← Chapters

ဖောင်းထုသူအမျိုးအစားများ နှင့် ၎င်းတို့၏ စရိုက်လက္ခဏာများ

Vol. 29 Ch. 433

ဖောင်းထုသူအမျိုးအစားများ နှင့် ၎င်းတို့၏ စရိုက်လက္ခဏာများ

Vol. 29 Ch. 433

နိမိတ်ပြ အိပ်မက်က နောက်ဆုံးအကြိမ်က ကဲ့သို့ပင် အမှန်တကယ်လို ခံစားခဲ့ရသည်။

ထွင်ထျန်းဟာ လန့်နိုးလာသောအခါတွင် ကြမ်းပြင်ပေါ်၌ ချွေးများ အလွန်အမင်း စိုစွတ်နေသည်ကို သိလိုက်ရပြီး အံ့ဩသွားခဲ့သည်။

အိပ်မက်ထဲတွင် သူက ရုပ်တုကြီး ဖြစ်နေခဲ့သည်။

ခြောက်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်၍ ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စုမှ အရာရှိများက သူ သေဆုံးကြောင်း အတည်ပြုသင့်နေပြီ မဟုတ်ပါလား။

ခြောက်နှစ်အတွင်း ဖားပြုပ်အရာရှိများက သူရဲကောင်းခန်းမတွင် နောက်ထပ် ရုပ်တု တစ်ခုကို တည်ဆောက်ခဲ့သည်။

ထွင်ထျန်းဟာက တုန်လှုပ်သွားပြီး ခေါင်းကုတ်လိုက်သည်။

မျိုးနွယ်စုနှင့် ပတ်သက်သည့် နိမိတ်ပြ အိပ်မက်မျိုး မက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

အကြီးအကဲဝမ်၏ အော်ဟစ် အကူအညီတောင်းသည့် စကားလုံးတိုင်းက ထွင်ထျန်းဟာ၏ နားထဲကို မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်လာသည်။

သူ ကွယ်လွန်ပြီးနောက်တွင် ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စုက ဘုရင်အသစ်ကို အချိန်အတော်ကြာအောင် နန်းမတင်နိုင်ခဲ့ပေ။

ယခုအခါ၌ ရန်သူမျိုးနွယ်စု ဖြစ်သည့် ငရဲကိုးခု စပါးအုံး မျိုးနွယ်စု နှင့် စစ်ပွဲဖြစ်ပွားလု နီးနေပြီ ဖြစ်၏။

လမ်းပြပေးမည့် ခေါင်းဆောင် မရှိသည့် မျိုးနွယ်စုအနေဖြင့် စိတ်ဓာတ်ပိုင်းအရ အားနည်းကာ တိုက်ပွဲတွင် ရှုံးနိမ့်မည်မှာ သံသယဖြစ်စရာ မလိုပေ။

ထိုအချိန်တွင် သူက ခေါင်းကို မော့ကြည့်လိုက်ရာ ဆရာလေးလင်း အိမ်စာလုပ်နေသည်ကို မြင်လိုက်ရသဖြင့် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ပြန်လှဲနေလိုက်သည်။

ရိုးသားစွာ ဝန်ခံရလျှင် ဤကိစ္စကို ထွင်ထျန်းဟာ မည်ကဲ့သို့ ကိုင်တွယ်ရမလဲ မသိပေ။

သီအိုရီအရ ၎င်း၏ လက်ရှိပုံစံက ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စု နှင့် ဘာမှမသက်ဆိုင်တော့ချေ။

သို့သော် အိပ်မက်ထဲတွင် အကြီးအကဲဝမ် ပြောခဲ့သည့် စကားလုံးတိုင်းကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

အကြီးအကဲဝမ်က မျိုးနွယ်စု၏ အကြီးအကဲ တစ်ယောက် ဖြစ်သော်လည်း ခြောက်နှစ်ကြာသွားသည့်တိုင် ဘုရင်အသစ် နန်းမတင်ခဲ့ပေ။

သူက ထွင်ထျန်းဟာ အသက်ရှင်နေသေးသည်ဟု အခိုင်အမာယုံကြည်ခဲ့သည်။

အကြီးအကဲဝမ်၏ ယုံကြည်မှုကြောင့် ထွင်ထျန်းဟာ၏ နှလုံးသားက ရုတ်တရက် ခံစားချက်များ ရောထွေးသွားခဲ့သည်။

ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စု အတွက် တစ်ခုခုတော့ သူလုပ်ပေးရပေမည်။

အကယ်၍ နည်းလမ်းကို သူ မစဉ်းစားနိုင်လျှင် ဆရာလေးလင်းကို အကူအညီ တောင်းမည်ဟု တွေးလိုက်သည်။

.................

