← Chapters

ကလေးတွေအိမ်စာလုပ်ဖို့ အချိန်လင့်ကုန်မယ်

Vol. 30 Ch. 447

ကလေးတွေအိမ်စာလုပ်ဖို့ အချိန်လင့်ကုန်မယ်

Vol. 30 Ch. 447

ဓားချီသက်ရောက်သည့် ဧရိယာအတွင်း အကြီးစား မီးပျက်ခြင်းနှင့် အီလက်ထရွန်နစ် စက်ပစ္စည်း အမျိုးအစား အားလုံး ချွတ်ယွင်းခြင်းသည် မိစ္ဆာဓားနတ်ဘုရား၏ လုပ်ရပ်များဖြစ်သည်။

ကျိုးရီက အခင်းဖြစ်ပွားရာသို့ လာရင်း သတိပေးချက်များ ပြည့်နှက်နေသော အွန်လိုင်းမှတ်ချက်များကို ကြည့်လိုက်သည်။

သူက အမှန်တကယ် ကူကယ်ရာမဲ့နေသည်။

စုန့်ဟိုင်မြို့ အစိုးရက ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများ အတွက် မလွဲမသွေ ကြီးမားစွာ ပေးဆောင်ရမည် ဖြစ်သည်။

တစ်ချိန်တည်းတွင် ကျိုးရီက ဤကဲ့သို့ အကျိုးသက်ရောက်မှုကို ဖန်တီးရန် ဤကမ္ဘာပေါ်၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သိလိုခဲ့သည်။

ကားပေါ်တွင် လက်ထောက်ညွှန်ကြားရေးမှူး ကျုံးလန် နှင့် ကျိုးရီ တို့က ထိုင်နေကြ၏။

ယာဉ်မောင်းက လျင်မြန်စွာ မောင်းနှင်လာ၍ စောစောက ဝမ်လင်း တည်နေရာ ပေးပို့သည့် နေရာသို့ နီးကပ်လာခဲ့သည်။

"အကိုကျိုး ဒီတစ်ခါ ဘာဖြစ်တာလဲ"

"ကိစ္စကြီးတစ်ခုပဲ... ငါတို့ အဲဒီကို ရောက်တာနဲ့ မင်းသိလာလိမ့်မယ်"

ကျိုးရီက လေးနက်စွာ ပြန်ဖြေလိုက်သည်။

သို့သော် ယခင်ကိစ္စများကို အခြေခံလျှင် "အင်မော်တယ်များကြား တိုက်ပွဲ"က ဖြစ်နိုင်ခြေအရှိဆုံးဟု ကျိုးရီ မှန်းဆမိခဲ့သည်။

ယခုတစ်ကြိမ်တွင် သူ့ဆရာကို ရှုံးနိမ့်ခဲ့သောလူမှာ အထင်ကရပုဂ္ဂိုလ် တစ်ယောက် ဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။

ကျုံးလန်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"ဒါပေမယ့် ယုတ္တိကျကျ ပြောရရင် ဒါက ကျောင်းသားတွေ နဲ့မှမဆိုင်တာ.. ငါတို့တွေ စည်းကျော်မိနေပြီ မဟုတ်လား.. တခြားဌာနတွေက ငါတို့ကို တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"အဲဒီလောက်ထိ စိုးရိမ်မနေပါနဲ့"

ကျိုးရီက ခေါင်းယမ်းပြီး ပြောသည် ။

"ပထမဆုံးအနေနဲ့ ဒီအဖြစ်အပျက်က ကျောင်းသားတွေ အပေါ်ကို သေချာပေါက် သက်ရောက်မှု ရှိပါတယ်"

ကျုံးလန် "????"

