← Chapters

အလင်းရှာဖွေသူ

Vol. 29 Ch. 430

အလင်းရှာဖွေသူ

Vol. 29 Ch. 430

တိုက်ရိုက် ထုတ်လွှင့်မှုသည် လက်ရှိအချိန်တွင် ကျင့်ကြံခြင်း လောကတွင် ခေတ်စားနေသော လုပ်ငန်းတစ်ခု ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အမျိုးအစားများကလည်း မှိုကဲ့သို့ ပေါများလာသည််။

မည်သို့ပင်ဆိုစေ မည်သည့် နယ်ပယ်တွင်မဆို လုပ်ငန်းတူ များစွာ ရှိသော်လည်း အမှန်တကယ် ကောင်းမွန်စွာ လုပ်နိုင်သူမှာမူ အလွန်နည်းပါးသည်။

အချို့သော တိုက်ရိုက် ထုတ်လွှင့်သူ များသည် ၎င်းတို့စတင်ပြီး တစ်နှစ်ခွဲကျော်ကြာသည့်တိုင် သနားစရာကောင်းသော ပရိသတ် အရေအတွက် ထောင်ဂဏာန်းလောက်ကိုသာ စုစည်းနိုင်ခဲ့သည်။

ဝမ်လင်းက အချိန်ကို တွက်ချက်လိုက်သည်။

သုံးယောက်သား ချက်ဂရုတွင် ဆွေးနွေးခဲ့ကြသည်မှာ ကိုးနာရီဝန်းကျင်လောက်သာ ရှိသေး၏။

ထို့နောက် တစ်နာရီ မပြည့်မီမှာပင် ဖန်းကွမ်းက ဖျော်ဖြေမှုအသစ်အဆန်းများဖြင့် "တိုက်ရိုက်ထုတ်လွှင့်ခြင်း"ကို ပြုလုပ်ခဲ့သည်။

ဝမ်လင်းက တကယ်တမ်းတွင် ဖန်းကွမ်းကို နားလည်၏။

စင်စစ် ဖန်းကွမ်းက သံသရာဝဋ်ဆင်းရဲကို ကျော်ဖြတ်နေရင်း ကာလအတန်ကြာအောင် တစ်ယောက်တည်း အထီးကျန်စွာ နေခဲ့ရသည် မဟုတ်ပါလား။

သူက သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်နိုင်ရန်

ရေစက်ရှိသောသူကို ရှာဖွေရမည့် အပြင် ခန္ဓာကိုယ် ပြန်လည်တည်ဆောက်၍ မိမိကိုယ်ကို လွတ်မြောက်အောင် ကြိုးစာရမည် ဖြစ်၏။

ရိုးရှင်းစွာပြောရရင် ဖန်းကွမ်း၏ အထီးကျန်မှုကိုသာ အပြစ်တင်ရပေမည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် အပြန်အလှန် တုံ့ပြန် ပြောဆိုမှုသည် အမှန်တကယ်ပင် အထီးကျန်မှုကို ပြေပျောက်စေသည့် နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။

ဖန်းကွမ်းက တိုက်ရိုက် ထုတ်လွှင့်မှုကို ပထမဆုံး ပြုလုပ်သောအခါတွင် ယုံကြည်သူများကို ရှာဖွေရန်သာ ကနဦး၌ စီစဥ်ခဲ့၏။

သို့သော် ဆယ့်နှစ်နာရီ မပြည့်မီမှာပင် သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု ပရိသတ် အရေအတွက်က စံချိန်တင်အဖြစ် အရေအတွက် တစ်သန်းကို ချိုးဖျက်သွားခဲ့သည်။

ယင်းမှာ တိုက်ရိုက်ထုတ်လွှင့်သူ အများအပြားပင် စိတ်ကူးမယဉ်နိုင်သော အရာတစ်ခု ဖြစ်သည်။

