← Chapters

တိုက်ခိုက်တဲ့အခါ အနည်းငယ် ရှုပ်ထွေးပါစေ

Vol. 30 Ch. 440

တိုက်ခိုက်တဲ့အခါ အနည်းငယ် ရှုပ်ထွေးပါစေ

Vol. 30 Ch. 440

မိစ္ဆာဓားနတ်ဘုရားက မြေကြီးပေါ်သို့ တိုက်ရိုက် ဂျွန်းပြန်ကျလာသည့် အခိုက်တွင် စကားတစ်ခုကို သတိရလာသည်။

[ငါ့ကို မြေကျင်းထဲ တွန်းချ အနိုင်ကျင့်ပြီး ရယ်မောနေတယ်]

ဝမ်လင်းက မြေပြင်ထဲ နစ်ဝင်နေသော လူပုံသဏ္ဍာန်အရာကို စိုက်ကြည့်နေခဲ့၏။

သူ့ လက်ဖဝါးကနေ အစိမ်းရောင် မီးခိုးငွေ့များ လွင့်စင်နေဆဲပင်။

အမှန်စင်စစ် အစောပိုင်းက သူအိမ်မှာရှိနေစဥ် အနည်းငယ် စိတ်မသက်မသာ ဖြစ်သည်ကို သတိထားမိခဲ့သည်။

သူက ခြေတစ်လှမ်း နောက်ကျသွားသော်လည်း ဤပါးရိုက်ခြင်းက မိစ္ဆာဓားနတ်ဘုရား၏ မာနထောင်လွှားမှုအတွက် သင်ခန်းစာပေးရန်သာ ဖြစ်၍ သူ၏ ခွန်အား အလုံးစုံကို အသုံးမချခဲ့ပေ။

သို့မဟုတ်လျှင် သူ တစ်ချက်ရိုက်ရုံဖြင့်ပင် မိစ္ဆာဓားနတ်ဘုရားက လွယ်လွယ် သေဆုံးရလိမ့်မည် ဖြစ်၏။

ဝမ်လင်းက လေထဲတွင် ပျံဝဲနေသည်။

မိစ္ဆာဓားနတ်ဘုရားကို ပါးရိုက်ချစဥ် ပတ်ဝန်းကျင်ကို သူ၏ မူလဝိညာဉ်နယ်ပယ်ဖြင့် တစ်ချိန်တည်းတွင် ဖုံးအုပ်ထားခဲ့သည်။

တိုက်ပွဲစက်ကွင်း အတွင်း ရှိနေသူများ ဖြိုခွဲခံရခြင်းမှ ကာကွယ်ရန်အတွက် လက်တွေ့ကမ္ဘာနှင့် ကင်းကွာသည့် နယ်မြေ တစ်ခုအဖြစ် သူ၏ မူလစိတ်ဝိညာဥ် နယ်ပယ်ကို ဖန်တီးထားသည်။

မိစ္ဆာဓားနတ်ဘုရားက ရောင်ကိုင်းနေသော မျက်နှာဖြင့် တွင်းထဲမှ တွားသွားတက်လာပြီးနောက် အနည်းငယ် အံ့သြသော အမူအရာဖြင့် ဝမ်လင်းကို စိုက်ကြည့်နေသည်။

"ခြေသလုံးအိမ်တိုင် အင်မော်တယ်လား"

အော်ရာ တစ်ခုတည်းကို ကြည့်လျှင်ပင် သူ့ရှေ့မှ လူငယ်က ခြေသလုံးအိမ်တိုင် အင်မော်တယ်မှန်း သံသယဝင်စရာ မလိုပေ။

သို့ရာတွင် လူငယ်က သူထက်ပင် သေချာပေါက် အားကောင်းနေပုံရသည်။

တစ်ချက်ရိုက်ရုံဖြင့် သူ့ကို မြေပေါ်သို့ ဂျွန်းပြန်ကျစေဖို့က ခြေသလုံး အိမ်တိုင်အင်မော်တယ် အဆင့် အတွက် ယုတ္တိမကျပေ။

