← Chapters

။ ဂိုဏ်းကိုနေရာချခြင်း။

Vol. 14 Ch. 192

။ ဂိုဏ်းကိုနေရာချခြင်း။

Vol. 14 Ch. 192

"ဒင်၊ ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအာရှင် သွမ်ယိသည် တာအိုနက်နဲမှုအဆင့် စွမ်းအားရှင် ငါးယောက်ကို သတ်ဖြတ်ခဲ့သည်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဆန်းကြယ်အဆင့် ကျပန်းဆင့်ခေါ်ခွင့် အကြိမ်၂၀၊ ဂိုဏ်းအမှတ် ၅သန်းနှင့် တာအိုအဆင့်ဆေးလုံး တစ်လုံးကို ဆုချလိုက်သည်။"

ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏ နှလုံးသားက်ို တုန်ယင်သွားစေခဲ့သည်။ သေချာပါသည်။ မိမိထက်များစွာသန်မာသော ရန်သူကို သတ်ဖြတ်ခြင်းက ဆုလာဒ်များကို ပိုမိုရက်ရောစွာပေးကမ်းလေသည်။ သွမ်ယိနှင့် အခြားသူများသာ တာအိုနက်နဲမှုအဆင့် စွမ်းအားရှင်များဆိုပါက ရရှိလာသောဆုလာဒ်များမှာ ဤမျှလောက်များပြားမည်မဟုတ်ပေ။

"ကျစ်..ကျစ်..၊ မြတ်စွာဘုရားက ငါ့ကိုကူညီနေတာပဲ။ စနစ်ကို အဆင့်ငါးကို မြှင့်တင်ဖို့လိုအပ်ချက်တွေနဲ့ပြည့်စုံသွားပြီ။"

ဝမ်ဖုန်း၏ နှလုံးသားသည် လင်းလက်တောက်ပသွားပြီး အပြုံးတစ်ပွင့်နှင့်တီးတိုးပြောဆိုလိုက်သည်။

ဝမ်ဖုန်းတစ်ယောက်အပျော်လွန်နေစဥ်မှာ မြေပြင်တွင်လဲလျောင်းနေသော ဖုန်းသွမ့်ဟန်၏ မျက်နှာထက်၌ စိတ်ပျက်အားလျော့မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့်ဖုံးလွမ်းနေပြီး ကြောက်လန့်တကြား တုန်ယင်နေသည်။

မြောက်ပိုင်းတစ္တေဂိုဏ်း၏ ဂိုဏ်းသားကြီးငါးယောက်မှာ ဤသို့ဤပုံဖြင့် သေဆုံးသွားရလေသည်။ အစမှအဆုံးထိတိုင် သူသည်လွန်စွာအံ့သြထိတ်လန့်ခဲ့ရသည်။ သူဂိုဏ်းတူ အကိုကြီးများသည် သူတို့၏စွမ်းအားကို အပြည့်အဝတောင် ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိဘဲ သေဆုံးသွားရပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းသားများကတော့ ကောင်းကင်ယံပေါ်ရှိ သူတို့၏ ဂိုဏ်းချုပ်နှင့် ဂိုဏ်းအကြီးအကဲများကို လေးစားအားကျမှု ပြည့်ဝနေသော မျက်လုံးများဖြင့် မော့ကြည့်နေကြသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ မျက်လုံးများမှာလည်း ကောင်းကင်ယံရှိ နေမင်းကြီးအလား တောက်ပလျက် ရှိသည်။ ယခု အချိန်တွင် သူသည် မည်သူ့ကိုလေးစားရမည်နှင့် ပတ်သတ်ပြီး ဆက်လက်စိတ်ရှုပ်ထွေးနေခြင်းမရှိတော့ပေ။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းရှိ သူ့ထက်ရာထူးကြီးသူအားလုံး သူ့ထက်သန်မာသူများအားလုံးကို လေးစားရပေမည်။

