ရှေ့ဖြစ်ဟော နတ်သခင်၏စွမ်းရည်
Vol. 30 Ch. 437
သုတေသနာဌာနမှ ထွက်ခွာလာပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က အိမ်သို့ ဓားပျံစီး၍ ပျံသန်းရန် ကြံစည်ကာ သူ့နောက်ကျောတွင် ရှိသည့် ဝိညာဉ်ဓားကို လေထဲသို့ ပစ်လွှင့်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် နောက်ကျောတွင် လွယ်ပိုးထားသည့် ဤဓားကို တောက်ပသော အောင်ပွဲခံဓားဟု လူသိများပြီး အဓိပ္ပါယ်မှာ "အမြဲလိုလို လက်ဖျားခါရလောက်သော အောင်ပွဲများရသည်"ဟု ဆိုလို၏။
ဤဓားကို ဖက်တီးလော ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။
ယင်းအစား ၎င်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဘိုးဘေးများထံမှ ဆင်းသက်လာသော ဓားတစ်လက် ဖြစ်သည်။
အများအားဖြင့် ၎င်းကို စည်းတံဆိပ် အလွှာများဖြင့် ဖက်ထုပ်ကဲ့သို့ လုံခြုံစွာ ထုပ်ပိုးထားတတ်၏။
သို့သော် ဤစည်းတံဆိပ်များက သာမန် အသုံးပြုမှုအပေါ်တွင် သက်ရောက်မှု မရှိခဲ့ပေ။
အဓိကပြဿနာမှာ ဤဝိညာဉ်ဓားကို အခြားနေရာမှ ပန်းပဲဆရာက ထုလုပ်ထားခြင်း ဖြစ်နေသည်။
ဓား၏ လိုင်စင်နံပါတ်က ဒေသတွင်း နံပါတ် တစ်ခု မဟုတ်ပေ။
ထို့ကြောင့် နေ့စဉ် နံနက်နှင့် ညနေ လူအစည်ကားဆုံး အချိန်များတွင် ဓားပျံစီးနင်းရာ၌ ကန့်သတ်ချက်များ ရှိခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ့လုပ်ရပ်က မှန်ကန်သည်။
ဝိညာဥ်ဘတ်စ်ကားဖြင့် အိမ်ပြန်လျှင် အချိန်အတော်လေး ကြာမြင့်မည် မဟုတ်ပါလား။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ ဝိညာဉ်ဓားပေါ်သို့ ခုန်တက်လိုက်ပြီးနောက်တွင် ဖုန်းတစ်ကောလ် ဝင်လာသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ခေါ်ဆိုသူ ID ကို ကြည့်လိုက်သည်။
"ရှေ့ဖြစ်ဟောနတ်သခင်"
"အမ်.. ရှေ့ဖြစ်ဟောနတ်သခင် ဆီကနေ ဖုန်းခေါ်လာတာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန်သားပြင်ကို အနည်းငယ် စိုက်ကြည့်နေသည်။
အင်မော်တယ်ထုန်ရာ၏ ဂန္ဓာမာကျွန်းသို့ သွားရောက်လည်ပတ်ပြီး နောက်တွင် ရှေ့ဖြစ်ဟောရာ၌ တိကျလွန်းသောရှေ့ဖြစ်ဟော နတ်သခင်ကို သူ လျှို့ဝှက် တွေ့ဆုံခဲ့သည်။
ရှေ့ဖြစ်ဟောနတ်သခင်ကလည်း ဖက်တီးလော ကဲ့သို့ပင်။
