← Chapters

ဘယ်တော့မှ ပြန်မဝင်စားနဲ့။

Vol. 14 Ch. 186

ဘယ်တော့မှ ပြန်မဝင်စားနဲ့။

Vol. 14 Ch. 186

သူ့စိတ်အာရုံအတွင်းမြည်ဟည်းထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏ မျက်လုံးများအား တောက်ပလာစေခဲ့သည်။ သူသည်သူ၏ စိတ်အတွင်း၌ တိတ်တဆိတ်ဟစ်ကြွေးနေမိသည်။ တစ်ဖက်လောက လျှို့ယင်းက အရမ်းအံ့ဩစရာကောင်းတာပဲ!

တစ်ဖက်လောကလျို့ယင်းကို အုပ်စိုးနိုင်တဲ့သူက ပိုလို့တောင် အံံ့ဩစရာကောင်းသေးတယ်!

"မင်းရန်သူတွေ သတိမပြုမိခင် အချိန်ဘယ်လောက်ရဦးမလဲ" အဖြေတစ်ခုရရှိသွားပြီဖြစ်ရာ ဝမ်ဖုန်းသည် အရိပ်ကိုစိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"ငါကပြန်ကောင်းလာဖို့ စောင့်နေရုံဘဲ အခုထိဘာမှစမလုပ်ရသေးဘူး... ငါတို့ရဲ့အရှိန်အဝါတွေကိုလည်း အပြည့်အဝထုတ်မလွှတ်ရသေးဘူး ၊ အချိန်တစ်လလောက်တော့ လိုလိမ့်ဦးမယ်..." အရိပ်သည် ဝမ်ဖုန်းကိုကြည့်ကာ ပြောဆိုလိုက်သည်။

တစ်လ?

လုံလောက်ပြီ။

ဝမ်ဖုန်းသည် ခေါင်းညိမ့်ကာလေးနက်စွာပြောဆိုလိုက်သည်။

"မင်းတို့ရန်သူတွေ သတိမပြုမိအောင် မင်းတို့ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်နိူင်မယ့်နည်းလမ်း တစ်ခုငါ့မှာရှိတယ်... ၊ ဒါပေမယ့်အခြေအနေတစ်ခုတော့ရှိတယ် မင်းဒီရှေးဟောင်း ဂူသင်္ချိုင်းထဲမှာဘဲနေပြီး ပြန်လည်ကုသရမယ် ၊ ဒီရှေးဟောင်းကမ္ဘာကြီးထဲက လူတွေရဲ့အသက်ကိုလည်း မစတေးရဘူး"

ဝမ်ဖုန်း၏လေသံမှာ နူးညံ့သော်လည်း ခန်းမကြီးတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်သွားလေသည်။

အရိပ်သည် ဝမ်ဖုန်းကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ ထူးဆန်း သောအလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ ထိုပုဂ္ဂိုလ်အသိအမှတ်ပြုရတဲ့ လူတစ်ယောက်အဖြစ် ထိုက်တန်ပါပေတယ်လေ...

"ကောင်းပြီ... ငါကအလောင်းတွေကို ဆင့်ခေါ်ချင်ရုံပါ ၊ ငါကအလောင်းတွေကို ချစ်တယ်လေ နောက်ဆုံးအခြေအနေမှ မဟုတ်ရင် ငါအပြစ်မဲ့တဲ့လူတွေရဲ့အသက်ကို မစတေးပါဘူး"

ဤအသံက ဝမ်ဖုန်းကို စိတ်သက်သာရာရသွားစေခဲ့သည်။ အစကသူသည် သေရေးရှင်ရေးတိုက်ပွဲတစ်ခုကို တိုက်ခိုက်ရတော့မည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း ဤမျှလောက် လွယ်လွယ်ကူကူ ဖြေရှင်းပြီးသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤသည်မှာ ဝမ်ဖုန်း၏ ကံတရားက အလွန်အမင်းကောင်း မွန်နေ၍သာဖြစ်ရမည်။ ဒီလိုမှမဟုတ်လည်း ဝမ်ဖုန်းက အလွန်အမင်းသန်မာနေ၍သာ ဖြစ်ရမည်။

"ငါတို့ရှန်ရှန်ကျုံဂိုဏ်း အပြင်စည်းတပည့်တွေရဲ့ အကြီးဆုံးဂိုဏ်းတူအကိုကြီး ရုပ်အလောင်းဝိညာဥ်ကရော... သူ့ကိုမင်းတို့ဘာလုပ်ကြမှာလဲ..." အဲ့ဒီနောက်ဝမ်ဖုန်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး ရုပ်အလောင်းဝိညာဥ်အား ညွှန်ပြလျှက် အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။