နတ်ဆိုးအိုကြီးသည် သူ၏အဆင့်အတန်းကို တိတိပပခန့်မှန်းနိုင်ခဲ့ပေသည်။ သူသည်ရှန်ရှန့်ကျုံတစ်ဂ်ိုဏ်းလုံး၏ အကြီးဆုံး အိမ်တော်ထိန်းကြီးတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားသည်။ ထိုသို့ဆိုပါက သူသည် ဂိုဏ်းရှိအမျိုးသမီးတပည့်လေးများကို ရံဖန်ရံခါ စနောက်နိုင်မည်။ အပြင်ထွက်သည့်အခါမှာလည်း ဟိတ်ဟန်လုပ်နိုင်ပေသည်။ မည်မျှလောက်အရသာရှိလိုက်မည်နည်း။

ဤအချိန်တွင် ဝမ်ဖုန်းသာ မဟာနတ်ဆိုးရွှမ်ရှ၏ အတွေးများကို သိမြင်လိုက်လျှင် သူသည်ရွှမ်ရှက်ို သေသည်အထိရိုက်နှက်မိမှာအမှန်ပင်ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ မဟူရာဘဏ္ဍာထိန်းကြီးက အမျိုးသမီးတပည့်တွေကို ထိကပါးရိကပါးလုပ်မယ်လို့ တွေးနေစရာလား။

"စန်ဖုန်း၊ အဲဒီလူကို သွားဖမ်းလိုက်စမ်း။"

ဝမ်ဖုန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း စိတ်ပြတ်အားလျော့သောမျက်ဝန်းများရှိနေသော ဖုန်းသွမ့်ဟန် အား လက်ညိုးထိုးလျက် ထူးမခြားဟန်အမူအရာဟန် အမူအရာဖြင့်ပြောဆိုလိုက်သည်။

ကျန်းစန်ဖုန်း သည် ခေါင်းငြိမ့်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်ပျောက်ကွယ်သွားကာ ဖုန်းသွမ့်ဟန်၏ အနားသို့ရောက်ရှိသွားပြီး သူ့ကို ကောက်မလိုက်သည်။

"ချုံးယန်၊ မင်းတို့တွေကတော့ ဒီတိုက်ပွဲကြောင့်ဖြစ်သွားတဲ့ အပျက်အစီးတွေကို ပြန်ပြင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းကို ရှင်းယောင်တောင်တန်းကြီးတစ်ခုလုံးအထိတိုးချဲလိုက်။ "

ဝမ်ဖုန်းသည် အပျက်အစီးနယ်မြေကြီးတစ်ခုဖြစ်နေသော ရှင်းယောင်တောင်တန်းကြီးကို ဝေ့ဝဲကြည့်ရှုလျက် ဝမ်ချုံးယန် နှင့် အခြားသောသူများကို ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ဝမ်ချုံးယန် နှင့် အခြားသောသူများသည်ခေါင်းညိမ့်လိုက်ကြသည်။ ကျန်းစန်ဖုန်းနှင့် ရှောင်ဖုန်းမှတပါး အခြားသောအကြီးအကဲများအားလုံးသည် တိုက်ပွဲမြေပြင်ကို ပြန်လည်ပြင်ဆင်ရန် ထွက်ခွာသွားကြလေသည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။"

ရှောင်ဖုန်း နှင့် အခြားသောသူများသည် လက်သီးဆုပ်ဂါရဝပြုလိုက်ကာ ဝမ်ဖုန်းကိုလေးလေးစားစားပြောဆိုလိုက်သည်။

"အရမ်းယဥ်ကျေးမနေပါနဲ့။ ဒီဂ်ိုဏ်းချုပ်နဲ့အတူ ဂိုဏ်းချုပ်ခန်းမကို လိုက်ခဲ့ကြ!'' ဝမ်ဖုန်းသည် သူ၏လက်ကို ဝေ့ရမ်းကာပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ရှောင်ဖုန်းနှင့် အခြားသူများသည် လေးလေးစားစား ဂါရဝပြုလိုက်ကာ ထပ်မံပြောဆ်ိုလိုက်ကြသည်။

