← Chapters

အကန့်အသတ်မဲ့သောအသက်များ။

Vol. 14 Ch. 185

အကန့်အသတ်မဲ့သောအသက်များ။

Vol. 14 Ch. 185

ဉာဏ်အလင်းပွင့်ခြင်းဇယားကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ အံ့ချီးဖွယ်ရတနာတစ်ပါးသည် ကိုယ်ပိုင်စိတ်ဝိညာဏ်ကိုပိုင်ဆိုင်ထားပြီး တစ်စုံတစ်ယောက်ကသာ သူတို့ထက်စွမ်းအားကြီးပါက သူတို့သည် ခြိမ်းခြောက်မှုတစ်ခုကိုခံစားရမည်ဖြစ်ကာ အဝေးသို့ထွက်ပြေးသွားကြမည်ဖြစ်သည်။

ထို့အတွက်ကြောင့် ဝမ်ဖုန်းသည် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကို ထိန်းချုပ်နိုင်ရန်အတွက် ထီလက်မှတ်များကို အသုံးပြုခဲ့ခြင်းမရှိဘဲ သူ၏ကျင့်ကြံဆင့်ကို ဆန်းကျယ်သူတော်စင်အထွတ်အထိပ်အဆင့်၌သာ ရပ်တန့်ထားခဲ့သည်။ သို့ပါသော်လည်း အပြောင်းအလဲများကြောင့် ဝမ်ဖုန်းသည် ကျင့်ကြံဆင့်အား ဆက်လက်ဖိနှိပ်ထား၍မဖြစ်နိုင်တော့ချေ။ အလောင်းကောင်ဆင့်ခေါ်ခြင်းသွေးမျိုးဆက်ကဲ့သို့သော လျို့ဝှက်ဆန်းပြားပြီး ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သူဟာ မိမိ၏စွမ်းအားကို တိုးမြှင့်ရုံသာ တတ်နိုင်တော့သည်။

လက်ရှိတွင် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားသည် ရှန်ရှန့်ကျုံဂိုဏ်း ကောင်းကင်ယံအထက်၌ တည်ရှိနေသည်။ ယင်းကို မထိန်းချုပ်နိုင်ဘူးဆိုလျှင်တောင်မှ အချိန်အတိုင်းအတာတစ်ခုထိတိုင်အောင်တော့ အဆင်ပြေပါလိမ့်မည်။ ရှန်ရှန့်ကျုံဂိုဏ်းကို သူပြန်ရောက်သည့်အခါ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားနှင့်ပက်သက်၍ စဉ်းစားခန်းဖွင့်ရပေလိမ့်မည်။

တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားတွင် တိုက်ခိုက်ရေးစွမ်းရည်မရှိသော်လည်း ယင်း၏အလျင်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ အလွန်သန်မာသောသူတစ်ယောက်ကတောင် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကို ဖမ်းယူနိုင်မှာမဟုတ်ပါ။ ထိုအရာကိုရရှိဖို့ဆိုလျှင် ဝမ်ဖုန်းအနေဖြင့် ထောင့်စေ့အောင်တွေးတောဖို့လိုအပ်ပေသည်။

ဘုန်း ...

ကျယ်လောင်သောအသံကြီးတစ်သံက ဝမ်ဖုန်းကို အတွေးလွန်နေခြင်းမှ လှုပ်နှိုးလိုက်သည်။ အလင်းတန်းတစ်ခုသည် သူ၏မျက်လုံးများအတွင်း၌ ဖြတ်သန်းသွားခဲ့သည်။ တဖြည်းဖြည်းပွင့်ဟသွားခဲ့သော ဧရာမကြေးဝါတံခါးကြီးအား တွေ့မြင်လိုက်ရလျှင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ တောင့်တင်းသွားခဲ့သည်။ သူသည် ယဲ့မုချင်ကို သူ၏နောက်ကျောဘက်သို့ဆွဲသွင်းလိုက်ကာ ကာကွယ်ပေးလိုက်သည်။