ရုပ်အလောင်းဝိညာဥ်သည် ရှန်ရှန်ကျုံဂိုဏ်းအတွင်းဝင်ရောက်လာတာ မကြာသေးသလို ဝမ်ဖုန်းကလည်း ရုပ်အလောင်းဝိညာဥ်နဲ့ရင်းနှီးခြင်းမရှိသော်လည်း သူသည် ရှန်ရှန်ကျုံဂိုဏ်းအတွင်း ဝင်ရောက်လာပြီးဖြစ်လေရာ ရှန်ရှန်ကျူံဂိုဏ်းသားတစ်ယောက် ဖြစ်သွားလေပြီ။ ဝမ်ဖုန်းသည် သူဂိုဏ်းမှ ဂိုဏ်းတပည့်များကို အပြည့်အဝကာကွယ်မှုပေးရမည်ဖြစ်သည်။

ဘယ်သူပဲဖြစ်ဖြစ် သူတို့ရှန်ရှန်ကျုံဂိုဏ်းက တပည့်များကို ထိခိုက်အောင်လုပ်ခွင့်မရှိပေ။

"ငါတို့အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးနွယ်စုမှာ သူ့ရဲ့အဆင့်အတန်းက မြင့်မားလွန်းတယ် ၊ စိတ်မပူပါနဲ့ ။ငါ ကမ္ဘာကြီးတစ်ခုလုံးရဲ့ရန်သူ ဖြစ်လာရင်တောင် သူ့ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး"

"အခုငါတို့ရုပ်အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်ရဲ့ အမွေအနှစ်တွေကို သူဆက်ခံရရှိအောင် ကူညီပေးနေတာပါ ၊ ဒီလိုမှဘဲ သူအစစ်အမှန်နိုးထနိုင်လိမ့်မယ်"

အရိပ်သည် ဖြည်းလေးစွာပြောဆိုလိုက်သည်။ အရိပ်၏အမူအရာများမှာ ပြောင်းလဲခြင်းမရှိသော်လည်း ဝမ်ဖုန်းသည် အရိပ်အနေဖြင့် ရုပ်အလောင်းဝိညာဥ်အကြောင်း ပြောဆိုသည့်အခါ သူ၏လေသံထဲတွင် လေးစားမှုအရိပ်အယောင်များပါဝင်နေသည်ကို သတိထားမိလိုက်သည်။

ဤစကားများက ဝမ်ဖုန်း၏ အမူအရာအား ပြောင်းလဲသွားစေခဲ့သည်။ ရုပ်အလောင်းဝိညာဥ် အပြည့်အဝနိုးထလာသည့်အခါ ထိုဖြစ်စဥ်မှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

"သိပ်နောက်မကျခင် မင်းတို့ရဲ့အရှိန်မဝါတွေကို ဖုံးကွယ်ဖို့ ရတနာတစ်ခုကို ဒီဂိုဏ်းချုပ်သွားရှာလာခဲ့မယ် ၊ တစ်လမပြည့်ခင်မှာ ဒီဂိုဏ်းချုပ်ပြန်လာခဲ့မယ်"

ရုပ်အလောင်းဝိညာဥ်တစ်ယောက် အသက်အန္တရာယ် မရှိသည့်အပြင် ကြီးကျယ်သော ကံကောင်းမှုကြီးတစ်ခုကိုပါ ရလိုက်ဦးမည်ဆိုတာကို သိရှိလိုက်ရသော ဝမ်ဖုန်းသည် ရုပ်အလောင်းဝိညာဥ်ကို ဆက်လက် စိုးရိမ်နေခြင်းမရှိတော့ပေ။ သူသည် အရိပ်ကိုဝေ့ကြည့်လိုက်ပြီး လေးနက်စွာပြောဆိုလိုက်သည်။

အရိပ်သည် ဘာစကားမှထပ်မပြောတော့ဘဲ ခေါင်းညိမ့်လိုက်သည်။ ဤသည်ကိုတွေ့မြင်သည့်အခါ ဝမ်ဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ကွမ်ယုနှင့် အခြားသူများကို ဦးဆောင်လျက် ခန်းမကြီးအတွင်းမှ ထွက်ခွာသွားတော့သည်။

သို့ပါသော်လည်း ထိုအချိန်တွင် ဝမ်ဖုန်းတို့နောက်ကို လိုက်နေခဲ့သော ယဲ့မုချင်သည် လူအုပ်၏ နောက်ဆုံးအတန်းကိုရောက်နေသည်ကိုတော့ ဝမ်ဖုန်းနှင့်အခြားသူများ သတိမထားမိလိုက်ပေ။

အေးစက်ပြီးခက်ထန်သော အလင်းတန်းတစ်ခုသည် သူမ၏ မျက်လုံးများအတွင်း၌ ဖြတ်သန်းသွားသည်။ သူမသည် သန်မာလှပါသည်ဆိုသော အရိပ်ကို လှည့်ကြည့်လိုက်သည်။.

