← Chapters

ထွင်ထျန်းဟာ တဖန်အိပ်မက်မက်ခြင်း

Vol. 29 Ch. 432

ထွင်ထျန်းဟာ တဖန်အိပ်မက်မက်ခြင်း

Vol. 29 Ch. 432

ဤဇာထီးဖြူဖြူလေးကို ငွေရောင်လေး၏ သူတော်စင် သားရဲအမွေးဖြင့် အမှန်တကယ် ပြုလုပ်ထားခဲ့သည်။

ဝမ်လင်း ချွေးများပင် စို့လာသည်။

ယင်းက ငွေရောင်လေး၏ တန်ဖိုးကို အပြည့်အ၀ အသုံးပြုခြင်းဟုပင် ယူဆနိုင်၏။

အဆုံးသတ်တွင် သူတော်စင် သားရဲ၏ ခန္ဓာကိုယ် တစ်ခုလုံးက ရတနာများ ဖြစ်သည် မဟုတ်ပါလား။

သို့သော် 'ဖက်တီးလော'က ဤဇာထီးဖြူကို ပြုလုပ်ရန် အလွန်အမင်း အားစိုက်ထုတ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

ယင်းမှာ အစကတည်းက အလှဆင်ထားသည့် မှော်ရတနာတစ်ခုအဖြစ်သာ မှတ်ယူခဲ့မှန်း သိသာနေ၏။

သို့သော်လည်း ငွေရောင်လေး၏ သူတော်စင် သားရဲအမွေးနှင့် ပေါင်းစပ်ထားသော ဇာထီးက အဌမအဆင့် သူတော်စင် လက်နက် တစ်ခု ဖြစ်နေဆဲပင်။

ဤထီးလေး လုပ်ဖို့အတွက်ဖြင့် ငွေရောင်လေး၏ အမွေးကို နှုတ်ယူမည် ဆိုလျှင် အရမ်း လွန်သွားပေလိမ့်မည်။

ဝမ်လင်းက သူ့လွယ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး ကျောင်းသုံးပစ္စည်း အချို့ကို ထုတ်ယူလိုက်သည်။

စားပွဲအနီးသို့ သူ ရောက်သောအခါတွင် ဘောပင် နှင့် ခဲဖျက်က တံခါးစောင့် နတ်ဘုရားနှစ်ပါး ကဲ့သို့ ဝမ်လင်း၏ တစ်ဖက် တစ်ချက်စီတွင် ပေါ်လာခဲ့သည်။

ဤအခြေအနေတွင် ကလေးမလေးက ဇာထီးကို ကိုင်ဆောင်ကာ အခန်းတွင်းမှ ထွက်သွားခဲ့သည်။

လင်းကျန်းရန် စာလုပ်နေချိန်တွင် မည်သူမျှ နှောင့်ယှက်ခွင့်မရှိပေ။

ဤသည်မှာ ဝမ်မိသားစုရှိ အသွင်ပြောင်း မှင်စာများ အားလုံးအတွက် အရေးကြီးဆုံးသော ပညတ်ချက် တစ်ခု ဖြစ်၏။

ဝမ်လင်းက သူ့ထိုင်ခုံကို ဆွဲထုတ်လိုက်ရာ ထွင်ထျန်းဟာက စားပွဲအောက်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

၎င်းက ခေါင်းငုံ့၍ ဖုန်းသုံးနေ၏။

ဝမ်လင်းက စခရင်ကို ကြည့်လိုက်ရာ ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်နေမှန်း တွေ့လိုက်ရသည်။

သို့သော် ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက မှောင်မည်းသွားခဲ့၏။

ယင်းမှာ ဖန်းကွမ်း လိုင်းပေါ်မှာ မရှိတော့ဟု ညွှန်ပြနေသည်။

ဝမ်လင်းက ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သည့် ပရိသတ် အရေအတွက်ကို အကဲခတ်လိုက်သည်။

တိုတောင်းသောအချိန်မှာပင် ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှု ID ဖြစ်သည့် "ကျွန်းသခင်"တွင် ပရိသတ် ရှစ်သိန်း ရှိနေပြီ ဖြစ်ပြီး အရေအတွက်မှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက မှောင်မည်းနေသော်လည်း ဤအခန်းရှိ ရှစ်သိန်းသော အလင်းရှာဖွေသူများသည် ယနေ့တိုက်ရိုက် ထုတ်လွှင့်မှု အကြောင်းအရာကို ပျော်ရွှင်စွာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။

