← Chapters

ထင်မှတ်မထားသည့် အန္တရာယ်။

Vol. 14 Ch. 184

ထင်မှတ်မထားသည့် အန္တရာယ်။

Vol. 14 Ch. 184

ရှန်းလင်ရှေးဟောင်းနယ်မြေအတွင်း ဝင်ရောက်သွားပြီးနောက် ဝမ်ဖုန်းတို့အုပ်စုသည် တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ ရှေးဟောင်းဧကရာဇ်တောင်ကြားရှိရာအရပ်သို့ ပြေးသွားခဲ့ကြသည်။ တစ်ခဏအကြာတွင် ဝမ်ဖုန်းနှင့်အခြားသူများသည် ထူးဆန်းသော သစ်မြစ်ကြီးနှစ်ခု၏ အရှေ့၌ မတ်တပ်ရပ်လိုက်ကြသည်။

ဝမ်ချုံးယန်ပြုလုပ်ထားခဲ့သော ဖုံးကွယ်ခြင်းအစီအရင်မှာ ဝမ်ဖုန်းနှင့်အခြားလူများအတွက်တော့ အကျိုးသက်ရောက်မှုမရှိခဲ့ပေ။ သူတို့သည် ဖုံးကွယ်ရေးအစီအရင်ကို အသာအယာဘဲ ဖြတ်သန်းလိုက်ကာ အတွင်းပိုင်းသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်သွားခဲ့ကြသည်။

တစ်ချိန်ထဲမှာပဲ အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်စုသည် ကျိုးပျက်ကောင်းကင်မြို့အပြင်ဘက်၌ ထွက်ပေါ်လာခဲ့ကြသည်။ ထူးဆန်းသည့်အချက်မှာ လမ်းသွားလမ်းလာများက အဆိုပါအနက်ရောင်ဝတ်လူတစ်စုအား တွေ့မြင်နိုင်ခြင်းမရှိခဲ့ပေ။

အနက်ရောင်ဝတ်ထားသော လူအုပ်စုသည် သူတို့အရှေ့ရှိ ဧရာမသားရဲကြီး လဲလျောင်းနေသကဲ့သို့ တည်ရှိသော ကြီးမားသည့် မြို့တော်ကြီးအား ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူတို့၏ မျက်လုံးများအတွင်းတွင် အထင်သေးမှုအရိပ်အယောင်များထွက်ပေါ်လာကာ သူတို့သည် မြို့စားအိမ်တော်ရှိရာသို့ တန်းတန်း မတ်မတ် ဦးတည်သွားခဲ့ကြသည်။

ရှေးဟောင်းကမ္ဘာနှင့် ထျန်းလန်ဒေသကြားရှိ မြို့တစ်မြို့ဖြစ်တာကြောင့် ကျိုးပျက်ကောင်းကင်မြို့သည် လေမြို့တော်ကဲ့သို့သော အင်ပါယာကြီးသုံးခုရှိ မြို့ တော်ကြီးများထက် ပိုမိုခမ်းနားထည်ဝါသည်။ ကျိုးပျက်ကောင်ကင်မြို့စားမှာ ကျိုးပျက်ကောင်ကင်မြို့ ကြီးတစ်မြို့လုံးကို အုပ်စိုးရရှိသော တည်ရှိမှုကြီးတစ် ခုပဲဖြစ်သည်။ ကျိုးပျက်ကောင်းကင်မြို့ကြီးရှိ အဓိကမိသားစုကြီးများကတောင် မြို့စားအရှင်ကို ရန်စဝံ့ခြင်းမရှိခဲ့ကြပေ။

ကျိုးပျက်ကောင်ကင်မြို့ကြီးလို ဧရာမမြို့ကြီးတစ်မြို့၏ မြို့စားတစ်ယောက်ဖြစ်သည့်အလျှောက် အဆိုပါမြို့စား၏ နောက်ကွယ်တွင် ခန့်မှန်း၍မရနိုင်သော အင်အားစုကြီးတစ်စုလည်း ရှိနေပါသေးသည်။

ဤအချိန်တွင် ကျိုးပျက်ကောင်းကင်မြို့ကြီး၏ အုပ်ချုပ်သူ ဖုန်းသွမ့်ဟန်သည် မြို့စားအိမ်တော်အတွင်းတွင် မျက်လုံးမှိတ်လျက်ကျင့်ကြံနေခဲ့သည်။

"ဘယ်သူလဲ?..."

