← Chapters

။ ကံကြမ္မာသားတော်သုံးပါး။

Vol. 14 Ch. 187

။ ကံကြမ္မာသားတော်သုံးပါး။

Vol. 14 Ch. 187

" ယွင်ဖုန်းကမြို့စားကိုတွေ့ခွင့်တောင်းပါတယ်။ "

ဖုန်းသွမ့်ဟန်တစ်ယောက် စကားထပ်မံပြောဆိုတော့မည့်အချိန်မှာပဲ ခန်းမကြီးအပြင်ဘက်၌ အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ဖုန်းသွမ့်ဟန်၏မျက်နှာဟာ ချက်ချင်းကိုတည်ငြိမ်သွားပြီး ထူးမခြားနားအမူအယာဖြင့်ပြောဆိုလိုက်သည်။

" ဝင်လာခဲ့ ! "

ဂိုဏ်းတူအစ်ကိုကြီးများရှေ့တွင် သူသည်ကပ်ဖားယပ်ဖားလုပ်၍ စိတ်ကျေနပ်အောင်ပြုမူပေးရသော်လည်း သူ့လက်အောက်ငယ်သားရှေ့မှာတော့ သူဟာ နတ်ဘုရားအလား ကြီးမြတ်လှပါသည်။

ယွင်ဖုန်းသည် ခန်းမကြီးအတွင်းကိုဝင်လာပြီး အနက်ဝတ်လူများကိုတွေ့လိုက်ရသည့်အခါ သူ၏အမူအယာမှာ ထိတ်လန့်အံ့ဩသွားခဲ့သည်။ သူသည်ခေါင်းငုံ့ကာ ဆက်လက်မော့ကြည့်ရဲခြင်းမရှိပဲ လေးလေးစားစားဂါဝရပြုလျက် ပြောဆိုလိုက်သည်။

" မြို့အရှင်ခင်ဗျာ ၊ ဒီငယ်သားက တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ကျဆုံးသွားရတဲ့အကြောင်းအရင်းကို ရှာတွေ့ခဲ့ပါပြီ ။ "

ဘုန်း !

ယွင်ဖုန်း၏စကား ဆုံးသွားသည့်နှင့်တပြိုင်နက် ခန်းမကြီးအတွင်း၌ ကြောက်လန့်ဖွယ်ဖိအားကြီးတစ်ခု ထွက်ပေါ်လာတာကို ယွင်ဖုန်းတစ်ယောက် ခံစားလိုက်ရသည်။ သူဟာ အသက်ရှုရပ်မတတ်ခံစားလိုက်ရပြီး သူ၏စိတ်ဝိညာဉ်ကပါ တုန်ခါလာပါတော့သည်။

" ပြောစမ်း ! ။"

အေးစက်သောအလင်းတန်းတစ်ခုသည် ဖုန်းသွမ့်ဟန်၏ မျက်ဝန်းများအတွင်းဖြတ်သန်းသွားပြီး သူအော်ဟစ်ပြောဆိုလိုက်သည်။

" အဲ့တာက ရှန်ရှန့်ကျုံဂိုဏ်းလို့ခေါ်တဲ့ လျို့ဝှက်ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းပါ ။ အဲ့ဒီ့ဂိုဏ်းက တစ္ဆေဝိညာဉ်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးခဲ့ရုံသာမက အခြား ယောင်ရီအင်ပါယာ ၊ ချင်းယွင်အင်ပါယာအပါအဝင် အင်အားစုကြီးလေးခုကိုလည်း ဖျက်ဆီးပစ်ခဲ့ပါသေးတယ် ။ "

ယွင်ဖုန်းသည် မထိမ်ချန်ဝံ့ပါပဲ အလျင်စလိုပြောဆိုလိုက်သည်။

" ငါသိပြီ ။ မင်းသွားလို့ရပြီ ! " ဖုန်းသွမ့်ဟန်သည် သူ၏လက်အားဝှေ့ယမ်းကာ ထူးမခြားနားဟန်ဖြင့်ပြောဆိုလိုက်သည်။

ယွင်ဖုန်းသည် ထပ်မံဂါဝရပြုကာ ခန်းမကြီးအတွင်းမှ ထွက်ခွာသွားတော့သည်။

" ဂိုဏ်းတူအစ်ကိုကြီး .. " ။ ယွင်ဖုန်းခန်းမအတွင်းမှထွက်ခွာသွားပြီးနောက် ဖုန်းသွမ့်ဟန်သည် အနက်ဝတ်အမျိုးသားများအားလှည့်ကြည့်ကာ ပြောဆိုလိုက်သည်။