သူက ချက်ဂရုတွင် မပါဝင်သော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်၏ သူငယ်ချင်းကောင်း များထဲမှ တစ်ဦး ဖြစ်သည်။
မည်သည့်ခေတ်တွင် မဆို လူ့ဂွစာများ၊လူထူးဆန်များ ရှိကြ၏။
ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် မရေမတွက်နိုင်သော လူထူးဆန်းများ ရှိသည်။
၎င်းတို့ထဲမှ အချို့မှာ ချက်ဂရုများတွင် မပါဝင်ကြပေ။
စိတ်မပါသူများကို ပါဝင်ရန် အတင်းအကျပ် ဖိအားပေးခြင်းသည် အဓိပ္ပါယ်မရှိလှချေ။
အဆုံးသတ်တွင် ယင်းက လူတစ်ဦးချင်းစီ အပေါ်တွင်သာ မူတည်သည်။
တစ်နေ့နေ့တွင် ၎င်းတို့က အထီးကျန်ဆန်လာပြီး ဖန်းကွမ်း ကဲ့သို့ နေ့တိုင်း စကားစမြည်ပြောရန် ဂရုဖွဲ့ချင်လာပေလိမ့်မည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖုန်းကိုင်လိုက်သည်။
ဒေသဆိုင်ရာ လေယူလေသိမ်း အနည်းငယ်ပါရှိသော ရှေ့ဖြစ်ဟောနတ်သခင်၏ အသံက လိုင်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
"မင်္ဂလာပါ စီနီယာအင်မော်တယ်.. အခုဖုန်းကိုင်တာ မင်းလား"
ဗုံးပစ်စီနီယာအင်မော်တယ် "ဟုတ်တယ် နတ်သခင်ရေ.. ငါပဲ.."
သူက ရှေ့ဖြစ်ဟောနတ်သခင်နှင့် စကားပြောတိုင်းတွင် ဒေသဆိုင်ရာ လေယူလေသိမ်းဖြင့် ပြောဆိုလေ့ရှိသည်။
ဗုံးပစ်စီနီယာအင်မော်တယ်
"ညီနောင် နတ်သခင်.. မင်းကို ငါကြည့်ခိုင်းထားတဲ့ ရှေ့ဖြစ်ဟောလေး လုပ်ပါဦး"
ဂန္ဓာမာကျွန်းမှ ထွက်ခွာပြီးနောက် သူက အင်မော်တယ်ထုန်ရာ၏ အိမ်ထောင်ရေး အလားအလာများကို ဖတ်ပေးရန် ရှေ့ဖြစ်ဟော နတ်သခင်ကို တောင်းဆိုခဲ့သည်။
ယင်းက အချိန်အနည်းငယ် ပေးရသော်လည်း ကောင်းမွန်သော အိမ်ထောင်ရေးကို လိုချင်သူတိုင်းသည် အိမ်ထောင်ရေး လမ်းကြောင်းကို ကြိုသိထားသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ယုံကြည်မှုတစ်ခု ရှိလာမည် ဖြစ်သည်။
[ခုတလော ယောက်ျားလေးတွေရော မိန်းကလေးတွေရော ဒီကိစ္စဘဲ ဘာလို့ ဟောခိုင်းနေရတာလဲ]
ရှေ့ဖြစ်ဟော နတ်သခင်က တွေးခဲ့မိသည်။
ဗေဒင်မေးသူက သူ၏ အထူး မိတ်ဆွေကောင်းများထဲမှ တစ်ဦး မဟုတ်လျှင် မည်မျှပင် ပေးဆောင်ပါစေ၊ ဤဗေဒင်တွက်နည်းမျိုးကို သူလုံးဝ အသုံးပြုပေးလေ့ မရှိပေ။
ရှေ့ဖြစ်ဟော နတ်သခင်
