← Chapters

ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်

Vol. 28 Ch. 414

ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်

Vol. 28 Ch. 414

ဆေးသောက်ပြီးနောက်တွင် ဖေဖေဝမ်၏ လိပ်ခေါင်းရောဂါက လုံးဝ ပျောက်ကင်းသွားသည်။

သို့သော် ဆေးအာနိသင် အပြယ်တွင် ဝမ်ကျောက်ကျွင့်၏ ရေခဲစွမ်းရည်ဖြင့် အတိုက်ခိုက် ခံလိုက်ရသလို အလွန်အမင်း အေးမြသော ခံစားချက်က ဖင်တစ်ခုလုံး ပွင့်ထွက်မတတ်ပင်။

ဤအေးမြသော ခံစားမှုကို ဖေဖေဝမ်က အချိန်အတော်ကြာအောင် ခံစားရမည် ဖြစ်သည်။

ပြင်းထန်စွာ နာကျင်ကိုက်ခဲမှု သက်သာသွားပြီးနောက် ဖေဖေဝမ်က ၎င်း၏ ခန္ဓာကိုယ် အောက်ပိုင်း တစ်လျှောက်လုံး ထုံကျင်သော ဝေဒနာ ပျံ့နှံ့သွားသည်ကို ခံစားရသည်။

ဤအချိန်တွင် သူက မလှုပ်ရှားနိုင်တော့ပေ။

"မိန်းမတွေက အရက်စက်ဆုံးပဲ"

ဆိုဖာပေါ်တွင် လဲလျောင်းနေသော ဖေဖေဝမ်က စိတ်ထဲကနေ စိတ်ပျက်လက်ပျက် ငိုကြွေးလိုက်သည်။

အိမ်သာပေါ်မှာ အချိန်ကြာကြာ ထိုင်မရတော့မည့် အကြောင်းကို တွေးမိချိန်တွင် သူတကယ်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားရပြီး ဒေါသပင် ထွက်လာရသည်။

ဆိုရလျှင် အိမ်သာဆိုသည်မှာ စာရေးသူ၏ အတွေးအတွက် အတွေးအရင်းအမြစ် တစ်ခုပင်။

"..............."

ထွင်ထျန်းဟာအနေဖြင့်မူ ဖေဖေဝမ် လိပ်ခေါင်းပေါက်သည်ကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူက ဤအဖြစ်အပျက်ကြောင့် မတုန်လှုပ်ခဲ့ပေ။

တစ်ခါတရံ လူတချို့က "ဂုဏ်သိက္ခာ" ဟု ခေါ်သောအရာအတွက် အဘယ်ကြောင့် ခေါင်းမာနေကြလဲ သူနားမလည်နိုင်ပေ။

ဒါက လိပ်ခေါင်းရောဂါလေးသာ ဖြစ်သည် မဟုတ်လော။

သူသာ လိပ်ခေါင်းရောဂါဖြစ်လျှင် ဖေဖေဝမ်လို ခေါင်းမာမနေဘဲ သူ့တင်ပါးဖြင့် ဆရာလေးလင်း၏ လက်ကို စက္ကန့်မလပ် ပွတ်သပ်လိုက်မည်ဟု တွေးတောခဲ့သည်။

တင်ပါးဖြင့် ပွတ်လိုက်ရုံဖြင့် နာကျင်မှုက ယူပစ်သလို ပျောက်သွားလိမ့်မည်သာ။

ဤရောဂါက ကြုံတွေ့ရတတ်သည့် ကိစ္စတစ်ခုသာ ဖြစ်ပြီး ခေါင်းမာသင့်သော အရာမဟုတ်ဟု သူက ယူဆခဲ့သည်။

အဆုံးသတ်တွင် ထွင်ထျန်းဟာက ဤအဖြစ်အပျက်ကို ၎င်း၏ "လူသားလေ့လာရေးဒိုင်ယာရီ" တွင် ခေါင်းစဉ်တစ်ခုဖြင့် ရေးသားရန် ဆုံးဖြတ်ခဲ့သည်။

သင့်တွင် လိပ်ခေါင်းရောဂါရှိ၍ ဆရာလေးလင်း၏ လက်ကို တင်ပါးဖြင့် ပွတ်သပ်သည်နှင့် ပျောက်ကင်းနိုင်သည် ဆိုလျှင် တင်ပါးဖြင့် ပွတ်သပ်မည်လော သို့မဟုတ် သင့်သမာဓိကို ထိန်းသိမ်းရန် ရွေးချယ်မည်လော။

..................