ဘုန်း....

ဒီအချိန်မှာဘဲ အရိပ်သည်ချက်ချင်း ဒူးထောက်ကျသွားပြီး ရုပ်အလောင်းဝိညာဥ်ကိုအမွေအနှစ်များ ဆက်ခံရန်ကူညီပေးနေသော ကျောက်ရုပ်ကြီး ခြောက်ခုမှာလည်း ယဲ့မုချင်ကို အတူတကွ ဒူးထောက်လျက် ဖူးမျှော်လိုက်ကြသည်။

ထို့အပြင် ဧကရီမေသုရှား၏ ရုပ်ထုကြီးမှာလည်း ထူးထူးဆန်းဆန်း ဒူးထောက်ဂါရဝပြုလိုက်သည်။ ၄င်းမှာ ဧကရာဇ်အားတွေ့မြင်နေရသော ငယ်သားတစ်ယောက်ကဲ့သို့ အလွန်အမင်း လေးစားမှုရှိလှပေသည်။

ဤသည်ကိုတွေ့မြင်ရသည့်အခါ ယဲ့မုချင်သည် သူမ၏ ခေါင်းကလေးအားမော့လိုက်ပြီး ရှေးဆန်သော သံစဥ်စာသားများမှာ သူမ၏ နှုတ်ခမ်းပါးများ ထက်မှ ထွက်ပေါ်လာသည်။ ထူးဆန်းသည်မှာ ထိုသံစဥ်တေးသွားများ ထွက်ပေါ်လာသော်လည်း ဝမ်ဖုန်းနှင့် အခြားသူများသည်နားကန်းနေသော သူများကဲ့သို့ ဘာကိုမှ မကြားခဲ့ရပေ။

အဆိုပါသံစဥ်စာသားများကို ရွတ်ဆိုလိုက်ပြီးနောက်မှာ ယဲ့မုချင်သည် သူမ၏ မူလပုံစံအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး စိတ်ရှုပ်ထွေးနေသော အမူအရာများက သူမ၏မျက်လုံးများအတွင်းဖြစ်ပေါ်လာခဲ့သည်။ သူမသည် မြေကြီးပေါ်ဒူးထောက်နေသော ကျောက်ရုပ်ထုကြီး ၆ခုအား ဝေ့ဝဲကြည့်ရှုလိုက်ပြီး ခေါင်းခါယမ်းလျက် ဝမ်ဖုန်းတို့နောက်ကို လိုက်ပါသွားတော့သည်။

ယဲ့မုချင်ခန်းမအပြင်ဘက်ကို ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရုပ်ထု၆ခု နှင့် မေသုရှား ရုပ်ထုတို့သည်လည်း သူတို့၏ မူလပုံစံအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ကြသည်။

"အရှင်မက အမိန့်တော်ပါးလိုက်တယ် ငါတို့ဒီအမိန့်ကို နာခံရလိမ့်မယ်..." ရှေးဆန်ပြီး နက်ရှိုင်းသော အသံကြီးတစ်သံက ခန်းမအတွင်းပဲ့တင်ထပ်သွားသည်။ ထိုစကားကို ပြောလိုက်သူမှာ ရုပ်ထု၆ခုအနက် တစ်ခုဖြစ်သည်။

"ငါတို့မြင့်မြတ်တဲ့ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က ဒီလိုဂိုဏ်းသေးသေးလေးတစ်ဂိုဏ်းကို စောင့်ရှောက်ကာကွယ်ပေးရမတဲ့လား... နတ်ဘုရားတွေက ဘာတွေများတွေးနေတာလဲကွာ..." ရုပ်ထုတစ်ခုသည် မထီမဲ့မြင်အမူအရာဖြင့် ပြောဆိုလိုက်သည်။

ဘုန်း...