ကျိုးရီ

"အခုက စာမေးပွဲဖြေဖို့ အချိန် နီးကပ်လာပြီလေ.. ကလေးတွေက မီးမလာတာကြောင့် စာကျက်လို့ မရဘူး.. စောစောက ရုံးမှာ ဖုန်းနဲ့ တိုင်ကြားစာတွေ အများကြီး ရထားတယ်.. အမိမြေရဲ့ ပျိုးပင်လေးတွေကို ဂရုစိုက်တဲ့ အုပ်ထိန်းသူတွေ အနေနဲ့ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို ဒီကလေးတွေအတွက် စီစစ်သင့်တယ်"

ကျုံးလန် အံ့အားသင့်သွားသည်။

"........."

ဤအကြောင်းပြချက်ကို သူနားလည်နိုင်သည်။

သို့သော် ကျောင်းဖိုရမ်၏ မက်ဆေ့ချ်များကို အခုလေးတင် သူကြည့်ခဲ့ရာ ကလေးတွေ အားလုံးက မီးပျက်သည်ကို ထီပေါက်သလို ပျော်ရွှင်နေကြသည်။

မီးအကြီးအကျယ် ပျက်ခြင်း ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။

ကျောင်းသား အများအပြား၏ ပထမဆုံး တုံ့ပြန်မှုသည် အိမ်စာ မပြီးမြောက်သည့် အတွက် နောင်တရခြင်း မဟုတ်ပေ။

ထိုအစား နောက်နေ့ အိမ်စာမတင်ရ၍ ဝမ်းသာနေကြသည်။

"မင်းပြောခဲ့တဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး..."

ဤအထိပြောပြီး ကျိုးရီ ခဏမျှ တိတ်ဆိတ်သွားသည်။

ကြီးမားသော ဖြစ်ရပ်များတွင် ပါဝင်ပတ်သက်မှုကြောင့် သူ၏ ကျော်ကြားမှုက မြင့်တက်လာသည်။

သတင်းစာကြီးများက သူနှင့် သက်ဆိုင်သော အကြောင်းအရာ များကို အလေးပေး သတင်းယူရသည် အထိပင်။

သူနှင့်ပတ်သက်သည့် ဆောင်းပါးက ၂ရက်ခြားလိုလို ရှိနေတတ်သည်။

အခြေခံအားဖြင့် ဆောင်းပါးက မည်သို့မှ ရပ်မည် မဟုတ်ချေ။

ထို့အပြင် ကျိုးရီ ၏ ရပ်တည်ချက်က အပြုသဘောဆောင်ပြီး စံပြလူသား မုချ လိုအပ်သော နယ်ပယ်တစ်ခု ဖြစ်သည့် ပညာရေးနှင့်လည်း သက်ဆိုင်နေသည်။

ယခုခေတ်တွင် လူသားများသည် ညီအကို မောင်နှမများထဲမှ ရုပ်ရည် ချောမောသူ တစ်ဦး သို့မဟုတ် နှစ်ဦးကို နယ်ခြားစောင့်တပ်များ၊ စစ်တန်းလျားများ နှင့် ယာဉ်ထိန်းရဲတပ်မအသီးသီး သို့မဟုတ် ပြည်သူများအား တပ်မတော်သို့ ဝင်ရောက်ရန် လှုံ့ဆော်ပေးသည့် အကြောင်းအရာများဖြင့် လှုံ့ဆော်ခဲ့ကြသည်။

အကြောင်းရင်းမှာ အဘက်ဘက်မှ ပြည့်စုံသည့် စံပြလူသားတစ်ယောက် ဖြစ်လာရန် ဖြစ်၏။

အလားတူပင် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သည့် အတွင်းရေးမှူး တာခန်းကလည်း ပညာရေးနယ်ပယ်တွင် ပညာရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူအဖြစ် ကိုယ်စားလှယ်တစ်ဦး ရှိသင့်သည်ဟု ထင်မြင်ခဲ့သည်။

ကျိုးရီက စံပြလူသားတစ်ဦး ဖြစ်သည်။

ထိုထက်မက သူက အမှန်တကယ် ရုပ်ရည်ချောမောသူလည်း ဖြစ်၏။

သူက ရုပ်ရှင်သရုပ်ဆောင်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ပင်ကို စိတ်ထားဖြူစင်ပြီး တရားမျှတသော ပညာတတ်တစ်ဦး ဖြစ်သည် မဟုတ်ပါလား။

