← Chapters

အင်မော်တယ်ထုန်ရာ၏ ဂန္ဓာမာကျွန်း

Vol. 28 Ch. 417

အင်မော်တယ်ထုန်ရာ၏ ဂန္ဓာမာကျွန်း

Vol. 28 Ch. 417

ချက်ဂရုမှ လူများက ဓမ္မရာဂျာ၏ ဒုံဝေးမှုကို စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

ဓမ္မရာဂျာကလည်း သူ၏ မိုက်မဲမှုကို လေးလေးနက်နက် နောင်တရနေခဲ့သည်။

ယခုတော့ ချက်ဂရုထဲမှ လူအားလုံးက ဤဆိုးရွားသောကံကြမ္မာကို ဓမ္မရာဂျာ အဘယ်ကြောင့်ခံရမှန်း အဆုံးသတ်တွင် သိရှိသွားခဲ့၏။

"စီနီယာ ဓမ္မရာဂျာ.. အချိန်ရရင် ငါတို့ မိသားစု ခေါက်ဆွဲဆိုင်ကို လာခဲ့ပါ.. စီနီယာလင်း ကြိုက်တတ်တဲ့ဟာကို ထုပ်ပိုးပေးထားမယ်"

ဖန့်ရှင်းက စခရင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"စီနီယာလင်းက အဲဒါကို သေချာပေါက် သဘောကျလိမ့်မယ်"

ဓမ္မရာဂျာ "ညီနောင်ဖန့်ရှင်းကို ကျေးဇူးအများကြီး တင်ပါတယ်.. အခါအခွင့်သင့်ရင် ငါ့ဆိုင်ကို လာခဲ့ပါ.. မင်းကို လျှပ်စစ်ကုထုံး အခမဲ့ လုပ်ပေးမယ်"

ဖန့်ရှင်း "............"

ထိုအချိန်တွင် စနစ်ထံမှ သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

{အင်မော်တယ်2 ချက်ဂရုထဲ ဝင်ခဲ့သည်}

ဤနာမည် အသစ်စက်စက်က ချက်ဂရုထဲရှိ လူတိုင်းကို အံ့သြစေသည်။

{အင်မော်တယ်2.. အဲဒါဘယ်သူလဲ}

စနစ်က သူ့ဘာသာသူ ချက်ဂရုထဲ တွေ့ကရာလူ ထည့်၍မရပေ။

ချက်ဂရုမှ တစ်ယောက်ယောက်ကသာ ဂရုထဲသို့ ထည့်နိုင်၏။

ဤအင်မော်တယ်2ကို ချိုက်လျန် ကိုယ်တိုင် ဂရုထဲ ထည့်လိုက်ခြင်းပင်။

ချိုက်လျန် "အင်မော်တယ်2ကို နင်တို့နဲ့ မိတ်ဆက်ပေးပါရစေ.. သူ့ကို ဒီဂရုမှာရော ပင်မ ဂရုမှာပါ ထည့်ပေးထားတယ်.. တကယ်တော့ သူက စီနီယာလင်းရဲ့ မိသားစု သားရဲပဲ"

သူမ၏ မက်ဆေ့ချ်ကို ဖတ်ပြီး တော်တော်များများက ထွင်ထျန်းဟာကို မြင်ဖူးကြသည့် အတွက် နားလည်သွားကြသည်။

ထွင်ထျန်းဟာတွင် ဖုန်းတစ်လုံး ရှိသော်လည်း ယင်းမှာ ဖေဖေဝမ် ပေးထားသော ဖုန်းမော်ဒယ် အဟောင်းသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတွင် စမတ်ဖုန်းတစ်လုံး၏ လုပ်ဆောင်ချက် အားလုံး ပါ၀င်နေ၏။

ဤဖုန်းက ထွင်ထျန်းဟာ ဘာသာစကား အခြေခံများကို သင်ယူရာတွင် များစွာ အထောက်အကူ ပြုခဲ့သည်။

ပြီးခဲ့သောလတွင် ဖိုးဖိုးဝမ်နှင့်အတူ ကုန်စုံဆိုင်သွားစဉ် ဖိုးဖိုးဝမ်က သူ့အတွက် ဆင်းမ်ကတ် လျှောက်ထားရန် ကူညီပေးခဲ့သည်။