" ဟေး ! ၊ ဒီရှန်ရှန့်ကျုံဂိုဏ်းက ငါ့ကိုဖျော်ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ ။ " အနက်ဝတ်အမျိုးသားများ၏ ခေါင်းဆောင်လုပ်သူသည် လှောင်ရယ်ကာ ပြောဆိုလိုက်သည်။

ယင်းနောက် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ မြောက်များစွာသောအနက်ဝတ်အမျိုးသားများသည် ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားတော့သည်။ ဖုန်းသွမ့်ဟန်သည်လည်း ဆက်လက်လစ်လျူရှုရဲခြင်းမရှိတော့ဘဲ သူ၏ခန္ဓာကိုယ်ကလည်း ရုတ်ချည်းပျောက်ကွယ်သွားကာ အနက်ဝတ်အမျိုးသားများနောက် လိုက်ပါသွားတော့သည်။ သူတို့ဦးတည်သွားနေသည့်နေရာသည်ကား ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ ‌ရှင်းယောင်တောင်တန်းများဆီသို့ဖြစ်ေပသည်။

.......

ဝမ်ဖုန်းနှင့်အခြားသူများ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်ရောက်လာသည့်အခါ ဝမ်ချုံးယန်နှင့်အခြားသူများကလည်း ရှန်ရှန့်ကျုံဂိုဏ်းကို ပြန်လာနေကြပြီဖြစ်သည်။

ကျန်းစန်ဖုန်း၏အကူအညီဖြင့် ယုရွှမ်းသည် နေကြတ်ခြင်းမှော်ပညာအား ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီး ယောင်ရီကရာဇ်ကို ဝါးမျိုနိုင်ခဲ့သည်။ ထို့ကြောင့် ယုရွှမ်း၏ကျင့်ကြံဆင့်မှာ ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်သို့ ချက်ချင်းပဲမြင့်တက်သွားတော့သည်။

ဤအချိန်တွင် ယုရွှမ်းသည် ဂိုဏ်းချုပ်ခန်းမအတွင်း၌ ရှိနေခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများ ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာသည့်အခါ သူမသည် ချက်ချင်းပဲဒူးထောက်ချလိုက်ပြီး လေးလေးစားစားပြောဆိုလိုက်သည်။

" အကူအညီပေးတဲ့အတွက် ဂိုဏ်းချုပ်ကိုကျေးဇူးတင်ပါတယ်။ ဒီအချိန်ကစပြီး ယုရွှမ်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်သွားပါပြီ။ အသက်ရှင်သန်နေဆဲမှာလဲ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ၊ သေဆုံးသွားရင်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက်ပဲဖြစ်စေရပါမယ်။ ဒီကတိသစ္စာကိုချိုးဖောက်ပါက ကောင်းကင်နှင့်မြေပြင်ရဲ့ဖျက်ဆီးခြင်းကို ခံရပါစေ။ "

ဘုန်း !

ယုရွှမ်း၏စကားဆုံးသွားသည့်အခါ ကမ္ဘာကြီးတစ်ခုလုံးသည် ရုတ်တရက်တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းစည်းကမ်း ဥပဒေသများသည် ထွက်ပေါ်လာခဲ့သည်။

သွေးစာချုပ် !

သွေးစာချုပ်မှာ တစ်စုံတစ်ယောက်၏သွေးအဆီအနှစ်ဖြင့်ပြုလုပ်ထားသော စာချုပ်ဖြစ်သည် ။ ထိုစာချုပ်အားဖောက်ဖျက်ပါက ကောင်းကင်နှင့်မြေပြင်၏ ပစ်ဒဏ်ပေးခြင်းကို ကျိန်းသေပေါက်ခံရမှာပဲဖြစ်သည်။

ဤအချိန်တွင် ယုရွှမ်း၏စိတ်ဓာတ်ခိုင်မာမှုက ဝမ်ဖုန်းအား အနည်းငယ်ထိရှသွားစေခဲ့သည်။ သူသည် လက်ဆန့်တန်းကာ ယုရွှမ်း၏ခေါင်းအားပုတ်ပေးလိုက်ပြီး ပြောဆိုလိုက်သည်။

" မင်းက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားဖြစ်လာပြီဆိုမှတော့ ငါကလည်းမင်းကို အကာအကွယ်ပေးရတာပေါ့ကွာ ။ "