ပတ္တမြားရောင်နီ နဂါးမြင်းပျံကိုစီးထားသော ကွမ်ယုသည် ခန်းမကြီးအတွင်းသို့ အရင်ဦးဆုံးဝင်ရောက်သွားကာ ကွမ်ယု၏နောက်မှ ဝမ်းဖုန်းနှင့်အခြားသူများက လိုက်ပါဝင်ရောက်သွားကြသည်။

သူတို့အားလုံးခန်းမကြီးထဲရောက်သည့်အခါ ဝမ်ဖုန်း၏မျက်စိသူငယ်အိမ်များသည် တုန်ခါသွားခဲ့သည်။ခန်းမကြီးထဲတွင် ပုံရိပ်ခြောက်ခုက လူငယ်လေးတစ်ယောက်အား ပတ်ပတ်လည်ဝန်းရံလျက်ထိုင်နေကြပြီး မြေပြင်ပေါ်ဒူးထောက်လျက်ရှိနေသည်။ ရုပ်ထုကြီးခြောက်ထုကတော့ မရှိတော့ပေ။(အဲ့ဒီပုံရိပ်ခြောက်ခုက ရုပ်ထုကြီးခြောက်ခုပါပဲ)

ဝမ်ဖုန်းသည် သူ့ကိုတုန်လှုပ်အောင်ကြောက်လန့်စေခဲ့သော မေသုရှား၏ရုပ်ထုအား လှည့်ကြည့်လိုက်မိသည်။ အကြည့်တစ်ချက်ဖြင့်ပင် ဝမ်ဖုန်းသည် စိတ်သက်သာရရသွားအောင် သက်ပြင်းချလိုက်ပါသည်။ ထို‌မေသုရှား၏ရုပ်ထုမှာ ပျောက်ကွယ်သွားခြင်းမရှိသေးပဲ တူညီသည့်‌ေနရာမှာ တူညီသည့်ပုံသဏ္ဍာန်ဖြင့် ရှိနေဆဲပင်။

အနောက်ကိုပိုမိုတိုးကပ်သွားသည့်အခါ ဝမ်ဖုန်း၏မျက်နှာအမူအယာများသည် အေးခဲသွားသည်။ ပုံရိပ်ခြောက်ခု ပတ်ပတ်လည်ဝန်းရံ၍ထိုင်နေသော အလယ်ဗဟိုမှ လူငယ်လေးသည် သူတို့ရှန်ရှန့်ကျုံဂိုဏ်းမှ အပြင်စည်းဂိုဏ်း၏ အကြီးဆုံးဂိုဏ်းတူအစ်ကိုကြီးဖြစ်သူ ရုပ်အလောင်းဝိညာဥ်ပဲဖြစ်သည်။

ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲဟ?

ကွမ်ယု၏ဖီးနစ်ငှက်ကဲ့သို့သောမျက်ဝန်းတစ်စုံသည် ကျဉ်းမြောင်းသွားပြီး ရှန်းဝမ်စန်း သည်လည်း ပြုံးရယ်နေခြင်းအား ရပ်တန့်လိုက်သည်။ သူတို့နှစ်ယောက်သည် ပုံရိပ်ခြောက်ခုအား စူးစိုက်ကြည့်လိုက်ကြသည်။ ဟုန်ကျူနှင့်အခြားသူများ၏ အမူအယာများကလည်း အလွန်အမင်းလေးနက်နေကာ သူတို့၏ခန္ဓာကိုယ်များကလည်း တောင့်တင်းနေကြကာ ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကိုလည်း အချိန်မရွေးအသုံးပြုနိုင်ရန် နှိုးဆွထားကြသည်။

ဟွမ် !