ထို့နောက်တွင် ထွင်ထျန်းဟာက ချက်ဂရုထဲဝင်ရန် အတွက် အကောင့်ဖွင့်လိုက်သည်။

ဆရာလေးလင်းက ဤချက်ဂရုမှ လူများနှင့် နေ့တိုင်း စကားစမြည် ပြောသည်ကို ကြည့်ရင်း ဤချက်ဂရုက အမှန်တကယ် ပျော်စရာကောင်းမည်ဟု သူခံစားမိသည်။

ထို့ကြောင့် သူက ပါဝင်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။

ထို့အပြင် ဤချက်ဂရုတွင် ငွေရောင်လေးလည်း ရှိနေသောကြောင့် သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားရန် မလိုအပ်ဟု ထွင်ထျန်းဟာ ထင်ခဲ့သည်။

ဝမ်လင်းက ချက်ဂရုတွင် ထွင်ထျန်းဟာ ပါဝင်လိုကြောင်းချိုက်လျန်ကို ပြောဆိုပေးကာ တိုက်ရိုက် ခွင့်ပြုပေးခဲ့၏။

စခရင်ကို ကြည့်ကာ ထွင်ထျန်းဟာက စာရိုက်လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ"

"မင်္ဂလာပါ အင်မော်တယ်2

"မင်္ဂလာပါ အင်မော်တယ်2"

လူတိုင်းက ထွင်ထျန်းဟာကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။

ဓမ္မရာဂျာ "အင်မော်တယ်2.. မင်း အမွေးက အရင်ထဲက စိမ်းနေတာလား"

[ဓမ္မရာဂျာက ဘယ်အမွေးကို ပြောနေတာလဲ]

ဓမ္မရာဂျာ ထိုသို့ ပြောလိုက်သောအခါတွင် ချက်ဂရုတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ထွင်ထျန်းဟာပင် ချွေးများ စို့လာ၏။

"............"

ရိုးရှင်းစွာ ဆိုရလျှင် ဓမ္မရာဂျာက ပွင့်ပွင့်လင်းလင်း ပြောတတ်သည့် အမူအကျင့် ရှိသော်လည်း တစ်ချက်တစ်ချက် ထဖောက်တတ်သည်။

[ငြိမ်းချမ်းတဲ့ခေတ်မှာ နေထိုင်ရတာ ကံကောင်းတယ်မှတ်.. ဟိုးရှေးခေတ် တုန်းကလိုဆို အရိုက်ခံနေရလောက်ပြီ]

ဖန့်ရှင်း "စီနီယာ ဓမ္မရာဂျာ.. ပြဿနာက ဘယ်လောက်ပြင်းထန်တယ်ဆိုတာ မင်းနားမလည်ဘူးလို့ မပြောနဲ့နော်"

"အင်မော်တယ်2က ငါတို့အဖွဲ့ထဲကို ဘာကြောင့် ဝင်လာတယ်လို့ မင်းထင်လဲ"

"ညီနောင်ဖန့်ရှင်း ငါ့ကို အကြံပေးပါဦး"

ဓမ္မရာဂျာက စကားများများ မပြောဝံ့တော့ဘဲ ချွေးသုတ်နေသည့် အီမိုဂျီတစ်ခု ပေးပို့လာခဲ့သည်။

သူက စီနီယာလင်း၏ အိမ်မွေးတိရစ္ဆာန်ကို နောက်ပြောင်လိုက်ရုံသာ ဖြစ်သော်လည်း ဤမျှ ပြဿနာ ကြီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စခရင်ကိုကြည့်ရင်း ဖန့်ရှင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

"သိသာနေတာပဲ.. စီနီယာလင်းက အခု မင်းနဲ့ စကားမပြောချင်လို့ ခွေးတစ်ကောင်နဲ့ မင်းကို လွှတ်ပေးထားလိုက်တာပဲ"

"............."

ချိုက်လျန် "............"

အင်မော်တယ်ထုန်ရာ "ခွင့်လွှတ်ပါ.. စီနီယာ အင်မော်တယ်က ငါ့ဆီ စာပို့ထားတယ်.. သူ မကြာခင် ငါ့ရဲ့ ဂန္ဓမာကျွန်းကို ရောက်တော့မယ်.. ငါသူ့ကို ကြိုဆိုလိုက်ဦးမယ်.. သတင်းအသစ်ရှိရင် အားလုံးသိအောင် ပြောပြပါ့မယ်.."