မိစ္ဆာဓားနတ်ဘုရားက ပါးပြင်ကို လက်ဝါးဖြင့် ပွတ်လိုက်သည်။

သူ့လက်ထဲတွင် ခရမ်းရောင်အလင်းတန်း တစ်ခု တောက်ပလာပြီးနောက် သူ့မျက်နှာပေါ်ရှိ ရောင်ရမ်းမှုများက ချက်ချင်းပင် သက်သာသွားခဲ့သည်။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှုခင်းများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

သူ၏ ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုး မျက်လုံးများကြောင့် ဤအရာက ထင်ယောင်ထင်မှား မဟုတ်ဘဲ တကယ့်မြင်ကွင်း တစ်ခုမှန်း သိလိုက်ရသည်။

ရှေးကျသော ကျောက်ရုပ်တု၊ ဒါဇင်နှင့်ချီသော ထန်းပင်ငယ်များ၊ အဆောက်အဦးများ စသည်ဖြင့် အရာအားလုံးက လုံးဝ အစစ်အမှန်ပင်။

ထိုခဏဝယ် သူ့ကို ပါးရိုက်လိုက်သော လူငယ်လေးက ရှေးကျသော ကျောက်ရုပ်တုပေါ်တွင် ပေါ်လာပြီး သူ့ကို ငုံကြည့်နေသည်အား တွေ့လိုက်ရသည်။

"ဒီချာတိတ်က မူလစိတ်ဝိညာဉ်နယ်ပယ်ကို ချက်ချင်း ထုတ်သုံးလိုက်တာလား"

မိစ္ဆာဓားနတ်ဘုရား၏ မျက်လုံးပေါက်များက ကျဥ်းမြောင်းသွားခဲ့သည်။

ဤမျိုးမစစ် ကျင့်ကြံသူက သူထင်ထားသလောက် မရိုးရှင်းပေ။

ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ကို ကျော်လွန်သည့် ကြီးမားသော စွမ်းအားကို ပြသခဲ့သည့်အပြင် ပကတိအင်မော်တယ်များသာ လုပ်ဆောင်နိုင်သည့် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ချက်ချင်း ထုတ်လွှတ်ခဲ့သေး၏။

ထိုအချက်အားလုံးကို ခြုံ၍ကြည့်လျှင် ချာတိတ်လေး၏ ခွန်အားက ပုံမှန်မဟုတ်မှန်း သိသာနေ၏။

"ငါသတိလွတ်သွားလို့ ခံလိုက်ရတာပဲ"

ထိုသို့တွေးမိပြီး မိစ္ဆာဓားနတ်ဘုရားက စိတ်လွတ်သွားသလို အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

နှစ်ပေါင်းများစွာကြာခဲ့ပြီ..

သူ နာကျင်မှုကို နောက်ဆုံးအကြိမ် မြည်းစမ်းခဲ့ရသည်မှာ အချိန်အတော်ပင် ကြာခဲ့ပြီ ဖြစ်သည်။

ဝမ်လင်း၏ ပါးရိုက်မှုက သူ့ကို နှိုးဆွခဲ့ပြီး သူ့တစ်ကိုယ်လုံးရှိ မိစ္ဆာဆန်သော သွေးများက ဆက်တိုက်ဆိုသလို စီးဆင်းလာသည်ဟု ခံစားလိုက်ရသည်။

"မျိုးမစစ် ကျင့်ကြံသူ.. ဘယ်ဆိုးလို့လဲ မင်းက ငါ့ရဲ့ စိတ်ဝင်စားမှုကို ရယူတာ အောင်မြင်သွားခဲ့ပြီ"

"စောစောက ဂျူနီယာက ငါ့ရဲ့ဓားချီကို ခြေရာခံဖို့ အတင့်ရဲတဲ့အတွက် အပြစ်တစ်ခုလို့ မှတ်ယူပြီး ငါသတ်ခဲ့တယ်"

မိစ္ဆာဓားနတ်ဘုရားက တောက်ပသော အောင်ပွဲခံဓားကို ဘယ်လက်တွင် ကိုင်ဆောင်ထားပြီး ကောင်းကင်ပိုင်းဖြတ်ဓားကို ညာလက်တွင် ကိုင်ဆောင်ထားသည်။