ဒီအချိန်မှာဘဲ ဖုန်းသွမ့်ဟန်၏မျက်လုံးများသည် ရုတ်တရက်ပွင့်ဟသွားခဲ့ပြီး အလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့သည်။ သူသည် ခန်းမဝင်ပေါက်ရှိရာသို့ ထူးမခြားနားမျက်လုံးများဖြင့်စူးစိုက်ကြည့်လိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။

"အင်း... ဒီလိုကျက်တီးလွင်ပြင်အရပ်မှာတောင် မင်းရဲ့ကျင့်ကြံဆင့်က ကျမသွားသေးဘူးပဲ..."

အနက်ဝတ်လူများသည် လေထုအတွင်းမှ ရုတ်ချည်း ထွက်ပေါ်လာကြပြီး အနက်ဝတ်လူများ၏ ခေါင်း ဆောင်ဖြစ်ဟန်တူသူက ဖုန်းသွမ့်ဟန်အား စူးစိုက်ကြည့်လျက် ခေါင်းငြိမ့်ကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းတူအကိုကြီးတွေကို ကြိုဆိုပါတယ်.." အနက်ဝတ်လူများကို တွေ့မြင်လိုက်ရသည့်အခါ ဖုန်းသွမ့်ဟန်သည် အံ့အားသင့်သွားပြီး အလျင်စလိုဂါရဝ ပြုလျက် လေးလေးစားစားပြောဆိုလိုက်သည်။

ကျိုးပျက်ကောင်းကင်မြို့မှ လူတစ်ယောက်ယောက်ကသာ သူတိို့၏ မြို့စားအရှင်သည် ဒီလူများကို အလွန်အမင်းလေးလေးစားစားဆက်ဆံနေတာကို တွေ့မြင်လိုက်ရပါက ပါးစပ်ဟောင်းလောင်းပွင့်သွား သည်အထိအံအားသင့်ရပေလိမ့်မည်။

"ဂိုဏ်းတူအကိုကြီးတွေ ဒီနေရာကို ဘာလို့ရောက်လာရတာလဲမသိဘူး... ကျွန်တော့်ကို ပြောပြလို့ရမလား" အနက်ဝတ်လူများကို တွေ့မြင်လိုက်ရသောအခါ ဖုန်းသွမ့်ဟန်သည် အံ့အားသင့်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။ သူကျိုးပျက်ကောင်းကင်မြို့စား ဖြစ်လာပြီးကတည်းက ဂိုဏ်းခွဲမှ သန်မာသော ဆရာသခင်များ လာရောက်၍ သူ့ကိုတွေ့ဆုံခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။ အတိတ်တွင် ဆိုပါက သူ့ကို ထျန်းလန်ဒေသသို့လာရောက်ရန် တိုက်ရိုက်အမိန့်ပေးခဲ့ကြခြင်းသာ ရှိပေသည်။

"တစ္ဆေအိုကြီးရဲ့ ဝှက်ဖဲကပျက်စီးသွားပြီ ၊ ဆရာကငါ့ကိုဒီလာပြီး စစ်ဆေးဖို့ အမိန့်ပေးခဲ့တာ..." ခေါင်း ဆောင်လုပ်သူ အနက်ဝတ်လူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ဘာ..."

ဖုန်းသွမ့်ဟန်၏ မျက်လုံးများသည် ပြူးကျယ်သွား ပြီး အံ့အားတသင့်ရေရွတ်လိုက်မိသည်။ ကွေ့ဝူလား? သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လျှို့ဝှက်စစ်ဆင်ရေးတစ်ခု လုပ်ဖို့ဆိုပြီး ဆရာက ဒီရှေး ဟောင်းကမ္ဘာကြီးကို စေလွှတ်လိုက်တာလေ။

သူသည် ကွေ့ဝူမှာ ရှေးဟောင်းကမ္ဘာကြီးကိုရောက်လာပြီးနောက် တစ္ဆေဝိညာဥ်နတ်ဆိုးဂိုဏ်းဟုခေါ်သည့် လျှို့ဝှက်ဂိုဏ်းကြီးတစ်ခုကို တည်ထောင်ခဲ့ကြောင်းကိုတောင် ကြားသိထားရပါသည်။