ဝမ်လင်းက မေမေဝမ်၏ အမိန့်ကို မလွန်ဆန်ဝံ့ပေ။

ဝမ်မိသားစု အိမ်ငယ်လေးတွင် အိမ်သာသုံးလုံး ရှိပြီး ထိုအထဲတွင် ဝမ်လင်း ဉာဏ်အလင်း ပေးထားတာ သခင်မာလည်းပါဝင်ပေသည်။

ထို့ကြောင့် မေမေဝမ် အစားထိုးလိုသည်မှာ အခြားအိမ်သာ နှစ်လုံး ဖြစ်သည်။

"မင်လေး.. နင့်ဦးလေး ဟိုရောဂါ ထပ်ဖြစ်ပြန်ပြီ"

ဝမ်လင်းက သူ့လက်ပတ်နာရီဖြင့် ဖုန်းခေါ်ရန် တွန့်ဆုတ်နေခဲ့၍ မေမေဝမ်က ဝမ်လင်း၏ လက်ပတ်နာရီဖြင့် မက်ဆေ့ချ်ပို့လိုက်သည်။

အခြေအနေကို နားလည်ပြီးနောက် ဝမ်မင်က စခရင်ရှေ့တွင် ကျေနပ်စွာ ပြုံးလိုက်ရာ သုတေသနဌာနရှိ အခြားလူများက ထိတ်လန့်သွားခဲ့သည်။

အိတ်ကပ်ထဲတွင် လက်တစ်ဖက်ထည့်၍ ကျန်လက်တစ်ဖက်ကို ကော်ဖီခွက် ကိုင်ထားသည့် ဥက္ကဌချီ ကသာ ရင်းနှီးသော ဤမြင်ကွင်းကို အေးဆေးစွာ စိုက်ကြည့်နေခဲ့သည်။

ဝမ်မင်၏ ပြန်ကြားစာက အလွန်ပင် မြန်ဆန်သည်။

"ဦးလေးဝမ်ရဲ့ လိပ်ခေါင်းက ပြန်ပွင့်လာပြန်ပြီလား.. ဦးလေးဝမ်ကို ထိုင်တာ လျှော့ပြီး လေ့ကျင့်ခန်း များများလုပ်ဖို့ အရင်က မှာခဲ့သေးတယ်.. အိမ်သာခွက်က ဘက်တီးရီးယား ပိုးမွှား ကူးစက်ဖို့ အလွယ်ကူဆုံး နည်းလမ်း ဖြစ်တာကြောင့် အိမ်သာခွက်ပေါ်မှာ တစ်ချိန်လုံး ထိုင်နေခြင်းက ကောင်းတဲ့အလေ့အထ မဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့.. ဒီကိစ္စကို ကျနော့်ကိုသာ လွှဲထားခဲ့ပါ.. မနက်ဖြန်ပို့ပေးဖို့ စီစဥ်လိုက်မယ်"

ဝမ်မင်က ဤမွေးနေ့လက်ဆောင်ကို အစောပိုင်းကတည်းက ပြင်ဆင်ထားခဲ့၏။

သို့သော် ဤလက်ဆောင်ကို ပေးပို့လိုက်ခြင်းက နောက်ထပ် အဆင်မပြေသည့် အခြေအနေတစ်ခုကို သူ့အတွက် ဖြစ်စေလိမ့်မည်။