" ကျေးဇူးပါ ဂိုဏ်းချုပ် ! "

ယုရွှမ်းသည် ထပ်မံ၍ လက်သီးဆုပ်ဂါဝရပြုလိုက်သည်။ ယောင်ရီအင်ပါယာတွင် ရေခဲနတ်ဘုရားမဟုကျော်ကြားသော မင်းသမီးကြီးယုရွှမ်းသည် လက်ရှိအချိန်မှာတော့ဝမ်ဖုန်းအား ကျေးဇူးတင်လေးစားသောအမူအယာများဖြင့် စိုက်ကြည့်နေတော့သည်။

ဂိုဏ်းချုပ်က တစ်ကယ့်ကို နတ်ဘုရားတစ်ပါးပဲ !။

''အခုယောင်ရီအင်ပါယာရော၊ ချင်းယွင်အင်ပါယာကပါ ဒီဂိုဏ်းချုပ်၏ဖျက်ဆီးခြင်းကိုခံလိုက်ရပြီး အင်ပါယာကြီးနှစ်ခုလုံး ပြိုကွဲနေကြပြီ။ မင်းက ယောင်ရီအင်ပါယာရဲ့ တော်ဝင်မျိုးနွယ်ပဲ ။ ဒီဂိုဏ်းချုပ်က ဒီအင်ပါယာကြီးနှစ်ခုကိုပေါင်းစည်းပြီး မဟာယောင်ရီအင်ပါယာကြီးအဖြစ် ပြန်လည်တည်ဆောက်ပေးစေချင်တယ်။''

ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး ယုရွှမ်းအားစူးစိုက်ကြည့်ကာ အမူအယာမဲ့စွာပြောဆိုလိုက်သည်။

ဤသည်မှာ သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်ပင်ဖြစ်တော့သည်။ သူမသည် ယောင်ရီအင်ပါယာကြီးကိုအုပ်စိုးပြီး ရှေးဟောင်းကမ္ဘာကြီးတွင် ရှန်ရှန့်ကျုံဂိုဏ်း၏ဂုဏ်သရေကို ထွန်းတောက်စေလိမ့်မည်။

ဤအချက်ကြောင့် ရှန်ရှန့်ကျုံဂိုဏ်းသားများအနေဖြင့် ကျင့်ကြံရေးကို အာရုံစူးစိုက် ကျင့်ကြံနိုင်ရုံသာမက ရှေးဟောင်းကမ္ဘာကြီးကိုလဲ အုပ်စိုးနိုင်မှာဖြစ်ပြီး ဂိုဏ်းကိုလည်း ဖွံဖြိုးတိုးတက်အောင်လုပ်နိုင်လိမ့်မှာဖြစ်သည်။ ဤသည်မှာ ခဲတစ်လုံးထဲနှင့် ငှက်သုံးကောင်ပစ်လိုက်ခြင်းပင် ။

" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ။ "

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ ယုရွှမ်းသည် တုံ့ဆိုင်းမနေတော့ပဲ လေးလေးစားစားဂါဝရပြုလိုက်ကာ ရှန်ရှန့်ကျုံဂိုဏ်းထဲမှထွက်ခွာသွားတော့သည်။

ယုရွှမ်း၏ထွက်ခွာသွားသောကျောပြင်အား ငေးစိုက်ကြည့်ရင်း ဝမ်ဖုန်းသည် ခေါင်းညိတ်လိုက်သည်။ သူသည် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကို ချက်ချင်းမဖိနှိပ်သေးပဲ လှို့ဝှက်စွာပြောဆိုလိုက်သည်။ " စနစ် ၊ ဂိုဏ်းနဲ့စနစ်အဆင့်ကို အဆင့်ငါးထိမြှင့်တင်ဖို့ဆိုရင် ဘယ်လိုအခြေအနေမျိုးတွေလိုအပ်လဲ ။ "

" ဒင် ၊ စနစ်ကို အဆင့်ငါးထိမြှင့်တင်ဖို့ဆိုရင် ပိုင်ရှင်အနေနဲ့ တာအိုအဆင့်စွမ်းအားရှင်ငါးယောက်ကိုသတ်ဖြတ်ပြီး သူတို့ရဲ့ကံတရားတွေကိုလုယူဖို့လိုအပ်ပါတယ်။ဒါ့အပြင် ဂိုဏ်းအမှတ်သုံးသန်းကိုလည်း လိုအပ်ပါသေးတယ် ။ "

