← Chapters

မိစ္ဆာဓားနတ်ဘုရား သူ့ကိုယ်သူသံသယဖြစ်ခြင်း

Vol. 30 Ch. 443

မိစ္ဆာဓားနတ်ဘုရား သူ့ကိုယ်သူသံသယဖြစ်ခြင်း

Vol. 30 Ch. 443

သူ့လက်ထဲမှ ကျင့်ခယ်က ဤမျှ အစွမ်းထက်လိမ့်မည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် မထင်ထားခဲ့ပေ။

မိစ္ဆာဓားနတ်ဘုရားကို ဆယ်မီတာ အကွာအဝေး အတွင်း၌ အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သိထားသော်လည်း ၎င်းက ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေဆဲ ဖြစ်သည်။

ကျင့်ခယ် ရွေ့လျားသွားသောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်ကပါ အတူတကွ လိုက်ပါသွားခဲ့သည်။

ထို့အပြင် ကျင့်ခယ်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အညိုဖျော့ဖျော့ ဝိညာဉ် အလင်းလွှာနှင့် ဖုံးအုပ်ပေးထားသေး၏။

ကျင့်ခယ်က မိစ္ဆာဓားနတ်ဘုရား၏ "အဆင့်လွန်လျှပ်စစ်လှိုင်း" ဦးတည်ရာသို့ ရွေ့လျားသွားခဲ့သည်။

ထိုခဏဝယ် မက်မွန်သစ်သားဓား၏ အညိုရောင်ဓားချီက မိစ္ဆာဓားနတ်ဘုရား၏ အဆင့်လွန် လျှပ်စစ်လှိုင်း နှင့် ထိတွေ့လိုက်သော အခါတွင် အံ့သြဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့သည်။

အပေါ်ယံကြည့်လျှင် သိသိသာသာ အားနည်းသောအသွင်အပြင်ရှိသည့် အညိုရောင်ဓားချီက အဆင့်လွန်လျှပ်စစ်လှိုင်း ကဲ့သို့ ထူထဲသော အရာကို ထက်ခြမ်းကွဲစေခဲ့၏။

"ကောင်းကင်ဓားပျံ အင်မော်တယ် နည်းစနစ်လား"

မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာက တုန်လှုပ်ချောက်ခြားသွားခဲ့၏။

အဖြူရောင် ၀တ်စုံဝတ် လူငယ်လေး၏ လှုပ်ရှားမှုက သူ့ကို ဒဏ္ဍာရီလာ ဓားပညာ တစ်ခုအား သတိရစေသည်။

ထိုဓားပညာက သာမန် လှုပ်ရှားမှုဖြင့်ပင် ကြီးမားသော သက်ရောက်မှုများကို ဖန်တီးပေးနိုင်၏။

ဆိုရလျှင် ကောင်းကင်ဓားပျံ အင်မော်တယ် နည်းစနစ်က "အဆင့်လွန်လျှပ်စစ်လှိုင်း" ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ဓားပညာကို ချေဖျက်နိုင်ပေသည်။

သို့သော် ဤအင်မော်တယ် ဓားပညာမှာ အစောပိုင်းကပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လက်ရှိ ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ဤဓားပညာ၏ မှတ်တမ်းများ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

မှတ်တမ်းတွေကို အသာထား၊ ထိုဓားပညာနှင့် ပတ်သက်သည့် ပုံတစ်ပုံ၊ စာမျက်နှာ တစ်မျက်နှာပင် မရှိခဲ့ပေ။

သို့ဆိုလျှင် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည့် မျိုးမစစ်ကျင့်ကြံသူက အဘယ်ကြောင့် သုံးနိုင်ရသနည်း။

ထိုသို့တွေးမိပြီး မိစ္ဆာဓားနတ်ဘုရားက ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားမိလိုက်သည်။

ယင်းမှာ တိုက်ခိုက်ဖို့ တွန်းအားပေးနေသည့် မက်မွန်သစ်သားဓား၏ ပယောဂနှင့် မကင်းလောက်ပေ။