သို့ပါသော်လည်း ထိုရုပ်ထု၏စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် မေသုရှားရုပ်ထုမှတစ်ဆင့် အလင်း တန်းကြီးတစ်ခုသည် ဖျက်ကနဲ ထွက်သွားပြီး ရုပ်ထု၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လွင့်စင်ထွက်သွားကာ အဝေးရှိနံရံနှင့် တိုက်မိသွားသည်။ ခန်းမကြီးတစ်ခုလုံးသည် ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့သည်။

ရုပ်ထုမှာ ပါးစပ်အပြည့်သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူသည်အလွန်အမင်းထိတ်လန့်သွားပြီး အလျင်စလို ဒူးထောက်ထိုင်ချလိုက်သည်။

"နောက်တစ်ကြိမ်ဆို မင်းပြန်မွေးဖွားဖို့ မလိုတော့ဘူး!"

ကောင်းကင်ဘုံမှာထွက်ပေါ်လာသည့်အသံကဲ့သို့ မြင့်မြတ်ခမ်းနားသည့်အသံကြီးသည် ခန်းမကြီးတစ်ခွင်ပျံ့နှံ့သွားခဲ့သည်။

"ဟုတ်ကဲ့ပါ..."

ထိုရုပ်အလောင်းသည် အလျင်အမြန်တုံ့ပြန်လိုက်ပြီး သူ၏နှလုံးသားထဲ၌လည်း စိတ်သက်သာရာရမှုအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူသည် မူလပုံစံအဖြစ်သို့ အလျင်အမြန်ပြောင်းလဲသွားခဲ့သည်။ ဧကရီမေသုရှားသာ သနားညှာတာခြင်းမရှိပါက သူသည်အစောကတည်းကပင် သေဆုံးသွားလိမ့်မည်ဖြစ်သည်။

ဒီအချိန်မှာဘဲ ဝမ်ဖုန်းနှင့်အခြားသူများသည် ရှန်းလင်ရှေးဟောင်းနယ်မြေမှ ထွက်လာခဲ့ကြပြီး ရှန်ရှန်ကျုံဂိုဏ်းဆီ ပြန်လာခဲ့ကြသည်။

.......

ကျိုးပျက်ကောင်းကင်မြို့ မြို့စားအိမ်တော်၌ ဖြစ်သည်။ အနက်ရောင်ဝတ်ဆုံများဝတ်ဆင်ထားကြသော အမျိုးသားများသည် သူတို့၏ တွန့်ကြေနေသော အဝတ်အစားများအား ပြန်လည် ဖြန့်ခါရင်းအခန်းတစ်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ သူတို့၏ မျက်နာထက်၌ စိတ်ကျေနပ်အားရနေသော အပြုံးများ ရှိနေကြသည်။ ခေါင်းဆောင်လာသူအမျိုးသားက သူ့ဘေးနားရှိ ဖုန်းသွမ့်ဟန်အားကြည့်ကာ စစ်မှန်သော အပြုံးဖြင့်ပြောဆိုလိုက်သည်။

"ဂိုဏ်းတူညီလေးက သိပ်ကံကောင်းတာဘဲကွာ ဒီနေရာက နေရာသေးသေးလေးဆိုပေမယ့် မင်းရဲ့နေ့ရက်တွေက အမြဲတမ်းစိုပြေ နေတော့မှာပဲ..."

"ဂိုဏ်းတူအကိုကြီးကတော့ လှောင်ပြောင်နေပါပြီ ၊ ဒီနေရာလေးက နေ့ရက်တွေက စိတ်ကျေနပ်အားရဖို့ကောင်းပေမယ့် ကျင့်ကြံဆင့်ကတော့ တိုးတက်ဖို့ခက်တယ်ဗျ" ဖုန်းသွမ့်ဟန်သည် ခါးခါးသီးသီးပြုံးကာ ပြောဆိုလိုက်သည်။

"ဟုတ်တယ်... ဒီလိုနေရာသေးသေးလေးက ထျန်းလန်ဒေသနဲ့ ဘယ်လိုယှဥ်ပြိုင်နိုင်မှာလဲ ၊ မင်းဒီကိုရောက်လာတုန်းက မင်းက ဆန်းကြယ်နတ္ထိအစောပိုင်း အဆင့်မှာမလား ဒါပေမယ့်အခုချိန်ထိတိုင်အောင် ဆန်းကြယ်နတ္ထိနှောင်းပိုင်းအဆင့်ထိဘဲ ရောက်သေးတယ်နော်..၊ ဒီနေရာမှာ ကျင့်ကြံရတာက တကယ့်ကိုနှေးကွေးတာပဲ" ခေါင်းဆောင်ဖြစ်သူ အနက်ဝတ်အမျိုးသားက ဖုန်းသွမ့်ဟန်အား စိုက်ကြည့်လျှက်ပြောဆိုလိုက်သည်။

