← Chapters

ငှက်ရူးလေး.. ငှက်ရူးလေး.. အဲ့ဒါ နင်မလား

Vol. 45 Ch. 667

ငှက်ရူးလေး.. ငှက်ရူးလေး.. အဲ့ဒါ နင်မလား

Vol. 45 Ch. 667

တောကောင်အုပ်ကြီးက ရွေ့လျားသွားကြပြီး ကွင်းပြင်တစ်လျှောက် ဖုန်များတထောင်းထောင်းနှင့် သားရဲချီများက ပြည့်နှက်နေ၏။ လမ်းတစ်လျှောက် သူတို့အုပ်စုကို တွေ့သော မည်သည့်သားရဲမဆို ရှောင်ကွင်းသွားကြ၏။

စစ်ရထားပေါ်တွင် ရောင်စုံဝတ်လူက စိတ်ဆိုးမာန်ဆိုး အမူအယာဖြင့် ရှိနေ၏။ သူက ဘေးဘက်ရှိ အမျိုးသမီးကို မျက်စောင်းထိုးပြီး အေးစက်စွာ ပြောလိုက်၏။

“နင် နာနာခံခံနေရင် ပိုကောင်းလိမ့်မယ်နော်.. ငါနေ့စဉ်ကျင့်ကြံဖို့အတွက် နင့်သွေးကို လိုနေလို့သာ.. မဟုတ်ရင် နင့်ကို သတ်ပြီးတာ ကြာနေလောက်ပြီ”

အမျိုးသမီးက သူမ၏ ဦးခေါင်းကို ငုံ့ထားပြီး သူမ၏ ဝိညာဉ်ကို ဆုံးရှုံးသွားသည့်အလား သူမ၏ မျက်လုံးများက ဝမ်းနည်းစိတ်ပျက်ခြင်းဖြင့် ပြည့်နှက်နေ၏။

“တစ်ယောက်ယောက် ထွက်လာပြီး နင့်ကို လာကယ်မယ်လို့ စိတ်ကူးယဉ်မနေနဲ့”

ရောင်စုံဝတ်လူက လှောင်ရယ်လိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်.. သက်တံဝံပုလွေပင့်ကူမျိုးနွယ်နဲ့တွေ့ရင် ဝေးဝေးကနေ ရှောင်ကွင်းသွားစေရမယ်”

သူက ထိုစကားကို တမင်ကြွားဝါ၍ ပြောဆိုနေခြင်းတော့ မဟုတ်ပေ။

အထူးသဖြင့် ယခုလို ညဘက်အချိန်ခါမှာ ထိပ်သီးဂိုဏ်းကြီးများ၏ အရိုက်အရာဆက်ခံသူများဆိုလျှင်တောင် ဤသားရဲအုပ်စုကို ရန်စတိုက်ခိုက်ချင်ကြမှာ မဟုတ်ပေ။

“စောစောက ဟိုလူတွေက သူတို့နေရာသူတို့ သိလို့ပေါ့.. မဟုတ်ရင် အခုလောက်ဆို အလောင်းကောင်တွေ ဖြစ်နေလောက်ပြီ”

ရောင်စုံဝတ်လူက ငေါက်ငမ်းလိုက်၏။

ဝှစ်..

ရုတ်တရက် သူတို့နောက်ဘက်မှ အဝတ်စလေတိုးသံများက ထွက်ပေါ်လာ၏။

“အမ်”

တစ်ခုခုကို အာရုံခံမိလိုက်ပြီး ရောင်စုံဝတ်လူက လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူတို့ရှိရာသို့ လျှပ်စီးလို အမြန်နှုန်းဖြင့် ပြေးချလာနေ၏။

စောစောကတင် သူက မိုးကုပ်စက်ဝိုင်းအစပ်မှာဖြစ်ပြီး နောက်ခဏ၌ သူတို့ရှေ့သို့ ရောက်ချလာလေသည်။

အဲ့ဒါက သူတို့နှင့် စောစောကတင် ကြုံတွေ့ခဲ့ရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူပင်။

နောက်ထပ်လူလေးယောက်ကလည်း တဖြည်းဖြည်းနှင့် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို မီလာကြ၏။