ဤနေ့က ရှားရှားပါးပါး အေးချမ်းသော ညတစ်ည ဖြစ်ခဲ့ပြီး ချက်ဂရုတွင် ဘာမှ ထူးထူးခြားခြား မရှိခဲ့ပေ။

ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ပရိသတ် အများအပြားကို ရရှိခဲ့သည်။

ဝမ်လင်းက စာမေးပွဲအတွက် စာလေ့လာခြင်းဖြင့် အလုပ်များနေသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်မင်၏ ဓာတ်ခွဲခန်းတွင် တာအို၀တ်စုံပေါ်မှ ဓားချီကို လေ့လာနေ၏။

ငွေရောင်လေးကမူ အသည်းကွဲသည့် အရိပ်ဆိုးမှ ရုန်းထွက်ရန် ရုန်းကန်နေရသည်။

ထိုအချိန်တွင် ဖေဖေဝမ်က ကီးဘုတ်ဖိုက်တာများကို တိုက်ခိုက်ရန် သူ၏ ဦးနှောက်ကို အလုပ်ပေးနေခဲ့သည်။

မူလတွင် ဖေဖေဝမ်နှင့် ကီးဘုတ်ဖိုက်တာများ၏ နေ့စဉ်တိုက်ပွဲသည် ဖေဖေဝမ် အိမ်သာတက်နေစဉ် အတွင်း ဖြစ်သည်။

မေမေဝမ်က အပူပေးအိမ်သာ အဖြစ် အတင်းအကျပ် ပြောင်းလဲလိုက်သောကြောင့် ဖေဖေဝမ်က အိမ်သာတွင် နှစ်မိနစ်ထက် ပို၍ မထိုင်နိုင်တော့ပေ။

အချိန်အကြာကြီး ဆက်ထိုင်နေလျှင် ဟော့ပေါ့ပူပူလေး ဖြစ်လာစေရန် ဇီရာ အစရှိသည့် အမွှေးအကြိုင်များသာ လိုအပ်တော့မည် ဖြစ်သည်။

ထို့ကြောင့် ဖေဖေဝမ်က ကီးဘုတ်ဖိုက်တာများနှင့် တိုက်ပွဲဝင်ရန်အတွက် အမျိုးသမီး တိုက်ရိုက် ထုတ်လွှင့်သူ ရွှယ်လေး၏ တိုက်ရိုက် ထုတ်လွှင့်မှုအား ကြည့်ရှုသည့် အချိန် အချို့ကို စွန့်လွှတ်ခဲ့ရသည်။

ဖေဖေဝမ်တွင် ပရိသတ်များစွာ ရှိသော်လည်း ထိုပရိသတ်အများအပြားထဲတွင် စုန်းပြူး များစွာလည်း ရှိ၏။

စာအုပ်ကို ဘယ်လောက်ပင် ကောင်းအောင် ရေးထားပါစေ၊ စုန်းပြူးကတော့ ရှိစမြဲပင်။

ဖေဖေဝမ်က သူဝတ္ထု စတင်ရေးသည့် အချိန်ကို မှတ်မိနေ၏။

ထိုအချိန်က သူ ယခုလို မကျော်ကြားသေး၍ စုန်းပြူး တစ်ယောက် သို့မဟုတ် နှစ်ယောက်မျှသာ ကြုံတွေ့ခဲ့ရသည်။

ဖေဖေဝမ်က သူ၏ စာရေးဆရာ အကောင့်ကို အသုံးပြု၍ ဖောင်းထုသူများအား တိုက်ရိုက် တိုက်ခိုက်ရသည်ကို နှစ်သက်ခဲ့သည်။

သူက များသောအားဖြင့် တရားဝင်ဝဘ်ဆိုဒ်တွင် ဖောင်းထုသူများကို တုံ့ပြန် ပြောဆိုလေ့ရှိသည်။

ကိုယ်ရေးကိုယ်တာကို ရည်ရွယ်၍ တိုက်ခိုက်သော ဖောင်းထုသူများ နှင့် ပတ်သက်၍မူ ဖေဖေဝမ်က ၎င်းတို့ကို အပြီးအပိုင် ဘလော့ပစ်ပြီး ၎င်းတို့၏ မှတ်ချက်များကိုပါ ဖျက်ပစ်ခဲ့သည်။

ဖေဖေဝမ်က အလျော့ပေးလေ့ မရှိဘဲ သူ့အခွင့်အာဏာ ရှိသမျှကို အသုံးပြုကာ သူလုပ်ချင်တာ မှန်သမျှကို ပြုလုပ်တတ်သည်။