သူ့စိတ်အာရုံအတွင်း မြည်ဟည်းလာသောအေးစက်စက်အသံက ဝမ်ဖုန်း၏မျက်နှာတစ်ခုလုံးကို မဲမှောင်သွားစေခဲ့သည်။ ဒီစနစ်ကတော့ လုပ်ချလိုက်ပြန်ပြီကွာ ။

သူ၏လက်ရှိခွန်အားဖြင့် တာအိုအဆင့်စွမ်းအားရှင်ငါးယောက်ကို ဘယ်လိုလုပ်သတ်နိုင်ဦးမည်နည်း ။ ကွမ်ယုကတောင်မှ သန်မာသောတာအိုအဆင့်ကျင့်ကြံသူတစ်ယောက်၏ ပြိုင်ဘက်မဟုတ်နိုင်ပေ။

တစ်ဖက်တွင်တော့ ဝမ်ဖုန်းသည် ဂိုဏ်းအမှတ်ခြောက်သန်း သုံးစွဲရမည့်အပေါ် စိုးရိမ်ပူပန်နေခြင်းမရှိနေပေ။ သူသာ တာအိုအဆင့်စွမ်းအားရှင်ငါးယောက်ကို သတ်ဖြတ်လိုက်နိုင်ပါက ဂိုဏ်းအမှတ်ခြောက်သန်းမှာလည်း အလိုအလျောက်ပြည့်သွားမှာဖြစ်သည်။ (စနစ်အတွက်သုံးသန်း၊ ဂိုဏ်းအဆင့်မြှင့်ဖို့သုံးသန်း)

သို့သော်လည်း ဝမ်ဖုန်းမသိသည့်အချက်မှာ အနက်ဝတ်လူငါးယောက်သည် ကျိုးပျက်ကောင်းကင်မြို့မှ သူတို့ရှန်ရှန့်ကျုံဂိုဏ်းကြီးဆီသို့ လာရောက်နေသည်ကိုပင် ။

" စနစ် ၊ ဂိုဏ်းအမှတ်ငါးသိန်းတန်ဖိုးရှိတဲ့ ထီလက်မှတ်တွေကို ကံစမ်းမယ် ။ ကံစမ်းလို့ရရှိလာတဲ့ကျင့်ကြံခြင်းအခြေခံတွေကို ချီမိန်ချွေ့ရွှယ်နဲ့ အခြားအကြီးအကဲတွေအပေါ်ကို အသုံးပြုလိုက်ပါ ။ "

ဝမ်ဖုန်းသည် မျက်မှောင်ကျုံ့လိုက်ပြီး လျို့ဝှက်စွာပြောဆိုလိုက်သည်။

" ဒင် ၊ ကျင့်ကြံခြင်းအခြေခံများကို ရရှိပြီးပါပြီ ။ "

" ဒင် ၊ ကျင့်ကြံခြင်းအခြေခံများဖြင့် ကောင်းချီးပေးပြီးပါပြီ ။ "

" ဆင့်ခေါ်ထားတဲ့စွမ်းအားရှင်များအားလုံးဟာ ကျင့်ကြံခြင်းအခြေခံများ၏ ကောင်းချီးပေးမှုအပြီးတွင် ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ ။ "

သူ့စိတ်အာရုံအတွင်း ထပ်မံထွက်ပေါ်လာသောအေးစက်စက်အသံက ဝမ်ဖုန်းကို စိတ်ကျေနပ်အားရစွာ ခေါင်းတဆက်ဆက် ညိတ်မိစေလိုက်သည်။ သူသည် ချီမိန်ချွေ့ရွှယ်နှင့် အခြားအကြီးအကဲများ၏ခွန်အားကို ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်သို့ရောက်စေရန် ထီကံစမ်းခွင့် အကြိမ်ငါးထောင်အား အသုံးပြုခဲ့လေသည်။ ထို့အတွက်ကြောင့် မူလက ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်တွင်ရှိနေသော ရှန်းဝမ်စန်းသည်ပင် ဆန်းကြယ်နတ္ထိ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့ရသည်။

ဝမ်းနည်းစရာက ဒီရှေးဟောင်းကမ္ဘာကြီးထဲတွင် သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းမှာ ပြိုင်ဘက်မရှိတော့လေပြီ ။ ထို့အပြင် ထျန်းလန်ဒေသနှင့်နှိုင်းယှဉ်ရပါလျှင် သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းမှာ ပုရွတ်ဆိတ်‌ေတွလောက်တောင် အဖြစ်မရှိပေ။

သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် သွားလာရမည့် ခရီးရှည်ကြီးကျန်ရှိနေပေသေးသည်။

" စနစ် ၊ ဆန်းကြယ်အဆင့် ဆင့်ခေါ်ခွင့် ၂ကြိမ်ကိုပူးပေါင်းပြီး ဆန်းကြယ်နှောင်ကြိုး ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲမယ် ။ "

တဒင်္ဂတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းကပြောဆိုလိုက်သည် ။

သိပ်မကြာခင်မှာပဲသူသည် ထျန်းလန်ဒေသအတွင်းခြေဆန့်၍ ပိုမိုမြင့်မားသော ကျင့်ကြံအဆင့်များကိုရောက်ရှိအောင် စွမ်းဆောင်တော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့်သူသည် ပိုမိုများပြားသောစွမ်းအားရှင်များကို လိုအပ်နေပါသည်။

တစ်ချိန်တည်းမှာပဲဝမ်ဖုန်းသည် စွမ်းအားရှင်အများကြီးကို မဆင့်ခေါ်ရဲပေ။ သူ၏နိမ့်ပါးသောအဆင့်နှင့် စနစ်၏နိမ့်ကျသောအဆင့်ကြောင့် ကြောက်ရွံ့နေမိခြင်းဖြစ်သည်။ သူနှင့်စနစ်၏ နိမ့်ပါးသောကန့်သတ်ချက်များဖြင့်ဆိုပါက ဆင့်ခေါ်ခံများ၏ အထွတ်အထိပ်အခြေအနေကို ရရှိလိမ့်မည်မဟုတ်ပါ ။

" ဒင် ၊ ဆန်းကြယ်နှောင်ကြိုးအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ် ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ။ "

" ဒင် ၊ ရှောင်ဖုန်း ၊ သွမ့်ယိ ၊ ရှီးကျူတို့ကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ် ။ သူတို့၏စွမ်းရည်ဇယားများကို စစ်ဆေးကြည့်ပါမည်လား ။ "

စနစ်ထံမှထွက်ပေါ်လာသော အေးစက်စက်အသံသည်ကား ဝမ်ဖုန်း၏မျက်လုံးများကို တောက်ပသွားစေခဲ့သည် ။ သူသည် တုံ့ဆိုင်းခြင်းမရှိပဲ ပြောဆိုလိုက်သည် ။

" စစ်ဆေးမယ် ။ "

" ဒင် ၊ ရှောင်ဖုန်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည် ။

အမည် - ရှောင်ဖုန်း

ဘွဲ့ - ရှောင်းတရှား ၊ သူတောင်းစားဂိုဏ်းချုပ် ၊ မြောက်ပိုင်း၏ပြိုင်ဘက်ကင်းသိုင်းဘုရင်

ကျင့်ကြံဆင့် - ဆန်းကြယ်ကပ်ဘေး အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ -ရွှမ်လုံဆန်းကြယ်ရုပ်ခန္ဓာ ( ဤရုပ်ခန္ဓာအား အသုံးပြုလိုက်ပါက ပုံရိပ်ယောင်နဂါးနက်တစ်ကောင်အား ဆင့်ခေါ်နိုင်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ခြင်းနှင့်ခုခံခြင်းကို ပြိုင်တူလုပ်ဆောင်နိုင်မှာပဲဖြစ်သည် ။ ဒါ့အပြင် နဂါးလက်ဝါးဆယ့်ရှစ်ချက်၏စွမ်းအားများမှာလည်း ပိုမိုသန်မာလာမည်ဖြစ်သည် ။ )

(ရွှမ်လုံ-နဂါးနက်)

သွေးမျိုးဆက် - ဆန်းကြယ်နဂါးသွေးမျိုးဆက် ( ဤသွေးမျိုးဆက်အား အသုံးပြုလိုက်ပါက နဂါးလက်ဝါးဆယ့်ရှစ်ချက်၏စွမ်းအားများမှာ ပိုမိုသန်မာလာမည်ဖြစ်သည် ။ ဆန်းကြယ်သောချီစွမ်းအင်များ၏ သန့်စင်မှုမှာလည်း ပိုမိုသန်မာလာမည်ဖြစ်သည် ။ နိယာမစွမ်းအားများကိုလည်း နှစ်ဆတိတိ မြှင့်တင်ပေးမည်ဖြစ်သည် ။ )