ဆူဇီမိုသည် တောကောင်အုပ်၏ အထက် လေထဲမှာ မတ်တပ်ရပ်နေပြီး ကြောက်မက်ဖွယ်ရာ အကြည့်များ၊ သွေးသံရဲရဲပါးစပ်များနှင့် သားရဲတောကောင်ပေါင်းများစွာကို လျစ်လျူရှုထား၏။ တည်ငြိမ်သော အမူအယာဖြင့်ပင် သူက စစ်ရထားလုံးကို အားသုံး၍ နောက်ပြန်ဆွဲထားလိုက်၏။

ရောင်စုံဝတ်လူ၏ အကြည့်က မှေးကျဉ်းသွားပြီး သတ်ဖြတ်လိုစိတ်နှင့်အတူ သူ့သူငယ်အိမ်က တင်းကျပ်သွား၏။

ထိုသည်ကို အမျိုးသမီးက မြင်သောအခါ သူမသည် သိသိသာသာ စိတ်လှုပ်ရှားသွား၏။ သို့သော် သူမက စကား မပြောနိုင်ပေ။

“မိုက်ရိုင်းလိုက်တာ”

“တော်တော် သတ္တိကောင်းနေတယ်ပေါ့”

လူငယ်အချို့က စစ်ရထား၏ ဘေးနှစ်ဖက်ကနေ ထွက်လာကြပြီး စိမ်းသက်စွာဖြင့် အော်ဟစ်လိုက်ကြ၏။ သူတို့သည် အချိန်မရွေး တိုက်ခိုက်နိုင်သည့်အလား သူတို့၏ လက်ချောင်းထိပ်လေးများမှ ပါးလွှာသော ချည်မျှင်လေးများက တဖျပ်ဖျပ်လက်နေသည်ကို တွေ့နိုင်လေသည်။

“ဂါး”

တောကောင်အုပ်ကြီးက ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ကြပြီး မြေပြင်ကို တုန်ခါသွားစေ၏။

သို့သော်လည်း မျောက်ဖြစ်စေ၊ စိတ်ဝိညာဉ်ကျားဖြစ်စေ၊ ရွှေခြင်္သေ့ဖြစ်စေ.. သူတို့အားလုံးသည် ရှေးဟောင်းမြို့တော်မှာ ကြမ်းကြုတ်ပြင်းထန်သည့် တိုက်ပွဲကို တွေ့ကြုံဆင်နွှဲပြီးနောက် သူတို့၏ စိတ်ပိုင်းဆိုင်ရာက အတော်လေး သန်မာနေလေပြီ။

ဒါ့အပြင် သည့်အရင်ထဲက သူတို့သည် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ခဲ့ကြဖူးပြီး ထိုကဲ့သို့သော မြင်ကွင်းမျိုးက သူတို့ကို မခြိမ်းခြောက်နိုင်တော့ပေ။

သူတို့ထဲမှာ အတွေ့အကြုံ အနုနယ်ဆုံးနှင့် အကြောက်တတ်ဆုံးဖြစ်သော မြေခွေးလေးတောင်မှ ယခုအခါ သူမ၏ မျက်နှာက အနည်းငယ် ဖြူလျော့သွားရုံမျှသာ ရှိလေသည်။

သို့သော်လည်း သူမ၏ အကြည့်မှာ မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ ပြတ်သားနေ၏။

သူမအတွက်တော့ ဆူဇီမိုက ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်ဆိုလျှင်တောင် တွေဝေတုံ့ဆိုင်းခြင်းမရှိ နောက်ကနေ လိုက်နေမှာပင်။

ရောင်စုံဝတ်လူက လက်ဟန်ဖြင့် တိတ်တိတ်နေကြရန် အချက်ပြလိုက်၏။

တဖြည်းဖြည်းနှင့် တောကောင်အုပ်ကြီး၏ ဟိန်းဟောက်သံများက စဲသွားလေသည်။

ရောင်စုံဝတ်လူက မျက်ခုံးအနည်းငယ် ပင့်၍ အေးစက်စွာ မေးလိုက်၏။

“ဒါက ဘာသဘောလဲ တာအိုရောင်းရင်း”

စစ်ရထားရှေ့မှာ သွားရပ်ပြီးနောက် ဆူဇီမိုက ခြေတံရှည်ရှည်နှင့် အမျိုးသမီး၏ မျက်နှာကို စိုက်ကြည့်ပြီး တစ်ခုခုကို ပုံဖော်ဖို့ ကြိုးစားနေသလိုပင်။

မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ကလည်း ထို့အတူပင်။

အမျိုးသမီးကို အလေးအနက် စိုက်ကြည့်ပြီးနောက် ဆူဇီမို၏ အကြည့်က ရောင်စုံဝတ်လူထံသို့ ရွေ့လျားသွားပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။

