← Chapters

။ သခင်မယဲ့မုချင်။

Vol. 15 Ch. 197

။ သခင်မယဲ့မုချင်။

Vol. 15 Ch. 197

နောက်တစ်နေ့တွင် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်း နှင့်အခြားသူများကို ထျန်းလန်ဒေသသို့ခေါ်ဆောင်သွားခဲ့သည်။ ဤခရီးစဥ်တွင် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲများစွာကို ခေါ်ဆောင်သွားသော်လည်း တပည့်တစ်ယောက်ကိုမှ ခေါ်ဆောင်ခဲ့ခြင်းတော့မရှိပေ။

ဝမ်ဖုန်းသည် ထျန်းလန်ဒေသတွင် သူအခြေခိုင်အောင်ပြုလုပ်ပြီးမှ တပည့်များကိုခေါ်ဆောင်ရန် စီစဥ်ထားပေသည်။ ကျိုးပျက်ကောင်းကင်မြို့မှ ရှောင်းမိသားစုအတွက်ကိုတော့ ဝမ်ဖုန်းသည် ရှောင်းယွင်ဖုန်းကိုပဲ ကိုယ်တိုင်ဖြေရှင်းရန် ညွှန်ကြားထားပြီး သူ့ကိုရှန်ရှန့်ကျုံဂိုဏ်းအတွင်းထဲမှာပဲ နေရစ်ခဲ့စေသည်။

ဝမ်ချုံးယန်ကိုတော့ ရှောင်းယွင်ဖုန်းကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးဖို့မှာကြားခဲ့သည်။

ယဲ့မုချင်နှင့် ဝမ်ချုံးယန်တို့သည် ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမအပြင်ဘက်တွင် မတ်တပ်ရပ်နေကြပြီး ဝမ်ဖုန်း နှင့် အခြားသူများ၏ ထွက်ခွာသွားသော ကျောပြင်များကို အချိန်အတော်ကြာသည့်တိုင်အောင် ငေးမောကြည့်ရှုနေခဲ့ကြသည်။ ဝမ်ချုံးယန်၏ မျက်လုံးများအတွင်း၌ စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဂိုဏ်းချုပ်က သူ့ကိုယုံယုံကြည်ကြည်လက်လွှဲခဲ့မှတော့ သူကလည်း ဂိုဏ်းချုပ်ကိုစိတ်ပျက်စေလို့မဖြစ်ပေ။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းသားများကို တစ်ယောက်ချင်းတစ်ယောက်ချင်း အကောင်းဆုံးသင်ကြားပေးပြီး ဂိုဏ်းချုပ်၏ ယုံကြည်မှုနှင့်ထိုက်တန်အောင် ဆောင်ရွက်ရပေလိမ့်မည်။

"ယောကျာ်း မစိုးရိမ်ပါနဲ့၊ ရှင်ပြန်လာတဲ့အခါကျရင် ချင်အာက ရှင့်အတွက်အံ့အားသင့်စရာတွေကို ယူဆောင်ထားပေးမှာပါ။"

ဝမ်ဖုန်းနှင့် အခြားသူများပျောက်ကွယ်သွားသည့် အထက်ကောင်းကင်ယံကို မော့ကြည့်ရင်း ယဲ့မုချင်းသည် တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"ချုံးယန် ၊ ဒီလျှို့ဝှက်စာအုပ်ကိုယူပြီး သေသေချာချာလေ့လာ"

ယဲ့မုချင်သည် ဝမ်ချုံးယန်ကို လှည့်ကြည့်လိုက်ပြီး သူမ၏လက်ဖဝါးကိုဖြန့်လိုက်သည့်အခါ လက်ဖဝါးအရွယ် လျှို့ဝှက်စာအုပ်လေးတစ်အုပ်သည် သူမ၏ လက်အပေါ်၌ ထွက်ပေါ်လာခဲ့သည်။ သူမသည် လျှို့ဝှက်စာအုပ်ကလေးကို ဝမ်ချုံးယန်အားပေးပြီး ပြောဆိုလိုက်သည်။

"ကျေးဇူးပါ သခင်မ"

ဝမ်ချုံးယန်သည် လျှို့ဝှက်စာအုပ်ကိုယူဆောင်လိုက်ပြီး စိုက်ကြည့်လိုက်သည်။ သူသည်ဘယ်စကားလုံးတစ်လုံးက်ိုမျှ နားလည်ခြင်းမရှိပေ။ ဝမ်ချုံးယန်သည် အလွန်အမင်း ပဟေဠိဖြစ်နေသော်လည်း အလျင်အမြန်ဂါရဝပြုလိုက်ပြီး ယဲ့မုချင်ကို ကျေးဇူးတင်လိုက်လေသည်။