ဝမ်လင်းက ဖန်းကွမ်းတွင် တိုက်ရိုက် ထုတ်လွှင့်ခြင်း၏ ရေပန်းစားမှု အပေါ် မည်သို့သော အယူအဆတစ်ခုခု ရှိမရှိ မသိရသော်လည်း ဖန်းကွမ်းက ယခုနှစ်တွင် တိုက်ရိုက် ထုတ်လွှင့်မှု အသိုင်းအဝိုင်း၌ သမိုင်းတစ်ခုကို ဖန်တီးထားပြီမှန်း တွက်ဆမိခဲ့သည်။

တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသည့် လူအရေအတွက်က မြင်သာသောနှုန်းဖြင့် ဆက်လက် တိုးမြင့်လာသည်။

ပုံမှန်အားဖြင့် လူအရေအတွက်က တစ်သိန်း သို့မဟုတ် နှစ်သိန်း ကဲ့သို့ အတိုင်းအတာ တစ်ခုဆီ ရောက်ရှိလာသောအခါ ကြည့်ရှုသူ များပြားလာသည်နှင့် အမျှ တိုက်ရိုက် ထုတ်လွှင့်မှုက လျင်မြန်သောနှုန်းဖြင့် ဆက်လက် ပျံ့နှံ့သွားမည်ဖြစ်သည်။

ထို့အပြင် ကျင့်ကြံခြင်း တိုက်ရိုက် ထုတ်လွှင့်သည့် ပလပ်ဖောင်းတွင် ဖန်းကွမ်း မှတ်ပုံတင်ထားသည့် ID "ကျွန်းသခင်" သည် ယခင်က တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းပေါ်တွင် တစ်ခါမှ မပေါ်ခဲ့ဖူးသော ID အသစ် တစ်ခု ဖြစ်နေ၏။

ID မှတ်ပုံတင်သည့် ရက်စွဲက မကြာသေးမီက ဖြစ်ပုံရသည်။

အစပိုင်းတွင် နာမည်ကျော် တိုက်ရိုက်ထုတ်လွှင့်သူ အချို့က တိုက်ရိုက်ထုတ်လွှင့်သည့် ဝဘ်ဆိုက်နှင့် ပူးပေါင်းကာ ပရိသတ်များကို လှည့်စားရန် အကောင့်တုကို အသုံးပြုနေသည်ဟု လူအများက လွဲမှားစွာ ယုံကြည်ခဲ့ကြသည်။

သို့သော် လင့်ထဲဝင်ကြည့်လိုက်သော အခါတွင် ထိုသို့ မဟုတ်မှန်း သိလိုက်ရသည်။

ယင်းက လူသစ်တစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခု ဖြစ်နေ၏။

အရေးအကြီးဆုံးမှာ တိုက်ရိုက် ထုတ်လွှင့်သည့် လူသစ်က ခြေဗလာနှင့် အဖိုးအိုတစ်ဦး ဖြစ်ပြီး ထူးကဲသာလွန်သည့် အသွင်အပြင်မျိုးကို ပိုင်ဆိုင်ထားသည်။

"ဂန္ထဝင် တိုက်ရိုက်ထုတ်လွှင့်သူ မွေးဖွားလာတာကို ငါတို့ မျက်မြင် တွေ့ခွင့်ရခဲ့တာပဲ"

ချန်းချောင် နှင့် ကော်ဟောက်တို့က လူကြိုက်များနေသော ကျွန်းသခင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်လှုပ်ရှားစွာ လိုက်ပါစီးမျောခဲ့ကြသည်။

"ဒီနှစ်တွေမှာ ဒီလိုမျိုး ထူးခြားဆန်းပြားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုး မရှိသေးဘူး.. ဒီကျွန်းသခင်က သူ့ဘဝ နှောင်းပိုင်းကို ရောက်မှ ရေပန်းစားလာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"

