စုန့်ဟိုင်ထောင်ထဲတွင် အထင်ကရပုဂ္ဂိုလ်များ အတူဆုံတွေ့ကြခြင်း
Vol. 30 Ch. 448
"မဟာတာအိုကို ဖမ်းဆုပ်မိခဲ့တယ် ဟုတ်လား"
ကျိုးရီ နှင့် ကျုံးလန်တို့ အံသြသွားကြသည်။
သူတို့သည် ရွှေအမြူတေ အဆင့်တွင်သာ ရှိ၍ 'မဟာတာအို' ၏ အဓိပ္ပာယ်ကို မသိဟု မဆိုလိုပေ။
မဟာတာအိုဆိုသည်မှာ တာအိုဘာသာ၏ အခြေခံသဘောတရားများနှင့် သက်ဆိုင်ပြီး အနည်းဆုံး ပကတိ အင်မော်တယ် အဆင့်သို့ ရောက်ရှိပြီးမှသာလျှင် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။
၎င်းက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း ကျင့်ကြံသူများ အတွက် လက်လှမ်းမီရန် အလွန်ဝေးကွာသည့် အရာတစ်ခုဖြစ်၏။
သူတို့နှစ်ယောက် အတွက်ဆိုလျှင် ပို၍ပင် ဝေးကွာနေသည် မဟုတ်ပါလော။
ကျိုးရီက မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူငယ်ကို ငေးကြည့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ သူ့ဆရာဝမ်လင်း ဤနေရာတွင် ရှိမနေမှန်း သိလိုက်ရသည်။
သို့သော် ဤနေရာ၏ ကိုသြဒိနိတ်များကို စောစောက ပေးပို့ခဲ့သူမှာ သူ့ဆရာမှာ အမှန်ပင်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပြောစကားအရ ဤလူငယ်က ပကတိအင်မော်တယ် တစ်ယောက် ဖြစ်ပြီး မဟာတာအိုကိုဆုပ်ကိုင်နိုင်ခဲ့သည် ဆိုလျှင် စီနီယာ အင်မော်တယ်၏ လက်ရှိခွန်အားဖြင့် အနိုင်ရစရာအကြောင်း လုံးဝမရှိပေ။
ထို့ကြောင့် ထိုလူငယ်ကို အနိုင်ယူခဲ့သူမှာ သူ့ဆရာဖြစ်ပြီး ဤနေရာမှ ထွက်ခွာပြီးနောက်တွင် စီနီယာ အင်မော်တယ်နှင့် လွှဲထားလိုက်ပုံရ၏။
သူ့ဆရာက သိုသိုသိပ်သိပ် နေလိုသူ တစ်ယောက်ဖြစ်ကြောင်း ကျိုးရီ ကောင်းစွာ သိထားသည်။
သူ့ဆရာက ကိစ္စတစ်ခုခုကို ရှင်းထုတ်ပြီးလျှင် နောက်ဆက်တွဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် သူ့ကို ချက်ချင်းခေါ်တတ်၏။
သို့သော် ဤတစ်ခေါက်တွင်မူ ပြသနာဖြစ်လာခဲ့သည်။
ဤသည်မှာ ပကတိအင်မော်တယ် ဖြစ်သည်။
သူ၊ ကျုံးလန် နှင့် ဗုံးပစ်စီနီယာ အင်မေယ်တယ်တို့ ပူးပေါင်းပြီး တိုက်ခိုက်လျှင်ပင် ပကတိအင်မော်တယ်၏ လက်ဝါးတစ်ချက်ဖြင့် အသတ်ခံရနိုင်သည် မဟုတ်ပါလား။
ကျိုးရီက မြေပြင်ပေါ်ရှိ လူငယ်ကို ကြည့်ပြီး ခေါင်းအနည်းငယ် ကိုက်သွားသည်။
သူက ဤဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် မထမ်းနိုင်ပေ။
