← Chapters

အင်မော်တယ်ရတနာအိမ်သဲလွန်စ

Vol. 29 Ch. 427

အင်မော်တယ်ရတနာအိမ်သဲလွန်စ

Vol. 29 Ch. 427

ဝမ်လင်းက မဟာတာအို ၃၀၀၀ကို ကမ္ဘာပေါ်တွင် သူနားလည်သည်ထက် ပို၍ နားလည်သူ တစ်ယောက်မျှ မရှိနိုင်ဟု ခံစားမိသည်။

မွေးစကတည်းက မဟာတာအို ၃၀၀၀ နှင့်ပတ်သက်သည့် မှတ်ဉာဏ်များသည် အသက်ကြီးလာသည်နှင့်အမျှ ဂျစ်ဆော ပဟေဠိ တစ်ခုလို သူ့စိတ်ထဲတွင် တဖြည်းဖြည်း စုစည်းမိလာသည်။

သူငါးနှစ်သား အရွယ်တွင် မဟာတာအို ၃၀၀၀၏ ပဏာမ အဆင့် ပုံသဏ္ဍာန်ကို ခြောက်ဆယ်ရာခိုင်နှုန်းခန့် ရရှိခဲ့သည်။

သူဆယ်နှစ်သားအရွယ်တွင် မဟာတာအို၃၀၀၀၏ မှတ်ဉာဏ် ဂျစ်ဆောက ပြီးပြည့်စုံလာခဲ့ပြီး မွေးရာပါ မှတ်ဉာဏ်ဟောင်းတစ်ခုကဲ့သို့ တဖြည်းဖြည်း အသက်ပြန်ဝင်လာသည်။

မဟာတာအို ၃၀၀၀သည် နည်းစနစ် စွမ်းရည်များနှင့် လုံးဝ မပတ်သက်ပေ။

၎င်းတို့က အရာခပ်သိမ်း၏ အမှန်တရားနှင့် ပတ်သက်သော နိယာမများ ဖြစ်ပြီး ကျင့်ကြံခြင်း လောကတွင်မူ အမည်ခံစွမ်းအားများဟု ခေါ်ဝေါ်ကြသည်။

စင်စစ် ဖန်းကွမ်း ပြောသော တာအိုလမ်းစဥ်နှင့် ဗုံးပစ်စီနီယာပြောသော တာအိုနားလည်မှုသည် မဟာတာအို ၃၀၀၀၏ တစ်စိတ်တစ်ပိုင်းပင်။

သို့သော်လည်း ဤအမည်ခံစွမ်းအားကို ပကတိအင်မော်တယ် ပင်လျှင် အလွယ်တကူ ဆုပ်ကိုင်မိဖို့ မဟုတ်ပေ။

ဖန်းကွမ်းက ရေဘဝဲ လက်တံ တစ်ရာကျော်ကို ဝှေ့ယမ်း၍ စာရိုက်ရင်း ပြောလိုက်သည်။

"ဒီအဖိုးကြီးသာ အဲဒီတုန်းက မဟာတာအို ၃၀၀၀ရဲ့ အမည်ခံစွမ်းအားတွေ ထဲက တစ်ခုလောက်ကို ကျွမ်းကျင်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ..

အဲဒါဆို ငါလည်း သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ဖို့ ဆုံးဖြတ်မိမှာမဟုတ်ဘူး"

ထိုစကားကို ပြောရင်း ဖန်းကွမ်းက သူ့ပေါင်ကိုသူ ပြန်ရိုက်လိုက်သည်။

[ငါက သနားဖို့ကောင်းလိုက်တာ.. ငါအရမ်းမိုက်မဲခဲ့တာပဲ]

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မော၍ စာပြန်ရိုက်လိုက်သည်။

"တာအိုရဲ့လမ်းစဥ်ကို နားလည်တာက ကံတရားနဲ့လည်း ဆိုင်ပါတယ်.. စီနီယာဖန်းကွမ်း အတွက် အချိန်မနှောင်းသေးပါဘူး.. ညီနောင်လင်းရဲ့ မိသားစုမှာ စီနီယာကြီးတွေ အများကြီးရှိပါတယ်.. သူ့တို့ဆီကို ချဥ်းကပ်ရင် ဉာဏ်အလင်းတွေ ရလာနိုင်တယ်.. အခုစီနီယာက ညီနောင်လင်းရဲ့ လက်စွပ်ထဲမှာ ရှိနေပြီဆိုတော့ ဝိညာဉ်စွမ်းအား ပြည့်တာနဲ့ ရံဖန်ရံခါ ထွက်လာနိုင်မှာပဲလေ.. စီနီယာကြီးတွေ ဆီမှာ ငါးမိနစ်လောက် သင်ယူမယ်ဆိုရင်တောင် အောင်မြင်မှု တစ်ခုခုကို တွေ့ကြုံခံစားနိုင်မှာပါ"

