← Chapters

ကောင်းကင်ဘုံစည်းမျဥ်းများ။

Vol. 14 Ch. 193

ကောင်းကင်ဘုံစည်းမျဥ်းများ။

Vol. 14 Ch. 193

"မင်းဘယ်သူလဲ? ပြောစမ်း..." ဂိုဏ်းကို အစီအစဥ်ချလိုက်ပြီးနောက် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်း၏ ဖိနှိပ်ခြင်းကို ခံထားရသော ဖုန်းသွမ့်ဟန်စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။ သူ၏မျက်လုံးများမှာ အေးစက်နေပြီး နက်ရှိူင်းသောလေသံဖြင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ ဖုန်းသွမ့်ဟန်သည် ဝမ်ဖုန်းကို ခေါင်းမော့ကြည့်လိုက်ပြီး ချက်ချင်းပဲပြောဆိုလိုက်သည်။

"ကျုပ်က ကောင်းကင်ကျိုးပျက်မြို့ရဲ့ မြို့စားဘဲ ၊ ကွေ့ဖုန်းနဲ့ တခြားသူတွေကတော့ ကျုပ်ရဲ့ဂိုဏ်းတူအကိုတွေဘဲ.. သူတို့အားလုံးက ထျန်းလန်ဒေသမြောက်ပိုင်း တစ္ဆေဂိုဏ်းလို့ခေါ်တဲ့ ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်းက ဂိုဏ်းသားတွေပဲ... ၊ ကျုပ်တို့ဒီကိုရောက်လာရတာက ဒီရှေးဟောင်းကမ္ဘာကြီးထဲမှာ သေဆုံးသွားတဲ့ တစ္ဆေဝိညာဥ်ဂိုဏ်းချုပ် ကွေ့ဝူရဲ့ အကြောင်းကို စုံစမ်းဖို့ပဲ..."

သူ့ဂိုဏ်းတူအကိုကြီးများ၏ သေဆုံးမှုကို မျက်မြင်တွေ့မြင်လိုက်ရသောအခါ ဖုန်းသွမ့်ဟန်သည် ရှင်သန်လိုစိတ်များ ပျောက်ဆုံးသွားပြီဖြစ်သည်။ ဝမ်ဖုန်းနှင့် တခြားသူများက သူ့ကိုကျိန်းသေပေါက် သတ်ဖြတ်မည်ဆိုတာကို သူသိထားသည်။ နှိပ်စက်ညှင်းပန်းခံပြီး သေရမှာထက်စာလျှင် သက်သက်သာသာသေရမှာက ပိုကောင်းပေလိမ့်မည်။

သို့ပါသော်လည်း သူသည်ကောင်းကင်ကျိုးပျက်မြို့၏ မြို့စားဆိုသည့် နောက်ဆုံးသောဂုဏ်ပုဒ်လေးကိုတော့ ထိန်းသိမ်းထားလိုခဲ့သည်။

ဖုန်းသွမ့်ဟန်၏စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။ အင်အားစုကြီးငါးစု၏ နောက်ခံအင်အားများအကြောင်းကို သိရှိလိုက်ပြီးနောက် ဝမ်ဖုန်းသည် သူဟာထျန်းလန်ဒေသကို မဝင်ရောက်ရသေးသော်လည်း ထျန်းလန်ဒေသရှိ အဓိကအင်အားကြီး ငါးခုကို ရန်စလိုက်မိပြီးပြီဖြစ်ကြောင်း သိထားလေသည်။

ဝမ်ဖုန်းသာ သတိမထားဘဲ ထျန်းလန်ဒေသအတွင်းသို့ မဆင်မခြင်ဝင်ရောက်သွားပါက ထိုအင်အားစုကြီးငါးခု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမှာဘဲဖြစ်သည်။

"မင်း... ကျိုးပျက်ကောင်းကင်မြို့က ရှောင်းမိသားစုအကြောင်းကို သိလား?" ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး ကျယ်လောင်သော လေသံဖြင့်မေးမြန်းလိုက်သည်။

သူ၏ဂိုဏ်းထဲတွင် ရှောင်းမိသားစု၏ စွန့်ပစ်ခြင်းခံထားရသော ရှောင်းယွင်ဖုန်းဆိုသည့် ဂိုဏ်းသားတစ်ယောက် ရှိနေကြောင်းကို ဝမ်ဖုန်းအနေဖြင့် မေ့လိမ့်မည်မဟုတ်ပါ။ သူသည် ထျန်းလန်ဒေသအတွင်း ဝင်ရောက်တော့မည်ဖြစ်ရာ သူတပည့်၏ နှောင်ကြိုးများကို ဖြတ်တောက်ပစ်ခဲ့ရမည်ဖြစ်သည်။

