← Chapters

ဓားချီကို ပညာပေးလိုက်သော လင်းကျန်းရန်

Vol. 29 Ch. 428

ဓားချီကို ပညာပေးလိုက်သော လင်းကျန်းရန်

Vol. 29 Ch. 428

ဖန်းကွမ်းက ချက်ဂရုတွင် သူ၏ အတွေ့အကြုံကို ပြောပြပြီးနောက် သုံးဦးသား အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ရိုးရှင်းစွာပြောရလျှင် ဖန်းကွမ်းက အရှက်ရလွန်းသဖြင့် အတိတ်မှ ဤအတွေ့အကြုံကို ပြောပြရန် တွန့်ဆုတ်ခဲ့သည်။

သူနှင့် မိစ္ဆာဓားနတ်ဘုရားတို့ နှစ်ဦးစလုံးက ပကတိအင်မော်တယ် အဆင့်တွင် ရှိကြသော်လည်း သူက အမည်ခံစွမ်းအား မရှိသောကြောင့် သူတို့ကြား ကွာဟချက်က အလွန်ပင် ကြီးမားခဲ့၏။

ထို့ကြောင့် ဖန်းကွမ်းက သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ရန် နည်းလမ်းမျိုးစုံကို တွေးတောကြံဆကာ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ခြင်းပင်။

အင်မော်တယ်အရှင်မြတ် အဆင့်သို့ ရောက်ရှိသွားလျှင် သူ့အနေဖြင့် လုံလုံလောက်လောက် အားကောင်းလာလိမ့်မည်ဟု သူခံစားမိခဲ့သည်။

အင်မော်တယ်အရှင်မြတ် အဆင့်ကို ရောက်သည်နှင့် အနည်းဆုံး အမည်ခံ စွမ်းအား နှစ်မျိုး သို့မဟုတ် သုံးမျိုးကို ကျွမ်းကျင် ပိုင်နိုင်လိမ့်မည်ဟုလည်း သူကြားဖူး၏။

သူ့တွင် အမည်ခံစွမ်းအား ရှိလျှင် မိစ္ဆာဓားနတ်ဘုရားကို သူတင်ကိုယ်တင် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပါလား။

သို့သော် ဖန်းကွမ်းက အဆုံးသတ်တွင် ကိုယ်ဒုက္ခကိုယ်ရှာမိမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

သူ၏ခန္ဓာကိုယ်က မီးလောင်သွားပြီ ဖြစ်ကာ လက်ရှိအခြေအနေတွင် သူ၏ အသားကို ပြန်လည်မွမ်းမံနိုင်ခြင်း မရှိလျှင် သို့မဟုတ် သံသရာဝဋ်ဆင်းရဲကို ဆက်လက် ကြုံတွေ့နေရဦးမည် ဆိုလျှင် စွမ်းအားမြင့် ကျင့်ကြံသူအဖြစ်သို့ ပြန်လည်ရောက်ရှိရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

"အင်မော်တယ် ရတနာအိမ် အကြောင်း ငါသိတာ ဒါအကုန်ပဲ..

မိစ္ဆာဓားနတ်ဘုရားက ကမ္ဘာခြားဂိတ်ပေါက်ကနေ အင်မော်တယ်ရတနာအိမ်ကို အဆုံးသတ်မှာ ရှာတွေ့ခဲ့သလားတော့ ငါ လည်း မသိဘူး.. ဒါပေမယ့် ဒီအချက်အလက်တွေကို ဆက်စပ် စဉ်းစားကြည့်ရင် အင်မော်တယ် ရတနာအိမ်ကို ရှာတွေ့သွားပြီလို့ ငါထင်တယ်"

ဖန်းကွမ်းက စာရိုက်၍ ပြောလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ကွမ်း ပြောတာ ဖြစ်နိုင်တယ်.. ညီနောင်ကွမ်းနဲ့ မိစ္ဆာဓားနတ်ဘုရားတို့ တိုက်ပွဲဖြစ်တာ တော်တော်ကြာခဲ့ပြီ.. ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက သူ့အကြောင်း ဘာသတင်းမှ မကြားခဲ့ရဘူး"

"မိစ္ဆာဓားနတ်ဘုရားက အင်မော်တယ် ရတနာအိမ်ကို ရှာဖွေနေဆဲ ဖြစ်နိုင်သလို ကမ္ဘာခြားဂိတ်တံခါးရဲ့ နေရာလွတ်ဝင်ပေါက်မှာ အခြားသော ကိစ္စ တစ်ခုခုကို လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ်"

ဖန်းကွမ်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါဒီကိစ္စကို ညီနောင်ဗုံးပစ်နဲ့ စီနီယာလင်းဆီပဲ လွှဲခဲ့တော့မယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "စိတ်ချပါ ညီနောင်ကွမ်း.. ညီနောင်လင်း နဲ့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေပြီး မင်းရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်မဲ့ နည်းလမ်းကို သေချာပေါက် ရှာတွေ့မှာပါ"

