← Chapters

လင်းကျန်းရန် အမှန်တကယ် စိတ်ဆိုးသွားပြီ

Vol. 28 Ch. 416

လင်းကျန်းရန် အမှန်တကယ် စိတ်ဆိုးသွားပြီ

Vol. 28 Ch. 416

ဓမ္မရာဂျာက သူ့အား ဤချက်ဂရုတွင် ထည့်သွင်းထားသည်အထိ ပေါ့လျော့မှုရှိသည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ သူ၏ မဟာကံကြမ္မာတာအို စွမ်းရည်၏ အကျိုးသက်ရောက်မှုလည်း ဖြစ်နိုင်သည်။

တကယ်တမ်းတွင် ဝမ်လင်းက စိတ်မဆိုးခဲ့ပေ။

မီးဖိုချောင်သုံးဓား အီမိုဂျီ ခြောက်ခု ပို့လိုက်ခြင်းသည် စနောက်သည့် လုပ်ဆောင်ချက် တစ်ခုသာ ဖြစ်သည်။

ဤလူများကို ကစားရသည်မှာ တကယ်ကို ပျော်စရာကောင်းလှ၏။

သူက လာမည့် စာမေးပွဲနှင့် အားကစားပွဲအတွက် အာရုံစိုက်ရမည့်အပြင် အင်မော်တယ်ရတနာအိမ်ကို ရှာဖွေရန်လည်း လိုအပ်သည်။

ဓမ္မရာဂျာ၏ စကားကို အာရုံစိုက်ရန် လုံးဝ စိတ်မဝင်စားခဲ့ပေ။

ဖုန်းကို ဆယ်စက္ကန့်မျှ ကြည့်ပြီးနောက် ဝမ်လင်းက ချက်ဂရုထဲသို့ ဓမ္မရာဂျာ ဗီဒီယိုအတိုလေး ပေးပို့ထားသည်ကို တွေ့လိုက်ရသည်။

ယင်းမှာ သူကိုယ်တိုင် ရိုက်ကူးထားသည့် တောင်းပန်သည့် ဗီဒီယိုတစ်ခုပင်။

ဗီဒီယိုထဲတွင် ဓမ္မရာဂျာက အဝေးကနေ ပြေးလာပြီး လေထဲသို့ ရုတ်တရက် ခုန်တက်ကာ ကိုးရာ့ခြောက်ဆယ် ဒီဂရီ ဂျွန်းပစ်ပြီးမှ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဖင်ဘူးထောင်း ထောင်၍ ဆင်းချလာခဲ့သည်။

"ဝုန်း"

သူ့နဖူးက မာကျောသောမြေသားကို ရိုက်ခွဲသွားပြီး မြေကြီးပေါ်တွင် စက်ဝိုင်း တစ်ခုပင် ဖြစ်ပေါ်သွားသည်။

စခရင်ရှေ့ရှိ လူတိုင်းက စုပ်တသပ်သပ် ဖြစ်ကာ သနားသွားကြသည်။

ဤတောင်းပန်သည့် နည်းလမ်းက အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းနေ၏။

ဖန့်ရှင်း "ဓမ္မရာဂျာရဲ့ ခေါင်းက သံမဏိခေါင်းပဲ.."

ချိုက်လျန် "ဓမ္မရာဂျာရဲ့ ခေါင်းက သံမဏိခေါင်းပဲ.."

အင်မော်တယ်ထုန်ရာ သက်ပြင်းချလိုက်သည်။

"အင်း.. လင်းကျန်းရန်ကို စောစောကသာ တောင်းပန်ခဲ့မယ်ဆိုရင် ဒါတွေ ဘာမှ လိုအပ်မှာမဟုတ်ဘူး"

ဝမ်လင်းက ဗီဒီယိုကို ကြည့်ပြီး အနည်းငယ် လွန်သွားသလို ခံစားခဲ့ရသည်။

တကယ်တမ်းတွင် သူက ဓမ္မရာဂျာ လုပ်သမျှကို စိတ်ထဲမထားခဲ့ပေ။

မီးဖိုချောင်သုံးဓား အီမိုဂျီ ခြောက်ခုကို ပို့လွှတ်လိုက်သည် မှာလည်း ခြောက်လှန့်ရုံမျှသာ ဖြစ်၏။

သူက အခြေအနေကို ရှင်းပြသင့်သည်ဟု တွေးမိလိုက်ပြီး သူ စိတ်မဆိုးကြောင်း ရှင်းပြရန် စာရိုက်လိုက်သည်။

သို့သော့ အကြောင်းတစ်ခုခုကြောင့် စာရိုက်နေရင်းဖြင့် စခရင်က ရုတ်တရက် အေးခဲသွားခဲ့၏။

ထို့နောက်တွင် သူက ချက်ဂရုမှ ထွက်သွားမှန်း သိလိုက်ရသည်။

ဝမ်လင်း "...???..."

