။ သက်သေပြခြင်း။
Vol. 14 Ch. 183
ဟုန်ကျူ၏ စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်လုံးအိမ်များအတွင်း၌ နူးညံ့မှုအရိပ်အယောင်များဖြစ်ပေါ်လာသည်။ အစကသူသည် လေအင်ပါယာကြီး၏ ဘိုးဘေးငါးယောက်ကို သံသယဝင်မိခဲ့သည်။ ယခုအချိန်မှာတော့ သူဟာယုံကြည်သွားပြီဖြစ်သည်။
သူတို့ဟာ ယထာဘူတကျကျနှင့် သူတို့၏အတွေးအခေါ်များကို ပစားပေးပြောဆိုခဲ့ကြသော်လည်း ယုတ်မာကောက်ကျစ်သောလူများထက်တော့ အများကြီးပိုမိုသာလွန်နေသေးသည်။
"ထွက်ပြေးဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ရင်ဆိုင်နိုင်တယ်!"
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်ကာ ရယ်မောပြီး ပြောဆိုလိုက်သည်။ သူ၏အသံတွင်အဆုံးအစမဲ့ ယုံကြည်ချက်များ ပါဝင်နေသည်။
ယခု သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်နတ္ထိအဆင့် စွမ်းအားရှင်နှစ်ယောက်ရှိနေပြီး သူ့တွင် မြင့်မြတ်သောနိုးထမှု အခွင့်အရေးတစ်ကြိမ်လည်း ရှိနေသေးသည်။ အဆိုပါ မြင့်မြတ်သောနိုးထမှုအခွင့်အရေးကို နောက်ဆုံးအသက်ကယ်ကောက်ရိုးအဖြစ် အသုံးချ၍ ရနိုင်သေးသည်။
အဆိုးရွားဆုံးအခြေအနေများဖြစ်ပေါ်လာပါက ရှန်ရှန့်ကျုံဂိုဏ်း အတွင်းစည်းကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ပုန်းအောင်း၍လည်းရသေးသည်။ ထိုအရာမှာ စနစ်မှဆုချထားသော ကမ္ဘာငယ်လေးဖြစ်သည်။ အခုမှနိုးထလာစဖြစ်သော အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က စနစ်၏ဆုလာဘ်ကမ္ဘာငယ်လေးအတွင်းသို့ ချိုးဖောက်ဝင်နိုင်လိမ့်မည်မဟုတ်ဟု ဝမ်ဖုန်းကတော့ အခိုင်အမာ ယုံကြည်ထားသည်။
သို့ပါသော်လည်း ဒီလိုနည်းလမ်းက ရှေးဟောင်းကမ္ဘာကြီးအတွင်းရှိ သာမာန်လူများကိုတော့ ကယ်ဆယ်နိုင်
လိမ့်မည်မဟုတ်ပါ။ သူတို့ဂိုဏ်း၏ ကမ္ဘာငယ်လေးသည် သာမာန်ကမ္ဘာငယ်လေးများထက် ပိုမိုကြီးမားသော်လည်း ရှေးဟောင်းကမ္ဘာကြီးအတွင်းရှိ ဘီလီယံနှင့်ချီသော လူများအတွက်တော့ ဝန်မဆံ့ပါပေ။
သို့ပါသော်လည်း ဟုန်ကျူ နှင့် အခြားသူများသည် ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားပြီး သူတို့၏ နှလုံးများမှာလည်း အလွန်အမင်း လှုပ်ခါလာခဲ့သည်။
အင်အားစုကြီးငါးစုကို ခြေမှုန်းဖျက်စီးခဲ့သော ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားက လေအင်ပါယာဘိုးဘေး ငါးယောက်ကို ထိတ်လန့်မသွားစေခဲ့ပေ။ ပြောရပါလျှင် အနီရောင်ဝတ်ရုံဝတ် ဘ်ိုးဘေးဟုန်ကျူကလည်း ဆန်းကြယ်နတ္ထိအဆင့်တွင် ရှိနေသည်မဟုတ်ပါလော။ သူတစ်ယောက်
တည်းကပင် အင်အားစုကြီးငါးစုက်ို ခြေမှုန်းပစ်နိုင်ပါသည်။
ယခုအချိန်မှာ ဝမ်ဖုန်းက အလောင်းဆင့်ခေါ်ခြင်းသွေးမျ်ိုးဆက်ကို ခုခံနိုင်သည်ဟု ပြောဆိုနေသည်။ ဤသည်
ကား ဘိုးဘေးငါးယောက်ကို အလွန်အမင်းထိတ်လန့်သွားစေခဲ့သည်။ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်မှာ နတ်ဘုရား၏ အလိုအရဖြစ်ပေါ်လာသော တည်ရှိမှုကြီး ဖြစ်ပါ၏။ ယင်းဟာ အခုလေးတင်မှ နိုးထလာပြီး အသန်မာဆုံးအခြေအနေမှာ ရှိမနေဘူးဆိုရင်တောင်မှ သာမာန်လူများ ရင်ဆိုင်ခုခံနိုင်သည့်အရာတစ်ခုတော့ ဟုတ်မနေပါပေ။
ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လောက်တောင်သန်မာတာလဲ။
"ကွမ်ယု၊ ရှန်းဝမ်စန်း!"