ယင်းမှာ ဖေဖေဝမ်၏ မွေးနေ့ရောက်လျှင် မွေးနေ့အတွက် လက်ဆောင်အသစ် တစ်ခု ထပ်မံ ပြင်ဆင်ရတော့မည် ဖြစ်၏။

ဝမ်မင်က ဖေဖေဝမ်၏ လိပ်ခေါင်းရောဂါနှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်ကို ထုတ်ပြောခဲ့သည်။

ဝမ်လင်းက ဝမ်မင် ထံကနေ နောက်ထပ် မက်ဆေ့ချ် တစ်စောင်ကို လက်ခံရရှိခဲ့သည်။

"တကယ်တော့ ဒါက ဦးလေးဝမ်ရဲ့ အမှားပဲ.. ဟန်ချက်မညီတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု လုပ်ဖို့ ဘယ်သူက တိုက်တွန်းလိုက်တာလည်း မသိဘူး.. ဦးလေးဝမ်က အာဟာရ ဘယ်လောက်ပဲ ရနေပါစေ.. အစာခြေစနစ် ဖောက်ပြန်သွားမယ် အသုံးမ၀င်တော့ဘူး"

ဝမ်လင်းက မက်ဆေ့ချ်ကို စိုက်ကြည့်နေမိသည်။

သူ့အစ်ကိုကြီးက ယခုလောက်ထိ လေးလေးနက်နက် တွေးပြီး ပြန်ဖြေသင့်လားဟု သူတွေးနေမိသည်။

ဝမ်မင်က နောက်ထပ် မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။

"သူ့သားက သူ့ဖင်ကို နည်းနည်းလေးမှ ပွတ်ပေးဖို့ မလုပ်ဘူးလား.. ပွတ်ဖို့လိုအပ်ရင် အပွတ်ခံလိုက်လေ.. လိပ်ခေါင်းရောဂါ ဖြစ်ရင် ရှက်နေလို့ မရဘူး"

ဝမ်လင်း၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။

"............."

သေချာပါသည်။ ဤကောင်က မည်သည့်အခါမှ လေးနက်မှု ရှိမည် မဟုတ်ပေ။

အခြားတစ်ဖက်တွင် စခရင်ရှေ့ရှိ ဝမ်မင်က သူရေးထားသည့်မက်ဆေ့ချ်ကို ပြန်ဖတ်ပြီး ဝမ်လင်း ဖြစ်ပျက်နေမည့် အမူအရာကို အတွေးထဲတွင် ပုံဖော်ကြည့်ကာ သဘောကျခဲ့၏။

သုတေသနပြုလုပ်ခြင်းနှင့် တီထွင်ခြင်း အပြင် ဝမ်မင်၏ ဘ၀တွင် ပျော်ရွှင်မှုရခဲ့သော အခြားအရာတစ်ခုမှာ ဝမ်လင်းဖြစ်သည်။

ဝမ်လင်းကို ကျီစားရသည်က အလွန် စိတ်ဝင်စားဖို့ကောင်းသည်ဟု သူထင်ခဲ့၏။

သာမန်လူတစ်ယောက်က သူ့ညီလေးကို သူ့လို စနောက်နိုင်မည် မဟုတ်ပေ။

....................

ဝမ်လင်းက ဝမ်မင်ကို မက်ဆေ့ချ် ပေးပို့ပြီးနောက်တွင် ချက်ဂရုက တက်ကြွနေဆဲ ဖြစ်သည်။

ယင်းအချိန်မှာပင် စခရင်ပေါ်၌ အကြောင်းကြားချက် တစ်ခု ပေါ်လာသည်ကို သူမြင်လိုက်ရ၏။

"အတင်းအဖျင်းခန်း" ဟုခေါ်သော ချက်ဂရုတစ်ခုသို့ မထင်မှတ်ပဲ အထည့်ခံလိုက်ရသည်ကို ရုတ်တရက် တွေ့ရှိလိုက်လျှင် သူ အံ့အားသင့်သွားခဲ့သည်။

