← Chapters

လင်းကျန်းရန်က လူတိုင်းကိုနှစ်သစ်မှာ ဥစ္စာဓနပေါကြွယ်ဝပါစေလို့ ဆုတောင်းပေးတယ်

Vol. 29 Ch. 434

လင်းကျန်းရန်က လူတိုင်းကိုနှစ်သစ်မှာ ဥစ္စာဓနပေါကြွယ်ဝပါစေလို့ ဆုတောင်းပေးတယ်

Vol. 29 Ch. 434

ဖေဖေဝမ်၏ စစ်ဆင်ရေးက လဲ့မုန့်မုန့်အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပြီ ဖြစ်သောကြောင့် အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် ယခုတစ်ကြိမ်တွင် စာရေးဆရာအကောင့်ဖြင့် တုံ့ပြန်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဤဖောင်းထုသူ အတွက် ကြိုတင်၍ စိတ်မကောင်းဖြစ်မိခဲ့၏။

ဤတစ်ကြိမ်ကို သူ အမှန်တကယ် ဘယ်သောအခါမှ မေ့တော့မည် မဟုတ်ချေ။

ဖေဖေဝမ်၏ ပရိသတ်တစ်ဦး ဖြစ်ရခြင်းက ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်ဟု သူခံစားခဲ့ရသည်။

အဆုံးသတ်တွင် ဖောင်းထုသူက ဖေဖေဝမ်၏ လက်ရာများကို ကြိုက်နှစ်သက်သော ပရိသတ်များ၏ မန့်များကို လိုက်လံ တိုက်ခိုက်ခဲ့သည်။

ပုံမှန်အားဖြင့် ဤကဲ့သို့ ဖောင်းထုသူများကို ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ စာဖတ်သူများ၏ စွမ်းအားကို စုစည်းပြီး အဆိုပါ ပို့စ်များ မှတ်ချက်များကို ပျက်သည်အထိ ထုချရန် ဖြစ်သည်။

သို့သော် ဖေဖေဝမ် မစည်းရုံးခင်မှာပင် ပရိသတ်များက ဒေါသထွက်နေကြပြီ ဖြစ်၏။

၎င်းတို့က လူငယ်၏ မှတ်ချက်များကို ထုချရန် အစီအစဉ်တကျ "တိုက်ခိုက်မှု"ကို အလိုလို စတင်လိုက်ကြသည်။

တစ်ဖက်တွင်လည်း လဲ့မုန့်မုန့်က ပရိသတ်တွေကြား စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့် ဤစစ်ဆင်ရေးကို ချီးကျူးခဲ့၏။

ဖေဖေဝမ်၏ အဆင့်အတန်းက ဝဘ်ဆိုက်ရှိ ထိပ်တန်းဆရာကြီး တစ်ဦး ဖြစ်နေ၍ အမာခံ ပရိသတ်များ၏ စည်းလုံးညီညွတ်မှုက ပြောနေစရာပင် မလိုချေ။

ဖေဖေဝမ်က သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်။

ငါးမိနစ်ခန့် အကြာတွင် သူက ဝဘ်ဆိုက်ကို ပြန်လည် ဝင်ကြည့်လိုက်ရာ ထိုရှည်လျားသော မှတ်ချက်များ အပါအဝင် ဖောင်းထု အာချောင်သည့် မှတ်ချက်များ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

လဲ့မုန့်မုန့်က သူ့ချွေးများကို သုတ်လိုက်သည်။

"အာ...ပြီးသွားပြီလား.. အရမ်းမြန်တယ်"

သူက ဖောင်းထုသူကိုပင် စိတ်မကောင်း ဖြစ်မိသွား၏။

ဤကောင်လေးက အတော်လေး ဉာဏ်ရည်မမီပုံ ရသည်။

၎င်းက မည်သူမျှ သတိမပြုမိနိုင်ဟု ထင်ကာ တရားမဝင် ဝဘ်ဆိုက်တွင် ဖောင်းထုခဲ့သည်။

အဆုံးသတ်တွင် သူ၏ မှတ်ချက်များက အကုန်ပျက်သွားခဲ့၏။

ဖေဖေဝမ်က ပြုံးလိုက်ပြီး သူ့ဆေးပြင်းလိပ်ကိုသာ ဆက်ဖွာနေခဲ့သည်။

"မပြီးသေးဘူး.. မင်း မယုံရင် စောင့်ကြည့်နေ.. အဲဒီ မအေဘေးဘေး နောက်တစ်ကြိမ် မှတ်ချက်ထပ်ပေးလိမ့်မယ်"

"ဒီကလေးက ပြဿနာ ပတ်ရှာနေတာပဲ.. အတော်လေးအားယားနေတယ် ထင်တယ်"

ဖေဖေဝမ်က ရယ်၍ ပြောလိုက်သည်။

"သူ ငယ်ငယ်က Peppa Pig ဆီက သင်ယူခဲ့တာတွေကို အသုံးချနိုင်မယ်လို့ မျှော်လင့်ရတာပဲ"

{Peppa Pig= ချစ်စဖွယ်ကောင်းသော်လည်း ဆရာတအား လုပ်တတ်သော ဝက်ကလေး}

လဲ့မုန့်မုန့် "..........."