ဝမ်လင်းက 'ကြက်သားစားခြင်း' ဂိမ်းကို ကြားဖူးသော်လည်း မကစားဖူးပေ။

သို့သော် ယခင်က ကျောင်းခြောက်ကျောင်း၏ စစ်ရေး ပူးပေါင်း လေ့ကျင့်မှုအတွင်း လက်တွေ့ဘဝ၌ 'ကြက်သားစားခြင်း'တွင်မူ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူး၏။

ယုတ္တိဗေဒအရ ပြောရလျှင် ဤအွန်လိုင်းဂိမ်း အမျိုးအစားကို ပထမဆုံးအကြိမ် ကစားသည့်အခါ ဖန်းကွမ်း၏ စွမ်းဆောင်ရည်က မည်သို့မျှ ကောင်းမွန်စရာ အကြောင်းမရှိချေ။

သို့သော်လည်း တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားသော မက်ဆေ့ချ်များကြောင့် ပရိသတ်များက ဖန်းကွမ်း ဂိမ်းကစားသည်ကို အလွန် သဘောကျနေမှန်း သိသာနေ၏။

ဝမ်လင်း၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။

အလင်း ရှာဖွေသူ ပရိတ်သတ် အရေအတွက် တိုးလာလျှင် သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ရန် လိုအပ်သည့် တပည့်ပေါင်း ကိုးသောင်း ကိုးထောင် ကိုးရာ ရှစ်ဆင့်တစ်ယောက်ကို စုဆောင်းရန်မှာ ခက်ခဲပုံမပေါ်ဟု သူခံစားမိသည်။

ပထမနေ့ တစ်ရက်တည်းမှာပင် လူပေါင်း ရှစ်သိန်းက "အလင်းရှာဖွေသူများ" ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

သို့ဆိုလျှင် ထိုတပည့်များကို ရုပ်ပွားတော် ဖန်တီးခိုင်းဖို့သာ လိုတော့၏။

ရုပ်ပွားတော်များ ဖန်တီးရာတွင်မူ အနည်းငယ်ပို၍ ရှုပ်ထွေးမည်မှာ သေချာသည်။

သို့သော် ဖန်းကွမ်းအနေဖြင့် သစ္စာရှိ အမာခံ ပရိသတ်များ၏ ထောက်ခံမှုကို ရလျှင် မဖြစ်နိုင်စရာ အကြောင်းမရှိချေ။

ဝမ်လင်းက သူ့စားပွဲမှာ ထိုင်နေရင်း သုံးယောက် သီးသန့်ချက်ဂရုကို စူးစမ်းသောအနေဖြင့် ဖွင့်လိုက်သည်။

ချက်ဂရုတွင် မက်ဆေ့ချ်အသစ်များ မရှိသော်လည်း ဖန်းကွမ်းက သူ့အား သီးသန့်မက်ဆေ့ချ်များစွာ ပေးပို့ထားခဲ့သည်။

အစောဆုံးမက်ဆေ့ချ်မှာ မနေ့ည ဆယ်နာရီလောက်က ပို့ထားခြင်း ဖြစ်သည်။

ဝမ်လင်းက ထို မက်ဆေ့ချ်ကို လုံးဝမဖတ်ရသေးပေ။

သူက သီးသန့် မက်ဆေ့ချ်များ လက်ခံရလေ့ မရှိသော်လည်း ရှားရှားပါးပါး လက်ခံရရှိခဲ့သည်။

တစ်စုံတစ်ယောက်က သူ့ကို မန်းရှင်းခေါ်ခြင်း သို့မဟုတ် တုန်ခါသည့် လုပ်ဆောင်ချက်ကို အသုံးမပြုလျှင် ၎င်းတို့ ပို့ထားသည့် မက်ဆေ့ချ်ကို သူ အချိန်အတော်ကြာ သတိပြုမိမည် မဟုတ်ပေ။

ဟုတ်ပါသည်။ ခြွင်းချက်အနေဖြင့် နှစ်ယောက်တော့ ရှိသည်။

တစ်ယောက်က ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်ပြီး နောက်တစ်ယောက်က ဝမ်မင် ဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးက ဝမ်လင်း၏ အထူး သတိထားရမည့်စာရင်းတွင် ပါဝင်သည် မဟုတ်လော။

[မနေ့ည 10:03 တွင် လက်ခံရရှိသော မက်ဆေ့ချ်များ]

ပထမ မက်ဆေ့ချ် "စီနီယာလင်း.. ငါ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေပြီ.. ငါ့ကို အားပေးဖို့မမေ့နဲ့နော်.."

