ကိုးဆလူသားနှင့် သရုပ်ဆောင်အိပ်မက်
Vol. 28 Ch. 420
ကျင့်ဟွာမြို့အစွန်ရှိ ဝိညာဥ်တောင်ထိပ် ပေါ်တွင် မည်သူမျှ မသိနိုင်သော သပ်ရပ်စွာ ဆောက်လုပ်ထားသည့် စံအိမ်တစ်လုံး ရှိသည်။
ယင်း ဝိညာဥ်တောင်၏ ပတ်ပတ်လည် ဧရိယာကို အားကောင်းသော အတားအဆီး များဖြင့် ဖုံးလွှမ်းထားသည်။
ပကတိအင်မော်တယ် အဆင့်အောက်ရှိ မည်သူမဆို ဤနေရာကို မည်သည့်နည်းဖြင့်မဆို စူးစမ်းနိုင်မည် မဟုတ်ပေ။
အဆင့်အမြင့်ဆုံး စက်ကိရိယာများဖြင့်ပင် ခြေရာခံ ရှာတွေ့နိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာက နိုင်ငံ စတင် တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ဦးထဲမှ တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ရီ နေထိုင်သော နေရာ ဖြစ်နေသောကြောင့်ပင်။
သူ့အခြေအနေက ဗိုလ်ချုပ်ကျန်း၏ အခြေအနေနှင့်ဆင်တူ၏။
သူတို့နှစ်ဦးစလုံးက နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ကြီးဆယ်ဦး ဖြစ်ကြပြီး အစွမ်းထက် သန်မာသော စွမ်းအားများ ရှိကြသည်။
စစ်အင်အားအရ ဆိုလျှင်လည်း ဗိုလ်ချုပ်ဆယ်ဦးတွင် ပထမနှင့် ဒုတိယနေရာကို သိမ်းပိုက်ထားသည်။
သို့ရာတွင် သူတို့နှစ်ယောက်လုံးက သူတို့ကိုယ်သူတို့ နံပါတ်တစ် ဟုသာ ထင်ကြ၏။
၎င်းတို့က ၎င်းတို့၏ နေ့စဉ်ဘဝတွင် ဘာမှလုပ်စရာမရှိသလောက်ပင်။
အထူး မစ်ရှင်တွင် ဦးဆောင်ပေးရန် ဖိတ်ကြားခံရမှသာ လှုပ်ရှားလေ့ရှိသည်။
တစ်ခါတရံတွင်မူ SSS အဆင့် အလိုရှိ ရာဇ၀တ်ကောင်များကို ဖမ်းဆီးရာ၌ အကူအညီ ပေးတတ်၏။
..................
တောင်ထိပ်ရှိ စံအိမ် ပြတင်းပေါက်ဘေးတွင် စားပွဲတစ်လုံးကို ချထားခဲ့သည်။
ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်လျှင် ပတ်ပတ်လည် တောင်တန်းများက သေးငယ်နေသဖြင့် ကောင်းကင်တောင်ထိပ်တွင် ထိုင်နေသကဲ့သို့ ဖြစ်နေသည်။
ဗိုလ်ချုပ်ရီက လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပြောလိုက်သည်။
"ဒီချက်ဂရုထဲက လူတွေက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်"
အစောပိုင်းတွင် ဗိုလ်ချုပ်ရီက ကိုးဆလူသား အကောင့်ကိုအသုံးပြု၍ ဓမ္မရာဂျာကို ဝမ်လင်းအား တောင်းပန်ရန် ဖျောင်းဖြခဲ့သည်။
"ဗိုလ်ချုပ်ရီကို ကျွန်တော်အရင်က မမေးဖူးဘူး.. ဗိုလ်ချုပ်နဲ့ ဒီချက်ဂရုက လူငယ်အဖွဲ့နဲ့ ဘယ်လို သိတာလဲ"
ဗိုလ်ချုပ်ရီရှေ့တွင် ထိုင်နေသည့် မုတ်ဆိတ်နှင့် ဆံပင်ရှည်ရှိသော အဘိုးကြီး တစ်ယောက်က မေးလိုက်သည်။
ထိုအဘိုးကြီး၏ မျိုးရိုးအမည်မှာ ထန် ဖြစ်ပြီး သူ၏ ပထမအမည်မှာ ချမ် ဖြစ်သည်။
