← Chapters

အသားကပ်ဝတ်စုံက သူ့အသက်ကို ကယ်တင်ခဲ့တယ်

Vol. 30 Ch. 438

အသားကပ်ဝတ်စုံက သူ့အသက်ကို ကယ်တင်ခဲ့တယ်

Vol. 30 Ch. 438

လမ်းမီးတိုင်ပေါ်မှ မိစ္ဆာဆန်သော လူငယ်လေးက ဘဝင်လေဟစ်သော လေသံဖြင့် သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။

၎င်း၏ စကားကိုကြားလျှင် ဤလူငယ်က စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ပြေးခဲ့သော စိတ်ဝေဒနာရှင်များ ဖြစ်နေမလားဟု ဗုံးပစ်စီနီယာ အင်မော်တယ် တွေးမိခဲ့သည်။

သူက ပေါက်ကရ တွေးတောခဲ့သော်လည်း ပေါ့ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။

လူငယ်က သူနှင့် ဆယ်မီတာခန့် ဝေးကွာသော်လည်း လူငယ်ထံမှ အော်ရာ ဖိနှိပ်မှုကို သူခံစားနေရပြီ ဖြစ်သည်။

အဖြူရောင် ၀တ်စုံဝတ် လူငယ်က သူ၏ "တောက်ပသော အောင်ပွဲခံဓား"ကို ဆုပ်ကိုင်လိုက်ရင်း သူ့လက်က အမှန်တကယ် တုန်ယင်နေမှန်း သူ့ကိုယ်သူ သိလိုက်သည်။

အေးစက်စက် ချွေးသီးများက ပါးပြင်ပေါ်သို့ ကူကယ်ရာမဲ့စွာစီးကျလာသည်။

ဤသည်မှာ သူ့စိတ်ဝိညာဉ်ထဲထိ တုန်လှုပ် ချောက်ခြားမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

ဤကဲ့သို့ စိတ်မနှံ့သည့် လူနာကို လမ်းမပေါ်တွင် လျှောက်သွားခွင့်ပေးလိုက်ခြင်းက တကယ်ကို ပရမ်းပတာ ဖြစ်စေခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤလူကို ဆေးရုံသို့ ပြန်ခေါ်သွားသင့်သည်ဟု ခံစားခဲ့ရသည်။

သို့သော် အလွန်လျင်မြန်စွာပင်၊ သူက သူ့ကိုယ်သူ မိတ်ဆက်ခဲ့သော လူငယ်လေး၏ တာအိုအမည်ကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။

"အာ.. မိစ္ဆာဓားနတ်ဘုရား"

"ဓားနတ်ဘုရား"

"လခွမ်း.. ဒီဆိုက်ကိုကောင်က မိစ္ဆာဓားနတ်ဘုရားပဲဟ"

လူငယ်လေး၏ သရုပ်မှန်ကို သိလျှင် ဗုံးပစ်စီနီယာအင်မော်တယ်က အာရုံကြောများ ထုံထိုင်းသွားသလို ခံစားခဲ့ရသည်။

မိစ္ဆာဓားနတ်ဘုရားက အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာရသနည်း။

ဗုံးပစ်စီနီယာ အင်မော်တယ်က သွားများကို အံကြိတ်ကာ မိစ္ဆာဓားနတ်ဘုရား ဆီသို့ နောက်တစ်ကြိမ် မျှော်ကြည့်လိုက်သည်။

သို့သော် ထိုအချိန်တွင် မိစ္ဆာဓားနတ်ဘုရားက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နောက်ထပ် အခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ် ၏ ပခုံးပေါ်သို့ လက်တစ်ဖက်က လာပုတ်ခဲ့၏။

"ငါ့ကို ရှာနေတာလား"

လေးနက်သော အသံတစ်သံက သူ့နောက်ကျောကနေ ထွက်ပေါ်လာသည်။

"ဒီမြန်နှုန်း... ဒါ.. ဒါက တည်နေရာ ရွှေ့ပြောင်းခြင်း မှော်စွမ်းရည်"

ထိတ်လန့် တုန်လှုပ်သွားသော ဗုံးပစ်စီနီယာ အင်မော်တယ်က လူငယ်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးကို မြင်လိုက်ရသည်။

"အတင့်ရဲတဲ့ဂျူနီယာ.. မင်းငါ့ရဲ့ ဓားချီကို ခြေရာခံဖို့ ကြိုးစားရဲတယ်.. မင်းရဲ့ ပုခုံးတစ်ခြမ်းကို ငါအရင်ရှင်းပစ်မယ်"

