← Chapters

ပျက်စီးခြင်းတာ့အိုရုပ်ခန္ဓာ။

Vol. 15 Ch. 201

ပျက်စီးခြင်းတာ့အိုရုပ်ခန္ဓာ။

Vol. 15 Ch. 201

“ဒင်! မဟုတ်ပါဘူး”

“အစတုန်းက ကုချိုးနဲ့ ကုကန်းချိုးက တစ်ယောက်တည်းဖြစ်ရမှာ.. ပြီးတော့ အဲဒီ့ကလေးရဲ့ရုပ်ခန္ဓာက ဒီကမ္ဘာလောကတစ်ခွင်မှာ အင်အားအကြီးမားဆုံးဖြစ်တဲ့ ပျက်စီးခြင်းတာ့အိုရုပ်ခန္ဓာ ဖြစ်သင့်တာ‌ေလ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဖြစ်သူက ဝမ်းဗိုက်ကို အကန်ခံခဲ့ရတယ်။ အဲ့လိုနဲ့ သန္ဓေသားက နှစ်ခြမ်းကွဲသွားခဲ့တယ်”

“ဒါပေမဲ့ ပျက်စီးခြင်းတာ့အိုရုပ်ခန္ဓာရဲ့ အင်အားကြီးမားတဲ့သက်လုံအားက ကွဲသွားတဲ့သန္ဓေသားကို မသေဆုံးစေခဲ့ဘူး။ အဲဒီ့အစား သန္ဓေပြောင်းလဲပြီး အမွှာလေးတွေဖြစ်သွားစေခဲ့ပြီး ပျက်စီးခြင်းတာ့အိုရုပ်ခန္ဓာဟာလည်း နှစ်ခုကွဲသွားခဲ့တယ်”

“သူတို့ရဲ့မျက်နှာပေါ်က တစ်မူထူးခြားနေတဲ့မျဉ်းကြောင်းတွေက ပျက်စီးခြင်းတာ့အိုခန္ဓာ နှစ်ခုကွဲသွားတာကြောင့် ကျန်ရစ်ခဲ့တဲ့အရာတွေပဲ။ ရှေးဟောင်းမျိုးနွယ်စုရဲ့ အသိပညာဗဟုသုတနဲ့ သူတို့ရဲ့ရုပ်ခန္ဓာအကြောင်းကို မသိရှိနိုင်ခဲ့ကြဘူး။ အဲ့လိုနဲ့ပဲ သူတို့ရဲ့ထူးဆန်းတဲ့ပုံပန်းသွင်ပြင်ကြောင့် ဒီအမွှာနှစ်ယောက်ဟာ စွန့်ပစ်ခံခဲ့ရတယ်”

“သူတို့က လူတစ်ယောက်တည်းဖြစ်ရမှာပေမယ့် မမျှော်လင့်ဘဲ နှစ်ကိုယ်ကွဲသွားခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ခန္ဓာဟာ အတူတူရှင်သန်ပြီး အတူတူသေဆုံးကြမယ့် သဟဇီဝခန္ဓာဖြစ်တယ်”

ကောင်းတယ်!

ဝမ်ဖုန်းသည် အံ့အားသင့်သွားလျက် ကောင်းကင်ဘုံ၏နှစ်သက်ခြင်းကို ခံယူထားဟန်ရသည့် ကုချိုးနှ့င် ကုကန်းချိုးတို့ကို ကြည့်လိုက်သည်။

လောက၏ကြီးမြတ်သောအံ့ချီးဖွယ်များပင်!

ဝမ်ဖုန်း၏ဗဟုသုတမှာ နည်းပါးလွန်းပါ၏။

'အဲ့တော့ သူတို့က သန္ဓေသားနှစ်ခြမ်းကွဲသွားပေမယ့် အသက်ရှင်နိုင်ခဲ့တာပေါ့လေ? လုယက်မှုကိုလေ့ကျင့်ပြီးတော့ တာ့အိုအဆင့်ကိုရောက်သွားခဲ့တာပဲလား? အဲ့တော့ရော ဘာအရေးလဲ.. ဝမ်ဖုန်းဆိုတဲ့သူက ခရီးသွားတစ်ယောက်ပင် မဟုတ်ပါလော’

“ဟေး! ဘာတွေကြောင်နေတာလဲ? ငွေတွေ မြန်မြန်ပေးစမ်းပါ! ငါ့ညီက ကြက်ကင်ထားလို့ အမြန်ပြန်သွားပြီးစားရမှာ. အချိန်မဖြုန်းစမ်းနဲ့!”