“ငါ ရုတ်တရက် တစ်ခုခုကို တွေးမိသွားလို့ အဲ့ဒါကို အတည်ပြုဖို့အတွက် ပြန်လာခဲ့တာပဲ”

“အို့”

ရောင်စုံဝတ်လူက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ဘာကိုလဲ”

မှင်သေသေနှင့်ပင် ဆူဇီမိုက စစ်ရထားပေါ်က အမျိုးသမီးကို လက်ညိုးထိုးပြလိုက်၏။

“ကျေးဇူးပြုပြီး သူ့ပါးစပ်ပေါ်က ချိတ်စည်းကို ဖြုတ်ပေးပါ.. ငါ သူ့ကို မေးခွန်း နဲနဲလောက် မေးချင်တယ်”

ဆူဇီမို၏ လေသံက ယဉ်ကျေးမနေပေ။

ကျေးဇူးပြုပြီးဟု သူက စကားခံထားသော်လည်း သူ့လေသံက အမိန့်ပေးနေတာနှင့် တူလေသည်။

“မင်းက ဘာမို့လို့ သခင်လေးကို ဒီလိုလေသံနဲ့ လာပြောနေရတာလဲ”

ဘေးဘက်ရှိ သက်တံဝံပုလွေပင့်ကူတစ်ကောင်က ထရပ်ပြီး အော်ပြောလိုက်၏။

စိတ်ဝိညာဉ်ကျားက မျက်လုံးပြူးပြီး ငေါက်ငမ်းလိုက်၏။

“မင်းကရော ဘာကောင်မလို့ ငါ့ဆရာကို ဒီလိုလေသံနဲ့ လာအော်နေရတာလဲ.. ဒီနေရာမှာ မင်းစကားလာပြောစရာ အကန့်မရှိဘူး.. ပါးစပ်ပိတ်ပြီး ဘေးမှာ အေးဆေးနေ”

“မင်းကတော့ သေချင်နေတာပဲ”

သက်တံဝံပုလွေပင့်ကူ တစ်ထောင်ကျော်ကျော်က အေးစက်စက်နှင့် ကြောက်စရာကောင်းသည့် အမူအယာများကို ထုတ်ပြကာ သူတို့၏ သားရဲချီများကို ထုတ်ဖော်လိုက်ကြ၏။

သူတို့၏ အရိုးများက ရွေ့လျားသွားပြီး သူတို့မျက်နှာပေါ်ရှိ အသားများက ပြန့်ကားလာ၏။ ခပ်ပါးပါး သက်တံရောင်သားမွေးများက သူတို့၏ အရေအပြားပေါ်မှာ ပေါ်လာပြီး ထက်ရှ၍ စိမ်းဖန့်ဖန့်ရောင် နှုတ်သီးများက ညှီစို့စို့ မသတီစရာအနံ့နှင့်အတူ သူတို့၏ ပါးစပ်ပေါက်ကနေ ထွက်လာကြ၏။

ရောင်စုံဝတ်လူ၏ အမူအယာကလည်း အေးစက်လာ၏။ သုန်မှုန်နေသော အကြည့်နှင့်အတူ သူက စိမ်းသက်စွာ ပြန်ဖြေလိုက်၏။

“မင်းကို သိပ်ပြီး အတင့်မရဲနဲ့လို့ပဲ ငါ အကြံပေးလိုက်မယ်.. စောစောက မင်းတို့ကို လွှတ်ပေးလိုက်တာတောင် ငါနောင်တ ရလာပြီ.. ငါ့စိတ်ကို ပြောင်းလာအောင် ထပ်မလုပ်နဲ့တော့”

ဘန်း.. ဘုန်း.. ဘုန်း..

စစ်ရထားဘေးတွင် လူငယ်သုံးဆယ်လောက်၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲသံများက ထွက်ပေါ်လာ၏။ နောက်ခဏ၌ သူတို့၏ ခန္ဓာကိုယ်များက ပြန့်ကားသွားပြီး ကြောက်စရာကောင်းသည့် ဧရာမပင့်ကူကြီးများအဖြစ် အသွင်ပြောင်းသွားကြလေသည်။

ဝံပုလွေခေါင်းနှင့် ပင့်ကူကိုယ်.. သူတို့၏ ခန္ဓာကိုယ်မှာ ခပ်ပါးပါး သားမွေးများက အစင်းလိုက်ရှိပြီး ခြေရှစ်ချောင်း ပါရှိကာ သားရဲချီများက လေထဲသို့ တလိပ်လိပ် တက်လာနေ၏။