ဖန်းကွမ်းက မိတ်ဆွေကောင်းကို ရှာတွေ့သွားသကဲ့သို့ စိတ်လှုပ်ရှားသွားသည်။

သူက စာရိုက်ရင်း မျက်ရည်များကို သုတ်လိုက်၏။

"ငါ့ကို စီနီယာလို့ မခေါ်နဲ့.. အခုကစပြီး မင်းနဲ့ငါက ညီအစ်ကိုတွေပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အပြုံး အီမိုဂျီတစ်ခုကို ပေးပို့ခဲ့သည်။

"ဒါဆို မင်းကို ဘယ်လိုခေါ်ရမှာလဲ ညီနောင်ဖန်းကွမ်းလား.. အားကွမ်းလား"

"ငါ့ကို ညီနောင်ကွမ်း လို့ပဲ ခေါ်လိုက်ပါ.. ယဉ်ကျေးနေဖို့ မလိုပါဘူး.. ငါ မင်းကို ညီနောင် ဗုံးပစ် လို့ခေါ်မယ်"

ဖန်းကွမ်းက ပြန်ဖြေလိုက်သည်။

စခရင်ကိုကြည့်ရင်း ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားသည်။

သူတို့နှစ်ယောက် ခင်မင်ရင်းနှီးသွားသည်မှာ အလွန်ပင် မြန်ဆန်နေ၏။

တစ်ခါတစ်ရံတွင် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဆက်သွယ် ပြောဆိုနိုင်စွမ်းကို အမှန်တကယ် အားကျမိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် "မဟာသေမင်းတမန်စီနီယာ" ဟု လူသိများသော်လည်း လူမှုဆက်ဆံရေး ကောင်းသည်ကိုမူ မည်သူမျှ မသိကြပေ။

ဤကဲ့သို့ ပြောဆိုဆက်ဆံနိုင်စွမ်း မရှိဘဲ တစ်နှစ်ပတ်လုံးအတင်းအဖျင်း အရှုပ်တော်ပုံများဖြင့် ပြည့်နှက်နေသည့် ကျင့်ကြံခြင်းဖိုရမ်ကို သူ လည်ပတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်းက ညီနောင်ကွမ်းအတွက် တစ်ခုခုကို နောက်တစ်ကြိမ် မီးရှို့တဲ့အခါ ဘရိုကိုလီကိုပါ မီးရှို့ခိုင်းလိုက်မယ်.. ဒီဘရိုကိုလီက စီနီယာကြီးဝမ် ကိုယ်တိုင် စိုက်ပျိုးထားတာလေ.. နေ့စဥ် ဆယ်မိနစ်လောက် ငေးကြည့်နေရုံနဲ့တင် အကျိုးအမြတ် အများကြီး ရစေလိမ့်မယ်.. ဒါက တာအိုရဲ့ လမ်းစဉ်ကို နားလည်ဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်"

ဖန်းကွမ်း "အဲဒီလိုလား.. ဒါဆို ငါ့အတွက် ဘရိုကိုလီကို မီးရှို့ပေးဖို့ ညီနောင် ဗုံးပစ်ကိုပဲ အနှောင့်အယှက် ပေးရတော့မယ်"

ထိုစာသားကို မြင်လျှင် ဝမ်လင်းတစ်ယောက် စာချန်ပြအမှတ်အသားကိုပင် မပို့နိုင်တော့ပေ။

ဝမ်လင်းက ဗုံးပစ်စီနီယာအင်မော်တယ် အနည်းငယ် လမ်းလွဲနေပြီဟု သဘောပေါက်သောကြောင့် ပြောလက်စ အကြောင်းအရာဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။

"ညီနောင်ကွမ်း ဒီကိစ္စကို နောက်မှ သီးသန့် ဆွေးနွေးလို့ရတယ်.. အခု မိစ္ဆာဓားနတ်ဘုရားက ပိုအရေးကြီးတယ်.. မိစ္ဆာဓားနတ်ဘုရားနဲ့ တွေ့ပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ဆက်ပြောပြပါဦး"

"အင်း"

