ရှန်ရှန်ကျုံဂိုဏ်း၏ တိုက်ခိုက်မှု ၊ တစ္ဆေ၅ကောင် လောကကိုချိတ်ပိတ်ခြင်း။
Vol. 14 Ch. 189
"ငါတို့ရဲ့သတ်ဖြတ်ခြင်းကိုခံရမှာ... ပုရွက်ဆိတ်လေးတွေ... မင်းတို့ဂုဏ်ယူသင့်တယ်"
တိုက်ခိုက်မှုကို ပြုလုပ်လိုက်ပြီးနောက် ကွေ့ဖုန်းသည်လက်နှစ်ဖက်ကို နောက်ပစ်လျှက် မတ်တက်ရပ်နေရင်း ဧရာမလက်ကြီး၏ ဖုံးအုပ်ခြင်းကိုခံနေရသော ဝမ်ဖုန်းနှင့် အခြားသူများကို ထူးမခြားနားစိုက်ကြည့်ကာ အသာအယာပြောဆိုလိုက်သည်။
သူ၏လေသံမှာ ပေါ့ပါးညှင်သာနေသော်လည်း ကမ္ဘာလောကကြီးအတွင်း၌ မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်မြည်ဟည်းသွားလေသည်။
သို့ပါသော်လည်း နောက်ထပ်တစ်ခဏမှာတော့ ကွေ့ဖုန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများသည် ရုတ်ချည်းပင်ပြောင်းလဲသွားပါတော့သည်။
ဧရာမလက်ကြီးပြိုကျသက်ဆင်းလာသည့်အခါ ယဲ့ကူချန်သည် လူတိုင်း၏ရှေ့ကိုထွက်လာပြီး သူ၏ မျက်လုံးများက အေးစက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူသည် ကောင်းကင်ယံထက်ကိုအလျှင်အမြန် ပျံတတ်သွားကာ သူ့ခန္ဓာကိုယ်မှာ ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓါးအရှိန်အဝါများ ထုတ်လွှတ်နေသည်။ ယင်းနောက်သူဟာ ဓါးတစ်ချက်ကို ခုတ်ပိုင်းလိုက်ပါသည်။ ယင်းမှာ ကောင်းကင်ယံအပြင်ဘက် ပျံသန်းနေသော အမတအရှင်ဓါးကွက်ပင်ဖြစ်သည်။
တစ်ခဏအတွင်းမှာဘဲ လျှပ်စီးလပ်သကဲ့သို့ ရှည်လျားသော ဓါးရောင်ခြည်ကြီးတစ်ခုသည် လေထုအတွင်း၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။
ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီးသော ယဲ့ကူချန်ထုတ်လွှတ်လိုက်သည့် ကောင်းကင်ယံအပြင်ဘက် အမတအရှင်သိုင်းကွက်မှာ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းလေသည်။
ထိုအရိုးထိအေးစိမ့်အောင် ကြောက်မက်ဖွယ်ကောင်းသော ဓါးစွမ်းအင်သည် လျှင်မြန်သွက်ကာ တိကျသေသပ်ပေသည်။ ယင်းသည် လေထုကို တစ်စစီဆုတ်ဖြဲသွားပြီး ဧရာမလက်ဖဝါးကြီးကိုလည်း တစ်စစီ ေကြမွသွားစေခဲ့သည်။
ကွေ့ဖုန်း၏နဂိုမူလကျင့်ကြံဆင့်မှာ တာအိုနက်နဲမှုအဆင့်ဖြစ်သော်လည်း လက်ရှိတွင် သူ၏ခွန်းအားမှာ ဆန်းကြယ်နတ္ထိအထွတ်အထိပ်ထိတိုင်အောင် ဖိနှိပ်ထားခြင်းခံနေရသည်။ သူ၏ တိုက်ပွဲဝင်စွမ်းရည်မှာ ဆန်းကြယ်ကပ်ဘေးဆင့်စွမ်းအားရှင်များနှင့် ရင်ဆိုင်ရန်လုံလောက်သော်လည်း ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီဖြစ်သော ယဲ့ကူချန်၏စွမ်းအားမှာလည်း ဆန်းကြယ်ကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်နေပေသည်။
ယဲ့ကူချန်၏တိုက်ခိုက်မှု ထွက်ပေါ်လာပြီးသည့်နောက် တစ်ပြိုင်ထဲမှာဘဲ ရှန်ရှန်ကျုံဂိုဏ်းရှိ စွမ်းအားရှင်များသည် အရှေ့ကိုထွက်လာခဲ့ကြကာ ကွေဖုန်းတို့တစ်တွေအား ထပ်မံတိုက်ခိုက်ရန် အခွင့်ရေးတောင် မပေးတော့ပါဘဲသူတို့၏ အသန်မာဆုံးတိုက်ကွက်များအား ထုတ်ဖော်လိုက်ကြသည်။
"ဟွာကွမ်းဓါးသိုင်း..."