အစိုးရအဖွဲ့အစည်း၏ ဖွဲ့စည်းပုံအရ ဌာနတစ်ခုတည်း မဟုတ်လျှင်ပင် အဆင့်တူဆိုပါက ပြိုင်ဆိုင်မှု အရမ်းပြင်းထန်၏။

မနာလိုသူများက ဆွဲချရန် အဆင်သင့် ရှိနေတတ်ကြသည်။

ကျိုးရီက အမြဲလိုလို မနာလိုခံရတတ်သော်လည်း သူ့ကို လက်လှမ်းမီသူ အနည်းငယ်သာ ရှိခဲ့သည်။

ကျိုးရီ သက်ပြင်းချလိုက်ပြီး ပြုံးလိုက်သည်။

"တိုင်ကြားမှုတွေ ရှိလာမှာ သေချာပါတယ်.. ဒါပေမယ့် အခြေခံအားဖြင့်တော့ တိုင်ကြားစာတွေ လက်ခံရပေမဲ့ သိပ်ဂရုစိုက်စရာ မလိုပါဘူး"

ကျုံးလန် "ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်က ကျနော် အများကြီး လက်ခံခဲ့ရတယ်..."

ကျိုးရီ "အဲဒါက အတွင်းရေးမှူး တာခန်း စီစဉ်ပေးထားတဲ့ ရုံးချုပ်က တိုင်ကြားစာတွေပါ.. အတွင်းရေးမှူးက ငါ့ကို လူရင်းလို သဘောထားတဲ့အတွက် ရုံးပိုင်းဆိုင်ရာတွေကိုလေ့ကျင့်ပေးနေတာလေ"

".........."

ကျုံးလန် ရုတ်တရက် နားလည်သွားသည်။

သူ့စိတ်ထဲတွင် ကျိုးရီနှင့် ပတ်သက်သည့် စကားကြီး သုံးခွန်း ပေါ်လာသည်။

"အရေးပါသူ" "လူ့အဖွဲ့အစည်း" "ရန်မစသင့်"...

..............

ကားက ဖြည်းဖြည်းချင်း အခင်းဖြစ်သည့် နေရာသို့ ချဉ်းကပ်လာသည်။

သူတို်က ခန့်မှန်းခြေနေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အခင်းဖြစ်သည့် နေရာသို့ ရောက်ရန် အချိန်အတော် လိုနေသေး၏။

မည်သို့ပင်ဖြစ်စေ အဆုံးသတ်တွင် သူတို့က ဗုံးပစ်စီနီယာ အင်မော်တယ်ကို အထစ်အငေါ့ မရှိဘဲ ရှာဖွေနိုင်ခဲ့သည်။

အကြောင်းရင်းမှာ ထွင်ထျန်းဟာ၏ ထူးထူးခြားခြား တောက်ပနေသော အစိမ်းရောင် ခွေးမွေးများကြောင့် ဖြစ်၏။

အမှောင်ထဲတွင် စိမ်းတောက်နေသည့် အရောင်ကို အဝေးကနေ ကြည့်ရသည်မှာ ကြည်နူးစရာပင်။

အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကား၏ ရှေ့မီးများကို ဖွင့်လိုက်သော်လည်း ၎င်းက ထွင်ထျန်းဟာ၏ မျက်လုံးများကို မသက်မသာ ဖြစ်စေခဲ့သည်။

သူက ကားမီးအလင်းကို ရှောင်ရှားရန် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နောက်တွင် ကွယ်နေခဲ့သည်။

"မင်္ဂလာပါ စီနီယာအင်မော်တယ်"

ကျိုးရီ နှင့် ကျုံးလန်က ကားပေါ်မှ ဆင်းလာပြီးနောက်တွင် ကျိုးရီက ရှေ့တိုးကာ ဗုံးပစ်စီနီယာ အင်မော်တယ်အား နှုတ်ခွန်းဆက်စကား ပြောကြားလိုက်သည်။

