။ တစ္ဆေ ငါးကောင်ရောက်ရှိလာခြင်း ။
Vol. 14 Ch. 188
ဤစကားများကို ပြောကြားလိုက်ပြီးနောက် ဝမ်ဖုန်း၏နှလုံးသားက တစစီပြိုလဲသွားတော့သည်။ သူ၏ဂိုဏ်းချုပ်ကြီးဟူသော ကိုယ်နေဟန်ထားမှာ ပျက်ယွင်းသွားလေ၏။ အရေးကြီးလုပ်စရာ တစ်ခုခု ရှိနေ၍သာမဟုတ်ပါက သူသည် ဒီမနာခံတက်သော အိမ်မွေးတရိစ္ဆာန်ကောင်ကို စွန့်ပစ်လိုက်ပြီဖြစ်သည်။
ဝမ်ဖုန်း၏ စိတ်ဝိညာဥ်မှ အဆိုပါစကားများကို ထုတ်ဖော် ပြောဆိုလိုက်သောအခါ တဖက်လောက လျိုယင်းသည် သူ၏ခေါင်းကလေးကို စောင်းငဲ့ကာဖြင့် တခဏကြာတွေးတောလိုက်သည်။ ယင်းနောက်သူ၏မျက်လုံးလေးများမှာ လင်းလက်တောက်ပလာပြီး ခေါင်းကလေးက်ိုမော့ကာ ဝမ်ဖုန်း၏စိတ်ဝိညာဥ်ကို မျက်ရည်များဖြင့် တလက်လက်တောက်ပနေသော မျက်ဝန်းလေးများဖြင့် စူးစိုက်ကြည့်လိုက်သည်။
ဝမ်ဖုန်းသည် ချက်ချင်းပဲနားလည်သွားပြီး အလျင်အမြန်ပြောဆိုလိုက်သည်။
"မင်းအပြင်ထွက်ပြီး တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကို သွားပြီးဖိနှိပ်ချေ။ ဒီလိုဆိုရင် သခင်ကအဲဒီအရာက်ိုအလွယ်တကူယူလို့ရပြီ။"
ထိုစကားများကို ဝမ်ဖုန်းပြောလိုက်သည့်အခါ တဖက်လောက လျိုယင်း၏ မျက်လုံးများအတွင်း၌ နားလည်သဘောပေါက်မှု အရိပ်အယောင်များဖြစ်ပေါ်လာသည်။
ကြည့်ရတာဒီလူက လျိုယင်းသခင်ကြီးဆီက အကူအညီလိုအပ်နေပုံပဲ။
တဖက်လောက လျိုယင်းသည် အင်တင်တင်အမူအရာဖြင့် ဝမ်ဖုန်း၏နှလုံးသားထဲမှ ထွက်ခွာသွားကာ
ဝမ်ဖုန်း၏သွေးကြောများအတွင်း ကူးခတ်သွားလာလိုက်သည်။ တခဏအကြာတွင် ဝမ်ဖုန်းသည် သူ၏လက်ညိုးထိပ်၌ တွင်းပေါက်လေးတစ်ခု ဖြစ်ပေါ်လာပြီး ခပ်ဝိုင်းဝိုင်း ခေါင်းသေးလေးတစ်ခု ထွက်ပေါ်လာတာက်ို တွေ့မြင်လိုက်ရသည်။
ထူးဆန်းသည်က ဝမ်ဖုန်း၏လက်ချောင်းထိပ်၌ တွင်းပေါက်လေးတစ်ခုဖြစ်ပေါ်နေသော်လည်း ဝမ်ဖုန်းသည်အနည်းငယ်သောနာကျင်မှုကိုမျှ မခံစားရပါ။
တဖက်လောက လျိုယင်း၏ခန္ဓာကိုယ်လေးထွက်ပေါ်လာသည်နှင့်တပြိုက်နက် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားသည် လေထုအတွင်း၌ ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့သည်။ ဝမ်ဖုန်းသည် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားဆီမှ အကြောက်တရားများကို ခံစားသိရှိလိုက်ရသည်။
ဝမ်ဖုန်းကိုကြောင်အသွားစေခဲ့သည်မှာ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားသည် သေတော့မတက်ကြောက်လန့်နေခဲ့သော်လည်း ထွက်ပြေးခဲ့ခြင်းမရှိပေ။
"ဘလား ဘလား"
တဖက်လောက လျိုယင်း၏ပါးစပ်ဖျားမှတဆင့် ထူးဆန်းသော ရှေးဟောင်းဘာသာစကားတစ်မျိုးထွက်ပေါ်လာသည်။