"ကွေ့ဝူ... အဲ့ဒီအမှိုက်ကောင်က ဒီလောက်အချိန်တွေကြာနေပြီ ဆရာပေးထားတဲ့ တာဝန်လေးတစ်ခုကိုတောင် ပြီးမြောက်အောင် မလုပ်နိုင်သေးဘူး ၊ သူသေရင်လည်းသေတယ်ပေါ့ကွာ ဒါပေမယ့် အမှိုက်ဖြစ်နေရင်တောင် ငါတို့တစ္ဆေဂိုဏ်းရဲ့တပည့်ကို ဘယ်သူကမှ သတ်ချင်တိုင်းသတ်လို့မရဘူးကွ..." အနက်ဝတ်ထားသော ခေါင်းဆောင်လုပ်သူက အေးစက်စွာလှောင်ရယ်လိုက်ပြီး ခံစားချက်မဲ့သော လေသံဖြင့်ပြောဆိုလိုက်သည်။

"ဂိုဏ်းတူညီလေး ကွေ့ဝူက ဆန်းကြယ်နတ်မင်းအထွတ်အထိပ်အဆင့်ကို ရောက်နေပြီလေ ၊ ဒီရှေးဟောင်းကမ္ဘာကြီးမှာ ဘယ်သူကများသူ့ကို ရင်ဆိုင်နိုင်ဦးမှာလဲ... ဘယ်သူကများ ဂိုဏ်းတူညီလေး ကွေ့ဝူကို သတ်နိုင်မှာမလို့လဲ..." ဖုန်းသွမ့်ဟန်သည် သံသယဝင်နေသော မျက်လုံးများဖြင့် မေးမြန်းလိုက်သည်။

"သူ့ကို ထျန်းလန်ဒေသ မြောက်ပိုင်းမှာရှိတဲ့ အဓိကအင်အားစုကြီးတစ်ခုက လူတွေ သတ်သွားတာလည်း ဖြစ်နိုင်တယ်.. ဒါပေမယ့် ငါတို့ဂိုဏ်းသားကို ဘယ်သူပဲ သတ်သတ် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်စေရမယ်"

"ဂိုဏ်းတူညီလေးက ဂိုဏ်းတူအကိုကြီးတွေနဲ့ အတူသွားရောက်ချင်ပါတယ်.. ဂိုဏ်းတူညီလေး ကွေ့ဝူရဲ့သေဆုံးခြင်းက ဆရာ့အတွက် အရှက်ရ ရရုံသာမကဘူး...ကျွန်တော်တို့အတွက်လည်း အရှက်ရ ရပါတယ်..၊ ကျွန်တော် ဂိုဏ်းတူညီလေး ကွေ့ဝူအတွက် လက်စားချေမယ်.." ဖုန်းသွမ့်ဟန်သည် လက်သီးဆုပ် ဂါရဝပြုရင်း လေးလေးနက်နက်ပြောဆိုလိုက်သည်။

အနက်ဝတ်ထားသောလူသည် ခေါင်းညိမ့်လ်ုက်ပြီး သူ၏မျက်နာထက်၌ ထူးဆန်းသော အပြုံးတစ်ခုဖြစ်ပေါ်လာကာ တိုးညင်းစွာ ပြောဆိုလိုက်သည်။

"ဒီကိစ္စကို အလျှင်လိုစရာမလိုပါဘူးကွာ.. ဒီကျိုးပျက်ကောင်းကင်မြို့ကြီးမှာ မိန်းမလှလေးတွေ အများကြီးရှိမှာပေါ့... ဟုတ်တယ်မလား ၊ အကိုကြီးက ဒီကိုပထမဆုံးအကြိမ်ရောက်လာတာဆိုတော့ ဂိုဏ်းတူညီလေးအနေနဲ့ ဘာလုပ်ရမလဲဆိုတာကို သိလောက်မှာပါနော်..."

ထိုစကားများကို ပြောကြားလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အခြားသော အနက်ဝတ်လူများသည်လည်း ကောက်ကျစ်စွာပြုံးလိုက်ကြသည်။ ဤသည်မှာ ဖုန်းသွမ့်ဟန်ကို လာရောက်ရှာဖွေရသည့် အစစ်အမှန်အကြောင်းအရင်းပဲ ဖြစ်သည်။ ဂိုဏ်းထဲတွင် စည်းမျဥ်းစည်းကမ်းများမှာ အလွန်အမင်းတင်း ကြပ်လှပြီး သူတို့လွတ်လွတ်လပ်လပ် ပျော်ပါးခွင့်မရကြပေ။

အနက်ဝတ်ခေါင်းဆောင်၏ စကားကို ကြားလိုက်ရသည့်အခါ ဖုန်းသွမ့်ဟန်၏ မျက်နာသည် မဲမှောင်သွားပြီး တွန့်ဆုတ်ဆုတ်အမူအရာဖြင့် ပြောဆိုလိုက်သည် "မြို့စားအိမ်တော်မှာ အချောအလှလေးတစ်ချို့ရှိပါတယ်.. ဒါပေမယ့် ဒီဂိုဏ်းတူညီလေးက..."