ဒုတိယ မက်ဆေ့ချ် "စီနီယာလင်း.. ဘာလို့ လူတွေ အများကြီး ရောက်လာလည်းမသိဘူး.. ငါ စစချင်းတုန်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ လူ နှစ်ယောက် သုံးယောက်ပဲ ရှိတယ်.. အုန်းသီးတစ်လုံးကို တံတွေးထွေးပြီး ခွဲပြလိုက်တာ ရုတ်တရက် လူတစ်ထောင် ကျော်သွားခဲ့တယ်"

ဝမ်လင်း "............"

[ယနေ့ 00:06 တွင် လက်ခံရရှိသော မက်ဆေ့ချ်များ]

တတိယ မက်ဆေ့ချ် "ချီးပဲ.. စီနီယာလင်းရေ.. တစ်သိန်းကျော်သွားပြီ...အုန်းသီးနှစ်လုံးကို အမှုန့်ကြိတ်ချေဖို့ "သံမဏိခွကြား နည်းပညာ"ကို သုံးပြလိုက်တာ လူအများအပြားကို ဆွဲဆောင်နိုင်မယ်လို့ မထင်ခဲ့ဘူး"

[ယနေ့ 1:15 တွင် လက်ခံရရှိသော မက်ဆေ့ချ်များ]

စတုထ္ထ မက်ဆေ့ချ် " စီနီယာလင်း.. လူတွေ ပိုများလာပြီ.. ဒီအတိုင်းဆက်သွားရင် ယုံကြည်သူတွေကို စုဆောင်းပြီး ရုပ်ပွားတော်တွေ တည်ဆောက်ဖို့က သိပ်ခက်ပုံ မပေါ်ဘူးလို့ ဒီအဖိုးကြီး ရုတ်တရက် ခံစားမိတယ်"

ဝမ်လင်း "............."

[ယနေ့ 17:02 တွင် လက်ခံရရှိသော မက်ဆေ့ချ်များ]

ယင်းက တိုက်ရိုက်ထုတ်လွှင့်မှု အပြီးတွင် ဖန်းကွမ်း ပေးပို့ခဲ့သည့် နောက်ဆုံးသတင်းစကား ဖြစ်သည်။

ဖန်းကွမ်း "စီနီယာလင်း.. ငါဒီစကားကို ပြောရင် မင်းငါ့ကို ယုံမှာမဟုတ်ဘူး.. ငါ့မှာ ပရိသတ် ရှစ်သိန်းရှိနေပြီ.. အခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူတို့ကို ရုပ်ပွားတော် တည်ဆောက်ရာမှာ ကူညီပေးဖို့ ဆန္ဒရှိမရှိ မေးခဲ့တယ်... နောက်ဆုံးတော့ ဒီပရိသတ်တွေက သူတို့ကို မော်ဒယ်တွေလို ကိုယ်ဟန်ပြလုပ်ခိုင်းမလို့လား ဆိုပြီး ငါ့ကို မေးခဲ့တယ်"

"စီနီယာလင်း အဲဒါက ဘာကိုပြောတာလဲ...သူတို့ကို ဘယ်လိုပြန်ပြောရမလဲ"

"..............."

ဤစာများကိုဖတ်ရင်း ဝမ်လင်း မှင်တက်သွားသည်။

.............