ထို့အပြင် ဤချက်ဂရုက ယခုမှ တည်ထောင်ခါစသာ ရှိပြီး ၎င်းကို တည်ထောင်သူမှာ လျှပ်စီး ဓမ္မရာဂျာ ဖြစ်နေ၏။

လတ်တလောတွင် ဓမ္မရာဂျာက စီနီယာအင်မော်တယ်၏ ချက်ဂရုမှ လူများကို သူဖန်တီးထားသော အတင်းအဖျင်းခန်း ချက်ဂရုထဲသို့ ထည့်လိုက်၏။

ဝမ်လင်းက ချက်ဂရုမှ အဖွဲ့ဝင်များကို စစ်ဆေးလိုက်ရာ ငွေရောင်လေးနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှ လွဲ၍ အများစုက ယခင် ချက်ဂရုမှ လူများ ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

ဤသည်ကို ကြည့်၍ ဝမ်လင်းက ချက်ဂရု၏ ရည်ရွယ်ချက်ကို ရိပ်စားမိလိုက်၏။

ဓမ္မရာဂျာ "ငါအရမ်းပေါက်ကွဲနေလို့ အတင်းပြောဖို့ မင်းတို့ကို ဒီခေါ်လိုက်တာပဲ.. ငါတကယ် သည်းမခံနိုင်တော့ဘူး"

ချိုက်လျန်က ချွေးထွက်နေသည့် အီမိုဂျီ အနည်းငယ်ကို ပေးပို့ခဲ့သည်။

"ဓမ္မရာဂျာ စိတ်အေးအေးထားပြီး ဖြည်းဖြည်း ပြောပါ.. နတ်မိုးကြိုး ပေါက်ကြားပြီး ဒေသတွင်း ကြီးမားတဲ့ ဓာတ်အားပြတ်တောက်မှု ဖြစ်ခဲ့ရတဲ့ နောက်ဆုံးအချိန်ကို သတိရပါ"

အင်မော်တယ်ထုန်ရာ အံ့ဩသွားသည်။

"တကယ်ဖြစ်ခဲ့တာလား"

ချိုက်လျန် "ဟုတ်တယ်.. နောက်တော့ ဓမ္မရာဂျာက အလုပ်သမား ဟန်ဆောင်ပြီး အရေးပေါ် ပြုပြင်မှုတွေ လုပ်ဖို့ ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ရတယ်.. အဲဒီ့နောက်မှာ ဖဲနဖူးစည်းနဲ့ အကျအနတောင် ဂုဏ်ပြုခံလိုက်ရသေးတယ်"

ချိုက်လျန်၏ စာကိုမြင်လိုက်ရလျှင် လူတိုင်းက ၎င်းတို့၏ စခရင်ရှေ့တွင် အသက်ခပ်ပြင်းပြင်း ရှုလိုက်ကြသည်။

အင်မော်တယ်ထုန်ရာ "ကိုယ့်ဘာသာဖျက်ဆီး.. ကိုယ့်ဘာသာပြန်ပြင်တာတောင် ဆုရတယ်ဆိုတော့ ဒါက ဘယ်လိုကိစ္စကြီးလဲဟ"

လျှပ်စီးဓမ္မရာဂျာ " မနှောင့်ယှက်နဲ့.. ငါက အလေးအနက် ပြောနေတာ.. ချိုက်လျန် နင်ဘာလို့ ဖော်ကောင် လုပ်နေတာလဲ.. ငါဒီနေ့ ဖော်ထုတ်မယ့်အရာက ဒီထက် ပိုအံ့သြဖို့ ကောင်းတယ်"

အင်မော်တယ်ထုန်ရာက ဆေးလုံးသန့်စင်တော့မည် ပစ္စည်းများ တစ်ပုံတပင် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။

သူစတင်တော့မည့် အချိန်မှာပင် အနှောင့်အယှက် ခံလိုက်ရ၍ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေသည်။

"ဓမ္မရာဂျာ.. မင်းအရင်က ဒီလို အတင်းအဖျင်းမျိုး မပြောဖူးပါဘူး"