ဟုန်ကျူ နှင့်အခြားသူများ၏ ကြောင်အထိတ်လန့်နေသည့်အမူအရာအား တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် ခပ်ဖွဖွပြုံးရယ်လျက် ပြောဆိုလိုက်သည်။
ဟုန်ကျူတို့ငါးယောက်သား ပဟေဋ္ဌိဖြစ်နေစဥ်မှာပင် ခန်းမကြီးအတွင်း၌ လူပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤသည်ကား ဟုန်ကျူနှင့်အခြားသောသူများ၏ မျက်စိသူငယ်အိမ်များကို တုန်ခါသွားစေခဲ့ပြီး နှလုံးသားအတွင်း မုန်တိုင်းထန်သွားစေခဲ့သည်။
ဒီလူနှစ်ယောက် ဘယ်လိုမျိုးဝင်လာသလဲဆိုတာကိုတောင် သူတို့သတိမမူမိခဲ့ကြပေ။
ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်တွင်ရှိနေသော ဟုန်ကျူသည်တောင်မှ ဒီလူနှစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို မမှန်းဆနိုင်ပေ။ တုဖက်မပြိုင်နိုင်သော ပြိုင်ဘက်ကင်းအရှိန်အဝါများက ဟုန်ကျူ၏နှလုံးသားအား တုန်လှုပ်သွားစေခဲ့သည်။
ထိုလူနှစ်ယောက်အနက် တစ်ယောက်မှာ ကိုးပေ ရှည်လျားသော အနီရောင် အပြာရောင်ရောစပ်ထားသည့်
ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏မုတ်ဆိတ်မွေးကပင် နှစ်ပေခန့် ရှည်လျားသည်။ သူ၏မျက်နှာမှာတည်ကြည်လေးနက်နေပြီး နှုတ်ခမ်းသားများမှာ ဆေးဆိုးထားသည့်အလား နီထွေးနေသည်။ သူ့မျက်ဝန်းများမှာ နီရဲနေပြီး ဖီးနစ်ငှက်၏ မျက်ဝန်းများနှင့် အလားသဏ္ဍာန်တူကာ သူ၏မျက်ခုံးများမှာလည်း လေးကိုင်းသဏ္ဍာန်ကွေး ညွှတ်နေခဲ့သည်။ သူသည် ခမ်းနားကြီးကျယ်ပြီး တန်ခိုးကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေကာ ဟုန်ကျူ တို့တတွေအား ထိတ်လန့်သွားစေခဲ့သည်။
သူ၏ဓားလက်ကိုင်တွင် အပြာရောင်နဂါးတစ်ကောင်ပုံကို အသက်ဝင်စွာ ထွင်းထုထားသော ကိုးပေငါးလက်မ ရှည်လျားသော ဓားရှည်ကြီးကိုလဲ ဆွဲကိုင်ထားသေးသည်။ ၎င်းဓားရှည်ကို စူးစိုက်ကြည့်မိလိုက်သည့်အခါ ဟုန်ကျူနှင့် သူ့လူများသည် ကြောက်စရာနဂါးကြီးတစ်ကောင်အား မျက်မြင်တွေ့လိုက်ရသလိုမျိုး ခံစားလိုက်ရကာ သူတို့၏ စိတ်နှလုံးများကတောင် အဆက်မပြတ်တုန်ရင်လာတော့သည်။