နိယာမ - လက်ဖဝါးနိယာမ ( အသွင်ပြောင်းလဲခြင်းလမ်းစဉ်ကို ချဉ်းကပ်ရောက်ရှိနေပြီး )

ဆန်းကြယ်သိုင်းကွက်များ - နဂါးလက်သည်းသိုင်း ၊ ထိုက်ဇူချန်ကွမ်းသိုင်း ၊ နဂါးဖမ်းသိုင်းကျမ်း ၊ ခွေးရိုက်တုတ်သိုင်း ၊ နတ်ဆိုးချိတ်ပိတ်ခြင်းလက်ဝါး ၊ တိမ်ဖြိုခွဲခြင်းလက်ဝါး ။

အထူးစွမ်းအားများ - နဂါးလက်ဝါး ဆယ့်ရှစ်ချက် ၊ ဆန်းကြယ်နဂါးဟိန်းသံ ။

လက်နက် - ခွေးရိုက်တုတ် ( ဆန်းကြယ်ကပ်ဘေးအဆင့် )"

" ဒင် ၊ သွမ့်ယိ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည် ။

အမည် - သွမ့်ယိ

ဘွဲ့ - သာ့လီ၏အိမ်ရှေ့မင်းသား ၊ သာ့လီ၏ဧကရာဇ် ။

ကျင့်ကြံဆင့် - ဆန်းကြယ်ကပ်ဘေး အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - ဆန်းကြယ်သောဉာဏ်အလင်းပွင့်ခြင်းရုပ်ခန္ဓာ ( ဤရုပ်ခန္ဓာအား အသက်သွင်းလိုက်ပါက သိမြင်နားလည်နိုင်စွမ်းကို မြှင့်တင်ပေးသည် ။ )

သွေးမျိုးဆက် - ကြက်သွေးရောင်ဖားပြုတ်သွေးမျိုးဆက် ( ဤသွေးမျိုးဆက်အား အသုံးပြုလိုက်ပါက အဆိပ်မှန်သမျှကို ခံနိုင်ရည်ရှိသည် ။ )

ဆန်းကြယ်သိုင်းကွက်များ - ယန်လက်ချောင်းသိုင်း ၊ လင်းပိုအနုမြူခြေလှမ်း၊ ကျူဟွားဆန်းကြယ်သိုင်းကျမ်း ။

အထူးစွမ်းအားများ - မရီဒီယန်ခြောက်ခုဆန်းကြယ်ဓားကွက် ၊ ပိုင်မင်း ဆန်းကြယ်သိုင်းကျမ်း ။

လက်နက် - ရွှမ်းမိန်ဓား''

" ဒင် ၊ ရှီးကျူ၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည် ။

အမည် - ရှီးကျူ

ဘွဲ့ - လင်းတနန်းတော်အရှင်သခင်

ကျင့်ကြံဆင့် - ဆန်းကြယ်ကပ်ဘေး အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - တာအိုရုပ်ခန္ဓာ ( တုဖက်မပြိုင်နိုင်သော ကံတရားစွမ်းအား ။)

သွေးမျိုးဆက် - ဝမ်ဟွားသွေးမျိုးဆက် ( စွမ်းအားအားလုံးကိုချေဖျက်နိုင်ပြီး အဆိုပါစွမ်းအားများကို ပိုင်ရှင်၏ကိုယ်ပိုင်စွမ်းအားများအဖြစ် ပြောင်းလဲနိုင်သည် ။

ဆန်းကြယ်သိုင်းကွက်များ - အာဟတ်လက်သီးသိုင်း ၊ ဝေ့လျိုလက်ဝါး ၊ ရှောင်းဝူရှန်သိုဓါးကျမ်း ၊ ထျန်ရှန်းလက်သီးသိုင်း ၊ ထျန်ရှန်းလျို့ယန်လက်ဝါး ၊ ဇီဝမရဏ အဆောင်လက်ဖွဲ့ ။

အထူးစွမ်းအားများ - နဂါးလက်ဝါးဆယ့်ရှစ်ချက် ၊ ပိုင်မင်းဆန်းကြယ်သိုင်းပညာ ။

လက်နက် - မရှိ ။ "

သူ့ရှေ့တွင်ထွက်ပေါ်လာသော အတုအယောင်ဖန်သားပြင်ကြီးသုံးခုအား တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် အရမ်းကိုစိတ်လှုပ်ရှားသွားခဲ့သည် ။ ဒီတစ်ကြိမ်တွင် ဆန်းကြယ်နှောင်ကြိုးအဆင့် ဆင့်ခေါ်ခွင့်သည် ရှေးခေတ်၏ရှေးနတ်ဘုရားများအား ဆင့်ခေါ်ခဲ့လေသည် ။ ဤသည်မှာ တကယ့်ကို ထိုက်တန်လွန်းလှသည် ။