ယေဘုယျအားဖြင့် ပြောရလျှင် ဝမ်မင်က ဤနာရီကို ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းထုတ်ထားပြီး ခေတ်မီနည်းပညာများ တပ်ဆင်ထားသောကြောင့် ဂရုမှထွက်စရာ နည်းလမ်း လုံးဝမရှိပေ။

ထို့ကြောင့် ယင်းက မဟာကံကြမ္မာတာအို အစွမ်း၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ဖြစ်နိုင်ချေရှိသည်ဟု ဝမ်လင်း အလွန်လျင်မြန်စွာ ခန့်မှန်းမိခဲ့သည်။

ယခင်က သူပြောခဲ့သည့်အတိုင်းပင်။

ဤစွမ်းရည်ကို သူမကြိုက်ရခြင်းမှာ ၎င်းတွင် အပြန်အလှန် ထိန်းကျောင်းမှု ပေးသည့် လုပ်ဆောင်ချက် ပါရှိခြင်းကြောင့်ဖြစ်သည်။

ရိုးရှင်းစွာပြောရလျှင် လူတစ်ဦး၏ ကံကောင်းခြင်းက အခြားသူတစ်ဦးကို ကံဆိုးခြင်း ဖြစ်စေနိုင်၏။

ထို့ကြောင့် မတရား ကံကောင်းပြီးလျှင် ကံဆိုးမှုကို အထိုက်အလျောက် ခံစားရမည်သာ။

ဤသည်မှာ သဘာဝတရား၏ မျှတမှုရှိသော နိယာမဖြစ်ပြီး မဟာတာအို သုံးထောင်နှင့်လည်း သက်ဆိုင်သည်။

အစစအရာရာက ကံကြမ္မာကြောင့်သာ ဖြစ်သည် မဟုတ်ပါလော။

....................

အတင်းအဖျင်းခန်း ချက်ဂရု...

စနစ် "လင်းကျန်းရန် ချက်ဂရုမှ ထွက်သွားပါပြီ"

တစ်ဖက်တွင် စနစ်၏ သတိပေးချက်ကို မြင်ပြီးနောက် ဓမ္မရာဂျာက တိုက်ရိုက် ပြိုလဲသွားသည်။

ဓမ္မရာဂျာ "ထွက်...ထွက်သွားပြီလား"

ချိုက်လျန် "ဓမ္မရာဂျာ.. ငါ နင့်အတွက် စိတ်မကောင်းဘူး"

အင်မော်တယ်ထုန်ရာ "ဒါက မင်းရဲ့အမှားပဲ.. မင်းစီနီလင်းကို ချန်မထားသင့်ဘူး.. ဒီအကြောင်းကို သူသိခဲ့ရင်တောင် သူ့စိတ်နေစိတ်ထားအရ ဘာမှ ပြောမှာ မဟုတ်ဘူး"

"သူ့ကို ဂရုကနေ ဖယ်ဖို့ ဆန္ဒရှိနေတာက အရမ်းမိုက်မဲတဲ့လုပ်ရပ်ပဲ.. ဒါက မင်းသူ့ကို မယုံကြည်ဘူး ဆိုတာကို ပြသနေတယ်"

စခရင်ပေါ်မှ အင်မော်တယ် ထုန်ရာ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြည့်ရင်း ဓမ္မရာဂျာက သူ့ဘဝတစ်ခုလုံး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။

"အားလုံးပြီးသွားပြီ.. စီနီယာလင်းက အရမ်း ဒေါသထွက်နေပြီ"

ဓမ္မရာဂျာ "ငါအခု ဘာလုပ်ရမလဲ"

ဖန့်ရှင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"စီနီယာ ဓမ္မရာဂျာ.. ဒီလောက်ထိ စိတ်ပူနေစရာ မလိုပါဘူး..လင်းကျန်းရန်ရဲ့ နယ်ပယ်အဆင့်အရဆို စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့ အဆင့်ထက် သာလွန်နေပါပြီ.. ဒီ အသေးအမွှား ကိစ္စ အတွက်လောက်နဲ့ အလွယ်တကူ ဒေါသထွက်နေမှာ မဟုတ်ပါဘူး"

"ပြောရရင် သူ့လက်က ချော်နှိပ်မိပြီး ချက်ဂရုကနေ မတော်တဆ ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်"