ဤအခိုက်အတန့်တွင် ကျန်းလန်က ဤဖြစ်ရပ်အား သတင်းပေးသူမှာ ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ နာမည်ကျော် "ဗုံးပစ်စီနီယာ အင်မော်တယ်" ဖြစ်သည်ကို သိလိုက်ရသည်။

ယခုဖြစ်ရပ်က အဘယ်ကြောင့် စိတ်အနှောင့်အယှက် ကြီးကြီးမားမား ဖြစ်စေနိုင်သည်ကို ယခုအခါတွင် နားလည်သွားပြီ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်ကလည်း လက်သီးဆုပ်ကာ ပြန်လည် ဂါရဝပြုလိုက်သည်။

"မင်္ဂလာပါ ညီနောင်ကျိုး.. မင်းကို ထပ်ပြီး ဒုက္ခပေးရဦးမယ်"

ကျိုးရီ "စီနီယာအင်မော်တယ်.. ယဉ်ကျေးနေဖို့ မလိုပါဘူး... ငါအတော်ကြာသွားတယ်..."

ထွင်ထျန်းဟာ "........."

ကျုံးလန် ".........."

ကျိုးရီ "ဒါပေမယ့် စီနီယာအင်မော်တယ်.. မင်း ငါတို့ကို ဘာတွေ ဖြစ်ပျက်ခဲ့လည်းဆိုတာ ပြောပြလို့ရမလား"

အစောပိုင်းတွင် ဝမ်လင်းက ဤနေရာနှင့် ပတ်သက်၍သာ အကြောင်းကြားထားသောကြောင့် ကျိုးရီက အခြေအနေ တစ်ခုလုံး၏ အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော မိစ္ဆာဓားနတ်ဘုရားကို ညွှန်ပြလိုက်သည်။

"ဒီလူငယ်ကိုတွေ့လား.. သူ့ရဲ့ ဇစ်မြစ်က အရမ်း ထူးခြားတယ်.. သူက ပထမတန်းစား ရာဇ၀တ်ကောင် ဖြစ်တဲ့ မိစ္ဆာအင်ပါယာ ထက် လုံးဝမနိမ့်ကျဘူး.. သူက မရေမတွက်နိုင်တဲ့ အပြစ်တွေကို ကျူးလွန်ခဲ့ပြီး ယခင် ဂန္တဝင် လူဆိုးတွေ ထက် ပိုပြီး အရည်အချင်း ရှိတဲ့ အပြင် ဗိုလ်ချုပ်ရီနဲ့လည်း နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်"

ထိုစကားကိုကြားလျှင် ကျိုးရီ နှင့် ကျုံးလန်၏ မျက်နှာများက ဖြူဖျော့သွားခဲ့သည်။

နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်နှင့် ဆက်စပ်နေ၍ ဤကိစ္စက နောက်ကွယ်တွင် မည်မျှနက်နဲကြောင်း သိသာနေ၏။

ထို့အပြင် ကျိုးရီ နှင့် ကျုံးလန် တို့ကို အလွန်အံ့အားသင့်စေသည့်အချက်မှာ ဤလူငယ်၏ စွမ်းရည်က ကွာဖီ နှင့် ချန်ယွီတို့ထက် ပိုမို အဆင့်မြင့်နေသော အချက် ဖြစ်သည်။

ကျိုးရီက အသက်ခပ်ပြင်းပြင်း ရှူ၍ မေးခွန်းထုတ်လိုက်သည်။

"စီနီယာ အင်မော်တယ်.. ဒီလူက ပကတိအင်မော်တယ် အထွတ်အထိပ် အဆင့်ကို ရောက်နေတာလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်.. ဒါ့အပြင် သူက မဟာတာအိုကိုတောင် ဖမ်းဆုပ်မိသွားပြီ"

[ဒါပေမဲ့ မင်းရဲ့ဆရာ သိမ်းသွားခဲ့တယ်]

All Chapters