မြေပဲလေးက အလွန်အံ့သြနေသဖြင့် အိမ်စာများ သိမ်းယူရန်ပင် မေ့လျော့နေခဲ့သည်။

အစောပိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူ တစ်သန်းခန့် ရှိသော်လည်း သူတို့ စကားအနည်းငယ် ဖလှယ်ပြီးသည့်နောက်တွင် တစ်သန်းခွဲ ကျော်သွားခဲ့ပြီ ဖြစ်၏။

ယင်းက ကြောက်စရာ ကောင်းလွန်းသော အရှိန်အဟုန်ပင်။

ပရိသတ်အရေအတွက် ဆက်တိုက် တိုးလာပြီး မက်ဆေ့ချ်များကပင် အထူးကြောက်စရာ ကောင်းနေ၏။

ပေးပို့နိုင်သည့် မက်ဆေ့ချ် အရေအတွက်ကိုသာ ကန့်သတ်မထားပါက မက်ဆေ့ချ် သမုဒ္ဒရာကြီး ဖြစ်လာပြီး တိုက်ရိုက် ထုတ်လွှင့်မှု အခန်း တစ်ခုလုံးကို နစ်မြုပ် ဖုံးလွှမ်းသွားပေမည်။

ကျွန်းသခင်၏ "ကိုယ့်ကိုယ်ကို သံအိုးဖြင့်စွပ်ပြုတ် ပြုတ်ပြခြင်း" စွမ်းဆောင်မှု စတင်ပြီးနောက်တွင် ဖန်သားပြင်ပေါ်၌ 666 နှင့် 223 မက်ဆေ့ချ်များက အကန့်အသတ်မရှိ ဝင်ရောက်လာခဲ့သည်။

{223= ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုဖော်ပြသောစကားလုံး}

"သံအိုးထဲမှာ သူ့ကိုယ်သူ စွပ်ပြုတ်လုပ်ပြီး လူသန်းပေါင်းများစွာကို အနိုင်ယူလိုက်တာပဲ.. ကျွန်းသခင်က အရမ်းမိုက်တယ်ဟ"

"မက်ဆေ့ချ်တွေ များလှချည်လား.. အခု တိုက်ရိုက်ထုတ်လွှင့်သူက ဘယ်ကျွန်းမှာ ရှိနေလည်း ဆိုတာကို သိကြလား"

"ကျွန်းသခင်က ထူးကဲသာလွန်တဲ့သူ ဆိုတော့ အစွမ်းထက် ကျင့်ကြံသူပဲ ဖြစ်ရမယ်"

"ကျွန်းသခင်ရဲ့ တာအို နာမည်ကို ဘာများဖြစ်နေမလဲ"

အစပိုင်းတွင် စိတ်ဝင်စားဖွယ် ကောင်းသည်ဟုသာ ထင်မှတ်ခဲ့သော လူအများအပြားသည် ယခုအခါ ဖန်းကွမ်း၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် အာရုံစိုက်လာသောကြောင့် ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အရူးအမူး ကြည့်ရှုနေကြသည်။

အိုးထဲတွင် ရပ်နေသော ဖန်းကွမ်းက ဖန်သားပြင်ပေါ်တွင် မေးခွန်းများ ပိုများလာသည်ကို တွေ့လိုက်ရသည်။

ထုံးစံအတိုင်း သူက ငတုံးမဟုတ်၍ သူ၏ တာအိုနာမည်အစစ်အမှန်ကို ပြောပြစရာ အကြောင်းမရှိပေ။

သူ့အကောင့်အတွက် နာမည် အစစ်အမှန်ကို မပေးထား၍ တိုက်ရိုက် ထုတ်လွှင့်မှုကနေ ပရိသတ်များက သူ့ကို လက်ဆောင် ကြီးကြီးမားမား မပေးပို့နိုင်ခဲ့ပေ။

အသုံးပြုသူ ID တစ်ခုစီသည် တစ်ရက်လျှင် အများဆုံး HNY ဆယ်ခုသာ လက်ဆောင်ပေးပို့နိုင်၏။

ယခု သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များတွင် ချမ်းသာသော ပရိသတ်အချို့ ရှိသည်။