"မရဏဓါး ၁၅ ချက်..."
"နဂါးလက်ဝါး ၁၈ ချက်.."
"ထိုက်ကျိဓါး..."
"မိုးပြာနဂါးခုတ်ပိုင်းခြင်းဓါးကွက်..."
"...!"
ကြောက်လန့်စရာကောင်းသော တိုက်ခိုက်မှုကြီး အခု၂၀ ထွက်ပေါ်လာခဲ့ပြီး လေထုတစ်ခုလုံး၌ ပေါက်ကွဲသံများဆူညံသွား၏ ဤသည်မှာ အင်မော်တယ်များ၏ တိုက်ခိုက်မှုပဲဖြစ်တော့သည်!
ဂိုဏ်းတစ်ဂိုဏ်း၏ ခွန်အားမှာ တစ်ဦးတစ်ယောက်ထဲထံမှ သက်ဆင်းလာခြင်းမဟုတ်ပေ။ ဂိုဏ်းတစ်ဂိုဏ်း၏ အစစ်အမှန်ခွန်အားမှာ ဂိုဏ်းသားများစုပေါင်းခြင်းမှ ဖြစ်ပေါ်လာသော စည်းလုံးညီညွတ်မှု စွမ်းအားပဲဖြစ်သည်။
လက်ရှိအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများထံမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုများမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလေရာ ဆန်းကြယ်ကပ်ဘေး အဆင့်စွမ်းအားရှင်များကတောင် အဆိုပါတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက ထိတ်လန့်သွားကြမှာဖြစ်သည်။
ဤသို့ဖြစ်ရခြင်းမှာ ရှန်ရှန့်ကျုံဂိုဏ်းရှိ အကြီးအကဲများသည် ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်ကို ရောက်ပြီးရုံသာမက ကြောက်စရာအကောင်းဆုံးအရာမှာ သူတို့၏တိုက်ပွဲဝင်စွမ်းရည်များကလည်း သာမန်လူများထက်ကို ထူးထူးခြားခြားသာလွန်နေခဲ့ကြခြင်းကြောင့်ပင်။
သူတို့ထုတ်လွှတ်လိုက်သော တိုက်ကွက်တစ်ခုချင်းစီတိုင်းတွင် ဆန်းကြယ်ကပ်ဘေးအဆင့်စွမ်းအားရှင်းများ၏ တိုက်ခိုက်မှုများနှင့်တောင် ရင်ဆိုင်ယှဥ်ပြိုင်နိုင်သော စွမ်းအားများကိန်းဝပ်နေပေသည်။
ဤတဒင်္ဂမှာဘဲ ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်ယံသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ များစွာသောစွမ်းအင်တိုက်ခိုက်မှုအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် အဆိုပါတိုက်ကွက်များသာ ကျန်ရစ်တော့သကဲ့သို့ ထင်မှတ်ရလေသည်။ ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို မြင်တွေ့လိုက်ရသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်းရှိ ဂိုဏ်းသားများ အားလုံးသည် အံ့အားသင့်မှင်သက်သွားကြသည်။
ဤသည်မှာသူတို့၏ ဂိုဏ်းပဲဖြစ်သည်။ ထိုသူများမှာလည်း သူတို့၏ အကြီးအကဲများသာဖြစ်သည်။
တကယ့်ကိုသန်မာလိုက်တာ...