သူ့အနေဖြင့် အကြောင်းပြချက်ပေးလျှင်ပင် ယုတ္တိ မကျလောက်ပေ။
အင်မော်တယ်စံအိမ် သခင်ကို ဖမ်းဆီးခဲ့သည့်အချိန်အား ကျိုးရီ သတိရမိသည်။
တစ်ဖက်လူက ခြေသလုံးအိမ်တိုင် အင်မော်တယ် တစ်ယောက် ဖြစ်သော်လည်း ချက်ဂရုမှ ထိပ်တန်းကျင့်ကြံသူများက ဝန်းရံပြီး အနိုင်ယူခဲ့ကြသည်။
သူတို့၏ အင်အားက အဆင့်ချင်း မတူညီသော်လည်း အနည်းဆုံးတော့ ကွာဟချက် သိပ်မရှိလှပေ။
ယခုတစ်ခေါက်တွင်မူ ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်သည်။
သူတို့သုံးယောက်၏ ပူးပေါင်းအားထုတ်မှုကြောင့် ပကတိအင်မော်တယ် ရိုက်နှက်ခံရသည် ဆိုသည်မှာ ယုံလောက်ဖွယ်မရှိပေ။
"ညီနောင်ကျိုး.. မင်းဘာတွေစိတ်ပူနေတာလဲ"
ကျုံးလန် မေးလိုက်သည်။
"ဒီကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ဖို့ မသင့်လျော်ဘူးလို့ ငါတွေးမိတယ်.."
ကျိုးရီက မေးစေ့ကို လက်ဖြင့် ပွတ်သပ်၍ ပြောလိုက်သည်။
"ကျုံးလေး.. ထောင်အုပ်လျန့်ကို ငါ့ကိုယ်စား ဆက်သွယ်ပြီး ဒီကိစ္စကို ဖြေရှင်းလိုက်ပါ"
ကျုံးလန်က နာခံစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ အကိုကျိုး"
"ညီနောင်ကျိုးရီ.. ဒီလို ရက်စက်တဲ့ ရာဇ၀တ်ကောင်ကို ဖမ်းနိုင်တာက တုနှိုင်းမရတဲ့ အောင်မြင်မှုလို့ ယူဆနိုင်ပါတယ်.. ဘာလို့ တခြားတစ်ယောက်ကို လွှဲပေးလိုက်တာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံး၍ မေးလိုက်သည်။
ကျိုးရီ သက်ပြင်းချလိုက်သည်။
"ဒီတစ်ခေါက်ကိစ္စက အရမ်း လေးလံလွန်းတယ်.. ပကတိအင်မော်တယ် အဆင့်ကျင့်ကြံသူကို ငါတို့အစွမ်းအစနဲ့ ဖမ်းမိတယ်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ "
ဗုံးပစ်စီနီယာအင်မော်တယ် "............"
ရှင်းလင်းပြတ်သားစွာ ပြောရလျှင် ကိစ္စရပ်က ကျင့်ကြံခြင်း အဆင့်ချင်း အလွန်အမင်း ကွာဟမှုကြောင့် ဖြစ်သည်။
ကျိုးရီက အမှန်တကယ်ပင် မိမိကိုယ်ကို ကောင်းစွာ သိသူဖြစ်သည်။
တချို့ကိစ္စကို သူတာဝန်ယူနိုင်သော်လည်း တစ်ချို့ကိုမူ မတတ်နိုင်ပေ။
သူ့ဆရာ၏ တစ်ဝက်လောက် သန်မာလာချိန်မှသာ ဤကိစ္စမျိုးကို တတ်နိုင်ပေလိမ့်မည်။
သို့သော် အခုအချိန်အထိ သူ့ကိုယ်သူ အားနည်းနေဆဲဟု ခံစားမိနေတုန်းပင်။
"ဒါပေမယ့် စီနီယာအင်မော်တယ်.. ဒီလူရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းနက်နဲတယ်.. သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆို ဖမ်းခေါ်သွားဖို့ အဆင်ပြေပါ့မလား"