ထွင်ထျန်းဟာက ဝမ်လင်း၏ ခြေရင်းတွင် လှဲနေသည်။

ယခုတစ်ကြိမ်တွင် ၎င်းက အိပ်စက်ခြင်း ရောဂါကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း အိပ်မက်ထဲသို့ ရောက်သွားခဲ့သည်။

ဖားပြုပ် မျိုးနွယ်စုဝင်များက တော်ရုံ အိပ်မက်မက်လေ့ မရှိသောကြောင့် အိပ်မက်မက်တိုင်းတွင် ထွင်ထျန်းဟာက အိပ်မက်ကို အလွန်ရှင်းလင်းစွာ မှတ်မိလေ့ ရှိသည်။

အထူးသဖြင့် အစစ်အမှန်ဟု ခံစားရသည့် အိပ်မက် အမျိုးအစား ဆိုလျှင် ရှေ့ပြေးနိမိတ်ပြ အိပ်မက်ဟု သတ်မှတ်၏။

ထွင်ထျန်းဟာ ထိုအိပ်မက်မျိုး ယခင်က တစ်ကြိမ် ကြုံဖူးခဲ့သည်။

အထူးသဖြင့် အိပ်မက်ထဲတွင် ၎င်း၏အမြင်က တစ်စုံတစ်ခုအပေါ်တွင် အတိအကျ ရောက်ရှိနေပြီး လုံးဝ ရွေ့လျားရန် မဖြစ်နိုင်ပေ။

ထွင်ထျန်းဟာက ၎င်း၏အိပ်မက်ထဲမှ မြင်ကွင်းနှင့် အလွန်ရင်းနှီးနေခဲ့သည်။

အိပ်မက်ထဲမှနေရာက ယခင် ခေါင်းဆောင်များ အားလုံး၏ ရုပ်တုများ ထုလုပ်ထားရှိသည့် ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စု၏ သူရဲကောင်း ခန်းမ ဖြစ်သည်။

"အမ်.. ဒါဆို.. ငါက ရုပ်တု ဖြစ်သွားပြီလား"

ထွင်ထျန်းဟာက တစ်စုံတစ်ခုကို စဥ်းစားမိသွားသည်။

".............."

သူက မျက်လုံးထောင့်ကနေ သူ့ဘေးနားမှ ရုပ်တုကို လှမ်းကြည့်လိုက်သည်။

ထွင်ထျန်းဟာက ထိုရုပ်တုကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ နဝမမျိုးဆက် ခေါင်းဆောင် ဖြစ်သည့် နဝမမြောက် နတ်ဆိုးဘုရင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဖားပြုပ် မျိုးနွယ်စုတွင် နဝမမြောက် နတ်ဆိုးဘုရင်က အထူးခြားဆုံး ဖြစ်သည်။

ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုက အဌမ မျိုးဆက်ခေါင်းဆောင် ကွယ်လွန်ချိန်တွင် အသင့်ဆက်ခံမည့်ခေါင်းဆောင် မရှိခဲ့ပေ။

ထို့ကြောင့် အဌမမျိုးဆက် ခေါင်းဆောင်၏ လူယုံ အရာရှိ တစ်ဦးက လူထု၏ ဖိအားကြောင့် နဝမမျိုးဆက် ခေါင်းဆောင် တာဝန်ကို ယူခဲ့ရသည်။

ဤသို့ဖြင့် လူယုံအရာရှိက ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စု၏ နဝမမြောက် နတ်ဆိုးဘုရင် ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် အခြား နတ်ဆိုးဂိုဏ်း တစ်ခုက နယ်မြေ ကျူးကျော်မှု ပြုလုပ်လာခဲ့သည်။

ထိုတိုက်ပွဲတွင် နဝမမျိုးဆက် ခေါင်းဆောင်က စစ်မြေပြင်တွင် အလွန် ဝမ်းနည်းဖွယ် ကောင်းလောက်အောင် သေဆုံးသွားခဲ့သည်။

နဝမမြောက် နတ်ဆိုးဘုရင် ကွယ်လွန်ပြီးနောက်တွင် အဌမခေါင်းဆောင်၏ မျိုးဆက်ဖြစ်သည့် ထွင်ထျန်းဟာက ထီးနန်းကို ဆက်ခံကာ ဒသမမြောက် နတ်ဆိုးဘုရင် ဖြစ်လာသည်။

ထိုနောက်ပိုင်းတွင် ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စုက နောက်ထပ် ကျူးကျော်မှုကို မခံစားခဲ့ရပေ။