ထို့နောက် ညာလက်ကို မြှောက်ကာ ဝမ်လင်းအား ဓားဖြင့် ချိန်ရွယ်လိုက်သည်။

"မင်းက သူ့သူငယ်ချင်းဖြစ်ပြီး ငါ့ကို မထီမဲ့မြင် ပြုမူတဲ့ အတွက် မင်းကိုလည်း ဒီလိုပဲ အပြစ်ပေးရမယ်"

"မင်းတင်မဟုတ်ဘူး.. မင်းကို ရှစ်ပိုင်း ပိုင်းဖြတ်ပြီးရင် မင်းရဲ့ဝိညာဉ်ကို ငါခိုးယူပြီး မင်းရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို တစ်ယောက်ပြီး တစ်ယောက် ငါသတ်ပစ်မယ်"

ထိုစကားကိုကြားလျှင် ဝမ်လင်း အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

မိစ္ဆာဓားနတ်ဘုရားကမူ အထင်သေးသော အမူအရာဖြင့် ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။

"ဟမ့်.. ဒီမူလစိတ်ဝိညာဉ် နယ်မြေလေးက ဘယ်လိုလုပ်ပြီး ငါ့ကို တားဆီးနိုင်မှာလဲ"

သူက သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိသည်။

စောစောက ခံလိုက်ရသည်မှာ သူ သတိလက်လွတ်ဖြစ်၍ဟု ယုံကြည်ခဲ့၏။

ထိုအချိန်က တစ်ဖက်မှ တိုက်ခိုက်မှုကို ကာကွယ်ရန် ခံစစ် အစီအမံများကို မထုတ်ဖော်ခဲ့ဘဲ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား သက်သက်ကိုသာ အသုံးပြုခဲ့သည်။

သူက သတိလက်လွတ် ဖြစ်ခြင်းကြောင့် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ယခု သူ အလေးအနက် ရှိလာသည်နှင့် အမျှ သူ၏ မိစ္ဆာဆန်သော အော်ရာက တစ်ဟုန်ထိုး မြင့်တက်လာသလို ခံစားလိုက်ရသည်။

ဆိုရလျှင် ဝမ်လင်း၏ ပါးရိုက်မှုက သူ၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို နိုးကြားစေခဲ့သည်။

ထိုမျှသာမက ယခု သူ့တွင် ကောင်းကင်ပိုင်းဖြတ်ဓားနှင့် တောက်ပသော အောင်ပွဲခံဓား နှစ်ခုစလုံးကို ရရှိထားပြီ ဖြစ်၏။

၎င်းတို့က ဝိညာဉ်ဓား စာရင်းတွင် အစွမ်းထက်သော ထိုးစစ်နှင့် ခံစစ် စွမ်းရည်များ၌ ထိပ်ဆုံးအဆင့် ရှိသည့် ဓားနှစ်လက် ဖြစ်သောကြောင့် သူ့ကို ယခင်ကထက် ပိုမိုအားကောင်းလာစေ၏။

"မျိုးမစစ် ကျင့်ကြံသူ... ကစားပွဲက ဒီတောက်ပသော အောင်ပွဲခံဓား ငါ့လက်ထဲရောက်ကတည်းက ပြီးသွားခဲ့ပြီ"

နောက်ထပ် အခိုက်အတန့်တွင် မိစ္ဆာဓားနတ်ဘုရားက တိုက်ခိုက်လိုက်သည်။

"မျိုးမစစ် ကျင့်ကြံသူ သေလိုက်စမ်း"

သူက လျှပ်ပြက်သလို လှုပ်ရှားလိုက်သည်။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်နယ်ပယ်တွင် ရှိနေသော်လည်း သူက အလွန်လျင်မြန်နေဆဲပင်။

ဓားနှစ်ချောင်းကို လက်ထဲတွင် ကိုင်ထားရင်း ဝမ်လင်း ရပ်နေသော ကျောက်ရုပ်တုကို လှမ်းကြည့်လိုက်သည်။

ထို့နောက်တွင် သူ့ခန္ဓာကိုယ်က တောက်ပသွားပြီး ကိုယ်ပွားများစွာ ကွဲထွက်သွားသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်လင်း စိတ်ထဲကနေ သက်ပြင်းချမိသည်။