နောက်ထပ် အခိုက်အတန့်တွင် လူငယ်က ဝိညာဥ်စွမ်းအားဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ညာဘက်ပခုံးပေါ်တွင် ကြီးမားသောဖိအားကို ခံစားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီဝိညာဥ်စွမ်းအားမှာ ငါ့ရဲ့ ကောင်းကင်ပိုင်းဖြတ် ဓားချီ ပါ၀င်တယ်.. ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်အောက်က ဘယ်သူမဆို ဒဏ်ရာ ရလိမ့်မယ်.. ကောင်းကင်အဆင့် ဆေးဝါးတောင် မကူညီနိုင်ဘူး"

ထို့နောက်တွင် ကျယ်လောင်သော "ပေါက်ကွဲသံ" နှင့်အတူ နတ်ဆိုးဓားချီ ပါရှိသော ဝိညာဉ်စွမ်းအားက ပေါက်ကွဲသွားသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤပေါက်ကွဲမှုကြောင့် လွင့်စင်သွားပြီး မြေပြင်သို့မထိမီ ကီလိုမီတာ များစွာ ပျံသန်းသွားခဲ့သည်။

သို့သော် မိစ္ဆာဓားနတ်ဘုရား မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သွေးပင်မထွက်ခဲ့ပေ။

ဝိညာဉ်စွမ်းအင်လုံးက အဖြူရောင်ဝတ် လူငယ်၏ အပြင်ဘက်တွင် ထပ်ဝတ်ထားသည့် တာအို၀တ်စုံကိုသာ လောင်ကျွမ်းသွားပြီး အပေါက်ကြီး တစ်ပေါက် ဖြစ်စေခဲ့သည်။

"အမ်"

မိစ္ဆာဓားနတ်ဘုရားက ဤမြင်ကွင်းကို အဝေးမှ စိုက်ကြည့်နေသည်။

အခြေအနေက သူ့မျှော်လင့်ထားသည်ထက် အနည်းငယ် သာလွန်နေ၏။

"ဒါက နတ်သခင်ဟောတဲ့ သေခြင်းရှင်ခြင်း အန္တရာယ်များလား.."

ဗုံးပစ်စီနီယာ အင်မော်တယ် ချွေး အနည်းငယ် ထွက်လာသည်။

သူ၏အဖြူရောင် တာအို၀တ်စုံ ပျက်ဆီးသွားသည်။

ဤသည်မှာ အာမာနီထုတ် နောက်ဆုံးပေါ် ဖက်ရှင် ဖြစ်သည်။

ဈေးကြီးလွန်းသောကြောင့် နှစ်စုံသာ ဝယ်ခဲ့ပြီး တစ်လှည့်စီဝတ်ရန် စီစဉ်ခဲ့သည်။

သို့သော် ထိုထဲမှ တစ်စုံက ယခုအခါ တိုက်ရိုက် ပြဲသွားပြီဖြစ်သည်။

ထိုအခိုက် သူ၏ ပခုံးရှိ ဘတ်စကက်ဘောအရွယ် အပေါက် အပြဲကနေ မေမေဝမ် သူ့အား ပေးခဲ့သော အသားကပ်ဝတ်စုံကို ထင်ရှားစွာ မြင်နေရ၏။

ဤအသားကပ်ဝတ်စုံက ဝမ်လင်း စီရင်ထားသော ဝတ်စုံဖြစ်သည်။

အသားကပ် ဝတ်စုံတွင် ပါရှိသော စွမ်းအားကြောင့်သာ မဟုတ်လျှင် ထိုပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ကြောင်း သူကောင်းစွာ သိရှိခဲ့သည်။

ထိုအချိန်တွင် အဖြူရောင် ၀တ်စုံဝတ် လူငယ်လေးက မိစ္ဆာဓားနတ်ဘုရား အဘယ်ကြောင့် သူ့အား ရှာနေရသလဲ ဆိုသည်ကို မှန်းဆနိုင်နေပြီ ဖြစ်သည်။

သူတို့က ဖန်းကွမ်း၏ ဝတ်စုံတွင် ကျန်ရစ်ခဲ့သော ဓားချီအကြွင်းအကျန်များကို ခြေရာခံနိုင်ခဲ့သောကြောင့် တစ်ဖက်မှလည်း သူတို့ကို ပြန်လည် ခြေရာခံနိုင်ခဲ့ပုံ ရ၏။