ဤစာကို ပို့ပြီးနောက် အင်မော်တယ်ထုန်ရာက ချက်တင်ကို အမြန်ပိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက အကြောင်းတစ်ခုခုကြောင့် မကောင်းသော ခံစားချက်ကို ရရှိခဲ့သည်။

တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ် ကျွန်းကို ရောက်မလာခင်ထဲက သူသွားမည့်လမ်းက ဂန္တမာကျွန်း ဖြစ်နိုင်သည်ဟု အင်မော်တယ်ထုန်ရာ တွက်ချက်ခဲ့သည်။

သူက ဗုံးပစ်စီနီယာ အင်မော်တယ်ကျွန်းသို့ မရောက်လာမီ အကြိုထောက်ရန် အတွက် သူ၏ အစေခံငယ်များကို စေလွှတ်ခဲ့၏။

"ဒီတစ်ခါတော့ စီနီယာ အင်မော်တယ် အခြေအနေ ဘယ်လိုရှိလဲဆိုတာ သေချာ အကဲခတ်ရမယ်"

ထို့နောက် မီးဖိုရှေ့တွင် အင်မော်တယ် ထုန်ရာက မျက်မှောင်ကြုတ်ကာ ဆက်လက် တွေးတောခဲ့သည်။

သူက လက်စွပ်ပိုင်ရှင် အမျိုးသမီး ဘယ်သူလဲ ဆိုသည်ကို လိမ္မာပါးနပ်စွာ ဝေ့ဝိုက်မေးမြန်းရန် ကြံစည်နေခဲ့၏။

ဂန္ဓမာကျွန်းက ပင်လယ်ပေါ်ရှိ ကျွန်းအစစ် မဟုတ်ဘဲ ဧရာမ ရေကန်ကြီး တစ်ခု ဖြစ်သည်။

ယွင်လန်ရေကန်က စုန့်ဟိုင်မြို့၏ တောင်ဘက် ခြောက်ရာ လီတွင် ဖြစ်ပြီး ဂန္ဓမာကျွန်းက ထိုကန်၏ အလယ်တွင် ရှိသည်။

ဂန္ဓမာကျွန်းက အရမ်းကြီး မကြီးကျယ်သော်လည်း စုန့်ဟိုင်မြို့ရှိ အင်မော်တယ်ထုန်ရာ နေထိုင်သောနေရာ ဖြစ်သည်။

ဤယွင်လန်ရေကန်နှင့် ၎င်းအနီးတစ်ဝိုက်ရှိ ဆယ်လီမျှ ရှိသော ဝါးနက်တောသည် သူ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုလည်း ဖြစ်၏။

အင်မော်တယ်ထုန်ရာ၏ မိသားစုက ဤမြေကို ဟိုးရှေးရှေးကတည်းကပင် ဝယ်ယူခဲ့ပြီး ပိုင်ဆိုင်မှုကို မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ် ဝါးနက်တော အနီးသို့ ချဉ်းကပ်လာသောအခါတွင် အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် ဝန်းကျင် မိန်းကလေး တစ်ဦးနှင့် ယောကျာ်းလေး တစ်ဦးက သူ့အား စောင့်မျှော်နေသည်ကို တွေ့လိုက်ရသည်။

သူ့ကို တွေ့သည်နှင့် ထိုကလေးနှစ်ယောက်၏ မျက်ဝန်းများက လင်းလက်လာသည်။

"မင်္ဂလာပါ စီနီယာအင်မော်တယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံးလိုက်သည်။

"မင်္ဂလာပါ.. မင်းတို့ကို နောက်ဆုံးတွေ့တဲ့ အချိန်ကထက် မင်းတိူ့ရဲ့ ဝိညာဉ် အရင်းအမြစ်တွေက အရင်ကထက် ပိုပြီး သန့်စင်လာတဲ့ပုံပဲ

ဤကလေးနှစ်ယောက်က စွန့်ပစ်ခံထားရသော မောင်နှမ နှစ်ယောက် ဖြစ်သည်။

အင်မော်တယ် ထုန်ရာက လွန်ခဲ့သည့် ဆယ့်နှစ်နှစ်လောက်က သူ့တပည့်ဖြစ်လာမည့် ဤကလေးနှစ်ယောက်ကို ဂန္ဓမာကျွန်းသို့ ခေါ်လာခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းတွင် သူက ထိုကလေးနှစ်ယောက်ကို နာမည်မှည့်ပေးခဲ့သည်။

