← Chapters

ဗိုလ်ချုပ်ရီရဲ့ဂျူနီယာညီလေး

Vol. 29 Ch. 425

ဗိုလ်ချုပ်ရီရဲ့ဂျူနီယာညီလေး

Vol. 29 Ch. 425

အသံသွင်းရုံငယ်ကို မီးရှို့သည်က နည်းနည်းများ လွန်နေမလားဟု ဝမ်လင်း ထင်မိသည်။

ထို့အပြင် ခိုင်ခံ့သည့် အသံလုံ အသံဖမ်း အခန်းမျိုးက အမှန်တကယ်ပင် ငွေကုန်ကြေးကျ များ၏။

ဟုတ်ပါသည်။ ဗုံးပစ်စီနီယာ အင်မော်တယ်အတွက်မူ ပိုက်ဆံက ပြဿနာမဟုတ်ပေ။

အသံသွင်းရုံငယ်ကို မီးရှို့လိုက်သည်ကပင် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်မည်မှာ သေချာသည်။

ထိုအတွက် တစ်စုံတစ်ဦးကို အပြစ်တင်ရမည်ဆိုလျှင် စာရိုက်နှုန်း နှေးလွန်းသော ဖန်းကွမ်းကိုသာ အပြစ်တင်ရပေမည်။

ထို့အပြင် စာရိုက်ခြင်းသည် အချိန်အတော်ကြာအောင် လေ့ကျင့်ပြီးမှသာ ပိုမို အဆင်ချောလာသော အလေ့အထ တစ်ခု ဖြစ်သည်။

တစ်ခုတည်းသော နည်းလမ်းမှာ ကီးဘုတ်ပေါ်ရှိ အက္ခရာများနှင့် အကျွမ်းတဝင် ဖြစ်အောင် တတ်နိုင်သမျှ စာရိုက် လေ့ကျင့်ရန်ပင်။

ယေဘုယျအားဖြင့် စာရိုက်ကျွမ်းကျင်သူများသည် ကီးဘုတ်ကို ကြည့်စရာမလိုဘဲ စာကောင်းစွာ ရိုက်နိုင်၏။

"အခြားနည်းလမ်း မရှိတော့ဘူးလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

နှေးကွေးသော စာရိုက်ခြင်းသည် အမှန်တကယ်ပင် အားနည်းချက်တစ်ခု ဖြစ်၏။

အသံလုပ်ဆောင်ချက် မရှိသောအခါမျိုးတွင် ပျမ်းမျှအားဖြင့် တစ်မိနစ်စာ စာရိုက်သည်ကပင် ပင်ပန်းလွန်းလှသည်။

ဝမ်လင်း တွေးနေရင်းဖြင့် စခရင်ကို စိုက်ကြည့်နေ၏။

ဖန်းကွမ်းထံ မှော်ကီးဘုတ်ကို ပေးပို့သင့်သည်ဟု အစောပိုင်းက သူတွေးမိခဲ့ဖူးသည်။

မှော်ကီးဘုတ်ဖြင့် ဆိုလျှင် ဖန်းကွမ်းက သူရိုက်ချင်သည့် အရာကို ရေးပြရန်သာ လိုအပ်၏။

ထိုအခါ ကီးဘုတ်က notebook၏ အသံလုပ်ဆောင်ချက်ကို အသုံးပြုခြင်း မရှိသည့်တိုင် သူ့အလိုလို ရွေ့လျားသွားမည် ဖြစ်သည်။

သုံးမိနစ်အကြာတွင် ဖန်းကွမ်းက ပြန်ဖြေလိုက်သည်။

"ရှိတယ်.. ခဏလေးစောင့်ပါ"

ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က ဖန်းကွမ်း မည်သို့သော နည်းလမ်း အသုံးပြုမည်ကို မသိသဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဆယ်မိနစ်ခန့်အကြာတွင် ဖန်းကွမ်းက အကြောင်းပြန်ခဲ့သည်။

