။ ဓားသူတော်စင် တုကူကျန်း။
Vol. 15 Ch. 199
ဧကရာဇ်တောင်တန်းအတွင်းရှိ ရှေးဟောင်းဂူသချိုင်းကြီးထဲတွင် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်း နှင့် အခြားသူများကို ခေါ်ဆောင်၍ ရုပ်ထုကြီးခြောက်ခု၏ရှေ့သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည်လက်ကိုဝေ့ရမ်းလိုက်သည့်အခါ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားသည် ခန်းမကြီးအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ တာအိုဉာဏ်အလင်းပွင့်ခြင်းဇယား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပုံရိပ်ခြောက်ခုသည်လည်း ထူးထူးဆန်းဆန်းအမူအရာများ ထုတ်ဖော်ပြသလာကြသည်။ သူတို့၏ အရှိန်အဝါများကို တာအိုဉာဏ်အလင်းပွင့်ခြင်းဇယားက ရုတ်ချည်းပဲဖုံးကာလိုက်လေသည်။
" ဒါကတာအိုဉာဏ်အလင်းပွင့်ခြင်းဇယားပဲ။ ဒီအရာက မင်းတို့ရဲ့အရှိန်အဝါတွေကို ဖုံးကွယ်ပေးနိုင်တယ်။ မင်းတို့ပေးထားတဲ့ကတိကိုတည်မယ်လို့ ငါမျှော်လင့်ပါတယ်။"
ဝမ်ဖုန်းသည် ပုံရိပ်ခြောက်ခုကို စူးစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
" ကျေးဇူးပါပဲ ၊ မစိုးရိမ်ပါနဲ့။ ငါတို့ဒီရှေးဟောင်းသချိုင်းကြီးထဲက ထွက်မသွားပါဘူး။"
အရိပ်သည် လေထုအတွင်းတဖန်ပြန်လည် လွင့်မြောလာပြီး ဝမ်ဖုန်းကို ဂါရဝပြုလိုက်ကာ ကတိပေးလိုက်သည်။
ဤသည်ကို ကြားတော့ ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ပြီး ကျန်းစန်ဖုန်းနှင့် အခြားသူများကို ခေါ်ဆောင်လျက် ထွက်ခွာသွားတော့သည်။
" လင်းယွင်ယွမ်ကျဲပေါ်လာလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ "
အရိပ်သည် ပျောက်ကွယ်သွားသော ဝမ်ဖုန်းနှင့် အခြားသူများ၏ နောက်ကျောကို စူးစိုက်ကြည့်ရင်း တီးတိုးပြောဆိုလိုက်သည်။
" ငါ့ရဲ့အရှိန်အဝါကို ထုတ်ဖော်မိပြီး မြင့်မြတ်တဲ့နတ်ဘုရားရဲ့ ပြန်လည်နိုးထမှုအပေါ် သက်ရောက်စေမှာကို ကြောက်လို့သာမဟုတ်ရင် အဲဒီလို ပုရွက်ဆိတ်လေးတွေက မြင့်မြတ်တဲ့နတ်ဘုရားရှေ့မှာ ဘယ်လိုလုပ်မောက်မာနိုင်မှာလဲ။ "
အခြားပုံရိပ်တစ်ခုမှလဲ အေးစက်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် အဆုံးအစမဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါများကို သယ်ဆောင်ထားလျက် ဒေါသတကြီး ပြောဆိုလိုက်လေသည်။
''မြင့်မြတ်တဲ့နတ်ဘုရားက သူ့ကိုရွေးချယ်လိုက်ပြီဆိုမှတော့ အဲဒီလူကထူခြားတဲ့လူ တစ်ယောက်ပဲဖြစ်ရမယ်။ ဖြစ်သွားတဲ့အရာတွေအတွက် သူကိုယ်တိုင်ပဲပြန်ပြီး လက်စားချေရမယ်။"
အခြားသောနောက်ထပ်အသံတစ်သံကလည်း ထွက်ပေါ်လာခြင်းနှင့်အတူ ခန်းမကြီးတစ်ခုလုံးသည်လည်း ပြန်လည်ငြိမ်သက်သွားတော့သည်။
.......