"အိမ်ထောင်ရေး ဗေဒင်က... နည်းနည်းတော့ စောင့်ရတယ်.. နက္ခအတိအကျနဲ့မို့ အချိန်ခဏလေး တွက်ဖို့ မလွယ်ဘူး...ဒါပေမယ့် တွက်ချက်ပြီးတာနဲ့ ရှေ့ဆက်ဖြစ်လာမဲ့ အရာတွေကို သေချာပေါက် အတိအကျ သိရလိမ့်မယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "ဒါဆို ညီနောင်နတ်သခင်.. ဒီနေ့ ငါ့ကို ဘာလို့ ဖုန်းခေါ်တာလဲ"
ရှေ့ဖြစ်ဟောနတ်သခင်
"စီနီယာအင်မော်တယ်.. မင်းအရင်က ဗေဒင်ဟောဖို့ ငါ့ဆီကို လာတုန်းက မင်းရဲ့ မွေးသက္ကရာဇ် အချက်အလက်တွေ ပေးခဲ့တာကို မှတ်မိသေးလား"
ဗုံးပစ်စီနီယာ အင်မော်တယ် ခေါင်းညိတ်သည်။
ပြောရမည်ဆိုလျှင် ယင်းက လွန်ခဲ့သည့် နှစ်ရာနဲ့ချီက ဖြစ်ပွားခဲ့ခြင်းပင်။
ထိုအချိန်က သူ၏ ကံကြမ္မာ မည်ကဲ့သို့ ရှိသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ် သိချင်ခဲ့သည်။
ထို့ကြောင့် ရှေ့ဖြစ်ဟော နတ်သခင်ထံတွင် သူ၏ မွေးသက္ကရာဇ် အချက်အလက်ကို ချန်ထားခဲ့သည်။
ရှေ့ဖြစ်ဟောနတ်သခင်က ပုံမှန်ဖောက်သည်များ၏ အချက်အလက်များကို နောက်ပိုင်းတွင် အသုံးပြုရန် အတွက် ထိန်းသိမ်းထားလေ့ ရှိသည်။
ရှေ့ဖြစ်ဟောနတ်သခင်
"မင်းသူငယ်ချင်းအတွက် ဗေဒင်မတွက်ချင်ခင် ဒေတာမှားပြီး မင်းရဲ့ မွေးသက္ကရာဇ် အချက်အလက်ကို မတော်တဆ သုံးမိခဲ့တယ်.. ဗေဒင်တွက်တာ မပြီးမချင်း ငါ သတိမထားမိခဲ့ဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"မှားယွင်းပြီး တွက်မိတာလား"
ယင်းက အတော်လေး အဆင့်နိမ့်သည့် အမှားမျိုးဖြစ်သည်။
ရှေ့ဖြစ်ဟော နတ်သခင်လိုမျိုး ဝါရင့်ဗေဒင်ဆရာ တစ်ယောက် အတွက် ဤကဲ့သို့ အမှားမျိုး လုပ်မိဖို့ ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
ယေဘုယျအားဖြင့် မှားယွင်းသော ဒေတာကို ဗေဒင်ဆရာ မတော်တဆ အသုံးပြုမိခြင်းသည် ထူးခြားသော အကြောင်းကိစ္စ ရှိသည့် အခြေအနေမျိုးတွင် ဖြစ်သည်။
ရှေ့ဖြစ်ဟောနတ်သခင်က ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အတော်လေး တူညီသော အတွေးရှိသည်။
"ဒီအမှားက နိမိတ်တစ်ခုလို့ ထင်ခဲ့တယ်.. ဒါကြောင့် မင်းရဲ့ကံကြမ္မာကို ငါဖတ်ခဲ့တယ်"
"ရလဒ်ကဘာလဲ"
"ဒါက သွေးထွက်သံယို ဘေးဥပါဒ်တစ်ခု မင်းဆီ ကျရောက်တော့မယ်လို့ ညွှန်ပြနေတယ်"
"ငါက ကံအရမျးညံ့နတောလား"
"ဟုတ်တယ် လုံးဝကိုညံ့နေတယ်"
".............."