"ငါအဆင်သင့်ဖြစ်ပြီ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဘာဖြစ်သွားသည်ကို မသိသော်လည်း ဖန်းကွမ်း၏ စာရိုက်နှုန်းက အနည်းငယ် အရှိန်မြှင့်သွားသည်ဟု သူ ခံစားမိသည်။

ဖန်ကွမ်းက ခပ်သွက်သွက် ပြောလိုက်သည်။

"ဒီအဖိုးကြီး အခု ပုံမှန်အတိုင်းပဲ စာရိုက်နိုင်သွားပြီ.. စီနီယာလင်းတို့ ကျေးဇူးပြုပြီး စိတ်ချလိုက်တော့"

ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ဦးစလုံးက အလွန် အံ့သြသွားခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "မင်းဘယ်လိုလုပ်လိုက်တာလဲ တာအိုကျင့်ကြံသူကွမ်း"

ဖန်းကွမ်းက ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ အဓိက မှော်စွမ်းရည်က ရေအခြေပြု မှော်စွမ်းရည်တွေပါ.. ငါ ကြွားလုံးထုတ်တာတော့ မဟုတ်ဘူး.. ငါ့ရဲ့ ရေအခြေပြု မှော်စွမ်းရည်တွေက ပြီးပြည့်စုံတဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ"

စခရင်ရှေ့မှ ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ ကြွားဝါခြင်း မဟုတ်ပေ။

ဤကဲ့သို့ ကျွန်းနေရာကို ဖန်တီးပြီး စိတ်ဝိညာဥ် နေရာလွတ်နှင့် ပေါင်းစည်းနိုင်သည်ကပင် သာမန်လူ တစ်ယောက် မလုပ်နိုင်သည့် အရာ ဖြစ်သည်။

ထို့အပြင် ဖန်းကွမ်းက ဤကျွန်းနေရာကို အသေအချာ ဒီဇိုင်းဆွဲထားသည်မှာ အလွန်ထင်ရှားနေ၏။

ကျွန်းကို အလှတရား အတွက် သာမက သူ၏ စိတ်ဝိညာဉ်ကို အာဟာရ ဖြစ်စေရန်နှင့် တည်ငြိမ်စေရန် အတွက် ပင်လယ်ကိုပါ ဝန်းရံထားခဲ့သည် မဟုတ်ပါလား။

ထို့အပြင် ကျွန်းနေရာအား ပြုပြင်ရန် အတွက် ဖန်းကွမ်း၏ ရေအခြေပြု မှော်စွမ်းရည်က အဌမအဆင့် အထွတ်အထိပ် အထိ အနည်းဆုံး ရှိရမည် ဖြစ်သည်။

ဝမ်လင်းက ဖန်းကွမ်း အနေဖြင့် နဝမအဆင့် မှော်စွမ်းရည်ကိုပင် တတ်နိုင်လောက်သည်ဟု ယူဆခဲ့သည်။

ပကတိ အင်မော်တယ် အများစု အသုံးပြုသည့် အဓိက မှော်စွမ်းရည်က အဌမအဆင့် မှော်စွမ်းရည်သာ ဖြစ်သော်လည်း နဝမအဆင့် မှော်စွမ်းရည်ကို အသုံးပြုရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့ရာတွင် ဖန်းကွမ်း၏ လက်ရှိ အခြေအနေက ဝိညာဉ်အဖြစ်သာ ရှိသောကြောင့် အဌမအဆင့် မှော်စွမ်းရည်ကို ထုတ်သုံးရန် အတွက်ပင် အလွန် ခက်ခဲမည် ဖြစ်သည်။

အကယ်၍ ဖန်းကွမ်းသာ ယခင် အထွတ်အထိပ် ရောက်စဥ်ကာလလိုမျိုး ခွန်အားရှိလျှင် နဝမအဆင့် မှော်စွမ်းရည်ကို အသုံးချနိုင်လောက်ချေ ရှိသည်။