ရှန်းလင်ရှေးဟောင်းနယ်မြေမှ ပြန်လည်ထွက်ခွာလာပြီးသည့်နောက်တွင် ဝမ်ဖုန်းတို့အုပ်စုသည် ကျိုးပျက်ကောင်းကင်မြို့ရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ထျန်းလျန်ဒေသအတွင်းသို့ ဝင်ရောက်ချင်သည်ဆိုပါက သူတို့သည် ကျိုးပျက်ကောင်းကင်မြို့သို့ အရင်ဦးဆုံးဖြတ်သန်းသွားရပေလိမ့်မည်။
ဝမ်ဖုန်းနှင့် အခြားသောသူများသည် သားရဲကြီးတစ်ကောင် လဲလျောင်းနေသလိုမျိုး ပုံသဏ္ဍာန်ရှိသည့် ကျိုးပျက်ကောင်းကင်မြို့ကို တွေ့မြင်နိုင်ရန်အတွက် နောက်ထပ်နှစ်နာရီတိတိကြာအောင် ပျံသန်းခဲ့ရပေသည်။ ဤမြို့တော်ကြီးသည် ဝမ်ဖုန်းတို့တွေ့မြင်ဖူးသမျှ မြို့တော်ကြီးများထဲတွင် အကြီးဆုံးမြို့တော်ကြီးဖြစ်ပေသည်။ သို့ပါသော်လည်း ဝမ်ဖုန်းနှင့် အခြားသူများသည် ရပ်တန့်ခြင်းမရှိဘဲ ကျိုးပျက်ကောင်းကင်မြို့ကို တိုက်ရိုက်ပဲ ဖြတ်ကျော်သွားပြီး ထျန်းလန်ဒေသကို ဦးတည်ပျံသန်းခဲ့ကြသည်။
သူတို့၏လက်ရှိခွန်အားဖြင့်ဆိုပါက ကျ်ိုးပျက်ကောင်းကင်မြို့သည် စိတ်ပါဝင်စားဖ်ို့တောင် မထိုက်တန်သော နေရာတစ်ခုဖြစ်နေလေပြီ။ ထျန်းလန်ဒေသတစ်ခုတည်းကသာ ရှန်ရှန့်ကျုံဂိုဏ်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသောနေရာဖြစ်လေသည်။
ဝမ်ဖုန်းနှင့် အခြားသောသူများသည် တူညီသောအရပ်ဆီသို့ ဆက်လက်ပျံသန်းလာကြသည်။ သူတို့မည်မျှကြာအောင် ပျံသန်းခဲ့ကြသည်မသိ၊ အချိန်အတော်ကလေးကြာသွားသည့်အခါ ဝမ်ဖုန်းနှင့် သူ့လူများသည် ကွင်းပြင်ကျယ်ကြီးထဲတွင် ရှိနေခဲ့သော ဧရာမတောင်ထိပ်ကြီးနှစ်ခုကို တွေ့မြင်လိုက်ကြရသည်။
ထိုတောင်ထိပ်ကြီးနှစ်ခု၏ကြားတွင်တော့ နက်ရှိုင်းသောချောက်ကမ်းပါးကြီးတစ်ခု ရှိနေခဲ့သည်။ ဝမ်ဖုန်းသည် သိရှိလိုက်သည်။ ဤချောက်ကမ်းပါးကြီးမှာ ထျန်းလျန်ဒေသ၏ နယ်စပ်ပင်ဖြစ်သည်။
ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် အခြားသောသူများကို ဦးဆောင်လျက် မြေပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။
နက်ရှိုင်းသော ချောက်ကမ်းပါးကြီးရှိရာသို့ လမ်းလျှောက်သွားရင်း တိုးတိတ်စွာပြောဆိုလိုက်သည်။