ဝမ်ဖုန်းသည် ရှင်းရှင်းလင်းလင်းသိနားလည်လိုက်ပါသည်။
"အရုပ်ကလေး ဒီနတ်ဆိုးအရှင်ဆီလာခဲ့စမ်း။ ဒီသခင်ကြီးက မင်းနဲ့ကစားချင်နေတယ်။"
အဆိုပါ စကားသံက ဝမ်ဖုန်း၏မျက်နှာက်ို မဲမှောင်သွားစေခဲ့သည်။
ကောင်စုတ်လေး မင်းရဲ့အဆင့်အတန်းကို မင်းသိစမ်းပါ။ ဒီဂိုဏ်းချုပ်ကမှ သခင်ကွ။
သိသာထင်ရှားစွာဖြင့် ဝမ်ဖုန်းသည် ရှေးဟောင်းဘာသာစကားကို နားလည်ခြင်းမရှိသော်လည်း တဖက်လောက လျိုယင်းပြောချင်နေသည့်အကြောင်းအရာများကိုတော့ အလိုအလျှောက်နားလည်နေခဲ့သည်။ ဝမ်ဖုန်းကိုပိုမိုထိတ်လန့်သွားစေသည်က တဖက်လောကလျိုယင်း
၏စကားဆုံးသွားသည်နှင့် တပြိုင်နက် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားသည် နာနာခံခံနှင့် ပျံသန်းရောက်ရှိလာလေသည်။
ဤသည်မှာဝမ်ဖုန်းအနေနှင့် တဖက်လောက လျိုယင်း၏ ထူးဆန်းအံ့သြဖွယ်ကောင်းပုံက်ို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ ဤသည်ကြောင့်ပဲ ဝမ်ဖုန်းသည် စိတ်ဓာတ်ကျသွားတော့သည်။
ဒီလိုထူးဆန်းအံ့သြဖွယ်ရာတည်ရှိမှုတစ်ခုကို ဝမ်ဖုန်းသည် အပြည့်အဝယဥ်ပါးနိုင်အောင် မပြုလုပ်နိုင်သေးပါပေ။
"ဟမ်"
ထူးဆန်းသောရှေးဟောင်းဘာသာစကားတစ်ခု ထွက်ပေါ်လာပြန်သည်။ ဝမ်ဖုန်းသည် ဤစကားများက်ိုလည်း
နားလည်လိုက်ပါသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်ကွေးသွားပြီး သူသည် ကူကယ်ရာမဲ့စွာဖြင့် နဖူးကိုနှိပ်နှယ်လိုက်မိသည်။
"ကောင်းကောင်းနေ မလှုပ်နဲ့။ ဒီကြီးမြတ်တဲ့ လျိုယင်းက သွားအိပ်တော့မယ်။ ရုပ်ဆ်ိုးကောင်ကြီးပြောသမျှက်ို မင်းအကုန်လုပ်ပေးလိုက်၊ ကြားလား။"
ဝမ်ဖုန်းတစ်ယောက် အလွန်အမင်း စိတ်မချမ်းမသာဖြစ်သွားလေသည်။ ဒီတဖက်လောကလျိုယင်းသာ သူ၏အိမ်မွေးတိရိစ္ဆာန် ဖြစ်လာပါက ဝမ်ဖုန်းသည် စိတ်ရှိလက်ရှိ နှိပ်စက်ပစ်လိုက်မည်ဟု တွေးတော့မိသည်။
ထိုသို့ပြောကြားလိုက်ပြီးသည့်နောက် တဖက်လောက လျိုယင်းသည် ဝမ်ဖုန်းလက်ညိုးထိပ်က အပေါက်ကလေးအတွင်းကနေ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ဝမ်ဖုန်း၏ နှလုံးသားဆီသို့ တဖန်ပြန်လည် ကူးခတ်သွားခဲ့သည်။ ဝမ်ဖုန်း၏ လက်ညိုးထိပ်မှ တွင်းပေါက်ကလေးသည်လည်း အလျင်အမြန်ပြန်လည်ဖုံးပိတ်သွားပြီး အနည်းငယ်မျှသော ဒဏ်ရာမှမကျန်ရစ်ခဲ့ပေ။
တဖက်လောကလျိုယင်း၏ ကလေးဆန်သော စကားများက်ို လျစ်လျူရှု့လိုက်ပြီး ဝမ်ဖုန်းသည် စာလိပ်ကလေးတစ်ခုအဖြစ်သို့ လိပ်ခွေပြောင်းလဲသွားပြီဖြစ်သော တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားအား စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်း အလင်းတန်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုစာလိပ်ကလေးသည် သာမာန်စာလိပ်ကလေးအလား ထူးခြားမှုတစ်စုံတစ်ရာကိုမှ