ဓမ္မရာဂျာ "ဒီသတင်းက ဘယ်လောက်အထိ တုန်လှုပ်စရာကောင်းလဲ မင်းမသိဘူး.. ငါမင်းကိုပြောမယ် စီနီယာအင်မော်တယ်က တိတ်တိတ်ပုန်း လက်ထပ်ထားတာ ဖြစ်နိုင်တယ်"

ချိုက်လျန် "ဘယ်လို"

အင်မော်တယ်ထုန်ရာ "ဘာ.. တကယ်ကြီးလားဟ"

ဖန့်ရှင်း "...???..."

ဝမ်လင်း "..........."

ချိုက်လျန်က အသက်ခပ်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

"စီနီယာအင်မော်တယ်က ငါတို့ကို အံ့သြစရာ တစ်ခုခု ပေးမယ်လို့ ပြောခဲ့တာတော့ ရှိတယ်.. သူ အိမ်ထောင်ကျသွားပြီ ဆိုတာ မင်းဘယ်လိုသိတာလဲ "

"လက်စွပ်ကြောင့်ပဲ.. စီနီယာအင်မော်တယ် လက်စွပ်ဝတ်ထားတာကို ငါတွေ့ခဲ့ရတယ်.."

ဓမ္မရာဂျာက ချက်ဂရုထဲသို့ စိတ်ဝိညာဉ်ဖိနှိပ်ခြင်း မှော်လက်စွပ် ဝတ်ထားသည့် စီနီယာ အင်မော်တယ်၏ ဓာတ်ပုံကို ပို့လိုက်သည်။

"တွေ့လား.. စီနီယာ အင်မော်တယ်က လက်စွပ်ဝတ်ထားတယ်.. နောက်ပြီး သူက ငါ့ကို ပုံစံတူ လက်စွပ်တစ်ကွင်း ပေးခဲ့သေးတယ်... အဲဒါက မသင်္ကာစရာ မကောင်းဘူးလား.. စီနီယာအင်မော်တယ်က သူတိတ်တိတ်ပုန်း လက်ထပ်ထားတာကို ငါရိပ်မိနေမှန်း သိသွားလို့ လက်စွပ်နဲ့ နှုတ်ပိတ်လိုက်တာ ဖြစ်မယ်"

ဖန့်ရှင်းက မရယ်ဘဲ မနေနိုင်တော့ပေ။

"စီနီယာအင်မော်တယ်က ငါတို့ကိုပါ လက်စွပ်ပို့ပေးမယ်လို့ ပြောထားတာပါ.. ဒါပေမဲ့ လက်စွပ်ဝတ်ထားတဲ့ ပုံတစ်ခုတည်းနဲ့ တိတ်တိတ်လေး လက်ထပ်ထားတယ်လို့ ယူဆတာက နည်းနည်းတော့ များမနေဘူးလား"

ဓမ္မရာဂျာ " ပြဿနာကတော့ လက်စွပ်ကို စီနီယာအင်မော်တယ်က သူ့ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ထားတာပဲ"

ဝမ်လင်း "............"

ဓမ္မရာဂျာ "သူက ငါတို့တစ်ယောက်ချင်းစီကို ပုံစံတူ လက်စွပ်တစ်ကွင်းစီ ပေးဖို့ စီစဥ်နေတယ်ဆိုတော့ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး.. ငါတို့တွေ စုပေါင်းပြီး စီနီယာအင်မော်တယ်ကို လူကိုယ်တိုင် မေးမြန်းဖို့ လိုမယ်ထင်တယ်"

ဝမ်လင်း၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။

"............."

ဤအရာက ကြီးမားသော နားလည်မှုလွဲမှားခြင်း တစ်ခုသာ ဖြစ်သည်။

ဝမ်ကျောက်ကျွင့် = ရေခဲစွမ်းရည်ရှိသည့် "King of Glory"မှ ဇာတ်ကောင်

All Chapters