"စနစ်၊ ဆန်းကြယ်အဆင့် ဆင့်ခေါ်ခွင့်အကြိမ်နှစ်ဆယ်ကို အသုံးပြုပြီး တာအိုအဆင့် ဆင့်ခေါ်ခွင့် လေးကြိမ်အဖြစ်ပူးပေါင်းလိုက်ပါ။ တာအိုအဆင့် ဆင့်ခေါ်ခွင့်လေးကြိမ်ကို ပူးပေါင်းပြီး တာအိုနန်းတော် အထွတ်အထိပ်စွမ်းအားရှင်ကို ဆင့်ခေါ်နိုင်တဲ့ တာအိုကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ်အဖြစ် အဆင့်မြှင့်လိုက်ပါ။"
တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်လေးကြိမ်သည် တာအိုအဆင့်ရှိသော စွမ်းအားရှင်လေးယောက်ကိုဆင့်ခေါ်နိုင်သော်လည်း ထိုအင်အားမှာ မသေချာသေးပေ။ ဒါ့အပြင်ဝမ်ဖုန်းသည် ထျန်းလန်ဒေသအတွင်းရှိ အင်အားစုကြီးတော်တော်များများကိုလည်းရန်စခဲ့ပြီးလေပြီ။ ယောင်ရီဧကရာဇ်၏ အပြောစကားအရဆ်ိုပါက ထိုအင်အားစုကြီးများမှာ အလွန်အမင်း အစွမ်းထက်ပြီး ဂိုဏ်းချုပ်ကတောင် အနည်းဆုံး တာအိုနန်းတော် အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်လေသည်။
မတော်တဆမှုများက်ို ကာကွယ်ရန်အတွက် ဝမ်ဖုန်းသည် သူတို့ကိုကူညီရန် သန်မာသောလူတစ်ယောက်ကို လိုအပ်ပေသည်။
"ဒင်၊ တာအိုနန်းတော်အဆင့် စွမ်းအားရှင်တစ်ယောက်ကိုဆင့်ခေါ်နိုင်တဲ့ တာအိုအဆင့်ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ်ကိုရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ပိုင်ရှင်အသုံးပြုပါမည်လား? "
" သုံးမယ် !"
ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ပြီး သူ၏ မျက်လုံးများအတွင်း၌ စိတ်အားထက်သန်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"ဒင်၊ ဓားသူတော်စင် တုကူကျန်းကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ သူရဲ့ စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား? "
ထပ်မံထွက်ပေါ်လာသော အေးစက်စက်လေသံက ဝမ်ဖုန်း၏ မျက်လုံးများကို လင်းလက်သွားစေခဲ့သည်။ သူကအလျင်အမြန်ပြောဆိုလိုက်သည်။
" စစ်ဆေးလိုက် "
" ဒင်၊ ဓားသူတော်စင် တုကူကျန်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။
အမည် : တုကူကျန်း
ဘွဲ့ : ဓားသူတော်စင်
ကျင့်ကြံဆင့် : တာအိုနန်းတော်အထွတ်အထိပ်အဆင့်
ရုပ်ခန္ဓာ : ဇွဲမာန်ပြည့်ဝသော တိုက်ခိုက်ရေးကိုယ်ထည်(ဤရုပ်ခန္ဓာကိုယ်ကို အသက်သွင်းပြီးပါက ဓားနှစ်ဆယ့်သုံးချောင်းကို ပြီးပြည့်စုံစွာကိုင်တွယ်တိုက်ခိုက်နိုင်သည်။)