သူက ဗိုလ်ချုပ်ရီ၏ ယုံကြည်ရသော လက်ထောက် ဖြစ်ပြီး အိမ်ထိန်းနှင့် ဥယျာဉ်မှူးလည်း ဖြစ်သည်။
ဗိုလ်ချုပ်ရီ မစ်ရှင်ဆောင်ရွက်သည့် အခါတွင် တစ်လခွဲကျော် သို့မဟုတ် လပေါင်းများစွာ အထိ ကြာမြင့်တတ်သည်။
ထိုအခါမျိုးတွင် ထန်ချမ်က စံအိမ် ပတ်ပတ်လည်ရှိ ဥယျာဉ်များသို့ ဗိုလ်ချုပ်ရီ ကိုယ်စား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုကာ ထိန်းသိမ်းပေးလေ့ ရှိ၏။
လူသားများက အသက်ကြီးလာသည်နှင့်အမျှ တစ်စုံတစ်ခုကိုအေးအေးချမ်းချမ်းလုပ်လိုကြသည်။
ဗိုလ်ချုပ်ရီကမူ အပင်များကို ပြုစုစောင့်ရှောက်ရန် စိတ်အားထက်သန်ခဲ့၏။
သို့သော် သူက အပင်စိုက်သည့်အပြင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ချက်ဂရုထဲတွင် ပါဝင်ခဲ့ပြီး စိတ်အားတက်ကြွမှုကို ရယူလေ့ရှိသည်။
သူ့ကိုယ်သူ လူသစ်တစ်ယောက် အဖြစ် အသွင်ပြောင်းပြီး ဂရုထဲမှ လူငယ်များနှင့် စကားစမြည် ပြောခဲ့သည်။
"ငါက မစ်ရှင်တစ်ခု ဆောင်ရွက်ရင်း ဒီလို ချက်ဂရုရှိမှန်း သိလာတယ်.. ငါ့ရဲ့ အထောက်အထားကို ဖော်ထုတ်ဖို့ အဆင်မပြေတာကြောင့် ကိုးဆလူသားလို့ အမည်ပေးပြီး မျိုးဆက်သစ် လူငယ်လေးအဖြစ် ဟန်ဆောင်ခဲ့တယ်.. တကယ်တော့ ကိုးဆလူသားက ငါ့မွေးစားသား နာမည်ပဲ"
ထိုစကားကို ပြောပြီးနောက် ဗိုလ်ချုပ်ရီက ရယ်လိုက်သည်။
"ဒါပေမယ့် ဒီကလေးက ကျင့်ကြံခြင်းကို စိတ်မဝင်စားတဲ့အတွက် ရွှေအမြူတေ နှောင်းပိုင်း အဆင့်ကို မကျော်လွန်သေးဘူး"
"ဗိုလ်ချုပ်ရီမှာ မွေးစားသား တစ်ယောက်ရှိတယ် ဆိုတာ ဒါပထမဆုံး ကြားဖူးတာပဲ"
"ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...အခါအခွင့်သင့်ရင် သူနဲ့ မိတ်ဆက်ပေးမှာပါ"
ဗိုလ်ချုပ်ရီက ဖုန်းစခရင်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။
အင်မော်တယ်ထုန်ရာက ယခုလေးတင် သတင်းအချို့ ပေးပို့ခဲ့သည်။
{ဗုံးပစ်စီနီယာအင်မော်တယ်က ဂန္ဓမာ ကျွန်းပေါ်ကို ခြေချနေပြီ.. လက်စွပ်နှင့် ပတ်သက်တဲ့ အမှန်တရားကို သွယ်ဝိုက် မေးမြန်းဖို့ စီစဥ်ထားပြီးပါပြီ}
"အင်း.. ကိစ္စက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ"
အိမ်ထိန်း ထန်ချမ့်က မေးခွန်းထုတ်လိုက်သည်။
"ဒါပေမယ့် ဗိုလ်ချုပ်ရီ.. ဗိုလ်ချုပ်ရဲ့မွေးစားသား ကိုးဆလူသားရဲ့ မျက်နှာအစစ်အမှန်ကို တွေ့ဖူးတဲ့သူရှိလား
ဗိုလ်ချုပ်ရီက ခေါင်းခါယမ်းလိုက်သည်။
"သူ့ရဲ့အသွင်အပြင်ကို မြင်အောင်ကြည့်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး.. ကိုးဆလူသားရဲ့ မျက်နှာမှာ အထူး ထုတ်လုပ်ထားတဲ့ အသွင်ပြောင်း ဆေးဝါးကို အသုံးပြုထားတယ်.. ပကတိအင်မော်တယ် အဆင့်အောက်က ဘယ်သူမဆို ကောင်းကင်မျက်လုံးနဲ့ ကြည့်ရင်တောင်မှ သူ့ မျက်နှာအစစ်အမှန်ကို တွေ့နိုင်မှာမဟုတ်ဘူး"