ဖန်းကွမ်းက ရယ်၍ ပြောလိုက်သည်။

"ရပါတယ် အလျင်မလိုပါဘူး.. ဒီအဖိုးကြီးက နှစ်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးပါပြီ.. နည်းနည်းပါးပါး ထပ်စောင့်လို့ ဘာမှမဖြစ်ပါဘူး.. ဒါနဲ့ ဒီnotebookကို ဘာတွေ သုံးလို့ရသေးလဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ကွမ်း အရမ်းငြီးငွေ့နေတယ်ဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဝဘ်ဆိုက်တွေမှာ တိုက်ရိုက် ကြည့်ရှုနိုင်တယ် ဒါမှမဟုတ် ဂိမ်းတစ်ခုခုကို ဒေါင်းလုဒ်လုပ်ပြီး ကစားလို့လည်းရတယ်.. 'ညီနောင်ကွမ်း ကြက်သားဘယ်လိုစားရလဲ' သိလား.. ငါ မင်းအကောင့်ကို ဖိတ်ပြီး ဂိမ်းဘယ်လိုကစားရလဲ သင်ပေးမယ်"

ဖန်းကွမ်းက ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်လိုက်သလို ခံစားခဲ့ရသည်။

"ကြက်သားစားတယ်ဆိုတာက ဘာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "ဒါက ဂိမ်းမှာ အသုံးပြုလေ့ရှိတဲ့ သာမန် အသုံးအနှုန်းလေး တစ်ခုပါပဲ.. ဒါပေမယ့် အဲဒါကို အချိန်တို အတွင်းမှာ ရှင်းပြဖို့ကတော့ ခက်ခဲလိမ့်မယ်.. ညီနောင်ကွမ်း ဒီဂိမ်းနဲ့ အချိန်ဖြုန်းလို့ရတယ်.. ဒါပေမဲ့ တစ်ယောက်ယောက်က ချီတာအကောင့် လာရောင်းရင် ဘယ်တော့မှ မဝယ်မိစေနဲ့"

"မနေ့က အာဖရိကမျောက်လို့ အမည်ပြောင်ပေးထားတဲ့ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူကို ချီတာအကောင့်နဲ့ ကစားလို့ ဂိမ်းကနေ ဘလက်လစ် စာရင်းထဲ သွင်းပစ်ခဲ့တယ်"

ဖန်းကွမ်း "အင်း ငါနားလည်ပြီ"

ဤအချက်ကို ပြောရင်း ဖန်းကွမ်းက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် သူ့ခေါင်းကိုသူ လက်ဖြင့် ရိုက်လိုက်သည်။

"ခဏလေး.. ငါပြောစရာရှိသေးတယ်.. ငါအခုပေးတဲ့ ပစ္စည်းကိုယူလိုက်.. အဲဒါက အင်မော်တယ် ရတနာအိမ်ကို စီနီယာလင်း ရှာဖွေရာမှာ သေချာပေါက် အကူအညီ ဖြစ်လိမ့်မယ်"

ဝမ်လင်း "...???..."

သူက စကားတစ်ခွန်းမှ မပြောဘဲ မေးခွန်းသင်္ကေတသာ ပို့လိုက်သည်။

မကြာခင်မှာပဲ သူ့လက်ထဲရှိ ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ကနေ ဝိညာဉ်အလင်းလုံးတစ်ခု ထွက်ပေါ်လာ၏။

ယင်းဝိညာဥ်အလင်းလုံးက ဘူးသီးခြောက်ဖြစ်ပြီး တာအို ဝတ်စုံ တစ်စုံကို အထဲတွင် သေချာစွာ ထုပ်ပိုးထားသည်။

ဘူးသီးခြောက်ပေါ်တွင် ပကတိ အင်မော်တယ်များသာ ခတ်နိုင်သည့် ထူထဲသော စည်းတံဆိပ် အလွှာလေးခု ရှိနေ၏။

ဖန်းကွမ်း "ငါ့ကိုယ်ပွားကို မိစ္ဆာဓားနတ်ဘုရား သတ်ပြီး နောက်မှာ သူ့ရဲ့ ဓားချီက ငါ့ရဲ့ တာအို၀တ်စုံမှာ ကျန်ရစ်ခဲ့တယ်"

"ဓားချီက နတ်ဆိုးချီ ဖြစ်တာကြောင့် ငါ့ရဲ့ဝတ်စုံကို တတိယအဆင့် သူတော်စင်လက်နက် ဖြစ်တဲ့ ဘူးသီးခြောက်ထဲမှာ ထည့်ခဲ့ပေမဲ့ အသုံးမဝင်ခဲ့ဘူး.. ဘူးသီးခြောက်ကို စည်းတံဆိပ် အလွှာလေးခုလောက် ခတ်လိုက်မှပဲ နတ်ဆိုးချီကို ထိန်းချုပ်နိုင်ခဲ့တယ်"