ဒီအချိန်မှာပဲ ပုံရိပ်ခြောက်ခုအနက်မှတစ်ခုသည် တုန်ခါသွားပြီး ထို့လူ့ထံမှ အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်နှင့် အခြားသောရုပ်အလောင်းဝိညာဥ်တို့ကို ပတ်ပတ်လည်၍ထိုင်ထားကြသော ပုဂ္ဂိုလ်တို့၏ခန္ဓာကိုယ်များမှာ လှုပ်ရှားခြင်းအလျင်း မရှိခဲ့ပေ။

အဆိုပါအရိပ်က ဝမ်ဖုန်းနှင့်အခြားသူများအား လှည့်ကြည့်လာသည့်အခါတွင် ဝမ်ဖုန်းတို့တစ်တွေသည် တညီတညွတ်တည်း တုန်လှုပ်သွားကြသည်။ သွေးနီရောင်တောက်ပနေသောမျက်ဝန်းတစ်စုံအား ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုကို ခံစားလိုက်ရစေသည် ။ ကွမ်ယုသည်တောင်မှ ချင်းလုံယန်ယွဲ့ဓားကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

အရိပ်သည် ဝမ်ဖုန်းကိုစူးစိုက်ကြည့်လိုက်မိသောအခါ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွားခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်မိကြပြီး ဝမ်ဖုန်းသည် သူ၏စိတ်ဝိညာဉ်တစ်ခုလုံးကို တုန်ခါစေခဲ့သော ခမ်းနားကြီးကျယ်သည့် အရာကြီးတစ်ခုနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

ဤသည်မှာ သူသည်ကမ္ဘာကြီးထဲကိုရောက်လာပြီးကတည်းက တွေ့ကြုံခဲ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကာင်းဆုံး တည်ရှိမှုကြီးပဲဖြစ်သည်။ သူသည် ထိုအရိပ်နှင့် လူခြောက်ယောက်၏ ကျင့်ကြံဆင့်များကို မခန့်မှန်းနိုင်ပေ။ စနစ်ကိုအသုံးပြု၍ ခန့်မှန်းခိုင်းခဲ့သော်လည်း စနစ်ကတောင် မခန့်မှန်းနိုင်ခဲ့ပေ။

ဒါက အားအနည်းဆုံးအခြေအနေတဲ့လား။ အဲ့ဒီ့အရာကသာ အထွတ်အထိပ်အခြေအနေ၌ရှိနေသည်ဆိုလျှင် အကြည့်တစ်ချက်နှင့်ပင် ဝမ်ဖုန်းတစ်ယောက် သေသွားမှာကို ကြောက်နေမိသည်။

အရိပ်၏အကြည့်တစ်ချက်က ဝမ်ဖုန်း၏မာနတရားများကို ရုတ်ချည်းရိုက်ချိုးသွားခဲ့သည်။ ဝမ်ဖုန်းသည် ယခင်က အလွန်သန်မာခဲ့ပုံပေါ်သော်လည်း အစစ်အမှန်သန်မာသော ပုဂ္ဂိုလ်တစ်ယောက်၏ရှေ့မှောက်တွင်တော့ သူသည် ပုရွတ်ဆိတ်တစ်ကောင်အလား သေးငယ်နေဆဲပင်။ သူ၏ရှေ့ဆက်သွားရမည့်လမ်းခရီးမှာ ရှည်လျားနေပါသေးသည်။

" အဲ့ဒီ့တစ်ယောက်နဲ့မင်းမှာ နက်ရှိုင်းတဲ့ဆက်သွယ်မှုရှိတာကြောင့် ငါမင်းကိုမထိခိုက်စေချင်ဘူး ။ ဒါပေမယ့် ဒီရှေးဟောင်းကမ္ဘာကြီးကို ငါတိုက်ခိုက်လာမှာကို တားဆီးချင်တယ်ဆိုရင်တော့ ငါ့ရဲ့အရှိန်အဝါတွေကို ချိတ်ပိတ်ဖို့နည်းလမ်းကိုပဲ မင်းရှာလိုက်တော့။ ဒါမှ ငါတို့ရန်သူတွေ ငါတို့ကို သတိမမူမိစေမှာ!''