သို့ဆိုလျှင် အကြောင်းအရာ များစွာက အဓိပ္ပါယ်ရှိလာပေလိမ့်မည်။

မိစ္ဆာဓားနတ်ဘုရား၏ ကျောဘက်ရှိ ကောင်းကင်ပိုင်းဖြတ်ဓား၏ အရိုးစုဓားဝိညာဉ်ထံမှ ကျယ်လောင်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။

ပကတိအင်မော်တယ် အဆင့်၏ ဝိညာဉ်စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြင်းထန်စွာ ဖိအားပေးခဲ့ပြီး မူလစိတ်ဝိညာဉ် နယ်ပယ်ထဲရှိ ကျောင်းအားကစားကွင်းကို လှုပ်ယမ်းကာ ဒါဇင်နှင့် ချီသော ထန်းပင်များကို ဖြိုခွဲပစ်လိုက်သည်။

ထိုအော်သံကြောင့် ကျောင်း အဆောက်အအုံရှိ ပြတင်းပေါက် အားလုံးက ကွဲကြေသွားပြီး အဆောက်အအုံ တစ်ခုလုံး ပြိုကျသွားခဲ့သည်။

ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူက အဘယ်ကြောင့် အဆောက်အဦးတွေကို ဖျက်ဆီးပြီး ၎င်း၏ ခွန်အားကို ပြသလိုရသနည်း။

ကျင့်ခယ်ကို ကိုင်ထားရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ထဲကနေ သက်ပြင်းချမိသည်။

ယင်းက ညီနောင်လင်း၏ မူလစိတ်ဝိညာဉ်နယ်ပယ်ထဲမှကျောင်းဖြစ်၍သာ တော်တော့သည်။

တကယ့် အမှတ် 60 အထက်တန်းကျောင်း အစစ်သာ ဖြစ်ခဲ့လျှင် ပကတိအင်မော်တယ် အဆင့်၏ အော်သံက ကျောင်းမှာရှိသည့် ကျောင်းသားများနှင့် ဆရာများ အားလုံးကို နေရာတွင်ပင် ချက်ချင်း သေဆုံးစေလိမ့်မည် မဟုတ်ပါလော။

"မင်းသူငယ်ချင်းရဲ့ ဝိညာဉ်ဓားက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတာပဲ..."

မိစ္ဆာဓားနတ်ဘုရားက သူ့နှုတ်ခမ်းကို သပ်လိုက်သည်။

"ဟားဟား.. မင်းကို ငါ့ရဲ့ ဆယ်မီတာ ဓားတာအို အစွမ်း ခံစားခွင့်ပေးလိုက်မယ်"

မိစ္ဆာဓားနတ်ဘုရားက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထိုခဏဝယ် သူ့ကျောဘက်မှ အရိုးစုဓားဝိညာဥ်က ရုတ်တရက် နှစ်ဆခန့် အရွယ်အစား ပိုကြီးထွားလာသည်။

ထို့နောက်တွင် ဓားတာအို၏ ဆွဲငင်အားက ဂြိုဟ်တစ်ခုကဲ့သို့ အားကောင်းလာပြီး ဆယ်မီတာအချင်းဝက် ရှိသော စက်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဆယ်မီတာ ဓားစက်ကွင်းဆီကနေ ပြင်းထန်သော ဆွဲငင်အားကို ခံစားခဲ့ရသည်။

လျှပ်တစ်ပြက် အတွင်းမှာပင် သူက ဆယ်မီတာ ဓားစက်ကွင်း ထဲကို ဆွဲထုတ်ခံလိုက်ရ၏။

ဓားစက်ကွင်းထဲသို့ သူဝင်လာသည့် အခိုက်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်ချည်းဆိုသလို အားလျော့သွားသလို ခံစားလိုက်ရတယ်။

သို့သော် အလွန်လျင်မြန်စွာပင် အညိုရောင် ဓားအလင်းက သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်ရာ ဗုံးပစ်စီနီယာအင်မော်တယ်က အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွား၏။

သို့သော် ဘာမှ မပြောဘဲ အလွန်အမင်း နာကျင်သော အမူအရာဖြင့် သူ့ရင်ဘတ်ကို လက်ဖြင့်ဖိကာ ဟန်ဆောင်လိုက်သည်။

"ဒါကဘာလဲ"