ဝမ်လင်းက ဘူးသီးခြောက်ကို ကိုင်ထားရင်း အတွေးထဲတွင် နစ်မြောသွားခဲ့သည်။

ဤနတ်ဆိုးချီ မည်မျှပြင်းထန်သည်ကို သူ မြင်ချင်နေ၏။

ဝမ်လင်းက သူ၏ လက်ပတ်နာရီပေါ်ရှိ ဗီဒီယို လုပ်ဆောင်ချက်ကို ဖွင့်လိုက်ရာ ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဖန်းကွမ်းတို့က ဗီဒီယိုကောမှ တဆင့် ဝမ်လင်းကို မြင်လိုက်ရသည်။

ဝမ်လင်းက သူ့ကုတင်ပေါ်တွင် ထိုင်နေသည်။

ထို့နောက် သူက စည်းတံဆိပ် အလွှာများကို ချည်သားပိတ်စများအား ဆုတ်ဖြဲ သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ခွာထုတ်လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ကွမ်း.. အဲဒါက ပကတိအင်မော်တယ် ခတ်ထားတဲ့ စည်းတံဆိပ် သေချာပါတယ်နော်"

ဖန်းကွမ်း ချွေးစေးများ ထွက်လာသည်။

"သေချာပါတယ် ညီနောင်ဗုံးပစ်ရာ.. ငါကိုယ်တိုင် ခတ်ထားတာပါ"

ဗုံးပစ်စီနီယာအင်မော်တယ် "ဒါဆို ဘာလို့ အတုအယောင်လို့ ခံစားနေရတာလဲ"

ဖန်းကွမ်းက အာစေးမိသလို ဆွံ့အသွားသည်။

"............"

စည်းတံဆိပ်များကို ဖယ်ရှားရန် လုပ်ထုံးလုပ်နည်းများ ရှိသည်။

ပကတိအင်မော်တယ် ခတ်ထားသည့် စည်းတံဆိပ်က တစ်လွှာပြီးမှ တစ်လွှာ တစ်ဆင့်ချင်းစီ စိတ်ရှည်ရှည် ရှင်းလင်းရခြင်း ဖြစ်သည်။

ပါဆယ်ထုပ်ကို ပတ်ထားသည့် တိပ်ကို ခွာသကဲ့သို့ သောက်ရမ်းကြမ်းသည့် နည်းလမ်းကို ယခုမှ သူပထမဆုံး မြင်ဖူးခြင်းပင်။

သို့ရာတွင် ဤသည်ကပင် စီနီယာလင်း အပေါ် မှန်းဆထားသည့် သူ၏ ထင်မြင်ချက် မှန်ကန်ကြောင်း ခံစားခဲ့ရသည်။

သူ၏ စည်းတံဆိပ်များကို အလွယ်တကူ ရှင်းထုတ်နိုင်ရန် အတွက် စီနီယာလင်းက အင်မော်တယ် အရှင်မြတ်အဆင့် ဖြစ်ရပေမည်။

စီနီယာလင်းတွင် အမည်ခံ စွမ်းအား နှစ်ခု သို့မဟုတ် သုံးခု ရှိနေသည်လည်း ဖြစ်နိုင်၏။

ထို့ကြောင့် စည်းတံဆိပ်များကို လွယ်ကူစွာ ဖြေရှင်းနိုင်ခြင်း ဖြစ်ပုံရသည်။

ဝမ်လင်းက ဗီဒီယိုကင်မရာ ရှေ့တွင် ဘာစကားမှ မပြောခဲ့ပေ။

သူက ပကတိအင်မော်တယ် စည်းတံဆိပ်များကို ရှင်းလင်းပြီးနောက် ဘူးသီးခြောက်ကို ဇောက်ထိုးလှန်လိုက်သည်။

အနက်ရောင် နတ်ဆိုးချီနှင့်အတူ နက်ပြာရောင် တာအိုဝတ်စုံတစ်ထည်က ဝမ်လင်း၏ ရှေ့တွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။

ဖန်းကွမ်း ပြောခဲ့သလိုပင်၊ မိစ္ဆာဓားနတ်ဘုရားက အတော်လေး အစွမ်းထက်ပုံရ၏။

သူ၏ ဓားချီနဲ့ ထိမိပြီး တာအိုဝတ်စုံက အပေါက်ရာများဖြင့် ရစရာ မရှိအောင် စုတ်ပြတ်သတ်နေသည်။