ခမ်းနားကြီးကျယ်ပြီးအက်ရှသောလေသံတစ်သံသည် အရိပ်၏ပါးစပ်မှထွက်ပါ်လာခဲ့သည်။ အရိပ်သည် ဝမ်ဖုန်း၏အနောက်တွင်ရှိနေသော ယဲ့မုချင်ကို ဖြတ်ခနဲကြည့်လိုက်ပြီး သူ၏ဦးခေါင်းအားလေးလေးစားစားဂါဝရပြု ဦးညွတ်လိုက်သည်။ဤမြင်ကွင်းမှာ အလွန်လျင်မြန်လွန်းတာကြောင့် ဝမ်ဖုန်းနှင့်အခြားသူများသည် လုံးလုံးသတိမမူမိလိုက်ကြပေ။

ဝမ်ဖုန်းနှင့်အခြားသောသူများ၏အမူအယာများအားလုံးမှာ အေးခဲသွားကြသည်။ ဝမ်ဖုန်းသည် ကွမ်ယုအပေါ်၌ မြင့်မြတ်သောနိုးထမှုကိုတောင် အသုံးပြုဖို့ စီစဉ်လိုက်မိသည်။ ပြောရပါလျှင် ဤအလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်မှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းသည်။ အရမ်းကိုကြောက်မက်ဖွယ်ကောင်း‌သောကြောင့် ဝမ်ဖုန်း၏လက်ရှိခွန်အားဖြင့်ဆိုပါက အနိုင်ရနိုင်မည့်အခွင့်အရေးတောင် လုံးဝမရှိနိုင်ပေ။

တောင်တန်းနှင့်မြစ်များဟာ သံသယအတိပြီး၍ မိုးမခနှင့်ပန်းမာန်များ၏အရိပ်အောက်တွင် အခြားသောရွာတစ်ရွာရှိနေသေးသည်။ (သန်မာတဲ့လူထက် ပိုသန်မာတဲ့သူရှိနေတယ်လို့ ဆိုလိုချင်တဲ့တရုတ်စကားပုံတစ်ခုပါ )။

သည်အချိန်မှာ ဝမ်ဖုန်းသည် ဆိုရိုးစကားတစ်ခုကို မတွေးမိပဲမနေနိုင်တော့ပါ။ သို့ပါသော်လည်း ယင်းနောက်တွင်သူသည် မျက်မှောင်ကြုတ်လျှက် လျို့ဝှက်စွာမေးမြန်းလိုက်သည်။

" စနစ် ၊ ဒီလူတွေရဲ့ရန်သူတွေ သူတို့ကိုသတိမပြုမိအောင် သူတို့ရဲ့အရှိန်အဝါကိုဖုံးကွယ်ပေးနိုင်မယ့်နည်းလမ်း မရှိဘူးလား ။ "

" ဒင် ၊ ပိုင်ရှင်၏လက်ရှိစွမ်းဆောင်မှုအရ ထိုသို့လုပ်ရန်မဖြစ်နိုင်ပါ။ ပိုင်ရှင်သည် စနစ်ကို အဆင့်၇သို့ မြှင့်တင်မည်ဆိုလျှင်တောင်မှ ထိုကဲ့သို့ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး ။ "

အေးစက်စက်ထွက်ပေါ်လာသောစနစ်၏အသံက ဝမ်ဖုန်းကို စိတ်ပျက်အားလျော့သွားစေခဲ့သည်။ သည်အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က တကယ့်ကိုကြောက်လန့်စရာကောင်းလှပါလား ။

ဝမ်ဖုန်းတစ်ယောက်စိတ်ပျက်အားလျော့ေနစဉ်မှာ အရိပ်ကတော့ လေထုထဲတွင်ရပ်တန့်နေပြီး လှုပ်ရှားမှုတစ်စုံတစ်ရာပြုမလုပ်လာသလို ဘာစကားကိုမှလည်း ထပ်မံပြောဆိုခြင်းမရှိပါပေ။ သို့သော်လည်းကွမ်ယုနှင့် အခြားသူများအပေါ် ဖိအားကြီးကြီးမားမားပေးစွမ်းနေဆဲပင်။

" စနစ် ၊ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလားကွာ။ " ဝမ်ဖုန်းသည် မဲမှောင်နေသောမျက်နှာကြီးဖြင့်မေးမြန်းလိုက်သည်။