မတွေ့မြင်ရတော့ပါပေ။
သို့ပါသော်လည်း သူသည် စာလိပ်ကလေးပေါ်ရှိ မျဥ်းကြောင်းများကို ခပ်ကြာကြာစိုက်ကြည့်လိုက်သည့်အခါ
ဝမ်ဖုန်းသည် မူးဝေမှုတစ်ခုကို ခံးစားလိုက်ရပြီး သူ၏ စိတ်ဝိညာဥ်ကတောင် တုန်ယင်လာခဲ့ပေသည်။
ဤလောကကြီးမှာ သဘာဝအတိုင်းမွေးဖွားပေးလိုက်သော လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတ စာသားများသည် လူတိုင်းနားလည်နိုင်သည့်အရာ မဟုတ်ပါချေ။
ဝမ်ဖုန်းသည် တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားကို စနစ်၏နေရာလပ်အတွင်း သိမ်းဆည်းလိုက်ပြီး ဂိုဏ်းချုပ်ခန်းမကို ပြန်တော့မယ်အချိန်တွင် တစ်စုံတစ်ခုက်ို ခပ်ရေးရေးမျှ ခံစားလိုက်ရသည်။ သူ၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး သူသည် အဝေးတစ်နေရာရှိ လေထုကို စူးစိုက်ကြည့်လိုက်ပါသည်။
တချိန်တည်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်းရှိ စွမ်းအားရှင်များ အားလုံးသည် လေပေါ်ပျံဝဲလာကြပြီး ဝမ်ဖုန်း၏ ဘေးနားသို့ ရောက်ရှိလာကြသည်။ ဆန်းကြယ်နတ္ထိအထွတ်အ
ထိပ် အဆင့်ရှိသော စွမ်းအားရှင် အယောက်နှစ်ဆယ်သည် ဝမ်ဖုန်း၏ ဘေးတစ်ဖက်တစ်ချက်စီ၌ တန်းစီလျက်သား မတ်တပ်ရပ်နေကြသည်။
လေအင်ပါယာကြီး၏ ဘိုးဘေးငါးယောက်သည်လည်း
ထွက်ပေါ်လာကြပြီး ဝမ်ဖုန်း၏ အနောက်၌ မတ်တပ်ရပ်လိုက်ကြသည်။ ဤအချိန်တွင် လေအင်ပါယာဘိုးဘေး ငါးယောက်၏ နှလုံးသားများအတွင်း၌ မုန်တိုင်းထန်သွားပြီဖြစ်သည်။
ဤရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်များအားလုံး၏ ကျင့်ကြံဆင့်များကို သူတို့သည် တိတိကျကျခံစားသိမြင်နိုင်ခြင်း မရှိပါပေ။ ဤသို့သော ခံစားချက်မျိုးက ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်တွင်ရှိနေသော ဟုန်ကျူကို စိတ်ဓာတ်ကျသွားစေသည်။
အဆိုပါ ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအားရှင်များသည် သူတို့ကို ပစ်မှတ်ထားနေခြင်းမရှိသော်လည်း သူတို့၏ နှလုံးသားများကတော့ တုန်ယင်သွားခဲ့ပါသည်။ ဤသည်မှာ လေအင်ပါယာဘိုးဘေးငါးယောက်အနေဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အစစ်အမှန်ခွန်အားကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ ဤခွန်အားကပဲ သူတို့၏ အတွေးအခေါ်များကို ပျက်ယွင်းသွားစေခဲ့သည်။
ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော ရှန်ရှန့်ကျုံ့ဂိုဏ်း။