သွေးမျိုးဆက် : သန့်ရှင်းသောဝိညာဥ်တော်ဓားသွေးမျိုးဆက်(ဤသွေးမျိုးဆက်ကို အသုံးပြုပြီးပါက သန့်ရှင်းသောဝိညာဥ်တော်ဓားအကာအရံကို ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိထက်အဆင့်ကြီးတစ်ဆင့်မြင့်သော ရန်သူ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သည်။ ဤအစွမ်းသည် ၁၅မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။)
တာအို : ဓားတာအို (ပြီးပြည့်စုံခြင်း)
ဆန်းကြယ်သိုင်းကွက်များ : သန့်ရှင်းသောဝိညာဥ်တော် ဓားသိုင်းပညာ၊ဗာဝိသဓား။
မြင့်မြတ်သောစွမ်းရည်များ : ပျက်စီးခြင်းဓားနှင့် တေဝိသစစ်သည်တော်( ဤစွမ်းရည်ကိုအသုံးပြုလိုက်ပါက မိမိထက်အဆင့်ကြီးတစ်ဆင့်မြင့်သောရန်သူကို သတ်ဖြတ်နိုင်သည်။ မိမိထက်အဆင့်ကြီးနှစ်ဆင့်မြင့်သော ရန်သူကိုရင်ဆိုင်နိုင်သည်။ ဆိုးကျိုးမှာ ဤသိုင်းကွက်ကိုအသုံးပြုပြီးပါက ခန္ဓာကိုယ်တစ်ခုလုံး အားပြတ်ယုတ်လျော့သွားမည်ဖြစ်သည်)
လက်နက် : ပြိုင်ဘက်ကင်းဓား ( တာအိုနန်းတော်အဆင့် )
"ဓားသူတော်စင် ဆိုတဲ့အတိုင်းပါပဲလား။"
သူရှေ့တွင်ထွက်ပေါ်လာသော ပုံရိပ်ယောင်ဖန်သားပြင်အား ငေးစိုက်ကြည့်ခြင်း ဝမ်ဖုန်းသည် အချိန်အတော်ကြာမှသာ တီးတိုးရေရွတ်လိုက်မိသည်။
တုကူကျန်းသည် တာအိုနန်းတော်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အထူးစွမ်းအားများကို အသုံးပြုလိုက်ပါက သူသည် တာအိုဘိုးဘေးအဆင့် စွမ်းအားရှင်ကိုတောင် သတ်ဖြတ်နိုင်ပေသည်။
စနစ်ပိုင်ရှင် ဝမ်ဖုန်းတောင်မှ တုကူးကျန်း၏ခွန်အားကြောင့် ထိတ်လန့်သွားခဲ့ရပေသည်။ အရေးကြီးဆုံးအရာမှာ တုကူကျန်း ပိုင်ဆိုင်ထားသော ရုပ်ခန္ဓာသည် ဗာဝိသဓားကွက်ကို သိသိသာသာ ပြီးပြည့်စုံစွာ အသုံးပြုနိုင်စေပြီး ဆိုးကျိုးမှာလည်း အားကုန်လက်ပန်းကြခြင်းသာဖြစ်သည်။
"စနစ် ၊ ထျန်းလန်ဒေသကိုရောက်တဲ့အချိန်ထိ စောင့်ပြီးမှ တုကူကျန်းကို ဆင့်ခေါ်လိုက်ပါ။"
ဝမ်ဖုန်းသည် သူ၏မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး လျှို့ဝှက်စွာပြောဆိုလိုက်သည်။
"စနစ် ၊ ကျန်းစန်ဖုန်း နှင့် တုကူချိုးပိုင်တို့အပေါ်ကို မြင့်မြတ်သောနိုးထမှုအခွင့်အရေးတွေ အသုံးပြုမယ်။"
တုကူကျန်းကို ဆင့်ခေါ်ပြီးမှ ဝမ်ဖုန်းသည် ဆက်လက်ပြောဆိုလိုက်သည်။
"ဒင် ၊ ကျန်းစန်ဖုန်း နှင့် တုကူချိုးပိုင်တို့အပေါ်ကို မြင့်မြတ်သောနိုးထမှုအဖြစ် ကောင်းချီးပေးပြီးပါပြီ။"
အုန်း...