သို့သော် ဖန်းကွမ်းက အစကတည်းကပင် အပျင်းပြေ အပျော်သက်သက်သာ တိုက်ရိုက်လွှင့်ခဲ့ခြင်း ဖြစ်သည်။

"အားလုံးပဲ Fan tag တစ်ခုလောက် တင်ပါရစေ.. ဒီအဖိုးကြီးကို စိတ်ဝင်စားရင် fan tag ပေးကြပါ"

{Fan tag= အမှတ်တရ ဖန်တီးခြင်း}

အိုးအတွင်းမှ ဖန်းကွမ်းက သူ့လက်ကို ဆန့်တန်းကာ စကားလုံးနှစ်လုံးပါသော fan tag ကို အမြန်သတ်မှတ်လိုက်သည်။

"အလင်းရှာဖွေသူ"

ကော်ဟောက်က ကျွန်းသခင် fan tag တင်လိုက်သည်ကိုတွေ့သည်နှင့် fan tag တစ်ခုရရှိရန် ကျွန်းသခင်ကို HNY ဆယ်ခု လက်ဆောင်ပေးဖို့ ချက်ချင်း ဆုံးဖြတ်လိုက်သည်။

HNY တစ်ခုသည် ပရိတ်သတ်အမှတ် တစ်ရာနှင့် ညီမျှ၏။

ထို့ကြောင့် HNY ဆယ်ခုသည် ပရိတ်သတ်အမှတ် တစ်ထောင်နှင့် ညီမျှသည်။

ဤသည်မှာ fan tag တစ်ခုရရှိရန် အနည်းဆုံး လိုအပ်ချက်ဖြစ်၏။

လက်ဆောင်ပေးခြင်းအပေါ် ကန့်သတ်ချက်သည် တိုက်ရိုက်ထုတ်လွှင့်သည့် ပလပ်ဖောင်းနှင့် သက်ဆိုင်သည်။

တိုက်ရိုက်ထုတ်လွှင့်သူက အထောက်အထား မှန်မှန်ကန်ကန် မတင်ပြထားလျှင် ပရိသတ် တစ်ယောက်ချင်းစီမှ လက်ဆောင်များကို အကန့်အသတ်ဖြင့်သာ လက်ခံနိုင်မည် ဖြစ်၏။

အကြောင်းရင်းမှာ တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများတွင် ရာဇ၀တ်မှု မှတ်တမ်းများ ရှိ၊ မရှိ သိရှိနိုင်စေရန် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ နောက်ခံဒေတာနှင့် ချိတ်ဆက်နိုင်သည့် စနစ်များ ထည့်သွင်းထားသောကြောင့် ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်သည့် ပလပ်ဖောင်းများသည် နောက်ကြောင်း မရှင်းသော မှတ်တမ်း ရှိသူများကို ပိတ်ပင်လေ့ ရှိကြသည်။

သို့ရာတွင် ဖန်းကွမ်းလို အပျော်သဘော သက်သက်ဖြင့် အကျိုးအမြတ်ကို လုံးဝ ဂရုမစိုက်သည့် တိုက်ရိုက်ထုတ်လွှင့်သူအတွက်မူ ဤ"လက်ဆောင်ကန့်သတ်ချက်"က ဘာမှ အဓိပ္ပာယ်မရှိပေ။

"ကျွန်းသခင်"ဟုခေါ်သော တိုက်ရိုက် ထုတ်လွှင့်သူ အသစ်က နေ့ချင်းညချင်း ကျော်ကြားသွားလိမ့်မည်ဟု တိုက်ရိုက် ထုတ်လွှင့်သည့် ပလက်ဖောင်းပင် မထင်ထားခဲ့ပေ။

ပရိသတ်တစ်ဦးစီမှ 10 HNYက မဖြစ်စလောက် ပမာဏမျှသာ ဖြစ်သည်။

သို့သော် ပရိသတ် အရေအတွက်မှာ အလွန်များပြားနေ၏။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းက အတော်လေး အမြတ်အစွန်း ရရှိသွားခဲ့သည်။