"လီချင်းရဲ့ ရုပ်ခန္ဓာက နိုးထလာခဲ့ပြီ၊ သူ ရွှမ်လင်းလိပ်မသေမျိုးရုပ်ခန္ဓာကိုယ်ကို အပြည့်အဝအသုံးပြုနိုင်ဖို့အတွက် အချိန်သိပ်ကြာတော့မှာ မဟုတ်ဘူး။"

"အနာဂတ်မှာ ရှင် လီချင်းကို သေလုမြောပါးဖြစ်တဲ့အထိနေတိုင်းရိုက်နှက်ရမယ်။ သူ့ကို ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားမှာရှိတဲ့ ရွှမ်လင်းလိပ်မသေမျိုးရုပ်ခန္ဓာရဲ့ဆန်းပြားမှုတွေကို နားလည်သဘောပေါက်အောင် သင်ကြားပေးလိုက်ပါ။ ဒီလိုဆိုလျှင် သူအလျင်အမြန်ဖွံဖြိုးတိုးတက်လာလိမ့်မယ်။"

ယဲ့မုချင်သည် ဝမ်ချုံးယန်ကို စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။ သူမ၏ အသံလေးမှာ အလွန်သာယာနူးညံ့သော်လည်း ဝမ်ချုံးယန်မှာ မနေနိုင်ဘဲ လီချင်းအတွက် စုပ်သပ်လိုက်မိတော့သည်။

"ချုံးယန် နားလည်ပါပြီ"

"သွားပြီးတော့ လီထျန်ရှင်းနှင့် ရှောင်းယွင်ဖုန်းကို ဆင့်ခေါ်လိုက်"

ယဲ့မုချင် သည် သူမ၏လက်ကိုအသာအယာဝေ့ရမ်းကာပြောဆိုလိုက်သည်။

ဝမ်ချုံးယန် သည် ခေါင်းငြိမ့်လိုက်ပြီး ယဲ့မုချင်ကို လေးလေးနက်နက်တချက်စိုက်ကြည့်လိုက်ကာ အလျင်အမြန်ပဲ ထွက်ခွာသွားခဲ့သည်။

အကြောင်းအရင်းတချို့ကြောင့် ဂိုဏ်းချုပ်ကတော်၏ ရှေ့တွင်ရှိနေစဥ်တွင် သူသည် သူမ၏အမိန့်များကို မသိစိတ်အလျှောက်လိုက်နာ နေခဲ့မိသည်။ ဂိုဏ်းချုပ်ကတော်၏ စကားများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူ၏စိတ်တွင် သူမကိုနားထောင်ရမည်ဟူသော အတွေးသာ အစဥ်အမြဲကြီးစိုးနေမိခဲ့သည်။

သူသည်လက်ရှိတွင် ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်ပါသည်။ သူသည် တာအိုနယ်ပယ်နှင့် ခြေတလှမ်းသာကွာဝေးသောအနေအထားသို့ရောက်ရှိနေပြီဖြစ်သည်။ သာမာန်စကားလုံးများဖြင့်အခြားသူတစ်ယောက်ကို နာခံလာအောင် လုပ်ဆောင်ရန် မည်မျှသန်မာရမည်ဆိုတာကို ဝမ်ချုံးယန် တစ်ယောက်မသိတော့ပေ။ သူသိထားသည်မှာ ဂိုဏ်းချုပ်ကတော်သည် အပြင်ပန်းတွေ့မြင်ရသလောက် ရိုးရှင်းခြင်းမရှိဘူးဆိုတာကိုပဲ ဖြစ်သည်။

တခဏအကြာတွင် လီထျန်ရှင်းနှင့် ရှောင်းယွင်ဖုန်းတို့နှစ်ယောက်သည် အတူတကွရောက်ရှိလာကြသည်။ ယဲ့မုချင်ကို တွေ့မြင်လိုက်ရသည့်အခါ လီထျန်ရှင်းနှင့်ရှောင်းယွင်ဖုန်းတို့သည် ဦးခေါင်းများကိုညွှတ်တွားလိုက်ကြပြီး တချိန်တည်းမှာပင် လေးလေးစားစားဂါရဝပြု နှုတ်ဆက်လိုက်မိကြသည်။

"သခင်မကို တွေ့ဆုံပါတယ်"

"ထွက်လာခဲ့"