ယခင်က တာအိုဝတ်စုံကို ဖန်းကွမ်းက စည်းတံဆိပ် ခတ်ထား၍ မိစ္ဆာဓားနတ်ဘုရားက ဖန်းကွမ်း သေသွားပြီဟု ထင်ကာ ဖန်းကွမ်းအား အမဲလိုက်ခြင်းကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မိစ္ဆာဓားနတ်ဘုရား တစ်ယောက် ဓားချီကို တန်ပြန် ခြေရာခံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အဆုံးသတ်တွင် သူက သတိလက်လွတ် ဖြစ်ခဲ့ပုံရသည်။

မိစ္ဆာဓားနတ်ဘုရားက လက်ရှိတွင် မဟာတာအို သုံးထောင်အနက်မှ တစ်ခုဖြစ်သော ဓားတာအို၏ စွမ်းအားကို ကျွမ်းကျင်နေပြီ ဖြစ်သည်။

အထူးသဖြင့် ဓားတာအိုတွင် ခန့်မှန်း၍မရသော အဆင့်ကိုရောက်နေပြီ ဆိုလည်းမမှားပေ။

မိစ္ဆာဓားနတ်ဘုရားက ဘာစက်ကိရိယာမှ မပါဘဲ ဓားချီကို ခြေရာခံနိုင်ခဲ့၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က သေသေချာချာ ပြန်တွေးကြည့်လိုက်ရာ သုတေသနဌာနတွင် ရှိစဥ် တာအိုဝတ်စုံဖြင့် ချွေးသုတ်လိုက်သည်ကို ပြန်အမှတ်ရမိသွားသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က ဓားချီ အကြွင်းအကျန်နှင့် ရောနှောသွားခဲ့၏။

"တစ်ချက်မှားတာနဲ့ တစ်သက်လုံး နောင်တရစရာပါပဲလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က နောင်တကို အလွန်အမင်း ခံစားခဲ့ရသည်။

အခြေအနေကို ကြည့်လိုက်ရာ သူ ပြန်လည်ခုခံဖို့ လုံလောက်သည့် အင်အားမရှိမှန်း သူသိထားပြီ ဖြစ်၍ ဝမ်လင်းကို အကူအညီတောင်းသည့် နည်းလမ်းတစ်ခုကိုသာ တွေးနိုင်ခဲ့သည်။

ထိုသို့တွေမိပြီးနောက် သူက တောက်ပသော အောင်ပွဲခံဓားကို ချက်ချင်း စီးနင်းကာ ဝမ်မိသားစု အိမ်ငယ်လေးဆီ ဦးတည်လိုက်ပြီး ကောင်းကင်ကို အံတုလောက်သည့် အရှိန်ဖြင့် ပြေးသွားခဲ့သည်။

မိစ္ဆာဓားနတ်ဘုရား၏ စွမ်းအားက ပြင်းထန်လွန်း၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က တစ်ဖက်လူ၏ လွှမ်းမိုးလွန်းသော ဓားတာအိုကြောင့် သူသယ်ဆောင်လာသော အီလက်ထရွန်းနစ် ပစ္စည်းများ အားလုံး ဖျက်ဆီးခံလိုက်ရကြောင်း သိရှိလိုက်သည်။

ထို့ကြောင့် သူ့ ဘိုးဘေးအမွေ ဓားပျံကိုသာ အားကိုးရုံ ရှိတော့၏။

ဒါတင်မကဘဲ မိစ္ဆာဓားနတ်ဘုရား ဓားတာအိုစွမ်းအားကို ထုတ်သုံး၍ သူ့ပုခုံးကို ပုတ်လိုက်ကတည်းက လမ်းမီးများ အားလုံး ချက်ချင်း ပျက်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး မည်းမှောင်သွားခဲ့သည်။

လမ်းမပေါ်တွင် မောင်းနှင်နေသည့် ကားများ အပါအဝင် အနီးနားရှိ အီလက်ထရွန်းနစ် စက်ပစ္စည်းများ အားလုံး အလုပ်မလုပ်တော့ဘဲ ဓားချီကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။

............