ဓမ္မရာဂျာ၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ် ဖြစ်သွားသည်။

"ညီနောင်ဖန်း.. ငါ့ကို မနှစ်သိမ့်ပါနဲ့တော့.. လင်းကျန်းရန်ကို မျက်နှာချင်းဆိုင် တောင်းပန်ဖို့ ငါ ဆုံးဖြတ်ပြီးပြီ"

[ဘယ်လိုလူက လက်ချော်ပြီး ချက်ဂရုထဲက ထွက်သွားမှာလဲ]

ဓမ္မရာဂျာက စိတ်ထဲကနေ ကူကယ်ရာမဲ့ ငိုကြွေးနေမိသည်။

သူက ဤတစ်ကြိမ်တွင် ကံဆိုးမှုဒဏ်ကို ခံခဲ့ရသည်။

ချက်ဂရုမှ လင်းကျန်းရန် မတော်တဆ ထွက်သွားခြင်းမှာ အဓိပ္ပါယ်မဲ့လွန်းလှသည် မဟုတ်ပါလား။

ယခုအခါ ဓမ္မရာဂျာက အလွန်ထင်ရှားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းမှာ လင်းကျန်းရန်ကို တောင်းပန်သည့် အနေဖြင့် လက်ဆောင်တစ်ခု ပေးအပ်ရန်ပင်။

လင်းကျန်းရန်လို စီနီယာကြီးကို လက်ဗလာဖြင့် တောင်းပန်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ဓမ္မရာဂျာ "လင်းကျန်းရန် ဘာကြိုက်လဲ သိကြလား ဒါမှမဟုတ် သူ့မှာ လိုအပ်တာ တစ်ခုခုရှိလား"

ရိုးသားစွာပြောရလျှင် ဓမ္မရာဂျာက ဤမေးခွန်းကို အထူးသဖြင့် ရယ်စရာကောင်းသည်ဟု ခံစားမိသည်။

ယင်းက သူ့ကို ငတုံး တစ်ယောက်လို ခံစားစေခဲ့သည်။

စီနီယာလင်းလို နယ်ပယ်အဆင့်တွင် မည်သည့် လိုအပ်ချက်ရှိပါမည်နည်း။

ပိုက်ဆံလား..

ထိုနယ်ပယ်အဆင့်မှ စီနီယာတစ်ဦးတွင် မရေမတွက်နိုင်သော စည်းစိမ်ဥစ္စာများ ရှိမည်မှာ သေချာ၏။

သူ့ကိုယ်ပိုင် ရတနာသိုက်ပင် ရှိနေလောက်သည်။

မှော်ရတနာလား..

သူ၏ မှော်ရတနာများက စီနီယာလင်း အသွင်ပြောင်းထားသည့် သွားကြားထိုးတံကိုပင် ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ဟု ဓမ္မရာဂျာ ခံစားခဲ့ရသည်။

စီနီယာလင်းကို တောင်းပန်နိုင်မည့် ရတနာတစ်ခုတော့ ရှိ၏။

ယင်းမှာ ဘိုးဘေးများ၏ အမွေအနှစ်ဖြစ်သည့် သူတော်စင်အမွေအနှစ် မိုးကြိုးစွမ်းရည်ပင်။

.....................

တကယ်တမ်းတွင် ဝမ်လင်း၌ ပိုက်ဆံအများကြီးမရှိပေ။

ဖေဖေဝမ်က နေ့တိုင်း အကြောင်းပြချက်မျိုးစုံ သုံးပြီး သူ့ကို မုန့်ဖိုးဖြတ်သည်ဟု ပြောလျှင် မည်သူမှ ယုံမည် မဟုတ်ပေ။

ဖေဖေဝမ်နှင့် မေမေဝမ်တို့က ငယ်စဉ်ကတည်းက ခြွေတာတတ်အောင် သင်ထားပေးခဲ့၏။

အထူးသဖြင့် သိုသိုသိပ်သိပ် နှင့် တန်ဖိုးရှိရှိ နေထိုင်တတ်ရန် ပုံသွင်းပေးခဲ့သည်။

ယောက်ျားလေးများ အနေဖြင့် ငွေကို လိုအပ်သည့် အခါမှသာ သုံးသင့်သည်။

စားရိတ်နည်းနည်းဖြင့် စီစစ်သုံးစွဲတတ်သည့် အလေ့အထကို မွေးမြူသင့်၏။

ထို့အပြင် အလွန်အကျွံ ငွေဖြုန်းတီးတတ်သည့် အကျင့်ဆိုးက လူအများကို အမှန်တကယ် သတိပြုမိစေလိမ့်မည် မဟုတ်ပါလား။