သူ့ကို နဝမမြောက် နတ်ဆိုးဘုရင် နှင့် အဌမမြောက် နတ်ဆိုးဘုရင်တို့ အကြောင်းကို ပြောပြခဲ့သူမှာ မျိုးနွယ်စု အတွင်းရှိ အကြီးအကဲတစ်ဦး ဖြစ်သည်။

ဤအကြီးအကဲက တစ်ချိန်က သူ၏ဖခင် လက်အောက်တွင် အရာရှိတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူး၏။

နဝမမျိုးဆက် ခေါင်းဆောင် လက်ထက်တွင်မူ အရပ်ဘက်ဆိုင်ရာ ကိစ္စရပ်များကိုသာ ကြီးကြပ်ခဲ့ရသည်။

ထို့အပြင် ဤအကြီးအကဲက လက်ရှိ ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စုတွင် ဝါအရင့်ဆုံး စီနီယာ ဖြစ်သောကြောင့် မျိုးနွယ်စု တစ်ခုလုံးက ၎င်းအား အကြီးအကဲဝမ် ဟုသာ ခေါ်ဝေါ်ကြသည်။

ထွင်ထျန်းဟာက အိပ်မက်ထဲကနေ အရာများစွာကို မှတ်မိခဲ့သည်။

အကယ်၍ သူ့ဘေးမှ ရုပ်တုက နဝမမြောက် နတ်ဆိုးဘုရင် ရုပ်တု ဖြစ်ခဲ့လျှင် အခုလက်ရှိ ရုပ်တုက သူကိုယ်တိုင်ပင် ဖြစ်နေသည် မဟုတ်ပါလော။

ထိုအချိန်တွင် အိပ်မက်မြင်ကွင်းက တဖန် ပြောင်းလဲသွားခဲ့သည်။

အစပိုင်းတွင် လူသူကင်းမဲ့နေသည့် သူရဲကောင်းခန်းမက ယခုအခါတွင် ဖားပြုပ်အရာရှိများ အပါအဝင် ပြည်သူ ထောင်နှင့်ချီ၍ ပြည့်နှက်နေ၏။

"ဒါက ဆုတောင်းပွဲလား"

ထွင်ထျန်းဟာက ဤမြင်ကွင်းကို ယခင်က မြင်ဖူးသလို ခံစားခဲ့ရသည်။

သူငယ်ငယ်က ဤကဲ့သို့ ဆုတောင်းပွဲ အခမ်းအနားမျိုး မြင်တွေ့ခဲ့ရသည်ကို အမှတ်ရမိခဲ့သည်။

ထောင်ပေါင်းများစွာသော ဖားပြုပ်အရာရှိများက ဧရာမ ကျောက်ရုပ်တုကြီးများကို ပင့်ဆောင်လာကြသည်။

ထွင်ထျန်းဟာ ရုပ်တု၏ ရှေ့တည့်တည့်တွင်မူ အကြီးအကဲဝမ်က ရပ်နေပြီး မျိုးနွယ်စု၏ ဂါထာကို ရွတ်ဆိုနေသည်။

ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်ဝင်များသာ ဤဂါထာကို နားလည်ကြသည်။

၎င်းက မွေးရပ်မြေ ဒေသသုံး ဘာသာစကား တစ်ခုပင်။

ဆိုရလျှင် နတ်ဆိုးမျိုးနွယ်တိုင်းတွင် ၎င်း၏ ကိုယ်ပိုင် "ဒေသသုံး ဘာသာစကား" ရှိကြသည်။

ထွင်ထျန်းဟာက ထိုဘာသာစကားကို ဘယ်တော့မှ မေ့သွားမည် မဟုတ်ချေ။

သူက အကြီးအကဲဝမ်ကို ကြည့်နေရင်းမှာပင် ရုတ်တရက် လန့်နိုးသွားခဲ့သည်။

စားပွဲအောက်ရှိ ခွေးသားမွေးများတွင် အေးစက်သော ချွေးများဖြင့် ရွှဲနစ်နေ၏။

သူနားကြား မမှားလျှင် ဂါထာမန္တရား ရွတ်ဖတ်နေသော အကြီးအကဲဝမ်မှာ ဆုတောင်းစာများ ရွတ်နေခြင်း မဟုတ်ပေ။

All Chapters