အွန်လိုင်းဝတ္ထု အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် ဖေဖေဝမ်က ဖောင်းထုသူများ၏ စရိုက်လက္ခဏာအချို့ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

ပထမ အမျိုးအစား ဖောင်းထုသူများမှာ ယေဘုယျအားဖြင့် တရားဝင် ဝဘ်ဆိုက်တွင် စာရင်းသွင်းထားသူများ မဟုတ်ဘဲ တရားမဝင် သူခိုးဝဘ်ဆိုက်ကို အသုံးပြုသူများ ဖြစ်ကြသည်။

တရားမဝင် ဝဘ်ဆိုက်တွင် ဝတ္ထုတစ်ပုဒ် ဖတ်ပြီး မပျော်မရွှင် စိတ်တိုင်းမကျသည့် အခါမျိုးတွင် ၎င်းတို့က စာရေးဆရာကို အပုပ်ချတတ်ကြသည်။

ထို့နောက် သူတို့ ဖောင်းထုသည့် စာများကို စာရေးဆရာ မမြင်ရမှာ ကြောက်သကဲ့သို့ တရားဝင် ဝဘ်ဆိုဒ်တွင် အကောင့်တစ်ခု စာရင်းသွင်းပြီး အကြိုက် ဖောင်းထုတော့သည်။

ဖေဖေဝမ်က ဤဖောင်းထုသည့် အကောင့်များကို မြင်တိုင်း ပရိတ်သတ်မှ ပံ့ပိုးပေးသည့် အမှတ်နေရာတွင် သုညကိုသာ မြင်ခဲ့ရသည်။

သူက သက်ပြင်းချမိသည်။

လောကကြီးတွင် အဘယ်ကြောင့် သောက်ပျင်းတွေ အများအပြား ရှိနေရပါသနည်း။

ယင်းမှာ ၎င်းတို့ ကျောင်းသားဘဝတွင် ဆရာမများက ၎င်းတို့ကို အိမ်စာ အနည်းငယ်သာ ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

ဒုတိယအမျိုးအစား ဖောင်းထုသူများက ယေဘုယျအားဖြင့် ၎င်းတို့၏ အတွေ့အကြုံများ အကြောင်း ပြောဆိုရခြင်းကို နှစ်သက်ကြသည်။

ဆိုရလျှင် ဒုတိယအမျိုးအစား ဖောင်းထုသူများက ပေါက်ပန်းလေးဆယ် လျောက်ပြောတတ်သည့် သူများထက် အနည်းငယ် ပို၍ သာလွန်၏။

အထူးသဖြင့် ၎င်းတို့က စာအုပ် အများအပြား ဖတ်ရှုထားပြီး ၎င်းတို့ ဉာဏ်ပညာကြီးမားကြောင်း သက်သေပြရန် ကိုးကားချက်များ သို့မဟုတ် ဥပမာများ အသုံးပြုရခြင်းကို နှစ်သက်ကြသည််။

၎င်းတို့က ကိုယ့်ကိုယ်ကိုယ် အလွန် လိမ္မာပါးနပ်သည်ဟု ထင်မြင်တတ်ကြပြီး စာရေးဆရာ အချင်းချင်း နှိုင်းယှဥ်ရသည်ကို နှစ်သက်ကြ၏။

၎င်းတို့ နှစ်သက်သော စာရေးဆရာကို ချီးမွှမ်း၍ မနှစ်သက်သော စာရေးဆရာကို ထိုစာရေးဆရာနှင့် နှိုင်းယှဥ်ကာ နင်းခြေတက်ကြသည်။

သို့ရာတွင် စာပေ အသိုင်းအဝိုင်းရှိ စာရေးဆရာ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ကြောင်းကိုမူ ၎င်းတို့ မသိကြပေ။

ဤဖောင်းထုသူများ နှင့် ပတ်သက်၍ ဖေဖေဝမ်၏ နိဂုံးချုပ်သုံးသပ်ချက်မှာ ၎င်းတို့က မွေးစကတည်းကပင် ဦးနှောက် နှင့် အချင်း နေရာ မှားပါလာပြီး ဉာဏ်ရည်တိမ်သွားတာမျိုးလည်း ဖြစ်နိုင်သည်။

ဆိုရလျှင် ၎င်းတို့က ခန္ဓာကိုယ်ကသာ ကြီးပြီး ဦးနှောက်မရင့်ကျက်လာခဲ့ပေ။

အမှန်တကယ် ထက်မြက်ပြီး အတွေ့အကြုံ ရင့်ကျက်သည့်သူများက ထိုကဲ့သို့ အပြုအမူမျိုး လုပ်ဆောင့်လေ့ မရှိချေ။

