ်းမရှိပေ။

စိတ်ဝိညာဥ် ဖိနှိပ်ခြင်း လက်စွပ်က စိတ်ဝိညာဉ်များကို ထိန်းသိမ်းသည့် မှော်လက်နက်တစ်ခု ဖြစ်ပြီး ဗုံးပစ်စီနီယာလက်ထဲရှိ လက်စွပ်ထက် ပိုမို အရည်အသွေး မြင့်မားသောကြောင့် အခြားထူးခြားသော အကျိုးသက်ရောက်မှုများလည်း ရှိ၏။

ပုံမှန်အားဖြင့် စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် အားအပြည့်ဖြည့်ရန်မှာ အလွန်အချိန်ယူရပေသည်။

"ညီနောင်လင်း မင်းမှာ တခြားနည်းလမ်း ရှိသေးလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ချွေးတလုံးလုံး ကျနေသည်။

စကားအနည်းငယ်ပင် မပြောလိုက်ရဘဲ လက်စွပ်ထဲသို့ စီနီယာဖန်း ဆွဲခေါ်ခံရသည်မှာ တကယ့်ကို ခေါင်းကိုက်စရာပင်။

"လက်စွပ်ထဲ ကွန်ပြူတာတစ်လုံး ပို့ရမယ်"

ဝမ်လင်းက အချိန်အတော်ကြာ စဉ်းစားပြီးနောက် စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

"ဒါကဘယ်လိုမျိုးလဲဟ"

ထွင်ထျန်းဟာနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ယောက်စလုံးက ဤစကားကို ကြားသောအခါ ထိတ်လန့်သွားကြသည်။

ဝမ်လင်းက ယခုအချိန်တွင် ၎င်း၌ အခြား ရွေးချယ်စရာ မရှိဟု ခံစားမိသည်။

သူက မှော်လက်စွပ်တွင် စိတ်ဝိညာဉ် နေရာလွတ်ကို သတ်မှတ်နိုင်သောကြောင့် အခြားအရာများကိုလည်း ထိုထဲသို့ ပေးပို့နိုင်ပေသည်။

ကွန်ပြူတာ သို့မဟုတ် ဆဲလ်ဖုန်းကဲ့သို့ အီလက်ထရွန်းနစ်ပစ္စည်းများကို လက်စွပ်ထဲသို့ ပေးပို့နိုင်လျှင် စီနီယာဖန်းကွမ်းက ကိုယ်ထင်မပြနိုင်လျှင်ပင် ၎င်းတို့နှင့် စကားပြောနိုင်မည် ဖြစ်သည်။

ထို့အပြင် စိတ်ဝိညာဉ်နေရာလွတ်ကို မှော်လက်စွပ်ထဲ ပြောင်းရွှေ့ချိန်မှစပြီး စီနီယာဖန်းက ထွင်ထျန်းဟာ၏ အိပ်မက်ကို ချုပ်ချယ်နိုင်တော့မည် မဟုတ်ချေ။

အသေအချာ စဉ်းစားကြည့်လျှင် ကွန်ပြူတာ ဒါမှမဟုတ် ဆဲလ်ဖုန်းကို ထိုအထဲသို့ ပို့သည်မှာ လွယ်ကူသော အလုပ်တော့မဟုတ်ပေ။

All Chapters