စနစ်၏ အေးစက်စက်စကားဆုံးသွားသည်နှင့် တပြိုင်နက် မူလကဝမ်ဖုန်း၏ ဘေးတွင်ရပ်နေကြသော ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့သည် လေထုအတွင်းဖြစ်ပေါ်လာသော ဧရာမအက်ကွဲဲကြောင်းကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူတို့နှစ်ယောက်လုံးဟာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
"ဒီ ဂိုဏ်းချုပ်က သူတို့ကို ပိုသန်မာအောင်ကူညီပေးနေတာပါ။ အံ့အားမသင့်ကြပါနဲ့။ "
ဝမ်ဖုန်းသည် လက်ကိုဝေ့ရမ်းကာ ထူးမခြားနားပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ အစောကထိတ်လန့်သွားကြသော ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအားရှင်များသည် စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး သူတို့၏ မျက်လုံးများအတွင်း အလင်းရောင်များ လင်းလက်လာခဲ့ကြသည်။
" ဒင် ၊ ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့နှစ်ယောက်လုံးကို မြင့်မြတ်သောနိုးထမှုဖြင့် ကောင်းချီးပေးပြီးပါပြီ။ သူတို့နှစ်ယောက်လုံးသည် အထွတ်အထိပ်အခြေအနေကို နိုးထသွားကြပြီး သူတို့ရဲ့ကျင့်ကြံဆင့်က တာအိုနန်းတော်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါပြီ။ တချိန်တည်းမှာပဲ ကျန်းစန်ဖုန်းရဲ့ အဂ္ဂိရိတ်ပညာကလည်း တာအိုအဆင့် အဂ္ဂိရိတ်ပညာရှင်အဖြစ် တိုးမြင့်သွားပါပြီ။"
"မှတ်ချက် ၊ ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့သည် တာအိုနန်းတော်အထွတ်အထိပ်အဆင့် စွမ်းအားရှင်များသာ ဖြစ်ကြပေမယ့် သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းအားက အဆင့်ကြီးတစ်ဆင့်ဖြတ်ကျော်တ်ိုက်ခိုက်နိုင်ပါတယ်။ "
ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်းကိုထိတ်လန့်သွားစေခဲ့ပြီး သူ၏ မျက်နှာပေါ်၌ အပျော်များဖြင့် ပြည့်နှက်လာစေခဲ့သည်။ သူ ယခုလေးတင် ဆင့်ခေါ်လိုက်သော တုကူကျန်းမှာ တာအိုဘိုးဘေး အဆင့် ကျင့်ကြံသူများကိုတောင် သတ်နိုင်သည့်အပြင် ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့ကလည်း အလွန်အမင်း သန်မာလာကြလေပြီ။
ပေးဆပ်ခဲ့ရတာတွေက အလဟာသမဖြစ်ဘူးပဲ။
တုကူကျန်း နှင့် အခြားသူများ၏ တည်ရှိမှုအရဆိုပါက ထျန်းလန်ဒေသအတွင်းသို့ ရောက်ရှိသွားသည့်အခါ သူဘာကိုများ ထပ်မံစိုးရိမ်ရဦးမည်နည်း။ ထိုအင်အားစုများ၏ တိုက်ခိုက်ခြင်းကို ခံရရင်တောင်မှ သူကူကယ်ရာမဲ့ ဖြစ်နေတော့မှာ မဟုတ်ပေ။
" စနစ် ၊ ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့ကိုလည်း ထျန်းလျန်ဒေသရောက်မှ ပြန်လည်ဆင့်ခေါ်မယ်။ "
ဝမ်ဖုန်းသည် တိုးတိတ်စွာ ပြောဆိုလိုက်သည်။
တုကူကျန်း၏ စွမ်းရည်ခွန်အားမှာ အလွန်အမင်း သန်မာသော်လည်း ယခုအချိန်တွင် သူသည် ထျန်းလန်ဒေသမှ စွမ်းအာရှင်ကြီးများ၏ ချက်ချင်းသတိပြုခံရမှာကို စိုးရိမ်နေမိသည်။
တုကူကျန်းတို့ သုံယောက်၏ စွမ်းအားဖြင့်ဆိုပါက သူသည် ထျန်းလန်ဒေသရှိ အင်အားစုကြီးမျာကို ကြောက်လန့်ရန်မလိုတော့သော်လည်း အခုချိန်မှာတော့ လျှိုထားရအုံးမှာပဲ ဖြစ်သည်။ သူသည် ထျန်းလန်ဒေသတွင် တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီးမှသာ အဆိုပါ အင်အားစုကြီးများကို အံ့အားသင့်စေမည်ဖြစ်သည်။
ဝမ်ဖုန်းတစ်ယောက် တုကူကျန်းကို ဆင့်ခေါ်ပြီး ကျန်းစန်ဖုန်း နှင့် တုကူချိုးပိုင်တို့အပေါ်တွင် မြင့်မြတ်သောနိုးထမှုများကို အသုံးပြုပြီးချိန်တွင် သူတို့အုပ်စုသည် ချောက်ကမ်းပါးကြီး၏ အလယ်နားသို့တောင် ရောက်လာနေကြပြီဖြစ်သည်။ သူတို့သာ နောက်ထပ်ချောက်ကမ်းပါး တစ်ဝက်ကိုဖြတ်သန်းသွားလိုက်လျှင် ထျန်းလျန်ဒေသကို ရောက်ရှိတော့မှာပဲ ဖြစ်သည်။