နောက်ထပ်လူတစ်ယောက်မှာလည်း ဟုန်ကျူ တို့တတွေအားကြောင်အသွားစေခဲ့သည်။ ထိုလူမှာ ခန့်ညားသော
သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်ပြီး အကောင်းစား ပိုးထည်ချည်မျှင်များကို ဝတ်ဆင်ထားပြီး သူ၏ခါးတွင်လည်း ရွှေရောင်တောက်နေသော ဓားတစ်ချောင်းကို ချိတ်ဆွဲထားသည်။ ဓား၏အဖုံးအကာဖြစ်သော ဓားအိမ်ကတောင် စူးစူးရှရှ ရွှေရောင်အလင်းများတောက်ပနေသည်။
ဤရွှေရောင်ဓားရှည်ကြီးအပြင် သူ၏ခန္ဓာက်ိုယ်ပေါ်တွင်မြောက်များစွာသော ရွှေဒဂါးပြားများကိုလဲ တွေ့မြင်လိုက်ရသည်။ သူချမ်းသာတာကို လူမသိမည်စိုးရိမ်နေသည့်အလား ထိုလူ၏တကိုယ်လုံးဟာ ရွှေရောင်တဝင်းဝင်းတောက်ပနေခဲ့သည်။
"ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။"
ကွမ်ယု နှင် ရှန်းဝမ်စန်း တို့ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူတို့သည် ဝမ်ဖုန်းအား လေးလေးစားစား ဂါရဝပြုလိုက်ကာ ပြောဆိုလိုက်သည်။ ကွမ်ယု၏ နက်ရှိုင်းအက်ရှသော အသံက ဟုန်ကျူတို့တတွေအား ထပ်မံထိတ်လန့်သွားစေခဲ့ပြန်သည်။
"အရမ်းကြီး ယဥ်ကျေးစရာမလိုပါဘူး။"
"ဒီလူနှစ်ယောက်က ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကောင်းကင်ဘုံ အစောင့်အရှောက်အကြီးအကဲတွေလေ။
သူတို့ကအကြာကြီးအိပ်ပျော်နေခဲ့ပြီး သိပ်မကြာခင်ကမှ နိုးလာကြတာ။"
ဝမ်ဖုန်းသည်လက်ဝှေ့ရမ်းလိုက်ပြီး ကွမ်ယုနှင် ရှန်းဝမ်စန်းတို့ကို ဟုန်ကျူတို့နှင့် မိတ်ဆက်ပေးလိုက်သည်။
"ကောင်းကင်ဘုံအစောင့်အရှောက် အကြီးအကဲနှစ်ယောက်ကို နှုတ်ဆက်ပါတယ်။"
ဟုန်ကျူ နှင့် အခြားသူများသည် လျစ်လျူရှူ့မနေဝံ့ကြပဲ အလျင်အမြန်ပဲဂါရဝပြုလိုက်ကာ ကွမ်ယုတို့အား နှုတ်ဆက်လိုက်ကြသည်။
ကွမ်ယုသည် သူ၏ မုတ်ဆိတ်မွှေးရှည်ကြီးအား ပွတ်သပ်ရင်းဖြင့် ဟုန်ကျူ တို့အားအပြည့်အဝ လျစ်လျူရှု့လိုက်သည်။ ရှန်းဝမ်စန်းကတော့ အပြုံးတစ်ပွင့်နှင့်အတူ ထပ်တူထပ်မျှဂါရဝပြုတုံ့ပြန်လိုက်သည်။
"အခုအလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က အမှန်တကယ်မနိုးထလာသေးဘူး။ ကျုပ်အရင်သွားကြည့်လိုက်ဦးမယ်။ တကယ်လို့များ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် နိုးထလာပြီဆိုရင်လည်း သူရဲ့ခွန်အားကို စမ်းသပ်ကြည့်ရတာပေါ့။"
ယင်းနောက် ဝမ်ဖုန်းသည် ဟုန်ကျူနှင့် အခြားသူများအား စိုက်ကြည့်လျက်ပြောဆိုလိုက်သည်။
"ဒါအရမ်းကောင်းတယ်။"
ဟုန်ကျူတို့တတွေကလည်း ခေါင်းညိမ့်ထောက်ခံလိုက်ကြသည်။
"ကွမ်ယု၊ ရှန်းဝမ်စန်း မင်းတို့က ဒီဂိုဏ်းချုပ်နဲ့တူ ရှန်းလင်ရှေးဟောင်းနယ်မြေကို အတူတကွသွားရောက်စုံစမ်းရမယ်။"
ဝမ်ဖုန်းသည် ကွမ်ယုတို့နှစ်ယောက်ကို ကြည့်လျက်အမိန့်ပေးလိုက်သည်။
ကွမ်ယုသည် ခေါင်းညိမ့်ကာ ဟစ်ကြွေးပြောဆိုလိုက်သည်။
"ပတ္တမြားရောင်နီ နဂါးမြင်း"
ကွမ်ယု၏ စကားသံဆုံးသွားသည်နှင့် တပြိုင်နက် တစ်ကိုယ်လုံးကို မီးတောက်မီးလျှံများဖြင့်ပြုလုပ်ထားသော
မီးတောက်နဂါးမြင်းကြီးတစ်ကောင် လေထုအတွင်းမှထွက်ပေါ်လာခဲ့သည်။ ၎င်းနဂါးမြင်းကြီး၏ မျက်လုံးများမှာ ဧရာမမီးဘောလုံးကြီးနှစ်ခုကဲ့သို့ ကြီးမားပြီး ခြေထောက်ကြီးလေးဘက်မှာလည်း တိုင်တောင်ကြီးကဲ့သို့ ခိုင်မာတောင့်တင်းလှသည်။ သူ၏အမြှီးဟာလည်း
လေထုထဲတွင် ဝါးဝါးစွင့်စွင့် ဝေ့ရမ်းလျက်ရှိသည်။ ရှိသမျှလူအားလုံး တုန်လှုပ်သွားကြသည်။
ကွမ်ယုသည် အနောက်လှည့်လိုက်သည်။ ပတ္တမြားရောင်နီနဂါးမြင်းကြီးဟာ တိုက်ပွဲအတွင်းပြေးဝင်တော့မည့် အလား ရုတ်တရက်ခွာလျက်လိုက်လေသည်။ အဆိုပါမြင်းကြီး၏ ခန္ဓာကိုယ်မှ ပျံ့လျက်ထွက်ပေါ်လာသော ပြင်းထန်မောက်မာသည့်အရှိန်အဝါများက ဟုန်ကျူနှင့်အခြားသူများအား အလွန်အမင်းထိတ်လန့်သွားစေခဲ့ပြန်သည်။
ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခွန်အားက တကယ့်ကို ထိတ်လန့်စရာပါပဲလား။
ဝမ်ဖုန်းသည် ကွမ်ယုကို မနာလိုသောမျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်မိသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ကြီးမြတ်သောဂိုဏ်းချုပ်မှာတောင် စီးတော်ယာဥ်မရှိသေးပေ။ ဘယ်လိုအရှက်ရမှုမျ်ိုးပါလိမ့်!?