"အော်ရာနဲ့ပတ်သက်ရင်တော့ သူ့ကိုယ်ပေါ်မှာ ငါ့ရဲ့အစီအရင်ရှိတယ်.. ပင်ကို စရိုက်လက္ခဏာနဲ့ ပတ်သက်ရင်လည်း စိုးရိမ်စရာ မလိုဘူး.. ဒီအဘိုးကြီးရဲ့ မွေးစားသားက ကျင့်ကြံခြင်းမှာ စိတ်မဝင်စားပေမဲ့ အရည်အချင်း ပြည့်မီတဲ့ သရုပ်ဆောင်တစ်ဦးပဲ"
ထန်ချမ့်က သူ့ချွေးများကို သုတ်လိုက်သည်။
"အော်.. သူက မင်းသားလား"
"ဟုတ်တယ်.. သူက လူသိမများသေးပေမဲ့ ဒီအသက်မွေးဝမ်းကြောင်း အလုပ်ကိုတော့ အရမ်းဝါသနာပါတယ်"
"နောက်ပြီး ဒီနယ်ပယ်ထဲ ခြေချဖို့ ငါ့ရဲ့အကူအညီကို ငြင်းပယ်ခဲ့တယ်.. မဟုတ်ရင် ဒီအဘိုးကြီး ဖုန်းတစ်ချက်ဆက်ရုံနဲ့ ကြီးကျယ်ခမ်းနားတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်သွားမှာပေါ့"
ဗိုလ်ချုပ်ရီ "ချက်ဂရုထဲက ဂျူနီယာတွေက ငါ့ကို လက်ဆောင်ပေးဖို့ ဒီကိုလာချင်တယ်လို့ ပြောကြတယ်.. ငါကိုယ်တိုင် ထွက်တွေ့ဖို့တော့ အဆင်မပြေဘူးလေ.. ဒါကြောင့် ကိုးဆလူသားကိုပဲ ငါ့ကိုယ်စား လုပ်ခိုင်းရတော့မယ်"
ထန်ချမ့် "............"
"ဒီချက်ဂရုထဲက ဂျူနီယာတွေ အားလုံးက ဖြောင့်မတ်တဲ့သူတွေချည်းပဲ.. ငါ သူတို့ကို တကယ် လေးစားတယ်"
"ဒါ့အပြင် သူတို့အားလုံးက တစ်စိတ်တစ်ဝမ်းထဲ ရှိကြတယ်.. ခက်ခဲတဲ့ ကာလတွေမှာ အတူတူကျော်ဖြတ်ကြတယ်.. အခုလက်ရှိခေတ်မှာ ဒီလို မျိုးဆက်သစ် လူငယ်တွေ အတော်ရှားပါးသွားပြီ"
"သူတို့ချက်ဂရုထဲမှာ ကျင့်ကြံခြင်းကမ္ဘာရဲ့ အတင်းအဖျင်းတွေအကြောင်း နားထောင်ရတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်"
ထန်ချမ့် ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ.. အခုခေတ် လူငယ်အများစုက ပျော့ညံ့ပြီး စိတ်မရှည်ကြဘူး.. တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာတဲ့ လက်ရှိခေတ်ကို အရင်ကနဲ့ နှိုင်းယှဉ်လို့ မရတော့ဘူး"
"ယနေ့ခေတ်မှာ ရွှေအမြူတေ အဆင့်အောက်က ကျင့်ကြံသူတွေက သူတို့ရဲ့ တိုးတက်မှုကို အရှိန်မြှင့်ဖို့ အတွက် ဝိညာဉ် ဆေးဝါး အမျိုးမျိုးကို အသုံးပြုနိုင်ကြတယ်.. ချမ်းသာတဲ့ ဒုတိယမျိုးဆက် ကလေးတွေက အကောင်းစား ဝိညာဥ် ဆေးဝါးတွေ ဖောဖောသီသီ သုံးစွဲခွင့်ရတဲ့ အတွက် ရွယ်တူကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိစေခဲ့တယ်"
ထန်ချမ့်က ဗိုလ်ချုပ်ရီ၏ ဥယျာဉ်မှူးအဖြစ် ဤနေရာသို့ မပြောင်းရွှေ့မီတွင် ပညာရေးနယ်ပယ်၌ သုတေသီတစ်ဦး အဖြစ် လုပ်ကိုင်ခဲ့ပြီး နယ်ပယ်အဆင့် တိုးတက်စေရန် အရှိန်မြှင့်ဆေးဝါးများ အသုံးပြုခြင်းကို ဆန့်ကျင်ခဲ့သည်။