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ဖုန်းသွမ့်ဟန်၏ မျက်နာထက်၌ အံ့အားသင့်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် ဝမ်ဖုန်းကို တဒင်္ဂငေးစိုက်ကြည့်လိုက်ပြီးမှ ထပ်မံပြောဆိုလ်ိုက်သည် "ကျိုးပျက်ကောင်းကင်မြို့က ရှောင်းမိသားစုက ကျိုးပျက်ကောင်းကင်မြို့ကြီးထဲမှာရှိတယ့် အကြီးဆုံးမိသားစုကြီးတွေထဲက တစ်ခုပဲ... ဒါပေမယ့် ရှောင်းမိသားစုရဲ့နောက်ခံက ပိုလို့တောင်ထိတ်လန့်ဖို့ကောင်းသေးတယ်..."

"ကျိုးပျက်ကောင်းကင်မြို့ကြီးတစ်ခုလုံးမှာ ကျုပ်အကြောက်ဆုံးအရာက ရှောင်းမိသားစုဘဲ"

"အို... ရှောင်းမိသားစုရဲ့ နောက်ခံက ဘာများလဲ?..." ဤသည်ကို ကြားသည့်အခါ ဝမ်ဖုန်း၏မျက်နာထက်၌ အံ့အားသင့်နေသော အမူအရာတစ်ခုဖြစ်ပေါ်လာပြီး မေးမြန်းလိုက်သည်။

ဖုန်းသွမ့်ဟန်သည် လက်ရှိရှန်ရှန့်ကျုံဂိုဏ်း၏ အကျဥ်းသားဖြစ်နေသော်လည်းပဲ ဖုန်းသွမ့်ဟန်၏ နောက်ခံအင်အားမှာ အလွန်အမင်းစွမ်းအားကြီးမားကြောင်းကိုတော့ ဝမ်ဖုန်းအနေဖြင့် ဝန်ခံရပါလိမ့်မည်။ သာမန်လူများအနေဖြင့် ဖုန်းသွမ့်ဟန်ကို ရန်စရဲလိမ့်မည်မဟုတ်ပါ။

ထျန်းလန်မြောက်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းကြီးများမှာ ကမ္ဘာကိုတုန်လှုပ်စေသည်အထိ စွမ်းအားကြီးမားသော ဂိုဏ်းကြီးများဖြစ်သည်။ အဆိုပါဂိုဏ်းကြီးများမှ ဂိုဏ်းသားတစ်ယောက်ဆိုလျှင်တောင်မှ သာမန်လူများအနေဖြင့် လွယ်လင့်တကူ ရန်စရဲလိမ့်မည် မဟုတ်ပါချေ။

"ကောင်းကင်ကျိုးပျက်မြို့ထဲက ရှောင်းမိသားစုက ကျုပ်လောက်မသန်မာပါဘူး... ၊ အသန်မာဆုံးလူကတောင်မှ ဆန်းကြယ်နတ္ထိအစောပိုင်းအဆင့်ပဲရှိသေးတယ် ဒါပေမယ့်သူတို့က အလယ်ပိုင်းထျန်းလန်ဒေသက ရှောင်းမိသားစုနဲ့ ဆက်စပ်နေတယ် ၊ အလယ်ပိုင်းထျန်းလန်ဒေသ ရှောင်းမိသားစုက သူတို့ရဲ့ သွေးမျိုးဆက်တွေ ကျိုးပျက်ကောင်းကင်မြို့ထဲမှာ ရှိနေသေးတယ်ဆိုတာကို မေ့ကောင်းမေ့နိုင်ပေမယ့် ရှောင်းမိသားစု သတ်ဖြတ်ခံလိုက်ရဲ့သတင်းကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် ပြန်လည်လက်တုံ့ပြန်မှာပဲ..."

"ဒါကြောင့်မလို့ကျိုးပျက်ကောင်းကင်မြို့ထဲမှာဆို ရှောင်းမိသားစုက အရမ်းလွန်မလာသေးသရွေ့ အခြားမိသားစုတွေနဲ့ ကျုပ်အပါအဝင် အားလုံးက မျက်စိစုံမှိတ်ပေးနေကြရတာပဲ " ဖုန်းသွမ့်ဟန်သည် ဝမ်ဖုန်းအား စူးစိုက်ကြည့်ကာပြောဆိုလိုက်သည်။

"ရှောင်းမိသားစုလား..."