"ရှင်ဒီတစ်ခါလည်း တစ်ယောက်တည်းအပြင်သွားဦးမလို့လား။"
ဝမ်ဖုန်းတစ်ယောက် ရှန်းလင်ရှေးဟောင်းနယ်မြေကို သွားတော့မည့်ဆဲဆဲတွင် ပျော့ပြောင်းနူးညံ့သောအသံလေးတစ်သံက ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား တုန်ယင်သွားစေခဲ့သည်။ သူသည်အလျင်အမြန်လှည့်ကြည့်လိုက်သည့်အခါ နတ်မိမယ်လေးတစ်ယောက်အလား လှပသည့်ပုံရိပ်လေးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
"ယောကျာ်းက ချင်အာကို ဘယ်မေ့ရက်ပါ့မလဲကွာ။"
ဝမ်ဖုန်းသည် ယဲ့မုချင်၏ ဘေးနားသို့ အလျင်အမြန်သွားပြီး သူမ၏လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ ခပ်ပြုံးပြုံးဖြင့် ပြောဆိုလိုက်သည်။
ယဲ့မုချင်သည် နှုတ်ခမ်းကလေးဆူကာဖြင့် ဝမ်ဖုန်းကို မျက်စောင်းထိုးစိုက်ကြည့်လိုက်သည်။
ဟုန်ကျူနှင့် အခြားသူများသည် ယဲ့မုချင်အား စေ့စေ့တောင်စိုက်မကြည့်ရဲကြပေ။ သူတို့သည် သူတို့၏မျက်
လုံးများကို ရှန်းလင်ရှေးဟောင်းနယ်မြေရှိသည့် အရပ်မျက်နှာဘက်ဆီသို့သာ အကြည့်လွှဲလိုက်ကြတော့သည်။
ဤသည်ကို တွေ့မြင်သည့်အခါ ဝမ်ဖုန်းသည် ယဲ့မုချင်၏ ခန္ဓာကိုယ်လေးအား ဆွဲယူလျက် ရှန်းလင်ရှေးဟောင်းနယ်မြေဆီသို့ လမ်းလျှောက်ထွက်သွားတော့သည်။ ကွမ်ယု နှင့် ရှန်းဝမ်စန်း တို့သည်လည်း ဝမ်ဖုန်း၏ အနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာခဲ့ကြသည်။
ယဲ့မုချင်၏ မူလအစမှာ ရှန်းလင်ရှေးဟောင်းနယ်မြေပဲဖြစ်သည်။ သူမကို လိုက်ပါခွင့်ပြုလိုက်ခြင်းက ထူးခြားဆန်းကြယ်သော အရာများကို ဖန်တီးနိုင်ခြင်း ရှိကောင်းရှိနိုင်ပေလိမ့်မည်။ ဝမ်ဖုန်းသည် သူ၏ မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး တွေးတောမိလိုက်သည်။
သူသည်လူအများကြီး ခေါ်ဆောင်မလာခဲ့ပေ။ ပြောရပါလျှင် အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်၏ ခွန်အားမှာ မည်သူမျှနားလည်မထားသောအရာတစ်ခုဖြစ်ပြီး ရှောင်တိမ်းနိုင်စွမ်းမှာလည်း ကြီးမားလှသည်။ ထို့အတွက်ကြောင့် စုံစမ်းစစ်ဆေးရန် လူအများကြီးဖြင့် သွားလာခြင်းက မသင့်တော်ပေ။ ကွမ်ယု၊ ရှန်းဝမ်စန်းတို့နှင့်ပင် လုံလောက်နေပြီဖြစ်သည်။
"ဒင်၊ ယောင်ရီအင်ပါယာအပါအဝင် အင်အားစုကြီးငါးစုကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။
ဂိုဏ်းအမှတ် ၂.၃သန်းနှင့် ဆန်းကြယ်အဆင့်ကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်ကို ဆုချလိုက်သည်။"
ဒီအချိန်မှာပဲ စနစ်ထံမှ အေးစက်စက်အသံက ထွက်ပေါ်
လာပြီး ဝမ်ဖုန်း၏မျက်ဝန်းများသည်လည်းတောက်ပသွားခဲ့သည်။
အစက သူစနစ်ကို အဆင့်မြှင့်တင်ခဲ့သည်အတွက် သူ၏အိတ်ကပ်မှာ ချောင်ချိနေခဲ့သည်။ ယခုအချိန်မှာတော့ သူ၏ အိပ်ကပ်မှာ တဖန်ပြန်လည် ပြည့်တင်းဖောင်းကားလာလေပြီ။