ယဲ့မုချင်သည် ခေါင်းညိမ့်လိုက်ပြီး မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ကာ နူးညံ့သောလေသံဖြင့်ပြောဆိုလိုက်သည်။

ယဲ့မုချင်၏ စကားဆုံးသွားသည့်အခါ ပုံရိပ်နှစ်ခုသည် လီထျန်ရှင်းနှင့် ရှောင်းယွင်ဖုန်းတို့ဆီမှ လွင့်ပျံထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်များက ယဲ့မုချင်ကို လေးလေးစားစားဂါရဝပြုပြီး ပြောဆိုလိုက်သည်။

"သခင်မကို တွေ့ဆုံပါတယ်"

ထိုပုံရိပ်များမှာ မှုန်ဝါးဝါးဖြစ်နေသော်လည်း သူတို့ကို အကြမ်းဖျင်းမျှတော့ တွေ့မြင်နိုင်သေးသည်။ ထိုပုံရိပ်များမှာ အဖိုးအိုတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပဲဖြစ်သည်။

ပုံရိပ်နှစ်ခု၏ ထွက်ပေါ်လာခြင်းက လီထျန်ရှင်းနှင့် ရှောင်းယွင်ဖုန်းတို့ကို ချက်ချင်းပဲအံ့သြသွားစေခဲ့သည်။

ဤသည်မှာ သူတို့နှစ်ယောက်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်များပဲဖြစ်သည်။ သခင်မပြောလိုက်တဲ့အခါမှာ သူတို့တွေဘယ်လိုဖြစ်လို့ ချက်ချင်းပဲထွက်ပေါ်လာရတာလဲ။

"မင်းတို့ရဲ့ မူလဇစ်မြစ်ကို ငါမသိချင်ဘူး။ မင်းတို့ရှင်းရှင်းလင်းလင်းသိထားဖို့ပဲ လိုတယ်။ ဒီအချိန်ကစပြီး တခြားအရာတွေကို မစဥ်းစားနဲ့။ ရှောင်ယွင်းဖုန်းနှင့် လီထျန်ရှင်းတို့ရဲ့ ကျင့်ကြံခြင်းမှာ စိတ်လိုလက်ရကူညီပါ။ ဒီလိုမှ မဟုတ်ရင်မင်းတို့နှစ်ယောက်သေရလိမ့်မယ်။"

ယဲ့မုချင်သည် ပုံရိပ်နှစ်ခုကို စေ့စေ့တောင်စိုက်မကြည့်ဘဲ သာမာန်လေသံဖြင့် ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ယဲ့မုချင်၏ စကားဆုံးသွားသည့်အခါ ပုံရိပ်နှစ်ခုသည် တုန်ယင်သွားကြပြီး အလျင်အမြန်လေးလေးစားစားပြောဆိုလိုက်ကြသည်။

သူတို့၏မူလဇစ်မြစ်မှာ သာမာန်မဟုတ်သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုကြီးတစ်ခု၏ ရှေ့မှောက်တွင် သူတ်ို့သည် ငြင်းပယ်ရန် သတ္တိမရှိကြပါပေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဝမ်ဖုန်းကတောင် သူတို့ကိုဤမျှလောက်ထိ မတုန်လှုပ်စေခဲ့ပေ။

"မင်းတို့ ကောင်းကောင်းမွန်မွန်ပြုမူမယ်ဆိုရင် ငါ့ယောကျာ်းက မင်းတို့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီး တဖန်အသက်ပြန်ရှင်ခွင့်ပေးလိမ့်မယ်။"

ယဲ့မုချင်သည် ဆက်လက်ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ပုံရိပ်နှစ်ခုသည် လေးလေးစားစားပြောဆိုလိုက်သည်။

"ဧရာမလက်ကြီးထွက်ပေါ်လာတာက မင်းတို့ကို အရှက်ရစေခဲ့တယ်မဟုတ်လား။ ဒီလ်ိုဆိုရင် မင်းတို့တွေ အစစ်အမှန်စွမ်းအားရှင်တစ်ယောက်ဖြစ်ဖို့ပိုပြီးကောင်းကောင်းမွန်မွန် လေ့ကျင့်ကြရမယ်။"

ယဲ့မုချင်သည် ရှောင်းယွင်းဖုန်းနှင့် လီထျန်ရှင်းတို့နှစ်ယောက်ကိုကြည့်ကာ လေးနက်သော လေသံဖြင့်ပြောဆိုလိုက်သည်။