" ဒင် ၊ ဆင့်ခေါ်ခံသုံးယောက်ထဲမှ ရှောင်ဖုန်းက တိုက်ခိုက်ရေးမှာအသန်မာဆုံးပါပဲ ။ သွမ့်ယိနှင့် ရှီးကျူတို့ကတော့ တန်းတူအခြေအနေမှာရှိပါတယ် ။ "

" ဒါ့အပြင် ၊ ရှောက်ဖုန်းဟာ အချိန်မတိုင်ခင်သေဆုံးသွားခဲ့ပြီး အခုလက်ရှိဆင့်ခေါ်ထားတဲ့ ရှောင်ဖုန်း ၊ သွမ့်ယိ ၊ ရှီးကျူတို့က သူတို့၏အထွတ်အထိပ်အခြေအနေကို ရောက်ပြီးပါပြီ ။ ရှီးကျူနှင့်သွမ့်ယိတို့က ရှောင်ဖုန်းထက် ပိုမိုအသက်ရှည်အောင်နေထိုင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ အထွတ်အထိပ်ကိုတက်လှမ်းနိုင်ခဲ့ပြီး ရှောင်ဖုန်းနဲ့ အဆင့်တူဖြစ်သွားခဲ့တာပါ ။ "

သူ၏စိတ်အတွင်းထပ်မံထွက်ပေါ်လာသော အေးစက်စက်အသံကြောင့် ဝမ်ဖုန်းသည် ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည် ။ အစက ရှောင်းယောင်၏သား ဝမ်ချုံးယန်သည် ရှီးကျူနှင့်သွမ့်ယိတို့ထက် ပိုမိုသန်မာပေသည် ။ သို့သော်လည်း ဝမ်ချုံးယန်ကို စောစောစီးစီးဆင့်ခေါ်လိုက်မိတာကြောင့် ဝမ်ချုံးယန်၏စွမ်းအားများမှာ ကန့်သတ်ခံလိုက်ရသည် ။ ထို့အတွက်ကြောင့်ဝမ်ဖုန်းသည် အချိန်တိုင်း ဇာတ်ကောင်များကို မဆင့်ခေါ်လိုခြင်းဖြစ်သည် ။

ရှောင်ဖုန်းတို့သုံးယောက်ကို ဆင့်ခေါ်လိုက်ပြီးသည့်နောက် ဝမ်ဖုန်း၏မျက်လုံးများသည် လှုပ်ရှားသွားခဲ့သည် ။ သူသည် တုံ့ဆိုင်းနေခြင်းမရှိပဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မြောက်တက်သွားပြီး ကောင်းကင်ပေါ်ကိုရုတ်ချည်းပျံတက်သွားတော့သည် ။

အလွန်နီးနီးကပ်ကပ်တည်ရှိနေသောအကွာအဝေးကြောင့် ဝမ်ဖုန်းသည် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယား၏ အကြောက်တရားများကို ပို၍ပို၍ ခံစားလိုက်ရသည် ။ ယခုအချိန်တွင် သူ၏စိတ်သည် ဗလာနတ္ထိဖြစ်နေခဲ့သည် ။ ယခင်ကသူသည် နိယာမသဘောတရားများအပေါ် သံသယဝင်မှု ၊ မသိနားမလည်မှုများရှိခဲ့သော်လည်း ယခုအချိန်မှာတော့ မရေမတွက်နိုင်သောနိယာမများနှင့် ဆန်းကြယ်သောလမ်းစဉ်များသည် သူ၏စိတ်အာရုံအတွင်း အလိုအလျောက်ထွက်ပေါ်လာခဲ့သည်။

ဤသို့သောခံစားချက်မှာ အလွန်အမင်းကျေနပ်အားရစရာကောင်းသည် ။ ဝမ်ဖုန်းသည် ဤကမ္ဘာပေါ်တွင် သူနားမလည်နိုင်သည့်အရာ ဘယ်အရာမှမရှိတော့သလို ခံစားလိုက်ရသည် ။ ထို့ကြောင့်ဝမ်ဖုန်းသည် ဉာဏ်အလင်းပွင့်ခြင်းဇယားကို မဖိနှိပ်ချင်ခဲ့ပေ ။