ယနေ့ခေတ်တွင် အဘယ်ကြောင့် လူတစ်ဦး၏ နယ်ပယ်အဆင့်က မြင့်မားလေလေ တိုက်ပွဲတွင် စတန့်ပြခြင်းကို ပိုနှစ်သက်လေလေ ဖြစ်နေရပါသနည်း။

ဤကဲ့သို့ တိုက်ခိုက်မှုပုံစံက တစ်ဖက်လူကို မူးဝေစေသည်ကလွဲ၍ ဘာမှအသုံးမကျပေ။

တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို ပြောင်းပြန်လှန်ရာတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိပေ။

မိစ္ဆာဓားနတ်ဘုရားက ကိုယ်ပွားများ ခွဲထုတ်လိုက်သော်လည်း ဝမ်လင်း၏ မျက်လုံးများက မူလခန္ဓာကိုယ်ကိုသာ စိုက်ကြည့်နေသည်။

ထို့နောက် ဝမ်လင်းက ဒုတိယအကြိမ် ပါးရိုက်ရန် ပြင်ဆင်ရင်း လက်ကို မြှောက်လိုက်သည်။

မိစ္ဆာဓားနတ်ဘုရား၏ ခန္ဓာကိုယ်က သူနှင့် နီးကပ်လာသည်။

နောက်ထပ် အခိုက်အတန့်တွင် ဝမ်လင်း၏ရှေ့၌ အရိပ်တစ်ခုပေါ်လာသည်။

သို့သော် ဝမ်လင်းက လုံးဝ လျစ်လျူရှုခဲ့သည်။

သူ့မျက်နှာက ဘာမှမထူးခြားသလို တည်ငြိမ်နေခဲ့၏။

"ငရဲကိုသွားစမ်း.. မျိုးမစစ်ကျင့်ကြံသူ"

ဤအခိုက်အတန့်တွင် မိစ္ဆာဓားနတ်ဘုရား၏ မူလခန္ဓာကိုယ်အစစ်က သူ့နောက်တွင် ရုတ်တရက် ပေါ်လာသည်။

ကျောက်ရုပ်တု အပေါ်မှ ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို လှည့်ကာ..

"ဘန်း.."

ဂေါက်ကစားခြင်းကဲ့သို့ပင် တိကျသော ရိုက်ချက်က မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာပေါ်သို့ ဒုတိယအကြိမ် ကျရောက်သွားပြန်သည်။

သူ့လက်ဖဝါးက မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာတစ်ဝက်ထိ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။

ဒုတိယအချီတွင် ကွဲပြားသော စတင်မှု ဖြစ်ခဲ့သော်လည်း ရလဒ်ကမူ တူညီနေ၏။

မိစ္ဆာဓားနတ်ဘုရားက ဝမ်လင်း၏ ပါးရိုက်ချက်ကြောင့် မူလစိတ်ဝိညာဥ်နယ်ပယ်ရှိ ကျောင်းအဆောက်အအုံများကို ဝင်ဆောင့်၍ ဖြတ်ကျော်သွားခဲ့ပြီး ပင်မအဆောက်အဦး အတွင်းရှိ စာသင်ခန်းများနှင့် အိမ်သာများကို တိုက်ရိုက် ရိုက်ချိုးသွားခဲ့သည်။

အဆုံးသတ်တွင် သူ့ခေါင်းက အိမ်သာကန် တစ်ခုကို သွားဆောင့်မိခဲ့၏။

ထို့နောက်တွင် အရှိန်က မသေသေးဘဲ အားကစားကွင်း ဆီသို့ထပ်မံ လွင့်စင်သွားခဲ့သည်။

ဝမ်လင်းက မိစ္ဆာဓားနတ်ဘုရားကို စိုက်ကြည့်ရင်း လက်ဝှေ့ယမ်းကာ မိစ္ဆာဓားနတ်ဘုရား ဘေးမှ ဓားနှစ်ချောင်းကို ကမ္ဘာ့မြေဆွဲအား မှော်စွမ်းရည်ဖြင့် ဆွဲယူလိုက်သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

မိစ္ဆာဓားနတ်ဘုရားက အားကစားကွင်းတွင် သွေးစိမ်းများကို ပါးစပ်ကနေ အန်ထုတ်လိုက်ရသည်။

သူ့မျက်နှာတစ်ခုလုံးက သွေးများစွန်းပေနေ၏။

သူက လုံးဝ အရှင်းကြီး အရိုက်ခံခဲ့ရသည်။

...................