"ဒါက သေခြင်းရှင်ခြင်းနဲ့ ပတ်သက်နေပုံရတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ် ချွေးများ ထွက်လာသည်။
"မင်းမှားတွက်မိတာမျိုး မဖြစ်နိုင်ဘူးလား"
ဖုန်း၏ အခြားတစ်ဖက်မှ ရှေ့ဖြစ်ဟော နတ်သခင်က ခေါင်းခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး..ငါ သုံးကြိမ်တောင် တွက်ခဲ့တယ်.. ပထမတော့ ငါလည်း တစ်ခုခု မှားယွင်းတွက်ချက်မိတယ်လို့ပဲ ထင်နေမိတယ်..ဘာလို့ဆို ဒီမတိုင်မီက မင်းရဲ့ ကံကြမ္မာကို တွက်ကြည့်တော့ နောင်အနှစ် တစ်ထောင်ပတ်လုံး စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာက ကောင်းချီးခံစားရမယ်လို့ ဖော်ပြထားတယ်လေ.. ဒါကြောင့် ယုတ္တိကျကျ ပြောရရင် အခုလို ဆိုးရွားတဲ့ဟောကိန်းမျိုး ထွက်လာဖို့က လုံးဝ မဖြစ်နိုင်ဘူး.. ဒါ့အပြင် ဒုတိယအကြိမ် နဲ့ တတိယအကြိမ် တွက်ချက်တဲ့အခါမှာ ငါ့ရဲ့ အင်ပါယာ ရှေ့ဖြစ်ဟော မှော်ကိရိယာကိုတောင် အသုံးပြုခဲ့တယ်"
ရှေ့ဖြစ်ဟောနတ်သခင်က သူ၏ ဗေဒင်ဟောချက် တိကျမှုကို အလွန်ယုံကြည်မှုရှိနေသည်။
"ဒီဗေဒင်ဟောတဲ့ ကိရိယာက အရမ်းထူးခြားတယ်.. အဲဒါကို သုံးပြီး ဟောတာ တစ်ခါမှ အမှားအယွင်း မရှိခဲ့ဖူးဘူး"
"ဒါက ဘယ်လို မှော်ကိရိယာ အမျိုးအစားလဲ"
"ဒါက ကံကြမ္မာဖတ်ဓားလို့ ခေါ်တဲ့ မှော်ဓားပဲ"
"..............."
"ဒီဓားက ကံကောင်းမကောင်း ကြိုပြောနိုင်တယ်.. ဘဝခရီးလမ်း ချောမွေ့ပြီး ကောင်းမွန်တဲ့ ဟောချက်ဆိုရင် ဓားက လုံးဝမလှုပ်ဘူး... ဒါပေမယ့် ဟောချက် ပိုဆိုးရွားလေလေ ဓားက ပိုတုန်ယင်လာ လေလေပဲ"
"ဒီနေ့ မင်းအတွက် ငါစမ်းသပ်ကြည့်တုန်းက ဒီဓားရဲ့ တုန်ခါမှုက အမြင့်ဆုံး အခြေအနေမှာ ရှိခဲ့တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါဆို ညီနောင်နတ်သခင် မင်းမှာ အဲဒီ ကံကြမ္မာဆိုးကို ချေဖျက်ဖို့ နည်းလမ်းရှိလား"
ရှေ့ဖြစ်ဟောနတ်သခင်က သက်ပြင်းချလိုက်သည်။
သူက အနည်းငယ် စိတ်ပူပန်နေပုံရ၏။
"တော်ရုံလောက်ဆို ငါ့မှာ နည်းလမ်းတွေ ရှိတယ်...ဒါပေမယ့် ဒီတစ်ခါက တော်တော် ဆိုးရွားနေတယ်.. စီနီယာ အင်မော်တယ် ငါပြောရမလား မပြောရဘူးလား တွေဝေနေတယ်"
ဗုံးပစ်စီနီယာအင်မော်တယ်
"ညီနောင်နတ်သခင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
ရှေ့ဖြစ်ဟောနတ်သခင်
"ဗေဒင်တွက်ခကို ကျေးဇူးပြုပြီး ငါ့ကို အခုပေးချေပါ.. ပြီးရင် သေဖို့အတွက် အေးအေးချမ်းချမ်း စောင့်ဆိုင်းနေလိုက်ပါ"
ဗုံးပစ်စီနီယာအင်မော်တယ် "............."