အစ်ကိုဖြစ်သူက ကျင်းရှီ ဖြစ်ပြီး ညီမဖြစ်သူက ယင်းရှီ ဖြစ်သည်။

"ဒါက ဆရာ့ရဲ့ ကျေးဇူးကြောင့်ပါ"

ကျင်းရှီက ပြုံး၍ ဂါရဝပြု ဦးညွှတ်လိုက်သည်။

"နောက်ဆုံးအကြိမ်က ဝါးနက်တောထဲမှာ တွေ့ခဲတယ်ဆိုပေမဲ့ ဒီတစ်ခါတော့ ဆရာက စီနီယာအင်မော်တယ်နဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးချင်လို့ ဂန္ဓမာကျွမ်းဆီ အထူးဖိတ်ခေါ်ခိုင်းခဲ့တယ်"

"အဲဒီလိုဆို အရမ်းကောင်းတာပေါ့.. ငါညီနောင်ထုန်ရာရဲ့ ဂန္ဓမာကျွန်းကို မလည်ပတ်ရသေးဘူးလေ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။

"အင်မော်တယ်စီနီယာ.. ကျေးဇူးပြု၍ ကျမတို့ နောက်ကနေ လိုက်ခဲ့ပါ"

ယင်းရှီက ခေါင်းညိတ်ပြလိုက်သည်။

ဝါးနက်တောကို ဖြတ်လျှောက်လာသည့် အခိုက်တွင် သူ့မျက်နှာထက်၌ အပြုံးပန်းများ ဝေဆာနေ၏။

ကလေးနှစ်ယောက် နောက်သို့ လိုက်လာရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က လေးနက်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

အင်မော်တယ်ထုန်ရာက ဤအမွှာလေး နှစ်ယောက်ကို ကောင်းမွန်စွာ သင်ကြားပေးခဲ့၏။

အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း သူအလည် ရောက်လာတိုင်း ဤကလေးနှစ်ယောက်က တိုးတက်မှုကို အမြဲပြသခဲ့သည်။

၎င်းတို့၏ ခန္ဓာကိုယ်မှာ ငယ်စဉ်ကတည်းက အလွန် အားနည်းနေပြီး ဝိညာဉ် အရင်းအမြစ်များ ပြိုကွဲလုနီးနီးပင် ဖြစ်ခဲ့သည်။

ယခုမူ ၎င်းတို့က ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း အခြေခံတည်ထောင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းမှာ နယ်ပယ်အဆင့်ကို တိုးတက်စေရန် တန်ဖိုးကြီး ဆေးဝါးများ သုံးစွဲခဲ့သော ချမ်းသာသည့် ဒုတိယမျိုးဆက် ကလေးငယ်များထက်ပင် ပိုမိုမြန်ဆန်နေ၏။

အင်မော်တယ်ထုန်ရာက ခန္ဓာကိုယ်သန့်စင်ခြင်း၊ ချီစုစည်းခြင်း နှင့် အခြေခံတည်ထောင်ခြင်း အဆင့်များကို ရောက်နေသည့် ထုန်ရာ မျိုးနွယ်စုဝင်များ အတွက် သီးသန့် ဖော်မြူလာကို သုတေသနပြုပြီး တီထွင်ခဲ့ကြောင်း သူကြားသိခဲ့ရသည်။

၎င်းက ပျက်စီးသွားသော စိတ်ဝိညာဥ် အရင်းအမြစ်ကို ယခင်ပုံစံအတိုင်း ပြန်လည် တည်ဆောက်နိုင်ရုံသာမက ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကိုပါ အရှိန်မြှင့်ပေးနိုင်၏။

အရေးကြီးသည်မှာ ဤဖော်မြူလာ၏ အထူးခြားဆုံး အချက်ဖြစ်သည့် ကျင့်ကြံရာတွင် ဘေးထွက်ဆိုးကျိုး မရှိခြင်းပင်။

ဆိုလိုသည်မှာ အရှိန်မြှင့် ကျင့်ကြံလျှင်ပင် လူတစ်ဦး၏ အခြေခံအုတ်မြစ်ကို အနည်းငယ်မျှ သက်ရောက်မှုရှိမည် မဟုတ်ပေ။

ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ချမ်းသာသော ဒုတိယမျိုးဆက် ကလေးများစွာသည် ကျင့်ကြံရန် ပျင်းရိကြပြီး အခြေခံ တည်ထောင်ခြင်း အဆင့်သို့ရောက်ရန် ဆေးဝါးများကိုသာ အားကိုးအားထား ပြုကြသည်။