ဝမ်ဖုန်း၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားပြီး တိုးတိတ်စွာပြောဆိုလိုက်သည်။ ရှောင်းမိသား စု၏နောက်ခံမှာ အင်အားကြီးမားသော်လည်း ဝမ်ဖုန်းကတော့ ကြောက်လန့်နေခြင်းမရှိပေ။ ဘယ်သူကမှ ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းသားကို အနိုင်ကျင့်လို့မရနိုင်ပေ။ သို့ပါသော်လည်း ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်းကို လေ့ကျင့်ပေးဖို့သာ ရည်ရွယ်ထားပြီး ရှောင်းယွင်ဖုန်းကို သူ့အကြောင်းသူကိုယ်တိုင်ဘဲ ရှာဖွေစေကာ လက်တုံ့ပြန်ချင်စေသည်။ အဆိုပါမြင်ကွင်းက အရမ်းကို စိတ်လှုပ်ရှားဖွယ်ကောင်းပေလိမ့်မည်။

"ဒီဂိုဏ်းချုပ်ကမင်းကို အလောင်းအပြည့်အစုံနဲ့သေခွင့်ပေးမယ်"

ဝမ်ဖုန်းသည် ဖုန်းသွမ့်ဟန်ကို စူးစိုက်ကြည့်ကာ အမူအရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏စကားများကိုကြားလိုက်ရသည့်အခါ ဖုန်းသွမ့်ဟန်သည် ငြိမ်ကျသွားသည်။ သူက အသက်ကိုချမ်းသာပေးရန် မတောင်းဆိုခဲ့ပေ။ သူဟာသေဆုံးတော့မယ်ဆိုတာကို ကျိန်းသေ သိထားပြီးဖြစ်သည်။ တောင်းပန်ခယနေခြင်းကလည်း အကျိုးမရှိပါပေ။.

ဤသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ကျန်းစန်ဖုန်းကို ဖုန်းသွမ့်ဟန်အား ရှင်းလင်းခိုင်းလိုက်သည်။

ကျန်းစန်ဖုန်းသည် ေခါင်းညိမ့်လိုက်ပြီး ဖုန်းသွမ့်ဟန်၏ အသက်ကို နှုတ်ယူလိုက်တော့သည်။

ဝမ်ဖုန်းသည် ဘေးတစ်ဖက်မှာရှိနေသော ေရှာင်ဖုန်းနှင့် အခြားသူများကို စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ကာ လျှို့ဝှက်စွာပြောဆိုလိုက်သည်

"စနစ်.. ထီကံစမ်းခွင့် အကြိမ်တစ်သိန်းကိုအသုံးပြုမယ်"

"ဒင်... ရှောင်ဖုန်း၏ ကျင့်ကြံဆင့်များမှ ငါးပုံတစ်ပုံကိုရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်..."

"ဒင်... သွမ်ယိ၏ကျင့်ကြံဆင့်များမှ ငါးပုံတစ်ပုံကို ရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်..."

"ဒင်... မရီဒီယန်ခြောက်သွယ်ဆန်းကြယ်ဓါးကွက်ကိုရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်"

"ဒင်..."

မြောက်မြားစွာသော ထီကံစမ်းမှုများထဲတွင် မရီဒီယန်ခြောက်သွယ်ဆန်းကြယ်ဓါးကွက် မှလွဲ၍ အခြားအရာများအားလုံးမှာ ကျင့်ကြံဆင့်အခြေခံများဖြစ်သည်။ အများစုမှာရှောင်ဖုန်းတို့ သုံးေယာက်၏ ကျင့်ကြံခြင်းအခြေခံများဖြစ်ကြသည်။

"စနစ်... ဒီဂိုဏ်းချုပ်ကို ကျင့်ကြံခြင်းအခြေခံတွေ မရီဒီယန်ခြောက်သွယ်ဆန်းကြယ်ဓါးကွက်နဲ့ ကောင်း ချီးပေးပါဦး..."

ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီး သူဟာပြောဆိုလိုက်သည်။ စနစ်မှ မဲပေါက်သော ကျင့်ကြံခြင်းအခြေခံများကို ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲများနဲ့ ဂိုဏ်းသားများအပေါ် အသုံးပြုပေးခြင်းမရှိဘဲ သူကိုယ်တိုင်အတွက်သာ အသုံးပြုလိုက်ပေသည်။

လက်ရှိသူ၏ကျင့်ကြံဆင့်မှာ ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့်တွင်သာ ရှ်ိနေသေးသည်။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူသည် သူ၏ခွန်အားကို အရင်ဦးဆုံးတိုးမြှင့်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင်မှ ဂိုဏ်းသားများနဲ့ အကြီးအကဲများအတွက် စဥ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။

ဘုံး...