နောက်ထပ် နာရီဝက်အကြာတွင် ဖေဖေဝမ်က ဝဘ်ဆိုက်ကို ပြန်လည် စတင်ခဲ့သည်။

"အယ်လယ်.. ဘယ်ဆိုးလို့လဲ.. ကောင်လေးက စာလုံးရေ နှစ်ရာကို ခက်ခက်ခဲခဲ ရေးတင်ထားတယ်ဟ"

သူ့မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

"ပထမအချက်က စာအုပ်တိုင်းကို ဝယ်ဖို့ မတတ်နိုင်ဘူး.. ပထမတန်းစား မြို့တစ်မြို့မှာ စာအုပ် ငှားခက အရမ်းဈေးကြီးတဲ့ အတွက် ဖတ်ချင်တဲ့ စာအုပ်တွေအားလုံးကို ဖတ်ဖို့က လက်တွေ့မကျဘူး.. ဒါကြောင့် တကယ့် စာအုပ်ကောင်းတွေကိုပဲ ဌားဖတ်ဖြစ်တယ်.. ကျန်တဲ့စာအုပ်တွေကိုတော့ သူခိုးဝဘ်ဆိုက်တွေမှာပဲ ဖတ်တော့တယ်"

"ပုံမှန်ဆိုရင် သူခိုးဝဘ်ဆိုင်မှာ ဖတ်ဖူးတယ် ဆိုတဲ့အချက်ကို ဘယ်တော့မှ ထုတ်ဖော်ပြောမှာ မဟုတ်ဘူး.. ဒါပေမဲ့ စာရေးသူက ငါ့ကို သူခိုးဝဘ်ဆိုက်က ဖတ်သူမှန်း တန်းပြောနိုင်တယ်.. သူဘယ်လိုသိတာလဲ ငါအရမ်းသိချင်တယ်.. ငါ့အထင် သူလည်း သူခိုးဝဘ်ဆိုက်ကို အသုံးပြုနေတာ ဖြစ်ရမယ်"

"ဒါမှမဟုတ်ရင်တော့ စာရေးသူကို ငိုယိုပြီး သွားတိုင်တဲ့ သူခိုးဝဘ်ဆိုက်က ပရိတ်သတ်တွေ ရှိနေတာဖြစ်မယ်.. ပထမကိစ္စဆိုရင် မင်းက ငါ့ကို ဝေဖန်ဖို့ ဘာအခွင့်အရေးရှိလို့လဲ...နောက်ဆိုရင် စာရေးသူကို လူသုန်ဖျင်လို့ပဲ ခေါ်တော့မယ်"

ထိုစာကို ဖတ်ပြီးနောက် လဲ့မုန့်မုန့် ခေါင်းကုတ်လိုက်သည်။

"ဒါက ဘာကိုဆိုလိုတာလဲ...ယုတ္တိဗေဒနဲ့ ဆန့်ကျင်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ"

"ဟားဟား...ငါမင်းကို ခွဲခြမ်းသုံးသပ်ပေးမယ်"

ဖေဖေဝမ်က စခရင်ကို လက်ညှိုးထိုးလိုက်ပြီး ထိုစာကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

"သူ့ရဲ့ ပထမစာပိုဒ်ကို ကြည့်ပါ... သူက စာအုပ်တိုင်းကို ဝယ်ဖို့ မတတ်နိုင်ဘူး.. ပထမတန်းစား မြို့တစ်မြို့မှာ ငှားခက အရမ်းဈေးကြီးတဲ့အတွက် ဖတ်ချင်တာ အားလုံးကို မဖတ်နိုင်ဘူးလို့ပြောတယ်.. ဆိုလိုရင်းက 'ငှားခက အရမ်းများနေတဲ့အတွက် သူခိုးဝဘ်ဆိုဒ်တွေမှာ ဖတ်တာကို အပြစ်မတင်နဲ့လို့ ပြောချင်တာပဲ.. ဟားဟား အပြစ်မတင်ပါဘူး.. ငါလည်း တရားမဝင် သူခိုးဝဘ်ဆိုက်ကနေ ဂန္တဝင်ဝတ္ထုကြီး လေးခုလုံးကို ဖတ်ပြီးပါပြီ'"

လဲ့မုန့်မုန့် "..........."