ယဲ့မုချင်၏ စကားကြောင့် ရှောင်းယွင်းဖုန်းနှင့်လီထျန်ရှင်းတို့သည် အရှက်ရစရာပုံရိပ်ကြီးကိုပြန်လည်အမှတ်ရသွားကြသည်။ သူတို့ဟာ အံကိုတင်းတင်းကြိတ်ပြီး လေးလေးနက်နက် ပြောဆိုလိုက်ကြသည်။

"သခင်မကို စိတ်မပျက်စေရပါဘူး"

"သွားပြီး လီဟေးကိုခေါ်လာခဲ့"

ယဲ့မုချင်သည် သူမ၏ လက်အားဝေ့ရမ်းလိုက်ကာ ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ရှောင်ယွင်းဖုန်း၊ လီထျန်ရှင်းနှင့် ပုံရိပ်နှစ်ခုတို့သည် အလျင်အမြန် ဂါရဝပြုလိုက်ကာ ထွက်ခွာသွားခဲ့ကြသည်။ ထိုပုံရိပ်နှစ်ခုဟာလည်း ရှောင်းယွင်ဖုန်းနှင့် လီထျန်ရှင်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

ရှောင်းယွင်းဖုန်းနှင့် လီထျန်ရှင်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ရှောင်းယွင်ဖုန်းက လီထျန်ရှင်းထံတွင် ဝိညာဥ်တစ်ခု တွယ်ကပ်နေလိမ့်မည်ဟု တွေးထင်မထားခဲ့သလို လီထျန်ရှင်းကလည်း ရှောင်းယွင်ဖုန်းထံ၌ ဝိညာဥ်တစ်ခု ရှိနေလိမ့်မည်ဟုတွေးထင်ထားခြင်းမရှိခဲ့ပေ။"

''ဂိုဏ်းတူအစ်မက နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာပဲ။" ရှောင်းယွင်ဖုန်းသည် လီထျန်ရှင်းကိုကြည့်ကာ ရယ်မောလျက်ပြောဆ်ိုလိုက်သည်။

"မင်းရောပါပဲလေ။ ဂိုဏ်းတူမောင်လေး သေသေချာချာကျင့်ကြံနော်။ သခင်မကို စိတ်မပျက်စေနဲ့။"

လီထျန်ရှင်းသည် နှုတ်ခမ်းကလေးစူကာ နူးနူးညံ့ညံ့ပြုံးလျက် ပြောဆိုလိုက်သည်။

"အင်း"

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နှုတ်ဆက်လိုက်ကြပြီး သူတို့သက်ဆိုင်ရာနေရာများဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

........

"ဆရာ ဘာဖြစ်တာလဲ။ သခင်မခေါ်လိုက်တာနဲ့ ဘာဖြစ်လ်ို့ချက်ချင်း တန်းထွက်လာရတာလဲ။"

သူ့နေရာသို့ပြန်ရောက်လာပြီဖြစ်သော လီထျန်ရှင်းသည် ပဟေဠိဖြစ်နေသော အမူအရာဖြင့် မေးမြန်းလ်ိုက်သည်။

"သခင်မက အရမ်းကြောက်စရာကောင်းတယ်။ သူမရဲ့စကားလုံးတွေက မင်းအတွက်တော့ ဘာမှမဟုတ်ပေမယ့်

ငါကြားလိုက်တဲ့အခါမှာ ငါ့စိတ်ဝိညာဥ်ကိုတောင် လွင့်ပျံ့သွားတော့မလို့ပဲ။ မင်းဂိုဏ်းတူမောင်လေးဆီမှာ ကပ်တွယ်နေတဲ့ ဝိညာဥ်ကလည်း ဒီဆရာလိုပဲတွေ့ကြုံရမှာပဲလေ။ ငါတို့ နှစ်ယောက်က ဒဏ္ဍာရီနယ်ပယ်မှာရှိတဲ့ စွမ်းအားရှင်တွေဆ်ိုပေမယ့် အဲဒီအမျိုးသမီးရဲ့ စကားလုံးတွေကိုတော့ မခုခံနိုင်ခဲ့ဘူး။ အဲဒီအမျိုးသမီးဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို မင်းတွေးကြည့်လိုက်ပါတော့။"

လီထျန်ရှင်း၏ ခန္ဓာကိုယ်ပေါ်မှ လှပသော ပုံရိပ်လေးသည် ရုတ်တရက်ထွက်ပေါ်လာပြီး အကြောက်တရားများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြောဆိုလိုက်သည်။

"သခင်မက အရမ်းသန်မာတာပဲလား။ ပြီးတော့ ဒဏ္ဍာရီနယ်ပယ်အဆင့် စွမ်းအားရှင်ဆိုတာ ဘာကိုပြောချင်တာလဲ။ "