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးတစ်ခုသည် ဝမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်သွားပြီး ပိတ်ဆို့နေသော ကျင့်ကြံခြင်းများကို ဖြတ်တောက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာဘဲ မရေမတွက်နိုင်သော နိယာမများနှင့် ဆန်းပြားမှုများသည် သူ၏ စိတ်သန္တာန်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။ သူဟာ ချက်ချင်းပဲနိယာမကပ်ဘေးအဆင့်ကို လွယ်လင့်တကူ ဝင်ရောက်သွားလေတော့သည်။

ပထမဆုံးသော နိယာမကပ်ဘေးမှာ လေနှင့်မီး ကပ်ဘေးဘဲဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံး၏ အခြေအနေကြီးတစ်ခုလုံးမှာ ပြောင်းလဲသွားပြီး ဝမ်ဖုန်းကို ဗဟိုပြုလျှက် ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုတောင် ထိတ်လန့်သွားစေနိုင်သည့် လေပြင်းများနှင့် မီးတောက်မီးလျံများ ထွက်ပေါ်လာခဲ့သည်။ ခန်းမကြီးတစ်ခုလုံးသည် လက်ရှိအချိန်တွင်ပြင်းပြင်းထန်ထန်လှုပ်ခါ လာခဲ့ပေသည်။

ဤကပ်ဘေးကြီး၏ အရှိန်အဝါများမှာ အလွန်အမင်းအစွမ်းထက်လွန်းတာကြောင့် လက်ရှိစနစ်၏ လုပ်ဆောင်နိုင်စွမ်းဖြင့်တောင် အပြည့်အဝ ကာကွယ်ပေးလို့မရနိုင်ပေ။ ပြင်းထန်သော စွမ်းအားလှိုင်းကြီးများနှင့် ကပ်ဘေးအရှိန်အဝါများသည် ခန်းမကြီးတစ်ခုလုံးအတွင်းရုတ်ချည်းဘဲ ပျံ့နှံ့သွားခဲ့သည်။

ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာမတ်တက်ရပ်နေသော ရှောင်ဖုန်းတို့သုံးယောက်သည် ဝမ်ဖုန်း၏ အခြေအနေကို ခံစားသိရှိလိုက်ရသောအခါ သူတို့၏မျက်နာတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြပြီး ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမကြီးတစ်ခုလုံးကို ကာကွယ်လိုက်ကြသည်။ သူတို့ဟာ တစ်ချိန်တည်းမှာ တည်နေရာသုံးခုခွဲ၍ ဝမ်ဖုန်းကို ကာကွယ်နေကြပေသည်။

သူတို့သည် ဝမ်ဖုန်း၏ နိယာမကပ်ဘေးကို ဝင်ရောက် စွက်ဖက်ခြင်းမရှိခဲ့ပေ။ ဆန်းကြယ်ကပ်ဘေးထွတ်အထိပ်အဆင့် စွမ်းအားရှင်များဖြစ်သည့်အလျောက် နိယာမကပ်ဘေးကို ကိုယ်ပိုင်သဘောပေါက် နားလည်နိုင်စွမ်းဖြင့် ဖြတ်ကျော်နိုင်မှသာလျှင် နောင်ပိုင်းတွင် တာအိုနယ်ပယ်သို့ အခက်အခဲမရှိ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်းကို သူတို့သုံးယောက်စလုံးနားလည်ထားကြသည်။

သို့ပါသော်လည်း နောက်တဒင်္ဂအတွင်းတွင် ရှောင်ဖုန်းတို့၏ မျက်နာများထက်မှ တည်ငြိမ်နေသော အမူအရာများသည် ပျက်ယွင်းသွားပေသည်။ သူတို့အားလုံး၏ မျက်နာထက်၌ ထိတ်လန့်နေသော အမူအရာများ အစားထိုးဝင်ရောက်လာပြီး သူတို့ဟာ ဝမ်ဖုန်းကို မကောင်းဆိုးဝါးတစ်ကောင်အလား စူးစိုက်ကြည့်မိလိုက်ကြသည်။

မည်သည့်ဆန်းကြယ်နတ္ထိအထွတ်အထိပ်အဆင့် စွမ်းအားရှင်ကိုမဆို ထိတ်လန့်သွားစေနိုင်သည့် လေပြင်းနှင့် မီးလျှံကပ်ဘေးကြီးသည် ဝမ်ဖုန်း၏ တိုက်ရိုက်ချိုးဖြတ်ခြင်းကို ခံလိုက်ရပြီး ဒုတိယကပ်ဘေးဖြစ်သော တောင်တန်းနှင့်ပင်လယ် ကပ်ဘေးအခြေအနေသို့ ချက်ခြင်းပဲ ဝင်ရောက်သွားခဲ့သည်။