ကျိုးရီက မေးလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်
"ညီနောင်ကျိုး.. ဘာမှ စိုးရိမ်စရာမရှိပါဘူး.. ဒီလူရဲ့ စိတ်ဝိညာဉ်ကို စည်းတံဆိပ် ခတ်ထားပြီးပြီ.. အခုချိန်မှာ သူက သာမန်လူနှင့် မခြားနားတော့ဘူး"
"မင်း သူ့ကို စိတ်ချလက်ချ ဖမ်းဆီးနိုင်တယ်.. အကယ်၍ စိတ်မသက်မသာ ဖြစ်နေရင်လည်း ဝိညာဥ် အချုပ်အနှောင်ကို အသုံးပြုခွင့်ရဖို့ အထက်လူကြီးတွေကို လျှောက်ထားလိုက်ပေါ့"
"ဒါ့အပြင် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ရီနဲ့ ဆက်သွယ်တာ အကောင်းဆုံး ဖြစ်မယ်လို့ ငါအကြံပြုချင်တယ်
ကျိုးရီ ခေါင်းညိတ်လိုက်သည်။
"စီနီယာ အင်မော်တယ် ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်"
အဆုံးသတ်တွင် ဤလူက နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်နှင့် ပတ်သက်နေသောကြောင့် သူ့အနေဖြင့် သတိကြီးစွာ ထားရပေမည်။
"ဒါပေမယ့် စီနီယာအင်မော်တယ်.. ဒီလူက ဘယ်သူများလဲ"
"ဆယ်မီတာဓားနတ်ဘုရား ချန်နန်ရွှယ်.. တချို့က မိစ္ဆာဓားနတ်ဘုရားလို့ လည်း ခေါ်ကြတယ်"
ကျိုးရီ နှင့် ကျုံးလန် တို့၏ မျက်နှာများတွင် စဥ်းစားခန်းဝင်နေသော အမူအရာများ ဖြစ်ပေါ်လာသည်။
"ဒါက သူ့နာမည် တကယ်ပဲလား"
ဗုံးပစ်စီနီယာ အင်မော်တယ် အလွန် အံ့သြသွားသည်။
"မင်းတို့ သူ့အကြောင်း ကြားဖူးလို့လား"
ကျိုးရီ "မကြားဖူးပါဘူး.."
ဗုံးပစ်စီနီယာ အင်မော်တယ် "..........."
တကယ်ပဲ သူတို့က မိစ္ဆာဓားနတ်ဘုရားကို မသိကြပေ။
မိစ္ဆာဓားနတ်ဘုရားခေတ်က အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် မိစ္ဆာဓားနတ်ဘုရား၏ သရုပ်မှန်က ဗိုလ်ချုပ်ရီ နှင့် တိုက်ရိုက် သက်ဆိုင်နေ၏။
မိစ္ဆာဓားနတ်ဘုရား၏ တရားလက်လွတ် လုပ်ရပ်များကြောင့် အထက်အရာရှိများက မိစ္ဆာဓားနတ်ဘုရား၏ သဲလွန်စကို လျှို့ဝှက်ရှာဖွေရန် အချိန်တိုင်းတွင် လူများစွာ စေလွှတ်ခဲ့သည်။
သို့သော်လည်း မီဒီယာများမှ ပေါက်ကြားခဲ့သည့် သတင်းများနှင့် မိစ္ဆာဓားနတ်ဘုရား နှင့် ပတ်သက်သော သတင်းများမှာ ထိုအချိန်ကတည်းက အေးခဲသွားခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် စာကြည့်တိုက်တွင် သွားရှာလျှင်ပင် မိစ္ဆာဓားနတ်ဘုရား အကြောင်း ပါဝင်သည့် သတင်းစာက ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်က ကျိုးရီ နဲ့ ကျုံးလန် အလွန်ငယ်သေး၍ မိစ္ဆာဓားနတ်ဘုရားကို မသိခြင်း ဖြစ်နိုင်၏။