ယင်းနောက်တွင် ဝမ်ဖုန်းသည် ရှောင်ဖုန်းနှင့် အခြားသူများကို ဂိုဏ်းချုပ်ခန်းမသ်ို့ခေါ်ဆောင်သွားခဲ့သည်။ ဂိုဏ်းချုပ်ခန်းမအတွင်း ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် ဝမ်ဖုန်းသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် မတ်တပ်ရပ်စောင့်ဆိုင်းနေသော ယဲ့မုချင်းကို တွေ့မြင်လိုက်ရသည်။ သူသည် ရှေ့တက်ကာ ယဲ့မုချင်း၏ ကျောက်စိမ်းရောင် လက်ကလေးက်ို ဆုပ်ကိုင်လျက် ခပ်ဖွဖွပုတ်ပေးကာ သူမကို စိုးရိမ်စရာမလိုကြောင်း အချက်ပြလိုက်သည်။

ယဲ့မုချင်သည် ဝမ်ဖုန်းကို နူးနူးညံ့ညံ့တချက်စိုက်ကြည့်လိုက်ကာ သူမ၏အခန်းရှိရာသို့ နာနာခံခံဖြင့် ပြန်သွားတော့သည်။

"စနစ် ၊ တာအိုအဆင့်ဆေးလုံး ဆိုတာ ဘာလဲ။"

ဝမ်ဖုန်းသည် ဂိုဏ်းချုပ်ပုလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး တိုးတိတ်စွာ မေးမြန်းလိုက်သည်။

"ဒင် ၊ ဆေးလုံးတစ်လုံးက အင်ပါယာအဆင့်ကို ရောက်ရှိသွားပြီ ဆိုလျှင် အဲဒီဆေးလုံးက ဆန်းကြယ်နထ္တိအဆင့်၊ ဆန်းကြယ်ကပ်ဘေးအဆင့်နှင့် အသီးသီးသက်ဆိုင်တဲ့ အတုအယောင်ဆေးလုံးနှင့် စောရဆေးလုံးဆိုပြီး ထပ်မံခွဲခြားလိုက်ပါတယ်။ တာအိုအဆင့်ကို ရောက်ရှိသွားတဲ့ ဆေးလုံးတွေကိုတော့ တာအိုဆေးလုံးလို့ခေါ်ပါတယ်။"

" တာအိုအဆင့်ဆေးလုံးတွေကို တာအိုအဆင့်အဂ္ဂိရိတ်ပညာရှင်က သူ့နည်းသူ့ဟန်နှင့် ပြုလုပ်ထားတာ ဖြစ်ပြီး အဲဒီဆေးလုံးထဲမှာ ဆန်းကြယ်သောဆေးဝါးတွေ၊ အဖိုးတန်သောဆေးဝါးတွေ ပါဝင်ပေါင်းစပ်ထားပါတယ်။ တာအိုအဆင့် အဂ္ဂိရိတ်ပညာရှင်ရဲ့ ကျင့်ကြံဆင့်ကလည်း တာအိုအဆင့်၏အထက်မှာ ရှိရပါမယ်။"

" ဒီတစ်ကြိမ်ပိုင်ရှင်လက်ခံရရှိတဲ့တာအိုအဆင့်ဆေးလုံးက အဆင့်နိမ့်တာအိုအဆင့် ဆေးလုံးပါ။ အဆင့်နိမ့်တာအိုဆေးလုံးမှာ တာအိုနက်နဲမှုအဆင့်နှင့်ညီမျှပါတယ်။ အလယ်အလတ်အဆင့် တာအိုဆေးလုံးကတော့ တာအိုဝိညာဥ်အဆင့်နှင့် ညီမျှပါတယ်။ အဲဒီရဲ့နောက်မှာလည်း အခြားသောတာအိုအဆင့်ဆေးလုံးတွေ ရှိပါသေးတယ်။"