ဤမျှလောက်မြန်ဆန်သော အရှိန်အဟုန်ဖြင့် အဆင့်ချိုးဖြတ်တတ်ရောက်နိုင်ခြင်း။ ရှောင်ဖုန်းတို့သုံးယောက်သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြားဖူးခြင်းမရှိသလို မြင်ဖူးခြင်း တွေ့ဖူးခြင်းလည်း မရှိခဲ့ပေ။

အစောက ဂိုဏ်းချုပ်အပေါ်ဦးတည်နေသော ကြောက်မက်ဖွယ် လေပြင်းနှင့် မီးလျှံကပ်ဘေးအရှိန်အဝါများကို ခံစားခဲ့ရကြောင့်သာမဟုတ်လျှင် သူတို့သည် ဂိုဏ်းချုပ်ဖြတ်သန်းနေသော ကပ်ဘေးမှာ အတုအယောင်ကပ်ဘေးကြီးလားဟုတောင် တွေးထင်မိသွားမှာဖြစ်သည်။

နောက်တစ်နာရီ ကြာမြင့်သည်အထိ ရှောင်ဖုန်းတို့၏ မျက်နာများထက်မှ အံ့အားသင့်မှုအရိပ်အယောင်များသည် ပျောက်ကွယ်မသွားခဲ့ပေ။ သူတို့သည် ဝမ်ဖုန်းကို ရုပ်ထုကြီးများအလား ကြောင်အလျက် ငေးစိုက်ကြည့်မိနေကြသည်။

ဖုန်းသွမ့်ဟန်ကို အပြတ်ရှင်းပြီးသော ကျန်းစန်ဖုန်းသည်လည်း ဂိုဏ်းချုပ်ခန်းမကြီးအတွင်းသို့ဝင်လာခဲ့သည်။ သူသည်လည်း ရှောင်ဖုန်းတို့၏ ကျောက်ရုပ်လူသားအုပ်စုအတွင်းသို့ ဝင်ရောက်သွားကာ စတုတ္ထမြောက် ကျောက်ရုပ်ကြီးအလား ကြောင်အလျက် ဝမ်ဖုန်းကို စိုက်ကြည့်မိလိုက်သည်။

တစ်နာရီအတောအတွင်းမှာဘဲ ဝမ်ဖုန်းသည် ပထမဆုံးကပ်ဘေးမှ ကိုးခုမြောက် ကပ်ဘေးဖြစ်သော ဇီဝနှင့် ဝိညာဥ်ကပ်ဘေးအဆင့်ထိတောင် ရောက်ရှိသွားပြီဖြစ်သည်။ ဒါ့အပြင်အချိန်အများစုကို ဝမ်ဖုန်းသည် ဇီဝနှင့်ဝိညာဥ်ကပ်ဘေးအတွင်း အသုံးပြုခဲ့ခြင်းဖြစ်သည်။ ပထမမြောက်ကပ်ဘေးမှ အဌမမြောက်ကပ်ဘေးအထိ ဝမ်ဖုန်းသည် တဒင်္ဂတောင်ကြာမြင့်ခြင်းမရှိဘဲ ဆက်တိုက်ဆိုသလို ချိုးဖြတ်လာခဲ့ခြင်းဖြစ်သည်။ ကပ်ဘေးကြီးရှစ်ခုစလုံးကို ချိုးဖြတ်ဖို့ရန် ဝမ်ဖုန်းဟာ နာရီဝက်တောင် အချိန်မယူလိုက်ရပါချေ။

ဇီဝနှင့် ဝိညာဥ်ကပ်ဘေးသည် ကြောက်မက်ဖွယ်အကောင်းဆုံး နိယာမကပ်ဘေးကြီးတစ်ခုဖြစ်ပြိး ဆန်းကြယ်ကပ်ဘေးအဆင့်သို့တတ်ရောက်ရန် အရေးအပါဆုံးသော နောက်ဆုံးကပ်ဘေးကြီးလည်းဖြစ်သည်။ ထိုအဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် တစ်စုံတစ်ယောက်သည် တာအိုနက်နဲမှုအဆင့်ကိုရောက်ရှိရန် ခြေလှမ်းဝက်သာ ကွာဝေးတော့သော ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားမှာဖြစ်သည်။

All Chapters