ထို့အပြင် ကျင့်ကြံခြင်းချက်ဂရုတွင် မိစ္ဆာဓားနတ်ဘုရား ရှိနေခဲ့လျှင်ပင် လူများစွာက သူ့အကြောင်းကို များများစားစား ပြောနိုင်မည် မဟုတ်ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားခဲ့ရသည်။
ဖန်းကွမ်းသာ ထိုအချိန်က မိစ္ဆာဓားနတ်ဘုရား နှင့် ပုဂ္ဂိုလ်ရေးအရ ထိပ်တိုက်တွေ့ခြင်း မရှိခဲ့လျှင် မိစ္ဆာဓားနတ်ဘုရား၏ သဲလွန်စကို မည်သို့မှ ရရှိမည် မဟုတ်လောက်ချေ။
ယနေ့ဖြစ်ရပ် ပြီးနောက်တွငိ ဗုံးပစ်စီနီယာ အင်မော်တယ်က နယ်ပယ် အဆင့်များကြား ကွာဟချက် အပေါ် ပို၍ နားလည်လာသည်။
မိစ္ဆာဓားနတ်ဘုရားက တကယ်ကို ရက်စက်လွန်း၏။
အကယ်၍ ထိုအချိန်က ဖန်းကွမ်းသာ ပကတိ အင်မော်တယ် မဟုတ်ခဲ့လျှင် သေခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထောင်အုပ်လျန့် ရောက်လာချိန်တွင် ညဆယ်နာရီ ထိုးခါနီးနေပြီ ဖြစ်သည်။
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ကျိုးရီ တို့က မိစ္ဆာဓားနတ်ဘုရား ကိစ္စ နှင့် ပတ်သက်၍ ညသန်းခေါင်ကျော်သည်အထိ အလုပ်များခဲ့ကြသည်။
.................
စုန့်ဟိုင်ထောင်..
ထောင်အုပ်လျန့်က မိစ္ဆာဓားနတ်ဘုရားကို ညတွင်းချင်းပင် ထောင်ထဲသို့ တန်းပို့လိုက်သည်။
မိစ္ဆာဓားနတ်ဘုရားက"ကမ္ဘာဖျက်ဓား" ဖြင့် စိတ်ဝိညာဥ်ကို တံဆိပ်ခတ် ခံရပြီးနောက်တွင် တစ်ခါတည်း သတိလစ်သွားခဲ့သည်။
ထောင်အုပ်လျန့်က မိစ္ဆာဓားနတ်ဘုရားကို ဝိညာဥ်အချုပ်အနှောင်များ ချက်ချင်း ခတ်လိုက်ပြီး အထူး အကျဉ်းခန်းကို ပို့ရန်ပြင်လိုက်သည်။
ထောင်တံခါး ဖွင့်ပြီးနောက်တွင် ထောင်စောင့်နှစ်ဦးက သတိလစ်နေသော မိစ္ဆာဓားနတ်ဘုရားကို အထူး အကျဥ်းခန်း အတွင်းသို့ သယ်ဆောင်သွားခဲ့သည်။
ထောင်အုပ်လျန့်က သူတို့၏ နောက်ကနေ လိုက်သွားရင်း သက်ပြင်းချလိုက်သည်။
လအနည်းငယ်သာ ကြာသေးသော်လည်း တတိယမြောက် ဂန္တဝင် ရာဇဝတ်ကောင် တစ်ယောက်ကို ထပ်မိလာသည်။
သူက အထူးအကျဥ်းခန်းထဲမှ မိစ္ဆာအင်ပါယာကွာဖီ နှင့် တရားထိုင်နေသော အင်မော်တယ်စံအိမ် သခင်ချန်ယွီ တို့ကို ကြည့်လိုက်သည်။
ယခုအခါတွင် မိစ္ဆာဓားနတ်ဘုရားက ၎င်းတို့နှင့် အခန်းဖော်များ ဖြစ်လာတော့မည် ဖြစ်သည်။