ဝမ်ဖုန်းတို့အနောက်ဘက်တွင် ရှိနေသော လေအင်ပါယာ ဘိုးဘေး၅ပါးသည် ဒူးထောက်ကျလုမတက် ဖြစ်သွားခဲ့သည်။ သူတို့၏ ပါးစပ်များမှာ ဟောင်းလောင်းပွင့်ဟနေခဲ့ပြီး သူတို့ဟာဤမြင်ကွင်းကို မယုံကြည်နိုင်စွာစိုက်ကြည့်နေခဲ့ကြသည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏ မဟာမိတ်ဖြစ်သော်လည်း ဤမြင်ကွင်းအား တွေ့မြင်လိုက်ရသည့်အခါ သူတို့၏ ရင်အစုံကတောင် တုန်လှုပ်သွားခဲ့ချေသည်။
တိုက်ခိုက်မှုကြီးအခုနှစ်ဆယ် ဆက်တိုက်ထွက်ပေါ်လာသည့်အခါ ကွေ့ဖုန်းနှင့်အခြားသူများ၏ နောက်တွင် မတ်တပ်ရပ်နေသော ဖုန်းသွမ့်ဟန်၏ ခြေထောက်များမှာလည်း ထိန်းချုပ်မရအောင် တုန်ယင်လာခဲ့သည်။သူသည် ဆန်းကြယ်နတ္ထိနှောင်းပိုင်းအဆင့်၌သာ ရှိသေးသည်။ ဒီလိုတိုက်ခိုက်မှုကြီးမျိုးကို သူဘယ်လိုလုပ် ရင်ဆိုင်နိုင်ပါမည်နည်း။
ထိုတိုက်ခိုက်မှုကြီးများမှာ သူ့ကိုရည်ရွယ်၍တိုက်ခိုက်ခြင်းမဟုတ်သော်လည်း လေထုအတွင်းထွက်ပေါ်လာသော ကြောက်မက်ဖွယ်ဖိအားကြီးမှာ သူ့အား အသက်ရှုမဝဖြစ်လာစေသည်။ သူ၏စိတ်ဝိညာဥ်ကိုလည်း တုန်ခါလာစေခဲ့သည်။
သူသည် ထိုကဲ့သို့သော သေစေနိုင်လောက်သည့် ခြိမ်းခြောက်မှုကြီးမျိုးကို မခံစားရတော့သည်မှာ အချိန်ကာလများစွာ ကြာမြင့်ကဲ့ပြီဖြစ်သည်။ သို့ပါသော်လည်း လက်ရှိအချိန်မှာတော့ ရှန်ရှန်ကျုံဂိုဏ်းမှ အကြီးအကဲတစ်ဦးချင်းစီ၏ တိုက်ခိုက်မှုတိုင်းသည် သူ့ကို သေမင်း၏ချဥ်းကပ်လာမှုကဲ့သို့ ခံစားရစေခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူသိရှိနားလည်လိုက်ပါသည်။ သူမည်မျှကြိုးစားသည်ဖြစ်စေကာမူ အဆိုပါတိုက်ခိုက်မှုများ၏ ထံမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ဤသည်မှာ ဖုန်းသွမ့်ဟန်ကို အလွန်အမင်းထိတ်လန့်ခြောက်ခြားသွားစေခဲ့သည်။ဤသည်မှာ ရှေးဟောင်းကမ္ဘာကြီးတစ်ခုဖြစ်သည်။ ရှန်းလန်တိုက်ကြီးထဲတွင် ဒီရှေးဟောင်းကမ္ဘာကြီးလို နေရာဒေသများ မရေမတွက်နိုင်အောင် ရှိပေသည်။
အဆိုပါရှေးဟောင်းကမ္ဘာကြီးအတွင်းနေထိုင်သူများသည် ဆန်းကြယ်နတ်မင်း အထွတ်အထိပ်အဆင့်ထိရောက်အောင်တောင် မနည်းကျင့်ကြံကြရသည်။ ဒါပေမယ့်အခုအချိန်မှာတော့ ဆန်းကြယ်နတ္ထိအထွတ်အထိပ်စွမ်းအားရှင် အယောက်၂၀ တောင်ရှိနေတာလား?။ သူပဲရူးသွားတာလား ဒါမှမဟုတ် ဒီကမ္ဘာကြီး ကပဲ ပြောင်းလဲသွားတာလား?။