မိစ္ဆာဓားနတ်ဘုရားက ပြုံးပြီး ပြောလိုက်သည်။

"ဒါက ငါ့ရဲ့ ဆယ်မီတာ ဓားစက်ကွင်း အတွင်းက သူတော်စင် အလင်းရောင်ပဲ...ဘယ်လိုလဲ.. အားနည်းလာတယ်လို့ မခံစားရဘူးလား.. မင်းရဲ့ ခွန်အားကို မထုတ်သုံးနိုင်တော့ဘူး မဟုတ်လား.. ချွေးနည်းနည်း ထွက်လာသလို ခံစားရလား"

"ငါ့ရဲ့ဆရာဖန်လွေ နဲ့ စီနီယာအကို ရီကျန့်ချွမ်တောင် ဒီစက်ကွင်းထဲမှာ အခက်တွေ့ဖူးမှတော့ မင်းက ဘာမို့လို့လဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "............."

ဝမ်လင်း ".............."

ကျင့်ခယ် ".............."

မိစ္ဆာဓားနတ်ဘုရား "ဘာဖြစ်လို့လဲ အခုကြောက်နေပြီလား...ငါ့ရဲ့ ဆယ်မီတာ ဓားစက်ကွင်းထဲမှာ မင်း လုံးဝ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး"

"ဟုတ်ပါတယ် ငါကတော့ ဘာမှ မစွမ်းဆောင်နိုင်ပါဘူး.. ဒါပေမဲ့ သခင်ကျင့်ခယ်ကတော့ ဖြစ်နိုင်တယ်"

သူ့စကားဆုံးသည်နှင့် ကျင့်ခယ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ နောက်ထပ် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မက်မွန်သစ်သားဓားဖြင့် လေထဲတွင် ခြောက်ထောင့်ကြယ်တစ်ခုကို ဆွဲလိုက်သည်။

ထို့နောက် လက်ဝဲလက်ဖြင့် ဓားကို ကိုင်ကာ မန္တန်ကို ရွတ်ဆိုလိုက်၏။

လက်ယာလက်ဖြင့်မူ စည်းတံဆိပ် ဖန်တီးလိုက်သည်။

ဆယ်မီတာ ဓားစက်ကွင်း အတွင်းရှိ ခြောက်ထောင့်ကြယ်ကနေ တောက်ပသော အပြာရောင် ဝိညာဉ်အလင်းတန်းက ချက်ချင်း ထွက်ပေါ်လာသည်။

လေထုက ကြယ်များဖြင့် စွန်းထင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ကြယ်ပင်လယ် တစ်ခု အတွင်း ရှိနေသကဲ့သို့ပင်။

ဤကြယ်များ၏ အလင်းရောင်အောက်တွင် သက်ရောက်မှုများ အားလုံးက မှိန်ဖျော့သွားခဲ့သည်။

၎င်းက အသေးအမွှား အစီအရင်သာ ဖြစ်သော်လည်း မိစ္ဆာဓားနတ်ဘုရားက အလွန်အမင်ယ တုန်လှုပ်သွားခဲ့သည်။

"ကောင်းကင်ဘုံကိုးပါး ကြယ်နည်းစနစ်"

"နောက်ထပ် ဒဏ္ဍာရီလာ ဓားနည်းစနစ် တစ်ခုလား"

မိစ္ဆာဓားနတ်ဘုရားက ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်ကာ အလွန် တုန်လှုပ်သွားခဲ့သည်။

ဤသည်မှာ မှော်စွမ်းရည်များကို ချေဖျက်သန့်စင်ရန် အတွက် အသုံးပြုခဲ့သော ဒဏ္ဍာရီလာ ဓားနည်းပညာ တစ်ခုဖြစ်ပြီး တိမ်မြုပ် ပျောက်ဆုံးသွားသည်မှာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်၏။

"တကယ်ပဲ ဒဏ္ဍာရီလာ ဓားနည်းစနစ် နှစ်ခုကို တစ်ခုပြီး တစ်ခုထုတ်သုံးနေတာလား"

မိစ္ဆာဓားနတ်ဘုရားက ရုတ်တရက် အနည်းငယ် ပင်ပန်းလာသလို ခံစားလိုက်ရသည်။

"ဒါက 'ကောင်းကင်ကြယ်ကိုးပွင့် ပညာရပ်လား"