သူတို့မှာသာ မဟုတ်မဟက်အတွေးမျိုးရှိနေပါက ကြီးမြတ်သော လေအင်ပါယာကြီးတစ်ခုလုံး ပျက်စီးသွားရပေလိမ့်မည်။
ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာကာ လက်ကိုအသာအယာဝေ့ရမ်းလိုက်သည်။
ကျန်းစန်ဖုန်း နှင့် အခြားသောသူများသည်လည်း ဝမ်ဖုန်း၏ ဆိုလိုရင်းကို နားလည်လိုက်ကြကာ သူတို့၏ လက်များကို တစ်ယောက်ပြီးတစ်ယောက် ဝေ့ရမ်းလိုက်ကြပြီး လေထုကို ချိတ်ပိတ်လိုက်ကြသည်။ ယင်းနောက်စွမ်းအားကြီးမားသော အကာအရံကြီးတစ်ခုသည် ရှန်ရှန့်ကျုံဂိုဏ်း ကို ဖုံးအုပ်ကာကွယ်သွားလေသည်။
"ဝှစ်"
ကျန်းစန်ဖုန်း နှင့် အခြားသောသူများအကာအရံအလွှာကို
တည်ဆောက်ပြီးသည့်နောက်တွင် လေထုတစ်နေရာမှ မြောက်များစွာသော လူရိပ်များ ထွက်ပေါ်လာကြသည်။
သူတို့မှာ အနက်ရောင်ဝတ် လူငါးယောက်နှင့် ဖုန်းသွမ့်ဟန် တို့ပဲဖြစ်သည်။
ဒီလူများထွက်ပေါ်မလာခင်ကတည်းကပင် ဝမ်ဖုန်းသည် သူ့လူများ၏ ကျင့်ကြံဆင့်ကို ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်သို့ပြောင်းလဲပေးရန် စနစ်ကို တောင်းဆိုခဲ့ပြီဖြစ်သည်။
"စနစ်၊ ဒီလူတွေအားလုံးရဲ့ ကျင့်ကြံဆင့်ကို စစ်ဆေးလိုက်ပါ။ "
ဝမ်ဖုန်းသည် သူ၏ မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ကာ လျှို့ဝှက်စွာပြောဆိုလိုက်သည်။
ထိုလူများထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဝမ်ဖုန်းသည် သူတို့မှာ ရန်သူလား မိတ်ဆွေလားက်ို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူတ်ို့၏ ခန္ဓာကိုယ်မှ အလွန်အမင်းရန်လိုသော စွမ်းအင်များနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ချေသည်။
"ဒင်၊ တစ္ဆေချိပ်စည်း တာအိုနက်နဲမှုအလယ်အလတ်အဆင့်၊ တစ္ဆေဝိညာဥ် တာအိုနက်နဲမှု အစောပိုင်းအဆင့် ၊
လေတစ္ဆေ(ကွေ့ဖုန်း) တာအိုနက်နဲမှု အစောပိုင်းအဆင့်၊ ကွေ့ရှု တာအိုနက်နဲမှု အစောပိုင်းအဆင့် ၊ အရုပ်တစ္ဆေ တာအိုနက်နဲမှု အစောပိုင်းအဆင့် ။ ဒါတွေက သူတို့ရဲ့အစစ်အမှန်ကျင့်ကြံဆင့်ပါ။ ဒါပေမဲ့လည်းသူတ်ို့ဟာ ဖိနှိပ်မှုကြောင့် ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့် စွမ်းအားများကိုသာ ထုတ်လွှတ်နိုင်ကြပါတယ်။"
သူ့စိတ်အတွင်း ဖြစ်ပေါ်လာသောအေးစက်စက်အသံက ဝမ်ဖုန်းကို တုန်ယင်သွားစေခဲ့သည်။ ဒီလူတွေက ဆန်းကြယ်နက်နဲမှု အဆင့်စွမ်းအားရှင်တွေလား။ နောက်တစ်စက္ကန့်အကြာမှာပဲ ဝမ်ဖုန်းသည် အင်အားစုကြီး ငါးစုရှိ နောက်ကွယ်မှ သန်မာသောလူများသည် သူ၏တံခါးဝသ်ို့ရောက်ရှိလာပြီဖြစ်ကြောင်းကို သိရှိလိုက်ရသည်။ ဒီလိုမှမဟုတ်ရင် ဒီရှေးဟောင်းကမ္ဘာကြီး၌ တာအ်ိုနက်နဲမှုအဆင့်စွမ်းအာရှင်ဆိုသည်ကား မရှိနိုင်ပေ။ သူတို့၏ စွမ်းအင်များမှာ ဖိနှိပ်ခံထားရပြီး ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့် စွမ်းအားကိုသာ ထုတ်လွှတ်နိုင်သော်လည်း သူတို့၏စွမ်းအားများမှာ သာမာန်ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်စွမ်းအားရှင်များ ရင်ဆိုင်နိုင်သော အရာမဟုတ်ပါ။
ဝမ်ဖုန်း၏ မျက်နှာအမူအရာသည် ချက်ချင်းပဲ အလေးအနက်ဖြစ်သွားသည်။ သူသည်အစောပိုင်းက ကြောက်လန့်နေခဲ့သော်လည်း အကြောက်တရားများကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ ဘာပဲဖြစ်ဖြစ်သူသည် ကောင်းကင်၏ သားတော်သုံးပါးက်ို ဆင့်ခေါ်ခဲ့ပြီးဖြစ်သည်။ ရှောင်ဖုန်း၏ ခွန်အားဖြင့်ဆ်ိုပါက ဒီလူများကို ရင်ဆ်ိုင်တိုက်ခိုက်နိုင်စွမ်းရှိပေလိမ့်မည်။
"ပုရွတ်ဆိတ်လေးတွေ"
ဝမ်ဖုန်းနှင့် အခြားသူများကို တွေ့မြင်လိုက်ရသည့်အခါ အနက်ဝတ်လူများကို ဦးဆောင်လာသော ကွေ့ဖုန်းသည် အထင်အမြင်သေးသော လေသံဖြင့်ပြောဆိုလိုက်သည်။
သူသည် ဝမ်ဖုန်းနှင့် အခြားသူများဘက်သို့ လက်ဆန့်ထုတ်ကာ အသာအယာကုတ်ဆွဲလိုက်သည်။ သူဟာ ဝမ်ဖုန်းတို့ တတွေကို ဆက်လက်စကားပြောဆ်ိုလိုစိတ်တောင် မရှိခဲ့ပေ။
ဘုန်း..
ဤလှုပ်ရှားမှုကို ကွေ့ဖုန်းကပြုလုပ်လိုက်သည့်အခါ ဤကမ္ဘာကြီးထဲရှိ ဆန်းကြယ်သောချီစွမ်းအင်များသည် တစ်စုံတစ်ရာ၏ စွဲဆောင်မှုကို ခံလိုက်ရပုံ ပေါ်ပြီး တစ်နေရာထဲ၌ အလျင်အမြန် စုရုံးသွားခဲ့သည်။ မိုင်တစ်သောင်းပတ်ပတ်လည်ရှိ ချီစွမ်းအင်များမှာ အလျင်အမြန် စုပ်ယူခြင်း ခံလိုက်ရပြီး ကြောက်မက်ဖွယ်လက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိုပါ လက်ကြီးမှာ အရာအားလုံးကို ဖျက်စီးတော့မည့် စွမ်းရည်များကို သယ်ဆောင်လျက် ဝမ်ဖုန်းနှင့် အခြားသူများကို ကုတ်ဆွဲလိုက်ပါသည်။
ကောင်းကင်ကြီးတစ်ခုလုံးသည် အမှောင်ကျသွားသည်။ ဧရာမလက်ဖဝါးကြီးသည် ရှင်းယောင် တောင်တန်းနယ်မြေတစ်ခုလုံးကို ဖုံးအုပ်ထားပြီး ဝမ်ဖုန်းနှင့် အခြားသူများရှိရာရှိ လေထုမှာ ဤသန်မာသောဖိအားကြီး၏ အောက်တွင် တစစီကြေကွဲသွားတော့သည်။
ဝမ်ဖုန်းတို့အနောက်ဘက်တွင် ရှိနေသော လေအင်ပါယာဘိုးဘေ ငါးယောက်၏ ခန္ဓာကိုယ်များမှာ အဆက်မပြတ် တုန်ယင်နေသည်။ သူတို့သည် ကောင်းကင်က်ို ဖုံးကာထားသော ဧရာမလက်ကြီးကို ကြောက်ရွံထိတ်လန့်စွာဖြင့် စိုက်ကြည့်မိနေကြသည်။ ဟုန်ကျူသည်တောင်မှ ခြွင်းချက်မရှိပေ။ သူ၏နှလုံးသားထဲမှာတောင် အဆုံးအစမဲ့သော အကူအညီမဲ့မှုများကို ခံစားနေရလေသည်။ ဤလက်ဖဝါးကြီးကျဆင်းလာသည့်အခါ သူတို့အားလုံးသေရပေတော့မည်။