တတိယအမျိုးအစား ဖောင်းထုသူများမှာ ဝတ္ထုမကောင်းကြောင်းကို မပြောမီ တစ်အုပ်လုံးကို မဖတ်ရှုသောသူများ ဖြစ်သည်။

ဖေဖေဝမ်က စာရေးသက် တစ်လျောက် ထိုအမျိုးအစားကို တော်တော်လေး မြင်ဖူးခဲ့သည်။

စာအုပ်တစ်အုပ်ကို မှတ်ချက်ပေးလိုလျှင် အနည်းဆုံး တရားဝင်ဝဘ်ဆိုက်ကနေ ဝင်ဖတ်ပြီး ထင်မြင်ချက် မပေးမီ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်း အထိ ပြီးအောင် ဖတ်သင့်သည်ဟု သူခံစားမိသည်။

စာရေးဆရာ၏ အားနည်းချက်ကို ထောက်ပြသော သုံးသပ်ချက်မျိုးကမူ စာရေးဆရာ အတွက် အလွန်အကျိုးရှိ၏။

သို့သော် အခြေအမြစ် မရှိဘဲ မှတ်ချက်မပြုခင် အခန်းအနည်းငယ်သာ ဖတ်ပြီး အာသီးဝင်ယောင်သော လူမျိုးကမူ အရှုံးသမား ဆန်သည်ဟု ဖေဖေဝမ် ခံစားရ၏။

စတုတ္ထ အမျိုးအစားကမူ အလွန်ထူးခြားသော ဖောင်းထုသူများ ဖြစ်သည်။

၎င်းတို့က စာရေးဆရာကို နှစ်သက်၍ စာရေးဆရာ၏ အာရုံစိုက်မှုကို ရရှိရန် ဖောင်းထုသူများ ဖြစ်ကြ၏။

ဖေဖေဝမ်က ဤနှစ်များအတွင်း ဖောင်းထုသူ အများအပြားကို မြင်တွေ့ခဲ့ရ၍ မအံ့သြတော့ပေ။

အကယ်၍ သူက ၎င်းတို့အား တိုက်ရိုက် တားမြစ်နိုင်ခဲ့လျှင် အခြေအတင် ဖြစ်စရာ မလိုအပ်တော့ချေ။

သို့သော် သူ မပိုင်သည့် အခြေအနေမျိုးတွင် သူ့ပရိသတ်များကို အကူအညီပေးရန် စည်းရုံး၍ ဖောင်းထုသူများ၏ ပို့စ်များကို ကျအောင် ထုခိုင်းခြင်းကလည်း မကောင်းသော ဗျူဟာတစ်ခု မဟုတ်ပေ။

တရားဝင်စာဖတ်သူ ဂရုများတွင် တစ်စုံတစ်ဦးမှ ဖောင်းထုခဲ့လျှင် သူက လေပြေအေးကဲ့သို့ ဖျောင်းဖြ ပြောဆိုခဲ့သည်။

ဦးနှောက်ရှိသည့် လူအတွက်မူ ထိုမျှက လုံလောက်၏။

သို့ရာတွင် မျောက်များကမူ ထာဝရမျောက်များသာ ဖြစ်သည်။

မျောက် နှင့် စကားစစ်ထိုးဖို့ ကြိုးစားရသည်က မိုက်မဲသော လုပ်ရပ်ပင် မဟုတ်ပါလား။

ဟုတ်ပါသည်။ ခြွင်းချက်တစ်ခုတော့ ရှိ၏။

ယင်းမှာ သူ့ကိုသာမက သူ့စာဖတ်သူများကိုပါ တိုက်ခိုက်သည့် ဖောင်းထုသူများနှင့် ကြုံတွေ့ရခြင်းသော အခိုက်အတန့်ပင်။

လူတစ်ဦးက ဝတ္ထုကို တရားမဝင် ဝယ်ဖတ်သည် မဖတ်သည်က နိုင်ငံတစ်နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမှန်တကယ် ဆက်စပ်နေသည်။

သို့သော် မည်သို့သော စာဖတ်သူမျိုး ဖြစ်ပါစေ၊ ဖေဖေဝမ်က သူ့စာဖတ်သူများကို တမင်တကာ တိုက်ခိုက်သည်ကိုတော့ သည်းမခံတတ်ပေ။

ယင်းက ဖေဖေဝမ်၏ အဓိကအချက် ဖြစ်သည်။

......................