မိစ္ဆာဓားနတ်ဘုရားက မေးလိုက်သည်။

"ဟုတ်တယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြန်ဖြေလိုက်သည်။

ဝမ်လင်း၏ စိတ်ချင်းဆက်သွယ်၍ ပြောဆိုမှုကို နားထောင်ပြီးနောက် သူသည် ဤဓားပညာ၏ အခြေခံကို နားလည်လာခဲ့သည်။

"အခုထုတ်သုံးလိုက်တဲ့ ကောင်းကင်ကြယ်ကိုးပွင့် ပညာရပ်ပဲ"

ထိုစကားကို ကြားလျှင် မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

ယင်းမှာ ဓားပညာ၏ အဆင့်အမြင့်ဆုံး ပညာရပ် ဖြစ်၏။

သူ၏ သူတော်စင် အလင်းတန်းများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထိုအချိန်တွင် သူက ရုတ်တရက် သူ့ကိုယ်သူပင် သံသယ ဝင်လာသည်။

"ကစားပွဲ ပြီးသွားပြီ..."

ဗုံးပစ်စီနီယာ အင်မော်တယ်က မက်မွန်သစ်သားဓားကို ကိုင်ထားသည်။

ယင်းအချိန်တွင် သူ့ပါးစပ်က ထွက်လာသည့် အသံက တကယ်တမ်းတွင် သူ့မဟုတ်ဘဲ ကျင့်ခယ်၏ အသံ ဖြစ်၏။

သူက အညိုရောင် ဝိညာဥ်အလင်းများ တောက်ပနေသော မျက်လုံးများဖြင့် မိစ္ဆာဓားနတ်ဘုရားကို စိုက်ကြည့်နေသည်။

"အောက်တန်းစား... ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ဓားတစ်လက်ကို မင်းမမြင်ဖူးဘူးလား"

..............

ဝမ်လင်း မြင်ကွင်းကို မော့ကြည့်လိုက်သည်။

လူတိုင်းက "ဓားတာအို၏ စွမ်းရည်"ကို ကွဲပြားစွာ နားလည်ကြ၏။

မိစ္ဆာဓားနတ်ဘုရား ဆုပ်ကိုင်မိခဲ့သော ဓားတာအို၏ အယူအဆ သဘောတရားမှာ "ဆယ်မီတာအတွင်း ပြိုင်ဘက်မရှိ" ဖြစ်သည်။

ဝမ်လင်း ဆုပ်ကိုင်ထားသော အယူအဆမှာ "အလုံးစုံသိမြင်တော်မူသောဉာဏ်" ဖြစ်သည်။

ကောင်းကင်အောက်ရှိ ဓားတာအို အားလုံးကို မဟာတာအို ထဲတွင် ပေါင်းစည်းထား၍ ဝမ်လင်း မသိသော ဓားပညာမရှိပေ။

၎င်းတို့ကို သူ့နေ့စဉ်ဘ၀တွင် တစ်ခါမျှ အသုံးမပြုဖူးချေ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ သူကြုံတွေ့ခဲ့ရသော ရန်သူအားလုံးကို လက်သီးနှင့် ခြေထောက်ကို အသုံးပြု၍သာ အနိုင်ယူခဲ့သောကြောင့် ဖြစ်သည်။

ကိစ္စတော်တော်များများတွင် မဟာဓားတာအိုကို အသုံးပြုရသည်က မသင့်လျော်ဟု သူထင်ခဲ့သည်။

ဝမ်လင်းက သူကျွမ်းကျင်သော ဓားပညာရပ် အားလုံးကို ကျင့်ခယ်အား နှစ်ရှည်လများ လွှဲပြောင်းပေးခဲ့၏။

ဟုတ်ပါသည်။ ဤသည်မှာ အခြား အွန်လိုင်းအသုံးပြုသူများ၏ နောက်ခံဒေတာကို ခိုးယူရန် ဆော့ဖ်ဝဲအချို့ကို အသုံးပြုသူများ၏ အရှက်မရှိသောအပြုအမူနှင့် ကွဲပြား၏။

၎င်းကို တင်စားရလျှင် တရားဝင်ခွင့်ပြုထားသော ကော်ပီဟုသာ ဆိုရမည်။

All Chapters