ဖန်းကွမ်းက အကြောင်းရင်းကို ထုတ်ပြောပြခဲ့သည်။

"အခုလေးတင် ရေအခြေပြု ဆဌမအဆင့် မှော်စွမ်းရည်" နဲ့ ရေနေသားရဲ ပုံသဏ္ဌာန် နည်းစနစ်'ကို အသုံးပြုခဲ့တယ်"

"ရေနေသားရဲပုံသဏ္ဌာန်နည်းစနစ်လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤနည်းစနစ်ကို ယခင်က ကြားဖူးခဲ့သည်။

"စီနီယာ.. ဒီနည်းစနစ်က စီနီယာကို သမုဒ္ဒရာထဲက ဝိညာဉ်သားရဲအဖြစ် အသွင်ပြောင်းလဲစေတာလား

"ဟုတ်တယ်"

တစ်ဖက်မှ ဖန်းကွမ်းက ခေါင်းညိတ်ပြီး ခပ်သွက်သွက် ပြောလိုက်သည်။

"ဒါပေမယ့် ရေနေသားရဲပုံသဏ္ဌာန်က အရမ်းရုပ်ဆိုးတယ်.. အခု ငါ့ကိုယ်ငါ ရေနက်ဝိညာဥ် ရေဘဝဲအဖြစ် ပြောင်းလဲခဲ့တယ်.. အခု ငါ့မှာ ကီးဘုတ်နှိပ်ဖို့ လက်တံတစ်ရာ နီးပါးလောက် ရှိနေပြီ"

ဗုံးပစ်စီနီယာအင်မော်တယ် "............"

ဝမ်လင်း "..............."

"ဒါ့အပြင် နောက်ထပ် ကြီးမားတဲ့ ချို့ယွင်းချက်တစ်ခု ရှိသေးတယ်.. ဒီမှော်စွမ်းရည်ကို သုံးပြီးနောက်မှာ ငါ့ရဲ့ စာရိုက်နှုန်းက ပိုမြန်လာပေမဲ့ ကီးဘုတ်က ပိုပြီး စေးကပ်လာတယ်"

"ကီးဘုတ် သန့်ရှင်းရေးလုပ်ဖို့ တစ်ခုခုရှိလား.. ငါ့အတွက် အဝတ် တစ်ခုလောက် မီးရှို့ပေးလို့ရမလား"

ဗုံးပစ်စီနီယာ အင်မော်တယ် ရယ်လိုက်သည်။

"စီနီယာ.. ရေနဲ့ တိုက်ရိုက် ဆေးလို့ရပါတယ်.. ကျနော် ဝယ်ထားတဲ့ notebook မော်ဒယ်က စီနီယာတွေအတွက် အထူးထုတ်ထားတဲ့ နောက်ဆုံးပေါ် ရေစိုခံ Notebookပါ"

ဖန်းကွမ်း ခေါင်းညိတ်လိုက်သည်။

"ငါနားလည်ပြီ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"ဒါဆို ငါတို့ အခုစလို့ရမလား"

"စမယ်လေ.. ဒီအဖိုးကြီးက မင်းတို့ကို ကတိပေးထားပြီးသားပဲဟာ"

ဖန်းကွမ်းက ရယ်မောပြီး ပြန်ဖြေလိုက်သည်။

"ဒါဆိုရင် အင်မော်တယ်ရတနာအိမ် အကြောင်း စပြောကြရအောင်"

စခရင်ကို စိုက်ကြည့်နေသည့် ဝမ်လင်း၏ အမူအရာက အနည်းငယ် ပို၍ လေးနက်လာသည်။

"တကယ်တော့ အင်မော်တယ် ရတနာအိမ် ရဲ့ ဝင်ပေါက်ကို ငါရှာတွေ့ခဲ့တဲ့ နေရာက ကမ္ဘာခြား ဂိတ်ပေါက်နဲ့ ဆက်စပ်နေတယ်"