ဖန်းကွမ်း တစ်ယောက် fan tag ဖွင့်ပြီး ဆယ်မိနစ် မပြည့်မီမှာပင် သိန်းနှင့်ချီသော လူများက သူ့ကိုလက်ဆောင်များ ပေးပို့ခဲ့ပြီး အလင်းရှာဖွေသူများ ဖြစ်လာခဲ့သည်။

ချန်းချောင်ကလည်း လက်ဆောင်မပို့ဘဲ မနေနိုင်တော့ပေ။

"ငါလည်း အလင်းရှာဖွေသူ တစ်ယောက် ဖြစ်ရမယ်"

ဝမ်လင်း "............."

ထိုအချိန်တွင် "အလင်းရှာဖွေသူ" fan tag ကို ထင်ဟပ်စေသည့် မက်ဆေ့ခ်ျမျိုးစုံက စခရင်ကို ဖုံးအုပ်ထားပြီ ဖြစ်သည်။

"အလင်းသံအိုး"

"အလင်းဖြင့် လက်နက်များကိုသန့်စင်ခြင်း"

"အလင်း ရှင်သန်ခြင်း"

စသည်ဖြင့်...

မြေပဲလေး "ဒီကျွန်းသခင်က ဘယ်လိုလူလို့ထင်လဲ"

"ကျွန်းသခင်က လျှို့ဝှက်ဆန်းကြယ်တဲ့လူပဲ.. သူက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နိုင်တယ်လို့ ငါထင်တယ်"

ချန်းချောင်က မှန်းဆလိုက်သည်။

မြေပဲလေး "ယနေ့ခေတ် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် လူအိုကြီးတွေ အားလုံးက ဖျော်ဖြေမှုကို အလွန်အမင်း လိုက်စားနေကြပြီ ထင်တယ်.. ဗိုလ်ချုပ်ရီလို အားလပ်ချိန်မှာ ပန်းပင်တွေကို ရေလောင်းပြီး အေးအေးချမ်းချမ်း နေသင့်တယ်.. အင်းလေ.. ဗိုလ်ချုပ်ရီက ပကတိ အင်မော်တယ် တစ်ယောက် ဖြစ်နေတာကိုး"

ချန်းချောင်က ထရယ်လိုက်သည်။

"လူတိုင်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က ဗိုလ်ချုပ်ရီလောက် မြင့်မားနေတယ်လို့ မင်းထင်နေလား"

"အကယ်၍ မင်းက ပကတိ အင်မော်တယ် တစ်ယောက် ဖြစ်လာပြီး သဘာဝနှင့် တစ်သားတည်း ဖြစ်ခြင်းရဲ့ ထူးခြားချက်တွေကို တန်ဖိုးထားလာနိုင်ရင် အထီးကျန်တယ်လို့ ခံစားရမှာ မဟုတ်တော့ဘူး.. ဘာပဲဖြစ်ဖြစ် ဒီကျွန်းသခင်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ငါထင်တယ်"

ဝမ်လင်း "............"

ထိုအချိန်တွင် ကော်ဟောက်က ရုတ်တရက် ပြောလိုက်သည်။

"ဒီနေ့နေ့လည် တိုက်ရိုက်ထုတ်လွှင့်မှုကျရင် ကြက်သားစားပြမယ်လို့ ကျွန်းသခင်က ပြောခဲ့တယ်"

ချန်းချောင် "အလင်းကြက်သားကို စားဖို့များ ဖြစ်နေမလား"

ကော်ဟောက် "ငါကတော့ အချိန် ကြက်သားလို့ထင်တယ်"

ဝမ်လင်း ".........."

မြေပဲလေး "............"

[ဂိမ်းထဲက အသုံးအနှုန်းကို ပြောတာပါကွာ.. မင်းတို့ကလဲ]

All Chapters