ဖေဖေဝမ် "ဒုတိယအပိုဒ်ကို ကြည့်ပါ.. ငါသူခိုးဝဘ်ဆိုက်အသုံးပြုတာကို ဘယ်သူမှ မရိပ်စားမိပေမဲ့ သူက အမှတ်မထင် ခန့်မှန်းမိခဲ့တယ်"

လဲ့မုန့်မုန့် "............"

"တတိယအပိုဒ်ကတော့ တကယ်ကို ရယ်စရာ အကောင်းဆုံးပဲ.. သူက ငါ့ကို လူသုန်ဖျင် လို့ ပြောခဲ့တယ်.. ဆိုလိုရင်းကတော့ ငါ့ကို ခွေးတစ်ကောင်နဲ့ နှိုင်းသွားတာပဲ"

ဖေဖေဝမ်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် လဲ့မုန့်မုန့် ရယ်မောလိုက်သည်။

"ဒီကောင်လေးရဲ့ မှတ်ချက်တွေကို ဦးနှောက်ထဲကနေ ထုတ်ရမယ်"

ထိုစကားကို ပြောပြီးနောက် ဖေဖေဝမ်က စားပွဲပေါ်က ဆဲလ်ဖုန်းကို တိုက်ရိုက် ကောက်ကိုင်လိုက်ပြီး လိပ်စာ စာအုပ်ကို လှန်လှောလိုက်သည်။

လဲ့မုန့်မုန့် "အစ်ကိုဝမ်.. မင်း ဘယ်လိပ်စာကို ရှာနေတာလဲ"

ဖေဖေဝမ် ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်သည်။

"ဆရာဝန်လိပ်စာလေ"

လဲ့မုန့်မုန့် "ဘာလုပ်မလို့လဲ"

ဖေဖေဝမ်က ရယ်မောလိုက်သည်။

"ခွေးကိုက်ပြီးရင် ကာကွယ်ဆေး လိုတယ်လို့ မထင်ဘူးလား"

လဲ့မုန့်မုန့် ".............."

..................

တစ်ဖက်တွင်လည်း သိပ္ပံအကယ်ဒမီတွင် နေရာလွတ် ခြေရာခံခြင်း အကဲဖြတ်မှု အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီ ဖြစ်သည်။

ကြီးမားသော ကြက်ဥပုံသဏ္ဍာန် မှန်အမိုးခုံး တစ်ခု၏ ရှေ့တွင် ရပ်နေသော ဝမ်မင်နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့သည် ၎င်းအတွင်း၌ အဆုံးမရှိသော နေရာလွတ် အက်ကွဲကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

ဤအက်ကွဲကြောင်းက မှော်ပညာကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။

ထိုအစား ခေတ်မီနည်းပညာကို အသုံးပြု၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

"ညီနောင်ဝမ်မင် ဒီစက်က အလုပ်ဖြစ်ပါ့မလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က စပ်စုလိုက်သည်။

အိတ်ကပ်ထဲ လက်ထည့်ထားသည့် ဝမ်မင်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ပြဿနာမရှိပါဘူး...ဒီစက်ကို အကြိမ်ပေါင်းများစွာ စမ်းသပ်ထားတဲ့ အတွက် စွမ်းဆောင်ရည်က လိုအပ်ချက် အားလုံးနဲ့ ကိုက်ညီပါတယ်.. ဒါပေမယ့် စက်ပူနွေးအောင်တော့ အချိန်အတော်ကြာ စောင့်ရတယ်.. ပြောရရင် တိုးတက်ရမဲ့ အပိုင်းတွေတော့ ကျန်ရှိနေပါသေးတယ်"

ထို့နောက် ဝမ်မင်က ဗုံးပစ်စီနီယာ အင်မော်တယ် ယူဆောင်လာခဲ့သည့် စုတ်ပြတ်နေသော တာအို ၀တ်စုံကို ကောက်ယူခဲ့သည်။

သူက မှန်အမိုးခုံးအနီးသို့ ချဉ်းကပ်လာစဉ် ကျိုက်ယန်က သူ့ကို ဟန့်တားလိုက်သည်။

"ငါလုပ်ပေးပါရစေ"

ကျိုက်ယန်အသံက ခါတိုင်းလိုပင် အေးစက်နေသည်။

"ငါ စမ်းသပ်မှုတွေ အများကြီး လုပ်ထားပြီးပြီ.. ဘာပြဿနာမှ မရှိလောက်ပါဘူး"

ဝမ်မင်က ကျိုက်ယန်၏ စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ချင်ခဲ့သည်။