ကမ္ဘာခြားဂိတ်တံခါးသည် အင်မော်တယ် ကျန်းရွမ် ဖန်တီးထားသည့် ကမ္ဘာ့ဖီဆန် မှော်လက်နက်ဖြစ်ပြီး အကြိမ်နှစ်ဆယ်ခန့် မွမ်းမံ ပြင်ဆင်ထားသော ရတနာတစ်ပါးလည်း ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက အင်မော်တယ်စံအိမ်၏ သတင်း ထွက်လာသောအခါတွင် တစ်ကမ္ဘာလုံးအနှံ ရှာဖွေခဲ့ကြသော်လည်း ရှေးခေတ်ကနေ ယခုအချန်ထိ ဘာမှ ရှာမတွေ့ခဲ့ကြပေ။

"ငါ စောစောကပဲ အွန်လိုင်းမှာ စစ်ကြည့်ခဲ့တယ်.. ခုလို သိပ္ပံနဲ့ကျင့်ကြံခြင်း ပေါင်းစပ်ထားတဲ့ အဆင့်မြင့်တဲ့ ခေတ်မှာတောင် အင်မော်တယ် ရတနာအိမ် ရဲ့ တည်နေရာကို ဘယ်သူမှ ရှာမတွေ့သေးဘူး.. အင်မော်တယ်ကျန်းရွမ်ရဲ့ အရိပ်ဆိုရင် ပြောမနေနဲ့တော့"

"အင်မော်တယ်ကျန်းရွမ်က အင်မော်တယ် ရတနာအိမ်ကို ကမ္ဘာခြားဂိတ်ပေါက်မှာ ဝှက်ထားနိုင်လောက်တဲ့ အခြေအနေတစ်ခုကို ဒီအဖိုးကြီး တွေ့ရှိခဲ့တယ်"

ဖန်းကွမ်းက ထိုသို့ ပြောလိုက်သောအခါတွင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ယောက်စလုံးက စိတ်လှုပ်ရှားသွားကြသည်။

ဖန်းကွမ်း၏ စကားက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

အကြောင်းမှာ သီအိုရီအရ အင်မော်တယ်ကျန်းရွမ် ဖန်တီးထားသော အင်မော်တယ် ရတနာအိမ်သည် အင်မော်တယ်ကျန်းရွမ် ဘဝတစ်သက်တာလုံး စုဆောင်းထားသည့် စည်းစိမ်ဥစ္စာများနှင့် ပြည့်နှက်နေသော ကမ္ဘာကြီး ဖြစ်သောကြောင့်ပင်။

ထိုကဲ့သို့သော ကမ္ဘာကြီးသည် များသောအားဖြင့် အထောက်အပံ့ နှင့် ပတ်သက်ပြီး ကမ္ဘာ့ဖီဆန် မှော်ရတနာများကို အားကိုးရပေလိမ့်မည်။

ဥပမာပြရလျှင် ၎င်းက အင်မော်တယ် ကျန်းရွမ် တီထွင်ခဲ့သော မှော်ရတနာ ဖြစ်သည့် ခရမ်းရောင်ရွှေ ဘူးသီးခြောက် နှင့် ခပ်ဆင်ဆင် တူ၏။

ကွာခြားချက်မှာ ခရမ်းရောင်ရွှေ ဘူးသီးခြောက်က သူတော်စင် လက်နက်တစ်ခုသာ ဖြစ်ပြီး ၎င်းအတွင်းရှိ ကမ္ဘာမှာလည်း ပို၍ သေးငယ်ခြင်းပင်။