ထောင်အုပ်လျန့်က အထူးအကျဉ်းခန်းကို တိုးချဲ့ရန်အတွက် ရန်ပုံငွေ တောင်းခံနိုင်လောက်သည်ဟု တွေးမိခဲ့သည်။
မိစ္ဆာအင်ပါယာ ကွာဖီနှင့် အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့ အဖမ်းခံရသည်မှာ ကြာမြင့်နေပြီဟု ထင်မြင်ရသော်လည်း တကယ်တမ်းတွင် နှစ်လသာ ရှိသေး၏။
၎င်းတို့ အပြည့်အဝ ပြန်မကောင်းသေးခင်မှာပင် အကျဉ်းသားအသစ်က ရောက်ရှိလာပြီ ဖြစ်သည်။
"လျန့်.. ဒီလူက ဘယ်သူလဲ "
လူသစ်တစ်ယောက် ဝင်လာသည်ကို မြင်လျှင် မိစ္ဆာအင်ပါယာကွာဖီက ရယ်မော၍ မေးလိုက်သည်။
သူက ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ကို အသုံးပြုထားဆဲဖြစ်သည်။
မိစ္ဆာအင်ပါယာက ဝိညာဉ်အချုပ်အနှောင်ကို ၀တ်ဆင်ထားပြီး စိတ်ဝိညာဉ်ကို စည်းတံဆိပ်ခတ် ခံထားရသောကြောင့် ခန္ဓာကိုယ်ကို ကျန်းလျှိုယွဲ့နှင့် ပြန်လဲလှယ်ရန်မှာ မဖြစ်နိုင်သေးပေ။
ယင်းမှာ အထက်အာဏာပိုင်များက စည်းတံဆိပ်ကို ရုတ်သိမ်းလိုက်လျှင် တစ်စုံတစ်ရာ ဖြစ်လာမည်ကို စိုးရိမ်၍ ဖြစ်သည်။
ကျန်းလျှိုယွဲ့၏ ဝိညာဉ်ကိုမူ ကျောက်သရဲမျက်နှာဖုံးကနေ ခန္ဓာကိုယ် တစ်ခု သို့ လွှဲပြောင်းထားခဲ့သည်။
"လောလောဆယ်တော့ ဘာမှတ်ချက်မှ မပေးချင်ဘူး... ဒါပေမယ့် သူ့ကို မနှောင့်ယှက်ဖို့ ငါအကြံပေးချင်တယ်"
ထောင်အုပ်လျန့်က မှော်စွမ်းအားဖြင့် မိစ္ဆာဓားနတ်ဘုရားကို နံရံကပ် အိပ်စင်ပေါ်သို့ ပို့လိုက်သည်။
"မင်းတို့နှစ်ယောက် သူ့ကို စောင့်ရှောက်လိုက်ပါ"
ထို့နောက် သူက ထောင်စောင့်များနှင့်အတူ ထွက်ခွာမသွားခင် အချုပ်ခန်းတံခါးကို ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တင်းကျပ်စွာ ပိတ်လိုက်သည်။
..............
နှစ်မိနစ်အကြာ...
ချန်ယွီက ခေါင်းကို မော့ပြီး သူ့ဘေးနားက မိစ္ဆာအင်ပါယာ ကွာဖီကို ကြည့်လိုက်သည်။
"မိစ္ဆာအင်ပါယာ မင်းဘာပြောစရာရှိလဲ"
ချန်ယွီက ရယ်မော၍ ပြေ.လိုက်သည်။
"ဟားဟား ဒီကောင့်ကို အရင် နှိုးရမယ်.."
ဦးချိုးထားခြင်းသည် ထောင်ထဲသို့ ဝင်ရောက်လာသော ထောင်သား အသစ်တိုင်း အတွက် မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။
အထူးအကျဉ်းခန်း အတွင်းမှ လူနှစ်ယောက် သူ့ထံသို့ ချဉ်းကပ်လာသော အခိုက်တွင် မိစ္ဆာဓားနတ်ဘုရားက သတိလစ်နေဆဲ ဖြစ်သည်။
ထို့နောက် ရှင်းလင်းပြတ်သားသော "ဖြန်းဖြန်း" ဟူသည့် အသံ နှစ်သံကို ကြားရသည်။
မိစ္ဆာဓားနတ်ဘုရားက နှစ်ကြိမ်ထပ်ပြီး ပါးရိုက်ခံခဲ့ရ၏။