ထိုပုံရိပ်ခြောက်ခုအလယ်ရှိလူသည် ရုပ်အလောင်းဝိညာဉ်ဖြစ်ရမည်ဟု ဝမ်ဖုန်းသည် ထင်ထင်ရှားရှားကြီးကို ခန့်မှန်းမိနေသည်။

ပြောရလျှင် ပုံရိပ်ခြောက်ခုသည် ရုပ်‌အ‌ေလာင်းဝိညာဥ်၏ ပတ်ပတ်လည်၌ ထိုင်နေကြပြီး အစီအရင်တစ်ခုကို စီမံပြုလုပ်နေပုံပေါ်သည်။

ဤသို့သောပတ်သတ်ဆက်နွှယ်မှုကြောင့် အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်သည် ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်လိုခြင်း မရှိပေ။ ထို့အတွက်ကြောင့် ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအနေဖြင့် စိတ်အေးသက်သာစွာ အနားယူနိုင်မည်ဖြစ်သည်။ သို့ပါသော်လည်း ဝမ်ဖုန်းအနေဖြင့် ဤရှေးဟောင်းကမ္ဘာကြီးထဲရှိ ဘီလီယံဆယ်ချီသောလူများ စတေးခံရမည်ကို စောင့်ကြည့်ရမည်လော။

သူ့တွင်လုပ်ဆောင်နိုင်စွမ်းမရှိပါက တစ်မျိုးတစ်မည်ဖြစ်သွားလိမ့်မည်ဖြစ်သည်။ သို့ပါသော်လည်း သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းသည် လက်ရှိရှေးဟောင်းကမ္ဘာကြီးထဲတွင် ပထမတန်းစားဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အင်အားအကြီးမားဆုံး အင်အားစုကြီးတစ်ခုလည်းဖြစ်သည်။ သူဟာ သည်ရှေးဟောင်းကမ္ဘာကြီးထဲရှိ ဘီလီယံဆယ်ချီသောလူများကိုတောင် မကာကွယ်နိုင်မှတော့ ထိပ်တန်းအင်အားစု ဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ်ရပ်တည်နေရသည်မှာ ရယ်ဖွယ်ကောင်းနေသည်မဟုတ်ပါလော။

ထို့အပြင် ဤသည်မှာ ဘီလီယံဆယ်ချီသော လူပုဂ္ဂိုလ်များ၏အသက်များဖြစ်သည်။

အဆိုပါဘီလီယံဆယ်နှင့်ချီသောလူများ၏ ၉၉ရာခိုင်နှုန်းသည် ဝမ်ဖုန်းနှင့်ပက်သက်ဆက်နွှယ်ခြင်းမရှိသော်လည်း ဝမ်ဖုန်းသည် ထိုအပြစ်မဲ့သောသူများ အလောင်းဆင့်ခေါ်ခြင်း‌သွေးမျိုးဆက်၏ စတေးခံဖြစ်ရမည်ကို စောင့်ကြည့်မနေရက်ပေ။သူတစ်ကယ့်ကို ဒီအတိုင်းရပ်ကြည့်မနေနိုင်ပါပေ။

ယောက်ျားကောင်းတစ်ယောက်ဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရပေလိမ့်မည်။

ဝမ်ဖုန်းသည် တစ်‌ကိုယ်ကောင်းဆန်သောသူ တစ်ယောက်ဖြစ်သည်။ ထိုဘီလီယံဆယ်နှင့်ချီသောလူပုဂ္ဂိုလ်များကသာ သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ ရန်သူများဖြစ်မည်ဆိုပါက သူ့အနေဖြင့် ထိုသူများသေဆုံးရခြင်းအပေါ် မျက်တောင်တစ်ချက်ခတ်မိမှာမဟုတ်ပါ။ သို့ပါသော်လည်း သူတို့ရှန်ရှန့်ကျုံဂိုဏ်းသည် လက်ရှိတွင် ရှေးဟောင်းကမ္ဘာကြီးအတွင်း၌ စတင်အင်အားကြီးထွားလာပြီဖြစ်သည်။ အဆိုပါဘီလီယံဆယ်နှင့်ချီသော လူများကလည်း သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ အနာဂတ်မျိုးဆက်ငယ်လေးများ ဖြစ်လာနိုင်သည်မဟုတ်ပါလော။