ခြေထောက်တစ်ချောင်းချင်းစီက အရောင်တစ်မျိုးစီ ဖြစ်လေသည်။

သူတို့သည် ကမ္ဘာကို အုပ်မိုးမည့် အလွန်ကြီးမားသည့် ပင့်ကူအိမ်ကြီးတစ်ခုကို တည်ဆောက်တော့မည့်အလား သူတို့၏ ကြီးမားသည့် ဝမ်းဗိုက်များထဲမှ အရောင်အမျိုးမျိုးနှင့် ပင့်ကူပိုးချည်များက ထူထဲစွာ ထွက်လာကြ၏။

သက်တံဝံပုလွေပင့်ကူ..

မျောက်က သူ့လည်ပင်းကို တွန့်လှုပ်လိုက်ပြီး သူ့မျက်လုံးများက သွေးနီရောင်ဖြင့် တောက်လာ၏။ သူ့လက်သီးနှစ်ဖက်ကို တဖျောက်ဖျောက်မြည်အောင် ဆုပ်လိုက်ပြီး သူ့ထံမှ တိုက်လိုခိုက်လိုစိတ်ဆန္ဒက တဖွားဖွားထွက်ပေါ်လာလေသည်။

နှစ်ဖက်စလုံး၏ အခြေအနေက တင်းမာခက်ထန်လာကြ၏။

ဆူဇီမို သို့မဟုတ် ရောင်စုံဝတ်လူက စကားပြောတစ်ချက်မှားသွားသည်နှင့် ကြီးမားပြင်းထန်သည့် တိုက်ပွဲက ထွက်ပေါ်လာတော့ပေမည်။

ရုတ်တရက်.. ဆူဇီမိုက ဟက်ကနဲ ရယ်လိုက်၏။

“ကောင်းပြီလေ.. ငါ ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်မယ်.. သူ့ကို ဘာမေးခွန်းမှ မမေးတော့ဘူး”

“ဉာဏ်ရှိတဲ့သူက အခြေအနေကို ဖတ်တတ်ရမယ်လေ”

ရောင်စုံဝတ်လူက ခေါင်းညိတ်လိုက်၏။

“ငါ့စိတ်ပြောင်းမသွားခင် မင်းတို့တွေ ငါ့ရှေ့ကနေ ပျောက်သွားကြရင် ကောင်းလိမ့်မယ်နော်.. မဟုတ်ရင်တော့....”

“နေစမ်းပါဦး”

ရောင်စုံဝတ်လူက ပြောလို့ မဆုံးသေးခင်မှာပင် ဆူဇီမိုက ဖြတ်ပြောလိုက်၏။

“ငါ သူ့ကို ဘာမှ မမေးတော့ဘူး.. ဆိုပေမယ့်.. သူ့ကိုယ်ပေါ်က ချိတ်စည်းကို ဖြုတ်ပေးပါ.. ငါ သူရဲ့ အစစ်အမှန်ပုံစံကို ကြည့်ချင်တယ်”

ဘာကြောင့်ရယ်မသိ.. ရောင်စုံဝတ်လူသည် သူရင်ထဲမှာ မသက်သာသလို ခံစားလာရ၏။

သို့သော် သူ့အနေနှင့် ဆူဇီမို၏ အမိန့်ကို အလွယ်တကူ နာခံပြီး အမျိုးသမီးပေါ်က ချိတ်စည်းကို ဖယ်ပေးလိုက်စရာလည်း အကြောင်းမရှိပေ။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ရောင်စုံဝတ်လူက ပြောလိုက်၏။

“သူမရဲ့ အစစ်အမှန်ပုံစံက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး.. အလွန်ဆုံး ပြောရရင် သူမက အရမ်းကို သာမန်ဆန်တဲ့ အင်မော်တယ်ကြိုးကြာတစ်ကောင်ပေါ့.. ဒါပါပဲ”

သူ့ထံမှ ထိုစကားကို ကြားလိုက်ရချိန်တွင် ဆူဇီမိုတို့အုပ်စု၏ ရင်ထဲမှ သံသယများက ရှင်းလင်းသွားလေသည်။

ဆူဇီမိုက သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ သူ့အမူအယာက တဖြည်းဖြည်း အေးစက်လာ၏။

“ကောင်းတယ်ကွာ ကောင်းတယ်”