ဖေဖေဝမ်က စခရင်ရှေ့တွင် ဆေးပြင်းလိပ်ကို မီးညှိကာ ဖွာရှိုက်နေသည်။

သူက စာဖတ်သူများ ဂရုတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ရှည်လျားသည့် မှတ်ချက်တစ်ခုကို ဖတ်လိုက်ရသည်။

၎င်းကို တရားမဝင် ဝဘ်ဆိုဒ်အချို့ကနေ သစ္စာရှိ တရားဝင်စာဖတ်သူက တစ်ဆင့်ပြန်လည် ပေးပို့ထားခြင်း ဖြစ်သည်။

ဤမှတ်ချက်ကို ရေးတင်ခဲ့သော ဖောင်းထုသူ၏ ID မှာ "အတိတ်မေ့ စွပ်ပြုတ်အိုး" ဖြစ်သည်။

ဤဖောင်းထုသူက အထက်တွင် ဖော်ပြခဲ့သည့် စရိုက်လက္ခဏာ အားလုံးကို ပိုင်ဆိုင်ထားပုံရ၏။

စာရေးဆရာကို ပြင်းပြင်းထန်ထန် ရှုတ်ချရုံတင် မကဘဲ ပရိသတ်များကိုပါ တိုက်ခိုက်ခဲ့သည်။

ထိုဖောင်းထုသူက သူ၏ လက်ရာများကို ဖတ်ရှုသည့် ပရိသတ်များထဲမှ ဆယ့်လေးနှစ် ကနေ ဆယ့်ခြောက်နှစ် အတွင်းရှိ ဆယ်ကျော်သက် လူငယ် တစ်ယောက် ဖြစ်လိမ့်မည်ဟု ဖေဖေဝမ် ယူဆခဲ့သည်။

အဆိုးရွားဆုံး အပိုင်းမှာ ဖေဖေဝမ်က တရားမဝင် ဝဘ်ဆိုဒ်တွင် စာဖတ်သူ အကောင့်များကို ဖျက်ပစ်သည်ဟု စွပ်စွဲထားခြင်း ဖြစ်၏။

ဖေဖေဝမ်၏ ဘေးတွင်ရပ်နေသည့် လဲ့မုန့်မုန့်က ထိုပို့စ်ကို ဖတ်ပြီးသည့် နောက်တွင် ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။

"ဒီကောင်ရဲ့ ခေါင်းထဲမှာ ကျောက်တုံးတွေချည်း ရှိနေပုံရတယ်.. ဘယ်စာရေးဆရာက တရားမဝင် ဝဘ်ဆိုက်မှာ စာဖတ်သူ အကောင့်ကို ဖျက်လို့ရမှာလဲ"

ဖေဖေဝမ်က ရယ်လိုက်သည်။

"ဒီကောင်ရဲ့ ဦးနှောက်နဲ့ အချင်းက မွေးစကတည်းက နေရာပြောင်းသွားပုံရတယ်.. ဒီကောင် မွေးလာတဲ့အချိန်မှာ ဒီကောင့် အမေက အမှိုက်ပုံးမှာ စွန့်ပစ်လိုက်ပုံရတယ်.. အဲဒီနေရာမှာပဲ အချင်းဖော်ပြီး ကြီးပြင်းလာတာတောင် ဖြစ်နိုင်တယ်"

လဲ့မုန့်မုန့် "............"

"မင်း တုံ့ပြန်မလို့လား"

"အင်း.. ငါ့ကို တိုက်ခိုက်တာက နားလည်ပေးလို့ ရသေးတယ်.. ဒါပေမယ့် ငါ့ပရိသတ်တွေကို တိုက်ခိုက်တာကတော့ ခွင့်မလွှတ်နိုင်စရာပဲ"

ဖေဖေဝမ်က မျက်ခုံးပင့်လိုက်သည်။

ထိုခဏဝယ် သူ့လက်ချောင်းများက ကီးဘုတ်ပေါ် ဝဲပျံသွား၏။

ပထမစာကြောင်း

"အပြစ်ရှာဝေဖန်နေတဲ့ ကီးဘုတ်ဆရာကြီးတွေ အရမ်းများတာပဲ"

ဒုတိယစာကြောင်း

"သူခိုးဝဘ်ဆိုက်မှာဖတ်တဲ့ သူခိုးသူရဲကောင်းက ငါးကို ရေကူး ပြန်သင်ပေးနေတယ်"

တတိယစာကြောင်း

"ဘယ်လိုတောင် စောင့်ရူးကျလိုက်တဲ့ ငတိလဲ"

လဲ့မုန့်မုန့် "............"

All Chapters