အရေးကြီးဆုံးအရာမှာ ဆန်းကြယ်အဆင့် ကျပန်းဆင့်ခေါ်ခြင်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကိုတိုးမြှင့်နိုင်စေသည်။
ကြီးမားသော ရိတ်သိမ်းမှုကြီးကြောင့် စိတ်လှုပ်ရှားသွားပြီးနောက် ဝမ်ဖုန်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိပြန်သည်။ ဤကြီးမားသော ရိတ်သိမ်းမှုကြီး၏ နောက်ကွယ်တွင် တောင်ပုံသော အလောင်းကောင်များနှင့် သွေးပင်လယ်ကြီး ရှိနေခဲ့ပါသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်တိုက်ခိုက်ခဲ့ကြသော အင်အားစုကြီးငါးစုကို ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းး အကြီးအကဲများက ဝိုင်းဝန်းချေမှုန်းခဲ့ကြရခဲ့သည်မဟုတ်ပါလော။
ဝမ်ဖုန်းသည် ယခင်ကလူများစွာကို သတ်ဖူးခဲ့သော်လည်း ဤတစ်ကြိမ်နှင့်တော့ တူညီခြင်းမရှိပါပေ။ သည်တစ်ကြိမ်တွင် သူတို့သတ်ဖြတ်ခဲ့သောလူများမှာ ထောင်ချီရာချီ ရှိခဲ့လေပြီ။
ရှန်ရှန့်ကျုံဂိုဏ်း ပိုမိုသန်မာလာသည်နှင့်အမျှ ပိုမိုများပြားသော ရန်သူများလည်း ရရှိလာမည်ဖြစ်ကြောင်းကို ဝမ်ဖုန်းတစ်ယောက်သိရှိနားလည်ထားပါသည်။ သည်ရာထောင်ချီသော လူများမှာ အဆုံးသတ်မဟုတ်သေးဘဲ အစမျှသာဖြစ်သည်။
ဤကျင့်ကြံရေးကမ္ဘာကြီးတွင် သွေးပင်လယ်နှင့် အလောင်းတောင်ကို မဖြတ်ကျော်ရပါပဲ လောက၏အထွတ်အထိပ်ဖြစ်လာသော ကျင့်ကြံသူဟူ၍ ရှိပါမည်လော။ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းသည် ကောင်းကင်နှင့် မြေပြင်တခွင်တွင် ထိပ်တန်း အသန်မာဆုံးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာချင်ပါက မရေမတွက်နိုင်သော အလောင်းတောင်များနှင့် သွေးပင်လယ်တို့ကို ဖြတ်ကျော်ရမည်မှာ မလွှဲဧကန်ပဲဖြစ်သည်။
ရှန်ရှန့်ကျုံဂိုဏ်းကို နတ်ဆိုးတွေလာရောက်တားဆီးပါက နတ်ဆိုးတွေကို သတ်ဖြတ်ရမည်ဖြစ်ပြီး နတ်ဘုရားတွေလာရောက်တားဆီးပါက နတ်ဘုရားတွေကို သတ်ဖြတ်ရမည်ဖြစ်သည်!
ဝမ်ဖုန်းတစ်ယောက်တွေးတောနေစဥ်မှာပဲ
ရှန်းလင်ရှေးဟောင်းနယ်မြေ၏ပုံရိပ်ကြီးသည် သူ၏ရှေ့တွင် တစတစကြီးထွားလာခဲ့သည်။
သူတို့ ရှန်းလင်ရှေးဟောင်းနယ်မြေထဲ ဝင်ရောက်လာခဲ့သည့်အချိန်တွင် ဝမ်ဖုန်း၏ ဘေးနားတွင် ရှိနေသော ယဲ့မုချင်၏ လှပသောမျက်ဝန်းလေးများမှာ ခံစားချက်တစ်စုံတစ်ရာ မရှိတော့ပါပဲ အေးစက်စက်အလင်းတန်းများဖြတ်သန်းသွားခဲ့သည်။ သို့ပါသော်လည်း အတွေးလွန်နေသော ဝမ်ဖုန်းကတော့ ဤသည်ကို သတိပြုမိခြင်း မရှိခဲ့ပေ။
ကွမ်ယုနှင့် အခြားသူများကလည်း ယဲ့မုချင်အား စူးစိုက်ကြည့်ဝံ့ခြင်းမရှိတာကြောင့် သည်အချက်ကိုသတိပြုမိခြင်း မရှိခဲ့ကြပါပေ။ ယဲ့မုချင်ကိုယ်တိုင်တောင်မှ သူမ၏ပြောင်းလဲမှုကို သတိမမူမိခဲ့ပေ။