ယနေ့ခေတ်တွင် လူတစ်ဦး၌ ပင်ကို အရည်အချင်းနှင့် အရင်းအမြစ်များ ရှိနေသရွေ့ ရွှေအမြူတေ အဆင့်ကို ရောက်ဖို့က အနှစ်နှစ်ဆယ်လောက် အချိန်ယူလိုက်ရုံပင်။
လွန်ခဲ့သော နှစ်တစ်ထောင်က ဆိုလျှင် ဤအရာကို ဖြစ်နိုင်သည်ဟု မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။
ရှေးခေတ်ကာလတွင် အခြေတည် စိတ်ဝိညာဥ် အဆင့် ရောက်အောင် နှစ်ရာပေါင်းများစွာ ဝီရိယစိုက်၍ ကျင့်ကြံခဲ့သူများ ရှိသော်လည်း အဆုံးသတ်တွင် ရွှေအမြူတေအဆင့် ကျင့်ကြံသူ များ အဖြစ် နှင့်သာ မျှော်လင့်ချက်မဲ့ သေဆုံးသွားကြသူများလည်း ရှိသည်။
ယနေ့ခေတ်၏ ကျင့်ကြံခြင်း အရှိန်အဟုန် မြင့်မားပုံကို ကြားလျှင် အခေါင်းထဲရှိ ကျင့်ကြံသူများက ခေါင်းတလား အဖုံးကို ချိုးဖျက်၍ ဒေါသတကြီး ထခုန်မည်လား မပြောတတ်ပေ။
ထိုသို့ဖြစ်လာလျှင် နယူတန်တောင်မှ ကမ္ဘာ့မြေဆွဲအား ဥပဒေသဖြင့် ၎င်းတို့ကို ဆွဲချနိုင်မည် မဟုတ်လောက်ချေ။
ဗိုလ်ချုပ်ရီ၏ စကားကို နားထောင်ရင်း ထန်ချမ့်က ခေါင်းညိတ်လိုက်သည်။
"ခေတ်သစ် ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှာ ဒီလိုမျိုး လူငယ်တွေ များများရှိလေ ကောင်းလေပဲ"
"ထန်ချမ့် ပြောတာ မှန်တယ်.. ဒီဂရုထဲက လူတွေက မျိုးဆက်သစ် လူငယ်တွေ ဖြစ်ပေမဲ့ အားလုံးက ထူးချွန်တဲ့ ဂျူနီယာတွေချည်းပဲ.. သူတို့ အားလုံးနီးပါးရဲ့ နောက်ခံကို ငါသိတယ်.. ဒါပေမဲ့.."
ဤအချက်ကို ပြောရင်း ဗိုလ်ချုပ်ရီ၏ အကြည့်က ရုတ်တရက် အနည်းငယ် တင်းမာသွားသည်။
"တကယ်တော့ ဒီအဘိုးကြီး အရမ်းသိချင်နေတဲ့ ဂရုထဲက လူတစ်ယောက်ရှိတယ်.. ဒါပေမယ့် အခုအချိန်အထိ သူ့ရဲ့ အထောက်အထား အစစ်အမှန်ကို ငါရှာမတွေ့သေးဘူး"
ထန်ချမ့် ရယ်လိုက်သည်။
"ဗိုလ်ချုပ်ရီရဲ့ စုံစမ်းမှုကိုတောင် အနှောင့်အယှက်ပေးနိုင်တယ်ဆိုတော့ ဒီလူက မရိုးရှင်းဘူးထင်တယ်"
ဗိုလ်ချုပ်ရီက ခေါင်းညိတ်လိုက်သည်။
"ဂရုထဲက လူတိုင်းက သူ့ကို လင်းကျန်းရန်လို့ ခေါ်ကြတယ်.. တကယ်တော့ သူ့အဆင့်က ဟင်းလင်းပြင်မွမ်းမံခြင်း အဆင့် မကလောက်ဘူး.. ဂရုထဲက လူတိုင်းက ဒီလင်းကျန်းရန်ကို အရမ်း လေးစားပြီး သူ့ကို စော်ကားမိမှာကို ကြောက်ရွံ့ကြတယ်"
"ဒီအဘိုးကြီးက သူ့ရဲ့ အထောက်အထားကို ထောင့်ပေါင်းစုံကနေ စုံစမ်းဖို့ လူတစ်ယောက်ကို တာဝန်ပေးခဲ့တယ်"
ထန်ချမ့် အရမ်းသိချင်နေခဲ့သည်။ "နောက်တော့ရော.."
ဗိုလ်ချုပ်ရီ သက်ပြင်းချလိုက်သည်။
"ဘာမှ ရေရေရာရာ ရှာမတွေ့ခဲ့ဘူး"
ထန်ချမ့် "..........."