ကမ္ဘာလောကကြီးမှကူးပြောင်းလာသူတစ်ယောက်အနေဖြင့် အာဏာနှင့်စွမ်းအားအပေါ် တမ်းတမ်းစွဲရူးသွပ်နေစေကာမူ ဝမ်ဖုန်းသည် ဘီလီယံဆယ်ချီသောလူပုဂ္ဂိုလ်များ သေဆုံးရမည်ကိုတော့ စောင့်ကြည့်မနေဝံ့ပါပေ။

ဒါ့အပြင် ဝမ်ဖုန်းသည် ရှေးဟောင်းကမ္ဘာကြီးကို သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်လာစေချင်ခဲ့သည်။

" ဒင် ၊ နည်းလမ်းတစ်ခုတော့ရှိပါတယ်။ ကောင်းကင်နှင့်မြေပြင်ရဲ့ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားက ရှားပါးတဲ့ရတနာတစ်မျိုးဖြစ်တယ်။ ကောင်းကင်နှင့်မြေကြီးကမွေးဖွားပေးလိုက်တဲ့ ရှေးဟောင်းရတနာဖြစ်တာနဲ့အညီ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကလည်း ဒီကမ္ဘာကြီးထဲကအရာအားလုံးကို ပိတ်ပင်တားဆီးနိုင်စွမ်းရှိပါတယ် ။ ဒီလိုစွမ်းပကားမျိုး ရှိနေလို့မဟုတ်လျှင် ကောင်းတာအိုဉာဏ်အလင်းပွင့်ခြင်းဇယားက ထိပ်တန်းစွမ်းအားရှင်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်ခြင်းကို လွန်ခဲ့တဲ့နှစ်‌ေပါင်းများစွာကတည်းက ခံလိုက်ရမှာပေါ့ ။ "

" ပိုင်ရှင်အနေနဲ့သာ ဉာဏ်အလင်းပွင့်ခြင်းဇယားကိုဖိနှိပ်နိုင်ပြီး ရှေးဟောင်းဂူသင်းချိုင်းထဲကိုယူလာနိုင်မယ်ဆိုလျှင် အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်ရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်မှာဖြစ်တယ်။ ဒီလိုဆိုရင် သူတို့ လုံလုံခြုံခြုံနဲ့ပြန်လည်ကုသနိုင်မှာပါ။ "

သူ့စိတ်အာရုံအတွင်း မြည်ဟည်းလာသော အေးစက်သောအသံကြီးက ဝမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်။ သူဟာအလျင်စလိုမေးမြန်းလိုက်သည်။

" စနစ် ၊ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကို မင်းဖိနှပ်နိုင်လို့လား "။

" ဒင် ၊ သာမန်လူတွေအတွက်တော့ သူတို့ကျင့်ကြံဆင့် ဘယ်လောက်ပဲမြင့်မြင့် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကိုဖိနှိပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ပိုင်ရှင့်အနေနဲ့ကတော့ အဲ့ဒါက အရမ်းကိုလွယ်ကူပါတယ်။ "

" ပိုင်ရှင့်အနေနဲ့ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားအရှေ့ကို တစ်ဖက်လောက လျို့ယင်းကို ယူဆာင်သွားဖို့ပဲလိုအပ်ပါတယ်။ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားက နာနာခံခံနဲ့ ထိန်းချုပ်ခံပါလိမ့်မယ် ။ "

" တစ်ဖက်လောက လျို့ယင်းက အသန်မာဆုံးနတ်ဆိုးဖြစ်ပါတယ်။

ကောင်းကင်နှင့်မြေပြင်ကြားက အထူးဆန်းဆုံး ရတနာဆိုရင်တောင်မှ တစ်ဖက်လောက လျို့ယင်းရဲ့ရှေ့မှာ ဦးညွတ်မာန်ချရမှာပါ!''

All Chapters