မိစ္ဆာဓားနတ်ဘုရားက အမှောင်ထဲတွင် သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

သူ့မျက်လုံးက ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေပြီး အလွန်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေ၏။

"စိတ်ဝင်စားစရာပဲ"

မိစ္ဆာဓားနတ်ဘုရားက လှောင်ပြောင် ရေရွတ်လိုက်သည်။

အစောပိုင်းမှ သူ့တိုက်ခိုက်မှုက အဖြူရောင်ဝတ် လူငယ်လေးကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ယင်းက လူငယ်လေး တာအိုဝတ်စုံ အောက်ဘက်တွင် ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာက ညံ့ဖျင်းသော လက်ရာမဟုတ်ကြောင်း သက်သေပြနေသည်။

မိစ္ဆာဓားနတ်ဘုရားက ဗုံးပစ်စီနီယာ အင်မော်တယ် ထွက်ပြေးသွားသည့် လမ်းကြောင်းကိုကြည့်ရင်း သူ၏ မျက်လုံးများကဗုံးပစ်စီနီယာ အင်မော်တယ် ခြေဖဝါးအောက်ရှိ ဝိညာဉ်ဓားဆီသို့ အာရုံရောက်သွား၏။

ဓားကို စည်းတံဆိပ် အလွှာများဖြင့် ထုပ်ပိုးထားသော်လည်း ထိုဓားက သူ့ကို အလွန်ရင်းနှီးသော ခံစားချက်များ ပေးစွမ်းနေသည်။

သူ၏ဆရာ ကောင်းကင်ဓားအင်မော်တယ် ဖန်လွေ၊ ဓားတာအိုတွင် နှစ်ထောင်ပေါင်းများစွာ ကြာအောင် ကျော်ကြားခဲ့ရသည့် အကြောင်းရင်းမှာ ဓားနှစ်လက် နည်းစနစ်ကြောင့် ဖြစ်သည်။

သူ့တွင် မဟာကောင်းကင် ဓားများ အဖြစ် လူအများ၏ အသိအမှတ်ပြုခြင်း ခံရသော ဓားနှစ်လက် ရှိသည်။

တစ်လက်ကို ကောင်းကင်ပိုင်းဖြတ်ဓားဟု ခေါ်သည်။

၎င်းက ဝိညာဉ်ဓားများ၏ စွမ်းအားအဆင့်တွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး သူ ယခု ကိုင်ဆောင်ထားသော ဓားလည်းဖြစ်သည်။

ထိုဓားကို သူ့ဆရာအား သတ်ပြီး လုယူထားခဲ့ခြင်း ဖြစ်၏။

အခြားတစ်လက်ကိုမူ တောက်ပသော အောင်ပွဲခံဓား ဟုခေါ်သည်။

ထိုဓားက ဝိညာဉ်ဓား ကာကွယ်ရေး အဆင့်တွင် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။

၎င်းက တိုက်ခိုက်မှုများကို တားဆီးရာတွင် အလွန်အားကောင်းသော ခံစစ်စွမ်းရည်များ ရှိ၏။

ထိုအချိန်က သူ့ဆရာကို သတ်ပြီး ကောင်းကင်ပိုင်းဖြတ်ဓားကို လုယူပြီးနောက်တွင် တောက်ပသော အောင်ပွဲခံဓားကို ရှာဖွေနေခဲ့သည်။

တောက်ပသော အောင်ပွဲခံဓားကို စည်းတံဆိပ် အလွှာများဖြင့် ဖုံးအုပ်ထားသော်လည်း အစောပိုင်းက ၎င်းနှင့် နီးကပ်စဥ်၌ ထိုဓားမှ ထုတ်လွှတ်သော အော်ရာကို သူခံစားနိုင်ခဲ့သည်။

"ဒီဓားပဲ သေချာတယ်.."

မိစ္ဆာဓားနတ်ဘုရားက ကောက်ကျစ်စွာပြုံး၍ သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

မူလတွင် သူ့ရည်ရွယ်ချက်က သူ့ဓားချီကို ခြေရာခံရဲသည့် ဂျူနီယာကို ဆုံးမရန်သာ ဖြစ်သော်လည်း သူအနှစ်နှစ်အလလ ရှာဖွေနေခဲ့သည့် တောက်ပသော အောင်ပွဲခံဓားကို အမှတ်မထင် ရှာဖွေတွေ့ရှိလိမ့်မည်ဟု မထင်မိခဲ့ပေ။

သို့သော် တောက်ပသော အောင်ပွဲခံဓားက အဘယ်ကြောင့် ဤလူငယ်၏ လက်ထဲတွင် ရှိနေရပါသနည်း။

မိစ္ဆာဓားနတ်ဘုရားက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"ထားလိုက်ပါလေ.. ဒီဂျူနီယာကို အရင်ဖမ်းရမယ်.. ငါလက်ထဲကနေ ဒီဂျူနီယာ ဘယ်လိုမှ မလွတ်မြောက်စေရဘူး"

All Chapters