ဖေဖေဝမ်နှင့် မေမေဝမ်တို့က လင်းရှောင်စုန့် ကဲ့သို့ မိသားစုနောက်ခံဖြင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ကြွယ်ပြနေသော ဒုတိယမျိုးဆက် ကလေးများကို အမြဲတမ်း ရှုံ့ချခဲ့သည်။

လင်းစစ်စုန့်က အွန်လိုင်းတွင် ထိပ်တန်း ရှာဖွေမှုစာရင်း၌ ပါဝင်၏။

သကောင့်သားက ခွေးပျောက်လျှင်ပင် လူအများကို အသိပေးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လေ့ရှိသည်။

ဓမ္မရာဂျာက ဤမေးခွန်းကို မေးပြီးနောက် ချက်ဂရုက အချိန် အတော်ကြာ ငြိမ်သက်သွားခဲ့သည်။

တကယ်တမ်းတွင် ဝမ်လင်း၏ နှစ်သက်သည့်အရာက ဂရုထဲမှ လူအများစုအတွက် လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ပြဿနာမှာ ဓမ္မရာဂျာက အမှန်တကယ် သိပုံမရခြင်းပင်။

ယင်းမှာ အလွန်ထူးဆန်းသည်ဟု ဆိုရမည်။

ချိုက်လျန် "ဓမ္မရာဂျာ.. မင်းရဲ့ စူးစမ်းလေ့လာနိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းတယ်.. ဒီနေ့မှ ဘာလို့ ထုံထိုင်းနေရတာလဲ...သေချာစဉ်းစားကြည့်.. ဘယ်အရာက လင်းကျန်းရန်ရဲ့ အမူအရာကို ပြောင်းလဲစေတတ်သလဲ"

ဓမ္မရာဂျာ "မင်း ဘာကိုဆိုလိုတာလဲ"

အင်မော်တယ်ထုန်ရာ သက်ပြင်းချလိုက်သည်။

"ညီနောင် ဖန့်ရှင်းကိုသာ အကူအညီတောင်းပါ.. သူ့မိသားစုက အဲဒါကို လုပ်တယ်"

ဓမ္မရာဂျာက အဖြေရသွားခဲ့သည့် အမူအရာဖြင့် ပြုံးရွှင်သွားသည်။

ဖန့်ရှင်း၏ မိသားစုက ခေါက်ဆွဲဆိုင် တစ်ဆိုင် ဖွင့်ထားသည်ကို သူသိထားသည်။

[လင်းကျန်းရန်က ခေါက်ဆွဲစားရတာ ကြိုက်တယ်လို့ ဆိုလိုတာဖြစ်ရမယ်]

ဓမ္မရာဂျာ "အကြံဥာဏ်တွေ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်

"ငါနားလည်သွားပြီ.. ဒါပေမယ့် ခေါက်ဆွဲက အမျိုးအစားတွေက အများကြီးလေ.. ဘယ်ဟာကို လက်ဆောင်ပေးရမှာလဲ"

အင်မော်တယ်ထုန်ရာ "ပုံမှန်အရသာပဲ ရွေးလိုက်ပါ"

ဖန့်ရှင်း"တကယ်လို့ စီနီယာ ဓမ္မရာဂျာ အချိန်ရတယ် ဆိုရင် ငါတို့ မိသားစု ခေါက်ဆွဲဆိုင်ကို လာခဲ့ပါ.. စီနီယာအတွက် ငါပြင်ဆင်ပေးပါ့မယ်"

ဓမ္မရာဂျာ "အလုပ်ဖြစ်ပါ့မလား.. မင်းတို့ မိသားစုခေါက်ဆွဲဆိုင်ကနေ လင်းကျန်းရန် ရဲ့နေရာထိ ယူသွားလိုက်ရင် လမ်းမှာတင် ပျော့ပြဲသွားမှာစိုးတယ်"

ချိုက်လျန် "...???..."

အင်မော်တယ်ထုန်ရာ "...???..."

ဖန့်ရှင်း "စီနီယာဓမ္မရာဂျာ.. မင်းက ငါတို့နဲ့ ကွဲထွက်နေတယ်လို့ ဘာလို့အမြဲတမ်း ခံစားနေရတာလဲ"

"ဒါဆို အဲဒါက ခေါက်ဆွဲကြော်မဟုတ်ဘူးပေါ့"

ဓမ္မရာဂျာ သဘောပေါက်သွားသည်။

"စကားမစပ် ခေါက်ဆွဲကြော် မဟုတ်ရင် အဲဒါက ငံပြာရည်ကြော်လား ဒါမှမဟုတ် အမဲခေါက်ဆွဲလား"

လူတိုင်း ".............."

[အရိပ်ပြလို့အကောင်မမြင်ဘူး]

All Chapters