သူရှေးဟောင်းကမ္ဘာကြီးထဲကို ခြေမချခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ဒီလိုသန်မာတဲ့သူတွေကို ရှေးဟောင်းကမ္ဘာကြီးက မွေးထုတ်ပေးလိုက်တာလား။
ဖုန်းသွမ့်ဟန်၏ အလွန်အမင်းထိတ်လန့်ခြောက်ခြားနေသော အမူအရာများထက်စာလျှင် ကွေ့ဖုန်းနှင့် အခြားသူများက ထိတ်လန့်သွားကြသော်လည်း အလျှင်အမြန်တုံ့ပြန်လိုက်ကြသည်။ တိုက်ခိုက်မှုကြီး အခုနှစ်ဆယ်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူတို့သည်လည်း ထိတ်လန့်ဖွယ် တိုက်ခိုက်မှုကြီးတစ်ခုကို ပုံဖော်လိုက်လေသည်။
ဤအချိန်တွင် ရက်စက်ကြမ်းကြုတ်သော တစ္ဆေမြူခိုးမြူငွေ့များသည် ကွေ့ဖုန်းတို့လူငါးယောက်ထံ မှထွက်ပေါ်လာပြီး အဆိုပါ မြူခိုးမြူငွေ့များက ကမ္ဘာကြီးတစ်ခုလုံးကို တိုက်စားသွားတော့မည်ကဲ့သို့ ထင်မှတ်လိုက်ရလေသည်။
"တစ္ဆေ ၅ ကောင် လောကကိုချိတ်ပိတ်ခြင်း..."
ကွေ့ဖုန်းတို့၅ယောက်သည် ဒြပ်စင်၅ပါးအစီအရင်ကြီးတစ်ခု ခင်းကျင်းနေသကဲ့သို့ သင့်လျော်ရာနေရာ၌ ရပ်တန့်လိုက်ကြပြီး တညီတညွတ်တည်း ဟစ်အော်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသော တစ္ဆေမြူခိုးမြူငွေများသည် အချင်းချင်းပေါင်းစည်းသွားကြကာ ကောင်းကင်ယံထက်၌ ဧရာမမြူခိုးမြူငွေ့ကြီးများအဖြစ်ပြောင်းလဲသွားပြီး သူတို့အားလုံးကို ဖုံးကွယ်လိုက်ကြသည်။
တစ်ချိန်တည်းမှာဘဲသူတို့သည် ထူးခြားဆန်းပြားသော လက်သင်္ကေတများစွာကိုပြုလုပ်လိုက်ကြသည်။ ထိုလက်သင်္ကေတများကို ပြုလုပ်လိုက်သည့်အခါ အနက်ရောင်သင်္ကေတများသည် သူတို့၏ခန္ဓာကိုယ်များမှ ထွက်ခွာသွားကြပြီး ကောင်းကင်ယံရှိ ဧရာမမြူခိုးမြူငွေ့ကြီးများနှင့် ပေါင်းစည်းသွားခဲ့သည်။
အဆိုပါပိန်းပိတ်အောင် မှောင်မဲသော အနက်ရောင်သင်္ကေတများက ကောင်းကင်ယံရှိ မြူခိုးမြူငွေ့ကြီးနှင့် ပေါင်းစည်းသွားသည့်အခါ ကောင်းကင်ကြီးတစ်ခုလုံးသည် မဲမှောင်သွားကာ အလင်းရောင်ဟူ၍ တစိုးတစိမျှမတွေ့ရတော့ပေ။ လေထုတစ်ခုလုံးမှာလည်း တုန်လှုပ်ခြောက်ခြားဖွယ်အရှိန်အဝါကြီးများ ပြည့်နှက်လျက် လေထုအား ချက်ချင်းဆိုသလို ယိမ်းခါလာခဲ့စေသည်။ အဆိုပါ တစ္ဆေမြူခိုးမြူငွေ့များဟာ လောကကြီးကို တိုက်စားပစ်တော့မယောင် ထင်မှတ်နေရတော့သည်။