ဝိညာဥ်မှော်ရတနာများနှင့် ကမ္ဘာ့ဖီဆန် မှော်ရတနာများသာလျှင် ကြီးကျယ်သော ကမ္ဘာကြီးကို ထားရှိနိုင်မည်ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က အစကတည်းကပင် ခရမ်းရောင်ရွှေဘူးသီးခြောက်ကို ကမ္ဘာငယ်လေး အဖြစ်သာ တီထွင်ခဲ့သည်။

၎င်းက မူလတွင် နေရာလွတ် သိုလှောင်မှု မှော်ရတနာတစ်ခုသာ ဖြစ်သည်။

သို့သော် အင်မော်တယ်ကျန်းရွမ် တီထွင်ထားသည့် ကမ္ဘာခြားဂိတ်ပေါက်တွင်မူ ထူးခြားသည့် လုပ်ဆောင်ချက် တစ်ခု ရှိနေခဲ့၏။

ယင်းမှာ လူသားကမ္ဘာကို နတ်ဆိုးကမ္ဘာနှင့် ဆက်သွယ်ရန် အတွက် ချိတ်ဆက်မှုတစ်ခု ကဲ့သို့ လုပ်ဆောင်ရန် ဖြစ်သည်။

၎င်းတို့ကို အမျိုးအစားခွဲရမည် ဆိုလျှင် တစ်ခုက သိုလှောင်ရန် ဖြစ်ပြီး ကျန်တစ်ခုက တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရန် ဖြစ်သည်။

ဆိုရလျှင် လုပ်ဆောင်ချက်က ကွာခြားလွန်းလှ၏။

ဤကိစ္စကို စဉ်းစားမိသည်မှာ ဝမ်လင်း တစ်ယောက်တည်းမဟုတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်သည်လည်း ထိုကဲ့သို့ပင် စဥ်းစားမိသည်။

"တကယ်တော့ ဒီအဖိုးကြီး ဟိုကတည်းက စဉ်းစားခဲ့မိတယ်.. အင်မော်တယ်ကျန်းရွမ်က အင်မော်တယ်ရတနာအိမ်ကို နတ်ဆိုးကမ္ဘာရဲ့ တစ်နေရာရာမှာ ဝှက်ထားမလားလို့ပေါ့.. ဒါကြောင့် ကမ္ဘာခြားဂိတ်ပေါက်ရဲ့ အနီးတစ်ဝိုက်မှာ အချိန်အတော်ကြာအောင် သွားလာနေခဲ့တယ်"

စာရိုက်ရင်း ဖန်းကွမ်းက အတိတ်ကိုပင် ပြန်သတိရသွားမိသည်။

"ဒါပေမယ့် ကံမကောင်းစွာပဲ ဘာသဲလွန်စ တစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး... တစ်စုံတစ်ယောက်နဲ့ ကမ္ဘာခြားဂိတ်တံခါးမှာ မတွေ့ခင်အထိပေါ့လေ"

"အဲဒီလူက ဘယ်သူလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။

"ဒီလူကို မင်းတို့ မသိပေမယ့် သူ့ရဲ့ စီနီယာအစ်ကိုနဲ့တော့ ရင်းနှီးပြီးသား ဖြစ်မှာပါ"

ဖန်းကွမ်းက ဆက်ပြောလိုက်သည်။

"သူ့ရဲ့ စီနီယာအစ်ကိုက ဟွာရှို့နိုင်ငံကို တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ရီပဲ"

"ဗိုလ်ချုပ်ရီမှာ ဂျူနီယာညီလေး ရှိသေးတယ်လား"

"အင်း"

ဖန်းကွမ်း ခေါင်းညိတ်လိုက်သည်။

"ယနေ့ခေတ် ကျင့်ကြံခြင်း လောကမှာတော့ ဒီလူကို 'ဆယ်မီတာ ဓားနတ်ဘုရား' 'မိစ္ဆာဓားနတ်ဘုရား ချမ်နန်ရွှယ်'လို့ ခေါ်ကြတယ်"

All Chapters