မျောက်၏ မျက်လုံးများကလည်း သွေးနီရောင်ဖြင့် တောက်ပလာ၏။

စိတ်ဝိညာဉ်ကျား၏ သည်းခံနိုင်ရည်ကလည်း ကုန်ဆုံးသွားပြီဖြစ်ပြီး သူက ခြေတံရှည်ရှည်နှင့် အမျိုးသမီးဘက်ကို လှမ်းအော်လိုက်၏။

“ငှက်ရူးလေး.. ငှက်ရူးလေး.. အဲ့ဒါ နင်မလား”

ခြေတံရှည်ရှည်နှင့် အမျိုးသမီး၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များက စီးကျလာ၏။

တစ်ခုခုကို ဝိုတဝါး သိရှိလိုက်ပြီး ရောင်စုံဝတ်လူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား”

“မင်းစိတ်ကို ထပ်ပြီး ပြောင်းနေစရာ မလိုတော့ဘူး”

ဆူဇီမို၏ အကြည့်က ခက်ထန်လာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်ဆန္ဒနှင့်အတူ ရောင်စုံဝတ်လူကို စိုက်ကြည့်ပြီး တစ်လုံးချင်း ကြိမ်းမောင်းပြောဆိုလိုက်၏။

“ဘာလို့လဲဆိုတော့.. ငါ့စိတ်ကို ပြောင်းလိုက်ပြီ ဖြစ်လို့ပဲ”

သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမို၏ လက်ထဲသို့ သွေးနီရောင်ဆေဘာတစ်လက်က ရောက်ရှိလာပြီဖြစ်၏။

စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုက တောက်ပနေ၏။

ချက်ချင်းပင် လေထဲမှာ သွေးချီများက တရုန်းရုန်းထလာလေသည်။

အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့သော သွေးသောက်သူပင် ဖြစ်လေသည်။

ဒုံ.. ဒုံ..

မျောက်က သူ့အတွင်းအမြုတေကို လှည့်ပတ်ပြီး သွေးချီများကို ရုန်းကြွထွက်ပေါ်လာစေကာ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။ သူ့မျက်လုံးများက နီရဲနေပြီး အတိုင်းအဆ မရှိသော ကြမ်းကြုတ်မှုနှင့်အတူ သူ့ရင်အုပ်က ခပ်ထိုင်းထိုင်းအသံဖြင့် ခုန်လာ၏။

စိတ်ဝိညာဉ်ကျားကလည်း အလွန်တရာ စိတ်ခံစားချက် မြင့်တက်လာပြီး အော်ပြောလိုက်၏။

“ငှက်ရူးလေး.. မကြောက်နဲ့.. နင့်ကိုကယ်ဖို့ ဒီမှာ ဟူပါးထျန် ရောက်နေပြီ”

အခုအချိန်မှာ သူတို့ကို ရပ်တန့်နိုင်သောအရာ ဘာမှ မရှိပေ။

သူတို့ရှေ့မှာ အဆုံးမသတ်သော တောကောင်အုပ်ကြီး ရှိနေလည်း ကိစ္စ မရှိပေ။

သက်တံဝံပုလွေပင့်ကူက သားရဲနယ်မြေရှစ်ခွင်မှ တော်ဝင်မျိုးနွယ်ဆိုလည်း ကိစ္စ မရှိပေ။

သူတို့ဘက်မှာ အင်အားက ငါးယောက်ထဲဆိုလည်း ကိစ္စ မရှိပေ။

ဤအမျိုးသမီး၏ သရုပ်သကန်ကို သူတို့မှတ်မိသွားပြီဆိုမှတော့ သူတို့အသက်ကို ပေးဆပ်ရမည်ဆိုလျှင်တောင် သူမကို သူတို့ရအောင် ကယ်ရပေမည်။

“ဝေါင်း”

မိုးကြိုးလျှပ်စီးတစ်ခုနှင့်အတူ ကျယ်လောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်ကျားက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး သူ့မျက်လုံးနှစ်ဖက်ထဲမှ လျှပ်စစ်စီးကြောင်းများက ပစ်လွင့်လာ၏။ သူက ကြမ်းကြုတ်ခက်ထန်ပြီး သူ့အော်ရာက ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။

ရွှေခြင်္သေ့နှင့် မြေခွေးလေးတို့ကလည်း သူတို့၏ အစစ်အမှန်ပုံစံသို့ အသီးသီး ပြောင်းလိုက်ကြလေသည်။

All Chapters