၎င်းတို့အတွက် အကြီးမားဆုံး ပြဿနာမှာ ၎င်းတို့၏ အခြေခံအုတ်မြစ်နှင့် ပတ်သက်သည်။

၎င်းတို့က နယ်ပယ်အဆင့်တွင် အဆင့်မြင့်ကောင်း မြင့်နေနိုင် သော်လည်း လေအပြည့်ထည့်ထားသော အိတ်တစ်လုံးလိုပင်။

သူ သိသလောက်တော့ ထုန်ရာ မိသားစုပိုင် ဤထူးခြားသည့် ဖော်မြူလာကို လူသိရှင်ကြား မထုတ်ဖော်ရသေးပေ။

ဤအကြောင်းကို လက်ဖက်ရည်သောက်ရင်း အင်မော်တယ် ထုန်ရာ ကိုယ်တိုင် ပြောပြခဲ့ခြင်း ဖြစ်သည်။

ယခု ဤမောင်နှမနှစ်ယောက်၏ ခန္ဓာကိုယ် ပြောင်းလဲမှုများကို ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဖော်မြူလာကို တရားဝင် ထုတ်လုပ်ရန် နီးစပ်နေပြီဟု တွေးထင်ခဲ့သည်။

ထိုဖော်မြူလာကို ကြေငြာပြီး မူပိုင်ခွင့်တစ်ခု လျှောက်ထားလိုက်သည်နှင့် အင်မော်တယ်ထုန်ရာ၏ ဘဝက ပြီးပြည့်စုံစွာ နိဂုံးချုပ်သွားလိမ့်မည် ဖြစ်သည်။

ကလေး နှစ်ယောက် စကားပြောရင်း ရယ်ရယ်မောမော လမ်းလျှောက်သွားသည်ကို မြင်လိုက်ရသောအခါတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းတို့၏ ကြီးပျင်းလာမှုကို တွေ့မြင်ရသဖြင့် ဝမ်းသာနေမိသည်။

"မင်းတို့မောင်နှမတွေ ကြည့်ရတာ ဆက်ဆံရေးကောင်းလာပုံပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံးလိုက်သည်။

ကျင်းရှီက ခေါင်းကို နောက်လှည့်၍ ပြုံးကာ ပြန်ပြောခဲ့သည်။

"တကယ်တော့ ကျွန်တော်တို့တွေ အရင်က ငြင်းခုံခဲ့ဖူးပြီး တော်တော်ဆိုးရွားတဲ့ တိုက်ပွဲတွေလည်း တိုက်ခဲ့ဖူးတယ်.. ဒါပေမယ့် ဆရာက မောင်နှမတွေ အချင်းချင်း ချစ်ချစ်ခင်ခင် နေသင့်တယ်လို့ အချိန်တိုင်း သင်ကြားပေးခဲ့တယ်

သူ့ညီမလေး ယင်းရှီက သူ့ပြောစကားကို ထောက်ပေးလိုက်သည်။

"အဲဒီအချိန်က သမီးတို့ရဲ့ စိတိဝိညာဉ် အရင်းအမြစ်တွေ လုံးဝ ပြန်ကောင်း မလာသေးပါဘူး.. ဆရာက ဒီကာလအတွင်း သမီးတို့ရဲ့ စိတ်ဝိညာဥ်အရင်းမြစ်ကို ထိန်းသိမ်းပေးလို့သာပဲ.. မကြာသေးမီ နှစ်တွေ အတွင်းမှာ သမီးတို့ရဲ့ ဆက်ဆံရေး တွေက အများကြီး ပြောင်းလဲသွားခဲ့တယ်"

"တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်အောင် ဘယ်လိုတွေလုပ်ကြလဲ"

ကျင်းရှီ နှင့် ယင်းရှီက တညီတညွတ်တည်း ဖြေလိုက်ကြသည်။

"ညဘက်မှာ အတူတူ ရေချိုးကြတယ်"

"............."

ကလေးနှစ်ယောက်က ပေါ့ပေါ့ပါးပါးသာ ဖြေခဲ့သော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် အတွက်မူ တစ်စုံတစ်ယောက် သူ့ခေါင်းပေါ် ဗုံးကြဲချလိုက်သလို ခံစားခဲ့ရ၏။

All Chapters