ထိုတစ္ဆေ၅ကောင်လောကကိုချိတ်ပိတ်ခြင်း ပူးပေါင်းတိုက်ကွက်သည် ထျန်းလန်ဒေသမြောက်ပိုင်းအရပ်ရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော တစ္ဆေဂိုဏ်းမှ ဆင်းသက်လာသည့် သိုင်းကွက်ဖြစ်သည်။ ထိုဂိုဏ်းသားများအားလုံးသည် ထိုသိုင်းကွက်ကို မဖြစ်မနေလေ့ကျင့်ကြရသည်။ အဆိုပါသိုင်းကွက်သည် လူ၅ယောက်၏စွမ်းအားများကို ပူးပေါင်းလျှက် တစ္ဆေမြူခိုးမြူငွေ့များကို ဖြစ်ပေါ်စေကာ ရန်သူ့တိုက်ကွက်များကို ချေဖျက်ဝါးမြိုနိုင်စွမ်းရှိလေသည်။
ဤသိုင်းကွက်ကြောင့်ပဲ မြောက်ပိုင်း တစ္ဆေဂိုဏ်းသည် ထျန်းလန်ဒေသမြောက်ပိုင်းအရပ်၌ ကျော်ကြားလာခဲ့သည်။ တစ္ဆေဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ဆိုပါက မည်သူကမျှ လက်လွတ်စဖွယ် ရန်စဝံ့ခြင်းမရှိကြပေ။
သို့ပါသော်လည်း ဤသိုင်းကွက်တွင် ကန့်သတ်ချက်တစ်ခုတော့ ရှိနေပေသည်။ သူတို့သည် ဒြပ်စင်ငါးပါး အစီအရင်ပုံသဏ္ဍာန်အဖြစ်သို့ ခင်းကျင်းဆောင်ရွက်ထားသော ဤသိုင်းကွက်ကိုအသုံးပြုလိုက်ပါက သူတို့ဟာ ရွေ့လျားလှုပ်ရှားနိုင်မှာမဟုတ်တော့ပေ။ သူတို့သာ လှုပ်ရှားလိုက်ပါက ဤသိုင်းကွက်သည်လည်း ပြိုပျက်သွားမှာဖြစ်သည်။ ကောင်းကင်ယံရှိမြူခိုးမြူငွေ့များမှာလည်း ပျောက်ကွယ်သွားမှာဖြစ်သည်။
လူအများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် တိုက်ခိုက်မှုအခုနှစ်ဆယ်သည် တစ္ဆေမြူခိုးမြူငွေ့များနှင့် ထိတွေ့မိသွားကြသည်။
တစ္ဆေမြူခိုးမြူငွေ့များနှင့် ပထမဆုံးထိတွေ့မိသွားသည့် တိုက်ခိုက်မှုမှာ ယဲ့ကူချန်၏ ကောင်းကင်ယံအပြင်ဘက်ပျံသန်းနေသော အမတအရှင်သိုင်းကွက်ဖြစ်သည်။ ထိုသိုင်းကွက်သည် မည့်သည့် လှိုင်းတွန့်ကိုမှ ဖြစ်ပေါ်စေခဲ့ခြင်းမရှိဘဲ တစ္ဆေမြူခိုးများ၏ တိုက်ရိုက်ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ယင်းနောက် ချီမိန်ချွေ့ရွှယ်၏ ဟွာကွမ်းဓါးသိုင်းသည်လည်း ထွက်ပေါ်လာကာ မည်သည့်အရာကိုမှ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ဝါးမြိုခြင်းခံလိုက်ရပေသည်။
ယင်းနောက်မှ ထိုက်ကျိဓါးသိုင်း ၊ နဂါးလက်ဝါး ၁၈ ချက် ၊ မရဏဓါး ၁၅ ချက်... စသည့်စသည့် တိုက်ခိုက်မှုများ ထွက်ပေါ်လာကြသည်။ ပိုမိုများပြားသော တိုက်ခိုက်မှုကြီးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်ရှိ တစ္ဆေမြုခိုးမြူငွေ့များမှာလည်း ပြင်းထန်စွာယိမ်းထိုးလာတော့သည်။ ၄င်းမှာ ထပ်မံ၍ ခံနိုင်ရည်မရှိတော့သည့်အလား အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ဘုံး...