"ဒီဂိုဏ်းတူညီလေးက တုံးအပါတယ်။ ဂိုဏ်းတူအကိုကြီးတွေနဲ့ ဘယ်ယှဥ်နိုင်ပါ့မလဲ" ဖုန်းသွမ့်ဟန်သည် ခါးခါးသီးသီးပြုံးကာ ထပ်မံပြောဆိုလိုက်သည်။

"ဒီတစ်ကြိမ်ငါတို့ရဲ့ ကျင့်ကြံဆင့်က တာအိုနက်နဲမှုအဆင့်မှာ ရှိပေမယ့်ဒီကမ္ဘာထဲကို ဝင်လာဖို့အတွက် ဆရာက ငါတို့ရဲ့ ကျင့်ကြံဆင့်ကို ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကို ဖိနှပ်ထားခဲ့တယ်...ဒီလိုမှမဟုတ်ရင် ငါတို့ရဲ့ကြီးမားတဲ့ ကျင့်ကြံဆင့်တွေကြောင့် ဒီကမ္ဘာကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး တခြားအင်အားစုကြီးတွေ သတိထားမိသွားမှာကို ဆရာကစိုးရိမ်နေတာလေ..."

"ကျက်တီးလွင်ပြင်က ကျက်တီးလွင်ပြင်ပဲပေါ့။ဒီလိုနေရာမျိုးမှာ ငါတို့ရဲ့ခွန်အားကိုတောင် အပြည့်အဝထုတ်ဖော်ပြသလို့မရဘူးကွ" ခေါင်းဆောင်လုပ်သူ အနက်ဝတ်အမျိုးသားက အလွန်အမင်းမပျော်ရွှင်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"အကိုကြီးတို့ရဲ့ စွမ်းအားနဲ့ဆိုရင် ဆန်းကြယ်နတ္ထိအထွတ်အထိပ်ဆိုရင်တောင်မှ ဒီကမ္ဘာကြီးက လူတွေရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူးဗျာ... ဒီရှေးဟောင်းကမ္ဘာကြီးမှာ အချောအလှလေးတွေ အများကြီးရှိတယ်လို့ ကျွန်တော် ကြားထားတယ် အကိုကြီးတို့လည်း ပျော်ပါးလို့ရတယ်နော်"

ဖုန်းသွမ့်ဟန်သည် ဦးညွတ်ဂါရဝပြုကာ ကပ်ဖားရပ်ဖားလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါအမှန်ဘဲ... ဂိုဏ်းတူညီလေးရဲ့ စကားတွေက ငါ့ရဲ့နှလုံးသားကို အနိုင်ယူသွားပြီ ၊ အဲ့ဒီအမှိုက်ကောင် ကွေ့ဝူအတွက် ငါတို့က ဘာလို့အလျင်စလို လက်စားချေပေးရမှာလဲ ၊ ငါဂိုဏ်းကိုပြန်ရောက်သွားရင် မင်းကိုပြန်ခေါ်ဖို့ ဆရာ့ကိုပြောပေးမယ် ၊ ဆရာကလက်မခံဘူးဆိုရင်တောင်မှ ဒီဂိုဏ်းတူအကိုကြီးက မင်းအတွက် ရတနာအချို့ရှာလာပေးမယ် ဒီလိုဆိုရင် မင်းဆန်းကြယ်ကပ်ဘေးအဆင့်ကို တတ်ရောက်နိုင်ပြီပေါ့ကွာ..."

ခေါင်းဆောင်လုပ်သူ အနက်ဝတ်အမျိုးသားသည် ကျေနပ်အားရနေသော လေသံဖြင့်အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။

"ဂိုဏ်းတူအကိုကြီးကို ကျေးဇူးတင်ပါတယ်.. ဂိုဏ်းတူအကိုကြီးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နှစ်ပေါင်းတစ်ရာတိုင်းမှာ အချောအလှလေးတွေကို ပို့ပေးပါမယ်ဗျာ"ဖုန်းသွမ့်ဟန်သည် ပျော်ရွှင်နေသော အမူအရာဖြင့် အလျှင်စလိုပြောဆိုလိုက်သည်။

ဖုန်းသွမ့်ဟန်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဖုန်းသွမ့်ဟန်အပေါ် ထားရှိသော အနက်ဝတ်လူများ၏ အကြည့်များကလည်း ပိုမိုနူးညံ့သွားကြသည်။ ဒီဂိုဏ်းတူညီးလေးက သိပ်ကိုသိတတ်လွန်းတာဘဲ။

All Chapters