သို့ရာတွင် အပေါက်အပြဲက အဓိကမဟုတ်ပေ။

အဓိကအချက်မှာ ဝတ်စုံပေါ်ရှိ အနက်ရောင် နတ်ဆိုးချီ ဖြစ်သည်။

ဝမ်လင်းက ဤနတ်ဆိုးချီ၏ စွမ်းအားကို အခြေခံ၍ မဟာတာအို သုံးထောင်ထဲမှ တစ်ခုဖြစ်သည့် "ဓားတာအိုစွမ်းရည်"မှန်း ခံစား သိရှိနိုင်ခဲ့သည်။

သို့သော် အသုံးပြုပုံကို ကြည့်၍ ဓားတာအိုကို အမြင့်ဆုံးအဆင့်ထိ မဖော်ထုတ်နိုင်သေးကြောင်း သူ ရှင်းရှင်းလင်းလင်း သိလိုက်သည်။

၎င်းစွမ်းရည်ကို အသုံးပြုသူမှာ လုံးဝ အတွေ့အကြုံ မရှိသေးသောသူ ဖြစ်သည်။

ဝမ်လင်းက မိစ္ဆာဓားနတ်ဘုရား ဤဓားတာအိုကို မည်ကဲ့သို့ ကျွမ်းကျင် ပိုင်နိုင်သွားမှန်း မသိရသော်လည်း တစ်ဖက်လူက ဓားတာအိုကို ဆုပ်ကိုင်မိထားပုံ ရသောကြောင့် သူ၏ ယခင်ပြိုင်ဘက်များ နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပို၍ အာရုံစိုက်သင့်သည်ဟု ခံစားမိသည်။

ထို့အပြင် ဖန်းကွမ်း နှင့် မိစ္ဆာဓားနတ်ဘုရား တို့ကြား ထိပ်တိုက်တွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ အတွင်း မိစ္ဆာဓားနတ်ဘုရားက ဤဓားတာအို နှင့် ပတ်သက်ပြီး မည်မျှ အဆင့်အထိ ရောက်နေမှန်း သူသိချင်မိသည်။

ဝမ်လင်းက မေးစေ့ကို လက်ဖြင့် ပွတ်၍ စဥ်းစားနေချိန်တွင် နက်ပြာရောင် တာအိုဝတ်စုံပေါ်ရှိ အနက်ရောင် နတ်ဆိုးဓားချီက မထင်မှတ်ပဲ စုစည်းမိသွားသည်။

"ညီနောင်လင်း သတိထား"

"စီနီယာလင်း သတိထား"

ဤမြင်ကွင်းကို ဖန်းကွမ်း နှင့် ဗုံးပစ်စီနီယာအင်မော်တယ် တို့က တစ်ချိန်တည်းမြင်ပြီး ဝမ်လင်းကို သတိပေးလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

အနက်ရောင်ဓားချီက အလွန်လျင်မြန်စွာပင် ပေါင်းစပ်သွားပြီး အမှောင်ထဲတွင် ပုန်းအောင်းနေသည့် မြွေပွေးတစ်ကောင်ကဲ့သို့ အဆိပ်အတောက်များ ပြည့်နှက်နေသော အစွယ်များဖြင့် ဝမ်လင်း၏ နှလုံးသား တည့်တည့်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ဤ နတ်ဆိုးဓားချီက သာမန်ဓားချီများနှင့်မတူပေ။

မဟာဓားတာအို စွမ်းရည်၏ အမည်ခံစွမ်းအားများ ကိန်းအောင်းနေ၏။

ထိုအချိန်က မိစ္ဆာဓားနတ်ဘုရားက ဓားတာအိုကို ဆုပ်ကိုင်မိကာစသာ ဖြစ်သော်လည်း သူ့ဓားကို လွှဲရင်း ဖြစ်ပေါ်လာသည့် ဓားချီကမူ ဝိညာဉ်ရေးရာ အသိဥာဏ်တချို့ စုစည်းမိသွားခဲ့သာ်။

ဝမ်လင်းက ခေါင်းကို လှည့်လိုက်သည်။

အိပ်ယာပေါ်မှ ကျင့်ခယ်ကလည်း တုံ့ပြန်ရန် အသင့်ဖြစ်နေသည်။

သို့သော် ဝမ်လင်းက ပို၍ လျင်မြန်၏။

သူက ရေဒီယို ဂျွန်းဘား အားကစားနည်းကို သုံး၍ ဂျွန်းပစ် ရှောင်တိမ်းလိုက်ရင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျယ်လောင်သော ဘုတ်ခနဲ မည်သံ နှင့်အတူ မြွေတစ်ဖြစ်လဲ နတ်ဆိုးဓားချီကို ဖြိုခွင်းလိုက်သည်။

ဖန်းကွမ်း "...???..."

ဗုံးပစ်စီနီယာအင်မော်တယ် "...???..."

All Chapters