ဖန်းကွမ်းက ခေါင်းညိတ်ပြီး မြန်မြန် ပြန်ဖြေလိုက်သည်။

"အဲဒီတုန်းက မိစ္ဆာဓားနတ်ဘုရားနဲ့ ငါ တိုက်ခိုက်ခဲ့တယ်.. ဒါပေမဲ့ နှစ်ကွက်မပြည့်ခင်မှတင် ရလဒ်ကို ငါခန့်မှန်းမိခဲ့တယ်"

"ဒီလူရဲ့ စွမ်းရည်က ကောလဟာလတွေထက် ပိုကြောက်စရာကောင်းတယ်.. ဓားတာအို ကနေ ဖန်တီးထားတဲ့ ဓားတွေက သူ့တစ်ကိုယ်လုံးကို ဝိုင်းရံထားတဲ့ အတွက် ငါ သူ့အနားကို လုံးဝ မကပ်နိုင်ခဲ့ဘူး.. အဝေးကနေ တိုက်ခိုက်တဲ့ မှော်စွမ်းရည်တွေကိုပဲ အသုံးပြုနိုင်ခဲ့တယ်.. ဒါကြောင့် အဆုံးသတ်မှာ အတားအဆီး မှော်အစီအရင်တွေကို အားကိုးပြီး ထွက်ပြေးခဲ့ရတယ်"

"ငါ့ရဲ့ ရေအခြေခံ မှော်စွမ်းရည်သာ အဆင့်မမြင့်ခဲ့ရင် သူ့ရဲ့ ကောင်းကင်ပိုင်းဖြတ်ဓားနဲ့ ခုတ်သတ်ခံရတာ ကြာပြီ"

"အခု ပြန်တွေးကြည့်တော့ ဒါက တကယ့်ကို အရှက်ရစရာပါပဲ.. ဒီအဖိုးကြီးက ပကတိအင်မော်တယ် အဆင့်အထိ ကျင့်ကြံခဲ့ပေမဲ့ လွတ်မြောက်ဖို့ အတွက် ရေကိုယ်ပွားကို အားကိုးရလောက်တဲ့ အထိ တစ်ခါမှ ရုပ်မပေါက်ခဲ့ဖူးဘူး"

ဤအရာက ဖန်းကွမ်း၏ ဘဝအတွက် အရှက်ရဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

"ဒါပေမယ့် အခု သေသေချာချာ ပြန်တွေးကြည့်လိုက်မှ သူက ငါ့ကို တိုက်ခိုက်ဖို့ စိတ်မ၀င်စားဘူး ဆိုတာ တွေးမိလာတယ်.. သူ့ကို ကြည့်ရတာ တစ်ခုခုကို ရှာနေသလိုပဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "နောက်ရော"

"နောက်တော့ ငါက သူ့ရဲ့ အာရုံကို လွှဲဖို့ ကြိုးစားတဲ့ အနေနဲ့ သူ့လက်ထဲမှာ ငါ့ကိုယ်ပွားကို တမင်တကာ သေခိုင်းလိုက်တယ်.."

"ငါ့ရဲ့ သေခြင်းတရား အတုကို ဖုံးကွယ်တာ အောင်မြင်ပြီးနောက်မှာ ငါ ရူးရူးသွပ်သွပ် မလုပ်ဆောင်ဝံ့တော့ဘူး.. ယခင်နေရာကို ရှာဖို့ အတွက် ရေကိုယ်ပွားပေါင်း များစွာကို စေလွှတ်ခဲ့တယ်.. သူ့ကို ထပ်တွေ့တော့ သူက အစောပိုင်းက ဖွင့်ထားတဲ့ နေရာလွတ် ဝင်ပေါက်ထဲကို ဝင်သွားခဲ့တယ်"

"မိစ္ဆာဓားနတ်ဘုရားက ကမ္ဘာခြား ဂိတ်တံခါးကနေ ထွက်သွားပြီလား"

ကမ္ဘာခြားဂိတ်တံခါးကနေ ပြင်ပကမ္ဘာသို့ ထွက်ရန် ငါးနှစ်ကန့်သတ်ချက် ရှိကြောင်း လူတိုင်းသိသည်။

အကယ်၍ သင်က ကမ္ဘာခြား ဂိတ်တံခါးပေါက်ကနေ ထွက်ခွာလိုလျှင် ဂိတ်တံခါး ပွင့်လာသည့် အခိုက်အတန့်မှ လွဲ၍ အခြားသော နည်းလမ်းမှာ ကမ္ဘာခြားဂိတ်တံခါး အတွင်းရှိ ဝှက်ထားသော နေရာလွတ် အပေါက်ငယ်များကို ရှာဖွေရမည် ဖြစ်သည်။