သို့ရာတွင် သူ့သဘောထားက အရင်ကလို ပြတ်ပြတ်သားသား မဟုတ်တော့ပေ။

ယခင်က ဆေးရုံရှိ ကျောင်းသားများကို ကယ်တင်ရန် ကောင်းကင်သတ္တုဓားကို အသုံးပြုစဥ် ဦးနှောက်တွက်ဆခြင်းနည်းစနစ်ကို အလွန်အကျွံ အသုံးပြုခဲ့သည့် အတွက် ရက်ပေါင်းများစွာ သူ မေ့မြောသွားခဲ့သည်။

သူ ဝန်မခံချင်သော်လည်း ထိုရက်အနည်းငယ် အတွင်း ကျိုက်ယန်က သူ့ကို ဂရုတစိုက် စောင့်ရှောက်ပေးခဲ့၏။

ဝမ်မင်က မတုံးအပေ။

ကျိုက်ယန်က သူ့ကို စိတ်ဝင်စားနေမှန်း သေချာပေါက်ရိပ်စားမိခဲ့သည်။

သို့သော် ဤအမျိုးသမီး၏ အာရုံကို သူမည်ကဲ့သို့ ဆွဲဆောင်နိုင်ခဲ့သည်ကို သူကိုယ်တိုင်ပင် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

"မရဘူး"

ကျိုက်ယန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"တစ်ခုခု မှားသွားရင် နင် ချက်ချင်း အပိုင်းပိုင်း ပြတ်သွားလိမ့်မယ်"

ဝမ်မင် "ဒါက ချဲ့ကားလွန်းမနေဘူးလား.."

ကျိုက်ယန်က လက်ပိုက်ကာ ဝမ်မင်ကို ကြည့်လိုက်သည်။

"နင် ငါ့စကားကို နားထောင်ရင် နားထောင်.. မဟုတ်ရင်တော့ စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်တော့"

ဝမ်မင်က ဆက်လက် ငြင်းခုံရန် မစဥ်းစားတော့ဘဲ ချက်ချင်းလက်လျှော့ရန် ရွေးချယ်ခဲ့သည်။

"ကောင်းပါပြီ မိန်းကလေး ပြောတာကို နားထောင်ပါ့မယ်"

ထိုသို့ ပြောပြီးနောက် သူက စုတ်ပြတ်သတ်နေသော ဝတ်စုံကို ကျိုက်ယန်ဆီ ပေးလိုက်သည်။

ကျိုက်ယန်က စိတ်ကျေနပ်မှု အပြည့်ဖြင့် ဝတ်စုံကို လက်ခံပြီးနောက် စက်နှင့် ချိတ်ဆက်လိုက်၏။

ထိုခဏဝယ် တစ်ဖက်မှ အဖြူရောင်ဝတ် လူငယ်လေးက သူကြားလိုက်ရသော စကားကြောင့် ထိတ်လန့်သွားသည်။

"မိန်း.. မိန်းကလေးလား"

ဝမ်မင်က ခေါင်းညိတ်လိုက်ပြီး ကျိုက်ယန်၏ နောက်ကျောကို စိုက်ကြည့်ရင်း ဖြေလိုက်သည်။

"ဟုတ်တယ်.. ယောက်ျားနဲ့တူတဲ့ ဒီလူက တကယ်တော့ အမျိုးသမီးပဲ.. အံ့သြစရာကောင်းတာ တစ်ခုက ငါတို့နိုင်ငံရဲ့ ကျားမရေးရာ လေ့လာမှုအရ ဒီအမျိုးသမီးထက် ပိုရှားပါးတဲ့ ကျောက်မျက်ရတနာ မရှိတာပဲ"

ထိုစကားကိုကြားလျှင် ကျိုက်ယန်၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

"............."

ဗုံးပစ်စီနီယာ အင်မော်တယ် တိုးတိုးလေး မေးလိုက်သည်။

"ညီနောင်ဝမ်မင်.. မင်းနဲ့ သူနဲ့က ဘယ်လိုဆက်ဆံရေးမျိုးလဲ"

"ဆက်ဆံရေးလား"

ဝမ်မင် ရယ်မောလိုက်သည်။

"အင်း.. ညီနောင်ထင်တဲ့ အတိုင်းပဲ"

ကျိုက်ယန်က ထိုစကားကိုကြားလျှင် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

ဝမ်မင်က မေးစေ့ကို ပွတ်သပ်ပြီး ကျေနပ်အားရစွာဖြင့် ဤမြင်ကွင်းကို ကြည့်နေသည်။

"မင်း ဒေါသထွက်နေတာကို ကြည့်ရတာ ငါသဘောကျတယ်.. အခု မင်း ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား"

{ခွေးကိုက်သူ လူသုန်ဖျင်= လူကောင်း၏ ကြင်နာမှုကို လျစ်လျူရှုခြင်း' ဟူသော တရုတ်စကားလုံးမှ ဆင်းသက်လာသော စကားဖြစ်သည်}

All Chapters