သူ၏စိတ်အာရုံအတွင်း မြည်ဟီးလာသောအေးစက်စက်အသံကြောင့် ဝမ်ဖုန်း၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားသည်။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် ကောင်းကင်ဝိညာဥ်ပျောက်ဆုံးနေသော ဂိုဏ်းသားတစ်ယောက်ရှိပြီး ထိုဂိုဏ်းသား၏ဝိညာဥ်ကိုပြင်ဆင်ဖို့အတွက် သူသည် မူလက အင်ပါယာအဆင့်ဆေးလုံးငါးလုံးလိုအပ်ခဲ့သည်။ အခုသူ့တွင် တာအိုဆေးလုံးရှိနေပြီဖြစ်ကာ ကောင်းကင်ဝိညာဥ်ပျောက်ဆုံးခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လုံလောက်သင့်ပေသည်။

"စနစ် ၊ ယန်ရှန်းရဲ့ ကောင်းကင်ဝိညာဥ်ပျောက်ဆုံးနေတာကို တာအိုဆေးလုံးကိုသုံးပြီး ပြင်ဆင်လို့ရမလား။" မတော်တဆမှုများကို ကာကွယ်ရန်အတွက် ဝမ်ဖုန်းသည်စနစ်ကိုမေးမြန်းလိုက်သည်။

"ဒင် ၊ ပိုင်ရှင်အနေနဲ့ တာဆိုဆေးလုံးကိုအသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ တာအိုဆေးလုံးရဲ့စွမ်းအားတွေကို ထိန်းချုပ်လမ်းညွှန်ဖို့အတွက် ဆန်းကြယ်ကပ်ဘေး

အဆင့် စွမ်းအားရှင် ၃ယောက်ကို လိုအပ်ပါတယ်။ တာအိုဆေးလုံးကို အသုံးပြုလိုက်တာနဲ့ ကောင်းကင်ဝိညာဥ်ပျောက်ဆုံးနေတာကို ပြန်လည်ပြင်ဆင်ရုံသာမကဘဲ နောက်တစ်ဆင့်ကိုလဲ ရောက်ရှိသွားစေမှာပါ။"

စနစ်၏ အေးစက်စက်အသံက ဝမ်ဖုန်းကို ကျေနပ်အားရစွာ ခေါင်းတဆက်ဆက်ငြိမ့်လိုက်မိစေသည်။ သူသည်လျှို့ဝှက်စွာပြောဆိုလိုက်သည်။

"စနစ် ၊ စနစ်နဲ့ ဂိုဏ်းအဆင့်ကို အဆင့်၅ကိုမြှင့်တင်မယ်။"

"ဒင် ၊ ဂိုဏ်းအမှတ်ခြောက်သန်းကို အသုံးပြုလိုက်ပါပြီ။ စနစ်ရဲ့အဆင့်ကို အဆင့်၅သို့ မြှင့်တင်လိုက်ပါပြီ။ ဂိုဏ်းရဲ့အဆင့်ကို အဆင့်ကို အဆင့်၅သို့ မြှင့်တင်လိုက်ပါပြီ။"

"ဒင် ၊ စနစ်ကိုအဆင့်၅သို့ မြှင့်တင်ပြီးပါပြီ။ တာအိုအဆင့်ကျပန်း ဆင့်ခေါ်ခွင့်တွေကို ဖွင့်လှစ်လိုက်ပါပြီ။ ဆင့်ခေါ်ခံစွမ်းအားရှင်တွေရဲ့အဆင့်က အနည်းဆုံး တာအိုအဆင့်ကို ရောက်ရှိမှာဖြစ်ပြီး အများဆုံး တာအိုနန်းတော်အဆင့်ကို ရောက်ရှိစေမှာပါ။ အမြင့်ဆုံးကန်သတ်ချက်ကို ချိုးဖြတ်ရန်အတွက် ပိုင်ရှင်သည် စနစ်၏အဆင့်ကို အဆင့်၆သို့ မြှင့်တင်ရန်လိုအပ်ပါသည်။"