ထိုအချိန်တွင် ဝမ်လင်းက သူ၏ ခေါင်းကို လှည့်ကာ လေထဲမှ အခြားတစ်နေရာသို့ လှည့်ကြည့်လိုက်သည်။

အစောပိုင်းက ဓားတာအို စွမ်းအားကြောင့် သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားသော ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပြန်လည် တည်ဆောက်နေပြီဖြစ်သည်။

အသားကပ်ဝတ်စုံအပြင် သူဝတ်ထားသည့် အဖြူရောင် တာအို၀တ်စုံကိုပင် ပြီးပြည့်စုံစွာ ပြန်လည်ရရှိခဲ့သည်။

သူက စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်၏ ထူးကဲသော အကျိုးသက်ရောက်မှုများ နှင့်အတူ တိုက်ရိုက် ရှင်ပြန်ထမြောက် လာခဲ့၏။

ဝမ်လင်း စောစောက ဤနေရာကို အမြန်ပြေးခဲ့စဥ်ကပင် ဗုံးပစ်စီနီယာ အင်မော်တယ် တကယ် မသေသေးမှန်း ခံစားခဲ့ရသည်။

ထို့အပြင် တောက်ပသော အောင်ပွဲခံဓားနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့၏ ဝိညာဉ်ဓားစာချုပ်က ကျိုးပဲ့သွားပြီဟု သူခံစားမိ၏။

ကောင်းကင် လက်နက် ရှစ်မျိုးကျမ်း နှင့် မဟာလက်နက် သန့်စင်ရေး တာအိုကို အသုံးပြု၍ သူသန့်စင်ထားသည့် စိတ်ဝိညာဥ် ဖိနှိပ်ခြင်းလက်စွပ် ဆယ်ခုအနက်၊ ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်စွပ်မှာ အထူးခြားဆုံး ဖြစ်သည်။

ကျန်လက်စွပ်များကမူ ပျမ်းမျှအားဖြင့် တတိယတန်းစား သူတော်စက် လက်နက်အဆင့်သာ ဖြစ်သည်။

သိုလှောင်လက်စွပ်အဖြစ် အသုံးပြုနိုင်သည့်အပြင် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်၏ အရေးအကြီးဆုံး စွမ်းရည်မှာ စိတ်ဝိညာဉ်ကို ထိန်းသိမ်းကာ ပြန့်ကျဲသွားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

စိတ်ဝိညာဥ်ပြိုကွဲပြီး နှစ်မိနစ်အကြာတွင် ဝိညာဉ်က ရှင်ပြန်ထမြောက်ခြင်း လုပ်ငန်းစဉ်၌ ရုပ်ခန္ဓာအသစ် ဖွဲ့စည်းခြင်းကို အခြေခံအုတ်မြစ်အဖြစ် လုပ်ဆောင်မည် ဖြစ်သည်။

ဆိုရလျှင် ဤသည်က စစ်မှန်သော ရှင်ပြန်ထမြောက်ခြင်း လက်စွပ်လည်း ဖြစ်သည်။

ခြားနားချက်မှာ အခြားသူများကို ပေးထားသည့် တတိယတန်းစား အဆင့် လက်စွပ်များသည် ရှင်ပြန်ထမြောက်ခြင်းကို နှစ်ကြိမ်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စင်စစ် ဗုံးပစ်စီနီယာအင်မော်တယ် လက်ထဲရှိ လက်စွပ်က ကမ္ဘာ့ဖီဆန် မှော်ရတနာတစ်ခုပင်။

သီအိုရီအရဆိုလျှင် လက်စွပ် မပျက်စီးသရွေ့ အကန့်အသတ်မရှိ ရှင်ပြန်ထမြောက်ခြင်းများကို လုပ်ဆောင်နိုင်မည် ဖြစ်၏။

All Chapters