လီထျန်ရှင်းသည် ပဟေဠိဖြစ်နေသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

လီထျန်ရှင်း၏ အမြင်တွင် သခင်မသည် နတ်သမီးကဲ့သို့ လှပသောပုံရိပ်ကလေးဖြစ်သည်။ သခင်မ၏ အလှတရားကြောင့် သူမသည်ပင်အရှက်ရခဲ့ရသည်။ သို့သော်လည်း သူတို့၏ သခင်မမှာ မယုံကြည်နိုင်လောက်အောင် သန်မာလိမ့်မည်ဟုတော့ သူမတွေးထင်ထားခဲ့ခြင်းမရှိပေ။ ပြောရပါလျှင် သူမသည် သခင်မဆီမှ မည်သည့်ကျင်ကြံခြင်းအစွမ်းကိုမျှ အာရုံခံမိခြင်းမရှိသလို သခင်မကလည်း ဘယ်သောအခါကမှ ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေ။

သူမသည် သခင်မ၏ ရှေ့တွင်ရှိနေစဥ်တွင် မည်ကဲ့သို့သော ဖိအားကိုမှ ခံစားခဲ့ရဖူးခြင်းမရှိပေ။

"မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေတယ်။ အခုသိလဲ အကျိုးမရှိသေးပါဘူး။ နောက်ကျရင် ဒီဆရာက မင်းကို မှော်စွမ်းအားတချို့သင်ပေးမယ်။ မင်းကောင်းကောင်းလေ့ကျင့်ဖို့ မျှော်လင့်ပါတယ်။"

ထွက်ပေါ်လာသည့် လှပသော ပုံရိပ်ကလေးက ခေါင်းကိုခါရမ်းလိုက်ပြီး နူးညံ့စွာပြောဆိုလိုက်သည်။

"ဆရာ မစိုးရိမ်ပါနဲ့၊ ပိုသန်မာလာဖို့ဆိုရင် ဘယ်လောက်ပဲခက်ခဲပါစေ။ ဒီတပည့်က သည်းခံဖြတ်ကျော်မှာပါ။"

လီထျန်ရှင်းသည် ခိုင်မာသောစိတ်ထားဖြင့် ပြောဆိုလိုက်သည်။

တဖက်မှာလည်း ရှောင်းယွင်ဖုန်းသည် လီဟေးကို ယဲ့မုချင်ခေါ်နေကြောင်း ပြောပြပြီးနောက် သူ၏နေထိုင်ရာနေရာသို့ရောက်လာပြီး တူညီသောမေးခွန်းများကို မေးမြန်းခဲ့လေသည်။ သူဟာလည်း တူညီသော အဖြေများကိုသာ ရရှိခဲ့လေသည်။

ရှောင်ယွင်ဖုန်းနှင့် လီထျန်ရှင်းတို့ နှစ်ယောက်စလုံးသည် အတူတကွထိတ်လန့်သွားကြကာ သံသယဝင်မ်ိသွားကြသည်။ ပြောရပါလျှင် ဂိုဏ်းတပည့်တိုင်း၏ အမြင်တွင် သူတို့၏သခင်မသည် ကမ္ဘာတုန်လောက်အောင် လှပသော အလှလေးတစ်ယောက်ဖြစ်သော်လည်း ကျန်အရာများအားလုံးမှာ သာမာန်မျှသာဖြစ်သည်။ အလွန်သာမာန်ဖြစ်လွန်းသောကြောင့် သခင်မကို သာမာန်လူသားတစ်ယောက်ဟုသာ ထင်မြင်ကြပေသည်။

တွေ့ဆုံကြုံကြိုက်ခဲ့ရသမျှအရာအားလုံးသည် မယုံနိုင်စရာ ကောင်းသော်လည်း လီထျန်ရှင်းနှင့် ရှောင်းယွင်ဖုန်းတို့နှစ်ယောက်သည် ယဲ့မုချင်၏ ဆန္ဒကို လိုက်နာခဲ့ကြကာ အပြင်းအထန်စတင်လေ့ကျင့်ခဲ့ကြသည်။ သူတို့ဟာ ပိုမိုသန်မာချင်ကြပြီး စစ်မှန်သော စွမ်းအားရှင်များဖြစ်လာကြကာ ရှန်ရှန့်ကျုံဂိုဏ်း နှင့် သူတို့၏ဂိုဏ်းတူညီအစ်ကိုမောင်နှမများအား ကာကွယ်ပေးချင်ကြလေသည်။

All Chapters