သို့ပါသော်လည်း လုပ်ဆောင်ရမည့်အရာကို လုပ်ကိုလုပ်ရမည်သာဖြစ်သည် ။

ဝမ်ဖုန်းသည် သူ၏စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေလိုက်သည် ။ သူနှုတ်ခမ်းထောင့်စွန်းများကလည်း ရုတ်ချည်းပင် တွန့်ကွေးသွားခဲ့သည် ။ သူ၏နှလုံးသားအတွင်း အိပ်ပျော်နေသည့် သေးငယ်သောလုံးလုံးအိအိအကောင်လေးမှာ ဝမ်ဖုန်း၏စိတ်ဝိညာဉ်အား တွေ့မြင်လိုက်ရသည့်အခါ ကိုယ်တစ်ပတ်လှည့်လိုက်ပြီး ပူဖောင်းဖောင်းဗိုက်ကလေးအားလှစ်ဟပြလျက် ဝမ်ဖုန်းကိုစိုက်ကြည့်လိုက်သည် ။

တစ်ဖက်လောကလျို့ယင်းကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီးသည့်နောက်တွင် ဝမ်ဖုန်းသည် တစ်ဖက်လောကလျို့ယင်း၏ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခွင့်ရခဲ့သည် ။ ထိုသေးငယ်သောသတ္တဝါငယ်လေးမှာ ပေါက်ဖက်အကြီးစားတစ်ကောင်နှင့်တူနေပြီး အလွန်အမင်းချစ်ဖို့ကောင်းနေလေသည် ။

တစ်စုံတစ်ယောက်ကသာ တစ်ဖက်လောက‌လျို့ယင်း၏ခန္ဓာကိုယ်အစစ်အမှန်အား တွေ့မြင်လိုက်ရပါက သူသည် ဤကောင်လေးမှာ ကောင်းကင်နှင့်မြေပြင်ကြားရှိ အသန်မာဆုံးနတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု ဘယ်လိုမှတွေးမိမှာမဟုတ်ပေ ။

" ညီလေး ၊ အလုပ်စလုပ်လိုက်တော့ ! "

ဝမ်ဖုန်း၏စိတ်ဝိညာဉ်သည် တစ်ဖက်လောကလျို့ယင်းအား အမှာစကားပြောကြားလိုက်သည် ။ သို့သော်လည်း တစ်ဖက်လောကလျို့ယင်းသည် ဝမ်ဖုန်းကို အပြည့်အဝလျစ်လျူရှုထားပြီး သူ၏ခန္ဓာကိုယ်လေးကို ပျင်းရိပျင်းတွဲလှုပ်ရှားလိုက်သည် ။ သူသည် ဝမ်ဖုန်းကသူ၏အိပ်စက်ခြင်းကို နှောင့်ယှက်လိုက်သည့်အတွက် အပြစ်တင်နေသယောင် ။ ဝမ်ဖုန်းမှာ ရယ်ရမလား ၊ ငိုရမလားပင် မသိတော့ပေ။

" ရယ်စရာပဲ ။ ဒီဂိုဏ်းချုပ်က မင်းရဲ့သခင်ကွ ! "

ဝမ်ဖုန်းသည် သူ့ဘာသာလှောင်ရယ်ပြောဆိုလိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်သည် ။ သူ၏နှလုံးသားက ပြင်းပြင်းထန်ထန် စတင်တုန်ခါလာပြီး ဝမ်ဖုန်း၏နှလုံး‌သားပေါ်၌အိပ်စက်နေသောတစ်ဖက်လောကလျို့ယင်းမှာ ဆက်လက်အိပ်ပျော်နိုင်ခြင်းမရှိတော့ပေ။ ယင်းသည် ဝမ်ဖုန်း၏စိတ်ဝိညာဉ်အား သေးငယ်သောမျက်ဝန်းလေးတစ်စုံဖြင့် စူးစူးရဲရဲစိုက်ကြည့်နေသည်မှာ ဝမ်ဖုန်း၏စိတ်ဝိညာဉ်ကို ဝါးမျို စားသုံးချင်နေသယောင် ။

" ညီငယ်လေး ၊ မင်းရဲ့သခင်ပြောတာကို နားထောင်လိုက်စမ်းပါ ။ ငါမင်းကို အချောအလှလေးတွေရှာပေးပြီး မင်းအတွက် ဖက်တီးဝတုတ်လေးတွေကို မွေးခိုင်း‌မယ်လေ ။ "

All Chapters