ဤကဲ့သို့ သေးငယ်သည့် နေရာလွတ် အပေါက်ငယ်များကို ရှာတွေ့နိုင်သမျှ ကာလပတ်လုံး ထိုအပေါက်ငယ်များက သင့်ကို ပြင်ပကမ္ဘာထဲ ခေါ်ထုတ်သွားနိုင်ပေသည်။

ဖန်းကွမ်းက ခေါင်းခါယမ်းလိုက်သည်။

"ဟင့်အင်း.. သူထွက်မသွားဘူး"

"ကမ္ဘာခြားဂိတ်တံခါးမှာ လူတွေကို အပြင်ထုတ်နိုင်တဲ့ သေးငယ်တဲ့ အပေါက်တွေ အများကြီးရှိတယ်.. ဒါတွေက အင်မော်တယ်ကျန်းရွမ် တမင် ရည်ရွယ်ထားတာလည်း ဖြစ်နိုင်တယ်..

အဲဒီနှစ်တွေ အတွင်းမှာ ငါက နတ်ဆိုးကမ္ဘာကို လှည့်ပတ်နေခဲ့ရင်း အပေါက်ငယ် ရာဂဏန်းကျော်ကို တွေ့ရှိခဲ့တယ်.. ဒါပေမဲ့ မိစ္ဆာဓားနတ်ဘုရား ဝင်သွားတဲ့ အပေါက်က တခြားအပေါက်ငယ်တွေနဲ့ မတူဘဲ သိသိသာသာ ကွဲပြားတယ်"

"မိစ္ဆာဓားနတ်ဘုရား ဝင်သွားပြီးတဲ့ နောက်မှာ ငါစေလွှတ်ထားတဲ့ ရေကိုယ်ပွားတွေက သူတို့ရဲ့ မျက်လုံးရှေ့မှာတင် မိစ္ဆာ ဓားနတ်ဘုရား အလျင်အမြန် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်.. အဲဒီနောက်မှာ ငါက သူဝင်သွားတဲ့ ဝင်ပေါက်ထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ပေမယ့် ရေကိုယ်ပွားရဲ့ အစွမ်းသတ္တိက နေရာလွတ် ဝင်ပေါက်ရဲ့ ပြင်းထန်တဲ့ တွန်းအားကို လုံး၀ မခုခံနိုင်ခဲ့ဘူး.. သိပ်မကြာခင်မှာပဲ ရေကိုယ်ပွားတွေက ပျက်စီးသွားပြီး ရေပူဖောင်း အစုအပုံကြီး ဖြစ်သွားခဲ့တယ်"

ဗုံးပစ်စီနီယာ အင်မော်တယ် "............."

ဖန်းကွမ်း"ဒါပေမယ့် ရေကိုယ်ပွားတွေ မပျက်စီးခင်မှာ မိစ္ဆာဓားနတ်ဘုရားက တခြားနေရာလွတ် ဝင်ပေါက် တစ်ခုဆီ လှမ်းကြည့်နေတာကို မြင်ခဲ့ရတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "နောက်ထပ် နေရာလွတ်ဝင်ပေါက်လား"

ဖန်းကွမ်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်.. ကမ္ဘာခြားဂိတ်တံခါးကို လူသားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာကြားက ကူးလူးဆက်သွယ်မှု အဖြစ် မှတ်ယူမယ်ဆိုရင် ဒီအဆက်အသွယ်ရဲ့ အလယ်မှာ ဘယ်သူမှ မသိနိုင်တဲ့ နေရာလွတ် ဝင်ပေါက်တစ်ခုလည်း ရှိနေနိုင်တယ်လေ.. ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် အဲဒီ နေရာလွတ်ဝင်ပေါက်က အင်မော်တယ်ရတနာအိမ်ရဲ့ ဝင်ပေါက်ပဲ ဖြစ်ရမယ်"

"ဒါပေမယ့် အဲဒီ နေရာလွတ်ဝင်ပေါက်က အထူးအခြေအနေတွေနဲ့ ပြည့်မီမှသာ ဖွင့်လှစ်နိုင်မယ် ဆိုတာတော့ သေချာတယ်.. ဒီအထူးနေရာလွတ် ဝင်ပေါက်ကို တခြားကမ္ဘာရဲ့ ဝင်ပေါက်လို့ လည်း ခေါ်လို့ရမယ်ထင်တယ်"

ဝမ်လင်း "............."

All Chapters