"ကိစ္စမရှိပါဘူး... မင်းတို့ငါတို့ဆိုတာ ညီအကိုတွေပဲမလား အတူတူပျော်ပါးကြတာပေါ့..." အနက်ဝတ်ခေါင်းဆောင်သည် သူ၏လက်အား ခပ်သာသာဝှေ့ယမ်းလျှက် ပြုံးကာပြောဆိုလ်ုက်သည်။

"ဒီလိုဆိုမှတော့ ဂိုဏ်းတူအကိုကြီးတို့ ကျွန်တော်နဲ့လိုက်ခဲ့ပါ"

ဖုန်းသွမ့်ဟန်သည် ခေါင်းညိမ့်ကာ သူ၏လက်အား ဆန့်တန်းလိုက်ပြီး ဖိတ်ခေါ်သည့် အမူအရာပြုလုပ်လိုက်သည်။ သူသည် အနက်ဝတ်လူများအား မြို့စားအရှင် အိမ်တော်၏ ပင်မခန်းမကြီးအတွင်းသို့ ဦးဆောင် ခေါ်ဆောင်သွားခဲ့သည်။ မြို့စားခန်းမကြီး၏ တံခါးကို ခပ်သာသာဖွင့်ဟလိုက်သည့်အခါ အတွင်းတွင် ရှိနေသော ဒါဇင်ချီသည့် အချောအလှမိန်းမပျိုလေးများအား တွေ့မြင်လိုက်ကြရသည်။

လှပသော မိန်းမပျိုတစ်စုကို တွေ့မြင်လိုက်ရသည့်အခါ အနက်ဝတ်လူများ၏ မျက်လုံးများသည် ရုတ်တရက်လင်းလက်သွားပြီး ဖုန်းသွမ့်ဟန်နှင့်အတူ အခန်းအတွင်းသို့ အလျင်အမြန်ဝင်ရောက်သွားကာ ပွင့်ဟနေခဲ့သော တံခါးကြီးသည်လည်း တဖန်ပြန် လည် ပိတ်သွားခဲ့သည်။

........

ဝမ်ဖုန်းနှင့်အခြားသူများသည် ကြီးမားသော ကြေးဝါဂိတ်တံခါးကြီးအရှေ့၌ မတ်တပ်ရပ်နေကြသည်။ ဤနေရာကို တစ်ကြိမ်ရောက်ခဲ့ဖူးသော ဝမ်ဖုန်းသည်လည်း ကြေးဝါဂိတ်တံခါးကြီးကို တွေ့မြင်လိုက်ရသည့်အခါ ထိတ်လန့်အံ့အားသင့်နေရဆဲပင်။

သူသည် ဆန်းကြယ်သူတော်စင် အထွတ်အထိပ်တည်းဟူသော ကျင့်ကြံဆင့်ကို ရောက်ရှိနေပြီဖြစ်သော်လည်း ကြေးဝါခန်းမကြီးအရှေ့၌မတ်တက်ရပ်နေသည့်အခါ သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်အလား ခံစားလိုက်ရချေသည်။

"စနစ်... ဂိုဏ်းအမှတ် တစ်သိန်းအသုံးပြုပြီး ထီလက်မှတ်တစ်စောင် ဝယ်ယူမယ်" ဝမ်ဖုန်းသည် ကြီးမားသော ကြေးဝါဂိတ်တံခါးကြီးကြောင့် ဟုန်ကျူနှင့်တခြားသူများ အံ့အားသင့်ထိတ်လန့်နေကြစဥ်မှာ တီးတိုးရေရွတ်လိုက်သည်။

"ဒင်... ကွမ်ယုကျင့်ကြံဆင့်၏ ဆယ်ပုံတစ်ပုံကို ရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်..."

"ဒင်... နဂါးလက်ဝါး ၁၈ ချက်ကိုကံစမ်းရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်"

"ဒင်..."

ထီကံစမ်းခွင့် အကြိမ်တစ်ရာအသုံးပြုခဲ့ရာတွင် နဂါးလက်ဝါး ၁၈ ချက်မှတစ်ပါး ကျန်သောအရာများမှာ ကျင့်ကြံမှုအခြေခံများဖြစ်ပါသည်။

"စနစ်... မဲပေါက်ထားတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ နဂါးလက်ဝါး ၁၈ ချက်ကို သုံးပြီး ဒီဂိုဏ်းချုပ်ကို ကောင်းချီးပေးပါဦး... အရှိန်အဝါတွေကိုလည်း ဖုံးကွယ်ပိတ်ဆို့မယ်" ဝမ်ဖုန်း၏မျက်ဝန်းများသည် တောက်ပသွားပြီး လျှို့ဝှက်စွာပြောဆိုလိုက်သည်။

ဘုန်း...