အဆုံးမှာတော့ ကွမ်ယု၏ မိုးပြာနဂါးဓါးခုတ်ချက်နှင့် ရှန်းဝမ်စန်း၏ ရွှေရောင်ဓါးချီတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ ဤတိုက်ခိုက်မှုကြီးများ၏ ဖိအားကိုတော့ တစ္ဆေမြူခိုးများသည် ခံနိုင်စွမ်းရုတ်တရက်ဆိုသလို ကြေကွဲပျက်စီးသွားတော့သည်။
မိုးပြာနဂါးဓါးခုတ်ချက်နှင့် ရွှေရောင်ဓါးချီသိုင်းကွက်တို့သည် တစ္ဆေမြူခိုးမြူငွေ့များအား ဝါးလုံးတစ်လုံးကို ဓါးထက်ထက်တစ်ချောင်းက ဖြတ်တောက်ပစ်လိုက်သကဲ့သို့တိုက်ရိုက်ချိုးဖြတ်သွားပြီး တစ္ဆေငါးကောင်ရှိရာဆီသို့ ဆက်လက်ပြေးဝင်သွားကြသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ဧရာမဓါးအလင်း တန်းကြီးတစ်ခုနှင့် ထက်မြတ်စူးရှဓါးအလင်းတန်းကြီးတစ်ခုသည် လေထုကို တိုက်ရိုက်စုတ်ဖြဲသွားကာ ထိုဓါးအလင်းတန်းများ ဖြတ်သွားသည့် နေရာတစ်လျှောက်၌ ကြီးမားသော အက်ကွဲကြောင်းကြီးများ ကျန်ရစ်ခဲ့လေသည်။
ဒြပ်စင်ငါးပါး အစီအရင်ပုံသဏ္ဍာန်ခင်းကျင်းပြင်ဆင် ထားကြသော တစ္ဆေငါးကောင်သည်တော့ အဆိုပါဓါးချက်ကြီး နှစ်ခုအား ခုခံကာကွယ်ရန်အတွက် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
သူတို့သည် ဓါးအလင်းတန်းကြီးနှစ်ခု သူတို့ထံပြေးဝင်လာတာကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့ကြသည်။
"ဘုံး..."
လူငါးယောက်သည် တစ်ပြိုင်နက်ထဲ လွင့်စင်ထွက်သွားကာ သူတို့၏ ပါးစပ်များဆီမှ သွေးများစီးယိုကျလာခဲ့သည်။ လေထုအတွင်း သွေးများဖြင့် ချင်းချင်းနီသွားခဲ့သည်။
သူတို့သည် ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းညှိလိုက်သည့်အခါ သူတို့၏ အရှက်ရစရာ အသွင်အပြင်ကို လူတိုင်းတွေ့မြင်လိုက်ကြရလေသည်။ သူတို့၏ရင်ဘတ်များထက်၌ ဓါးရာကြီးနှစ်ခုရှိနေခဲ့ပြီး အဆိုပါဒဏ်ရာများစီမှ သွေးများစီးဆင်းကျလာကာ စုတ်ပြဲနေသော အနက်ရောင်ဝတ်စုံများကို နီဆွေးသွားစေခဲ့သည်။