"ပိုင်ရှင်အား စနစ်ကိုအဆင့်၅သို့မြှင့်တင်လိုက်သည့်အတွက် တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်နှင့် မြင့်မြတ်သောနိုးထမှု အခွင့်အရေးတစ်ကြိမ် ဆုချလိုက်

ပါသည်။ ဒါ့အပြင် ပိုင်ရှင်သည် ဆန်းကြယ်အဆင့်ကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်ကိုပေါင်းစပ်ပြီး တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ တာအိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် နှစ်ကြိမ်ကိုပေါင်းစပ်ပြီးလည်း တာအိုနှောင်ကြိုးအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ "

"ဒါ့အပြင် စနစ်ကိုအဆင့်၅သို့ မြှင့်တင်ပြီးဖြစ်တာကြောင့်

ပေါင်းစပ်ဆင့်ခေါ်ခြင်း အခွင့်အရေးတွေကိုလည်း ဖွင့်လှစ်လိုက်ပါပြီ။ တာအိုအဆင့် ဆင့်ခေါ်ခွင့်နှစ်ကြိမ်ကို အသုံးပြု၍ ဆင့်ခေါ်ခံစွမ်းအားရှင်အား အနည်းဆုံး

တာအိုဝိညာဥ်အဆင့်က်ို ရောက်ရှိစေမှာဖြစ်ပါတယ်။ တာအိုအဆင့် ဆင့်ခေါ်ခွင့် သုံးကြိမ်ကိုအသုံးပြုရင်တော့ ဆင့်ခေါ်ခံစွမ်းအားရှင်အား အနည်းဆုံး တာအိုနန်းတော် အဆင့်ကို ရောက်ရှိစေမှာဖြစ်ပါတယ်။ တာအိုအဆင့် ဆင့်ခေါ်ခွင့်လေးကြိမ်ကိုအသုံးပြုရင် ဆင့်ခေါ်ခံစွမ်းအားရှင်အား အနည်းဆုံး တာအိုနန်းတော်အထွတ်အထိပ်အဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။"

ကောင်းလိုက်တာ! စနစ်ကတကယ့်ကို မိမိုက်တာပဲဟေ့။

သူ့စိတ်အာရုံအတွင်း တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာသောအသံကြောင့် ဝမ်ဖုန်းသည် စိတ်လှုပ်ရှားသွားပြီး စနစ်ကို စိတ်ထဲမှ လက်မထောင်ပြလိုက်မိသည်။ ဤနည်းအားဖြင့်ဆိုပါက သူသည် ထျန်းလန်ဒေသအတွင်းသို့ ခြေဆင်းဝင်ရောက်ရန် အဆင့်မှီသွားပြီဖြစ်သည်။

"ဂိုဏ်းကို အဆင့်မြှင့်လိုက်တာကရော!"

ဝမ်ဖုန်းသည်သူ၏ စိတ်အားတက်ကြွမှုများကို ဖုံးဖိလျက် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။

"ဒင် ၊ ဂိုဏ်းကို အဆင့်၅သို့ အဆင့်မြှင့်တင်ပြီးပါပြီ။အပြင်စည်းဂိုဏ်း အများဆုံးဂိုဏ်းသားအရေအတွက်ကို တစ်သိန်း ၊ အတွင်းစည်းဂိုဏ်း အများဆုံးဂိုဏ်းသားအရေအတွက်ကို တစ်သောင်းအထိမြှင့်တင်လိုက်ပါပြီ။ အပြင်စည်းဂိုဏ်းအကြီးအကဲ အများဆုံးအရေအတွက်ကို တစ်ထောင် ၊ အတွင်းစည်းဂိုဏ်းအကြီးအကဲ အများဆုံးအရေအတွက်ကို ၅၀၀သို့တိုးမြှင့်လိုက်ပါပြီ။ "