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ခုသည် ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်စီးဆင်းဝင်ရောက်သွားပြီး သူ၏ကျင့်ကြံဆင့်မှာလည်း တဟုန်ထိုး တိုးမြင့်လာခဲ့သည်။

သိပ်မကြာခင်မှာဘဲ ဝမ်ဖုန်းသည်စနစ်၏ ကြောငြာသံကို ထပ်မံကြားလိုက်ရသည်။

"ဒင်... ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်..."

အဆိုပါစနစ်၏ ကြေငြာသံက ဝမ်ဖုန်း၏ မျက်နာအား ပြုံးပန်းများပွင့်သွားစေခဲ့သည်။ သူသည်လျှင်မြန်စွာနဲ့ဘဲ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်သွားပြီး ဆန်းကြယ်နတ္ထိအဆင့်ကို ရောက်ရှိသွားပြီဖြစ်သည်။ ဒါ့အပြင် သူသိရှိနားလည်ထားသော ဓါးပညာ နိယာမများမှာလည်း အလိုအလျောက်ပြီးပြည့် စုံသွားခဲ့သည်။ စနစ်ကြောင့်သူသည် ကျင့်ကြံခြင်းအဆင့်များကို တိုက်ရိုက်ချိုးဖြတ်တတ်ရောက်သွားခဲ့သည်။ ဤသည်မှာတကယ့်ကို မိမိုက်လှပေသည်။

သူ၏ခန္ဓာကိုယ်အတွင်း ရုတ်ချည်းကိန်းဝပ်လာသော ကြောက်မက်ဖွယ်စွမ်းအားများကြောင့် ဝမ်ဖုန်းသည် အကြောက်အလန့်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။ အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်သည်တစ်ချိန် တခါက စွမ်းအားကြီးခဲ့သော်လည်း နှစ်ပေါင်းများစွာ ချိတ်ပိတ်ပြီးဖြစ်လေရာ အခုအချိန်ဆိုပါက အားအနည်းဆုံးအခြေအနေတွင် ရှိနေမှာသာဖြစ်သည်။ အဲ့တာက ဘယ်လောက်သန်မာနိုင်မှာမို့လို့လဲ။

အဲ့ဒီကောင်ကသာ သူ့ထက်သန်မာနေမယ်ဆိုရင် သူကလည်း နောက်ထပ် ထီကံစမ်းခွင့်ကို အသုံးပြုလိုက်ရုံပေါ့။စနစ်ပိုင်ရှင်တစ်ယောက်အနေနဲ့ သူဘာကိုများ ကြောက်ရဦးမည်နည်း။

"သွားကြစို့... သတိကြီးကြီးထားကြ ၊ ဒီတံခါးကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက် စောင့်ဆိုင်းနေလောက်တယ်" ဝမ်ဖုန်းသည် သူ၏လက်အား ဝှေ့ယမ်းလျှက် ပြောဆိုလိုက်သည်။

ထို့သို့ပြောလိုက်ပြီးနောက် ဝမ်ဖုန်းသည် ယဲ့မုချင်၏ ခန္ဓာကိုယ်လေးအား သူ့အနား ဆွဲသွင်းလိုက်ကာ အကာအကွယ်ပေးလိုက်သည်။

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ မြောက်များစွာသော စွမ်းအားရှင်များသည် တညီတညွတ်တည်း ခေါင်းညိမ့်လိုက်ကြသည်။ ပတ္တမြားရောင်နီ နဂါးမြင်းကြီးကို စီးနင်းထားသော ကွမ်ယုသည် ချင်းလုံရန်ယွဲ့ ဆေဘာဓါးကို လက်ထဲမှာ ဆုပ်ကိုင်လျက် ရှေ့ဆုံးက လျောက်သွားသည်။ သူ့နောက်မှနေ၍ ရှန်းဝမ်စန်း ၊ ဟုန်ကျူတို့အဖွဲ့ ၊ ဝမ်ဖုန်းနှင့် ယဲ့မူချင်တို့က အတူတကွလိုက်ပါသွားကြသည်။

လူအုပ်ကြီးသည် ကြေးဝါဂိတ်တံခါးကြီးရှိရာသို့ တဖြည်းဖြည်းချဥ်းကပ်သွားကြသည်။

All Chapters