ဖုန်းချပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က အချိန်အတော်ကြာ နက်နက်နဲနဲ တွေးတောရင်း ဖန်သားပြင်ကို စိုက်ကြည့်နေမိသည်။
ရိုးရှင်းစွာ ပြောရလျှင် အလွန်ဆိုးရွားသော ဗေဒင်ဟောကိန်း၏ အကျိုးဆက်များကို သူ နားမလည်သည်တော့ မဟုတ်ပေ။
ဤသည်မှာ သေခြင်းနိမိတ်ပြ ဗေဒင်ဟောချက်တစ်ခု ဖြစ်ပြီး သေဆုံးခါနီး လူနာများ၏ အခြေအနေကို လူနာရှင်မိသားစုအား ဆေးရုံ၏ သတိပေးချက်နှင့် ကွဲပြားခြင်း မရှိသည့် ဗေဒင်ဟောခြင်း တစ်မျိုး ဖြစ်သည်။
သို့သော် ဤကိစ္စကို သူဘယ်လိုပဲ တွေးနေပါစေ၊ သူအဘယ်ကြောင့် ရုတ်တရက် သေကိန်း ရောက်သွားလဲ နားမလည်နိုင်ခဲ့ပေ။
လက်ရှိအခြေအနေအရ သူအိမ်ပြန်၍ မဖြစ်တော့ပေ။
ဟောကိန်းထုတ်ပြီး နှစ်ဆယ့်လေးနာရီ အတွင်း အလွန်ဆိုးရွားသော ကံကြမ္မာတစ်ခု ကျရောက်လာမည် ဖြစ်သည်။
ယင်းအပြင် သူ၏ ကံဆိုးမှုက သူ့ပတ်ဝန်းကျင်မှ အရာအားလုံးကို ဘေးဥပါဒ် ဖြစ်စေလိမ့်မည်။
သူသာ ယခု အိမ်ပြန်သွားလျှင် ငွေရောင်လေးပင် ဒုက္ခရောက်သွားနိုင်၏။
[ငါဘာလုပ်သင့်လဲ.. ညီနောင်လင်းကို သွားရှာသင့်လား]
ဗုံးပစ်စီနီယာ အင်မော်တယ် ဝမ်လင်းဆီ ဖုန်းခေါ်လိုက်သည်နှင့် စူးရှသော လေတိုးသံနဲ့ အတူ ဓားချီတစ်ခုက သူ့ကို အဝေးကနေ မမျှော်လင့်ဘဲ တိုက်ခိုက်ခဲ့သည်။
ဤဓားချီက သူ့ကို သတိပေးချက်တစ်ခု အဖြစ်သာ လုပ်ဆောင်ခဲ့ပုံ ရသည်။
ဓားချီက အလွန်လျင်မြန်ပြီး သူ၏ နားသယ်ကို ဖြတ်သွားကာ အနက်ရောင် ဆံပင်အချို့ကိုပါ ဖယ်ထုတ်လိုက်သည်။
"ဘယ်သူလဲ"
သူက ဓားချီ ထွက်ပေါ်လာသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။
လရောင်ထဲတွင် အလွန်အမင်း မိစ္ဆာဆန်သော လူငယ်တစ်ဦးက လမ်းမီးတိုင်ပေါ်တွင် ရပ်နေကာ မှိုင်းညို့သော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။
လူငယ်က ရယ်မောကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက မိစ္ဆာဓားနတ်ဘုရား"
"ဓားနတ်ဘုရား"
"နတ်ဘုရား"
ဗုံးပစ်စီနီယာအင်မော်တယ်
"ဘယ်လိုသောက်ရူးကောင်လဲဟ.. စကားပြောတာကို ပဲ့တင်သံ မှော်စွမ်းရည်နဲ့ လာပြောနေတယ်"