"ဒင် ၊ ဂိုဏ်းအဆင့်၅ကိုရောက်သွားသည့်အတွက်ပိုင်ရှင်သည် ဂိုဏ်းအစီအစဥ်များကို စီစဥ်သတ်မှတ်နိုင်ပါပြီ။ ပိုင်ရှင်အား ဂိုဏ်းကို အဆင့်၅ မှ အဆင့်၁၀အတွင်း အဆင့်တစ်ခုစီ တိုးမြှင့်လိုက်တိုင်းမှာ ဂိုဏ်းအစီအစဥ်များကို တစ်ကြိမ်စီ သတ်မှတ်နိုင်ပါတယ်။ ပိုင်ရှင်ကို သတိပေးပါတယ်။ အတွင်းစည်း နှင့် အပြင်စည်းဂိုဏ်းများကိုတော့ ပြန်လည်အစီအစဥ်မသတ်မှတ်နိုင်ပါဘူး။ "

စနစ်ဆိုတဲ့အတိုင်းပါပဲ ငါ့ရဲ့နှလုံးသားကို အနိုင်ယူသွားပြီပေါ့ကွာ။

ဝမ်ဖုန်းသည် ခေါင်းတဆတ်ဆတ်ညိမ့်လိုက်မိသည်။ ယခုအချိန်တွင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှာ ပို၍ပို၍ သန်မာလာပြီးဖြစ်သည်။ ယခုအချိန်သည်ကား အစီအစဥ်များကို ပြန်လည်ချမှတ်ဖို့ အချိန်ပဲဖြစ်တော့သည်။

"စနစ် အနာဂတ်မှာ တာအိုအဆင့်အောက်မှာရှိတဲ့ ဆင့်ခေါ်ခံတိုင်းကို အပြင်စည်းဂိုဏ်းအကြီးအကဲတွေအဖြစ် သတ်မှတ်မယ်။ တာအိုနက်နဲမှုအဆင့်အထက်နှင့် တာအိုနန်းတော်အဆင့်အောက်က ဆင့်ခေါ်ခံတွေကိုတော့ အတွင်းစည်းဂိုဏ်းအကြီးအကဲတွေအဖြစ် သတ်မှတ်မယ်။ တာအိုနန်းတော်အဆင့်အထက်က ဆင့်ခေါ်ခံတွေက်ိုတော့ အတွင်းစည်းဂ်ိုဏ်း အစောင့်အရှောက်အကြီးတွေအဖြစ် သတ်မှတ်မယ်။ "

" ပြီးတော့ တာဝန်ခန်းမ ၊ ဆေးဝါးခန်းမ ၊ အစီအရင်ခန်းမ ၊ လက်နက်ခန်းမ ၊ စာပေခန်းမ ၊ ကျင့်ကြံရေးခန်းမ(တပည့်များကျင့်ကြံရန်အတွက်)၊ သိုင်းပညာခန်းမ(တပည့်များ အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ရန်အတွက်) နှင့် စစ်ပွဲမျှော်စင်(ကိုးဆယ်ကိုးထပ်ပိုင်းခြားထားပြီး အထပ်တစ်ထပ်ချင်းစီတိုင်းမှာ ရုပ်သေးရုပ်တွေရှိသည်၊ အထပ်ပိုမြင့်လေ ရုပ်သေးရုပ်တွေရဲ့ခွန်အားက ပိုမိုမြင့်မားလေလေဖြစ်ပြီး တပည့်များဟာအထပ်ဆယ်ထပ်ကို ဖြတ်ကျော်ပြီးတိုင်း အတွင်းစည်းအကြီးအကဲတစ်ယောက်ထံမှ လမ်းညွှန်မှုတစ်ကြိမ်တောင်းခံနိုင်သည်) တို့ကိုလည်းပြုလုပ်မယ်!"

ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေကာ လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။

" ဒင် ၊ ဒီအစီအစဥ်ကို အသက်ဝင်စေဖို့ဆ်ိုရင် ဂ်ိုဏ်းအမှတ်ငါးသိန်း ကုန်ကျပါတယ်။ စစ်ပွဲမျှော်စင်တစ်ခုတည်းက ဂိုဏ်းအမှတ်လေးသိန်း ကုန်ကျပါမယ်။"

သူ၏စိတ်အာရုံအတွင်းမြည်ဟီးလာသောအေးစက်စက်အသံက ဝမ်ဖုန်း၏ နှုတ်ခမ်းများကို တွန့်ကောက်သွားစေခဲ့သည်။ သေချာပါပြီ စနစ်ဟာငွေမပေးပါက ဘာကိုမှ လုပ်ပေးမည် မဟုတ်ပါချေ။

" ပြုလုပ်လိုက်"

ဝမ်ဖုန်း၏နှလုံးသားသည် ကုန်ဆုံးသွားရမည့် ဂိုဏ်းအမှတ်များကြောင့် နာကျင်နေသော်လည်း သူဟာတုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်ဆဲပင်။

"ဒင် ၊ ဂိုဏ်းကိုပြန်လည် စီစဥ်သတ်မှတ်ပြီးပါပြီ။ ဂိုဏ်းအစီအစဥ်များထဲတွင် စစ်ပွဲမျှော်စင်၏ အလွှာတစ်မှ အလွှာငါးအထိသည် အပြောင်းအလဲသို့ဝင်ရောက်ခြင်း အထွတ်အထိပ်အဆင့်များနှင့် သက်ဆိုင်ပါသည်။ အလွှာ၆ မှ အလွှာ ၁၀ အထိသည် ဆန်းကြယ်နတ်မင်းအထွတ်အထိပ် အဆင့်များနှင့် သက်ဆိုင်ပါမည်။ အလွှာ ၁၁ မှ အလွှာ ၁၅ အထိသည် ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်၊ ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်၊ ဆန်းကြယ်ကပ်ဘေးအစောပိုင်းအဆင့်၊ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့်၊ တာအိုနက်နဲမှုအစောပိုင်းအဆင့်နှင့် သက်ဆိုင်မည်ဖြစ်သည်။ အလွှာ ၁၆ မှ အလွှာ ၂၀ အထိအဆင့်သည် တာအိုနန်းတော်အဆင့်နှင့် သက်ဆိုင်မည်ဖြစ်သည်။"

"၂၁လွှာမြှောက်ကိုတော့ ပိုင်ရှင့်မှာလုံလောက်တဲ့ဂိုဏ်းအမှတ်မရှိသေးတာကြောင့် ဖွင့်လှစ်လို့မရသေးပါဘူး။"

ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်သည်။ ယခုအချိန်တွင် အလွှာ ၂၀ကတောင် လုံလောက်နေပြီဖြစ်သည်။ ပြောရပါလျှင် သူတို့ရှန်ရှန့်ကျုံဂိုဏ်းတွင် မြင့်မားသောတာအိုအဆင့်ကျင့်ကြံသူဟူ၍ မရှိသေးပေ။

"စနစ် စစ်ပွဲမျှော်စင်ကို ကမ္ဘာငယ်လေးအတွင်းမှာ နေရာချလိုက်ပါ။ တပည့်တွေ စစ်ပွဲမျှော်စင်ကိုစိန်ခေါ်ချင်တယ်ဆိုရင် ကမ္ဘာငယ်လေးထဲကို လာပြီး စိန်ခေါ်ရမယ်။"

ဝမ်ဖုန်း၏မျက်လုံးများအတွင်း အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး ပြောဆိုလိုက်သည်။

"ဒင်၊ စစ်ပွဲမျှော်စင်ကို နေရာချပြီးပါပြီ။"

All Chapters