ဝမ်ဖုန်း အံ့အားသင့်နေစဉ်တွင် တောင်ကြားမှ ကုကန်းချိုး၏အသံ ထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်းသည် မျက်လုံးအနည်းငယ်မှေးကျဉ်းလျက် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးလိုက်ခြင်းနှင့်အတူ အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

“မင်းဒီမှာ ဓားပြတိုက်လုယက်တာ ဘယ်လောက်ရှာနိုင်လဲ”

“အစ်ကို ငါတို့ဘယ်လာက်ရှာနိုင်လဲ”

ဝမ်ဖုန်း၏အမေးတွင် ကုချိုးသည် ကြောင်အသွားလျက် ကုကန်းချိုးအားကြည့်၍ မေးလိုက်၏။

“မသိဘူးလေ။ ပိုက်ဆံရှာတာက မင်းတာဝန်မဟုတ်ဘူးလား”

ကုကန်းချိုးမှ ကုချိုးအား တွေဝေနေသည့်အမူအရာဖြင့်ကြည့်၍ ပြန်ပြောလေသည်။

“ငါ့ကိုယ်ပေါ်မှာ အဆင့်နိမ့်စွမ်းအင်ကျောက်တုံး ၉ခုနဲ့ အစ်ကိုအဲဒီ့လူကိုပစ်လိုက်တဲ့ အဆင့်နိမ့်စွမ်းအင်ကျောက်တုံးတစ်ခုနဲ့ စုစုပေါင်း၁၀ခုပဲရှိတာ။ အစ်ကို့မှာရောရှိသေးလား”

ကုချိုးသည် လက်ချောင်းများဖြင့်ရေတွက်ရင်းဖြင့် ကုကန်းချိုးအား မေးလေသည်။

ကုကန်းချိုးသည် ခုနက ဝမ်ဖုန်းပစ်ပေးခဲ့သည့် အဆင့်မြင့်စွမ်းအင်ကျောက်တုံးကို ထုတ်ယူ၍ ပြန်ပြော၏။

“ဒါပဲ ကုန်ပြီ”

“အစ်ကို ငါတို့တွေ လိမ်လည်လုယက်နေတာပဲ ဒီလောက်ကြာပြီ. ဘာလို့ဒီလောက်ပဲရှိတာလဲ”

ကုချိုးသည် ကုကန်းချိုးအား ကြောင်အစွာကြည့်လျက် လေးနက်စွာဖြင့်ပြော၏။

ဖြောင်း!

ကုကန်းချိုးမှ ကုချိုး၏‌ခေါင်းအား တစ်ချက်ရိုက်လိုက်ပြီးနောက် ပြော၏။

“ငါက အဖြူအမည်းခွဲခြားသိပြီး အရာရာနှံ့စပ်သူပဲကို ဘယ်သူက ငါ့ကိုလိမ်လည်ရဲမှာတဲ့လဲ”

ထိုမြင်‌ကွင်းကြောင့် ဝမ်ဖုန်း၏နှုတ်ခမ်းတို့ တွန့်ကွေးသွား၏။ ဝမ်ဖုန်း ထပ်မံ မစောင့်ဆိုင်းချင်တော့ပေ။

“ငါ့မှာ အကြံပြုချက်တစ်ခုရှိတယ်။ မင်းတို့လက်ခံချင်မလားမသိဘူး”

“လုယက်ခံနေရတဲ့လူတွေက ငါတို့ကိုအကြံဉာဏ်ပေးဖို့ အရည်အချင်းမပြည့်မီဘူး”

ကုချိုးမှ ဂုဏ်ယူဝံ့ကြွားစွာပြော၏။

“ငါတို့မှာ အခုပိုက်ဆံမရှိဘူး။ သူတို့ဘာပြောမလဲ အရင်နားထောင်ကြည့်ရအောင်”

ကုကန်းချိုးမှ ကုချိုးအား လှမ်းဆွဲ၍ပြော၏။

ကုကန်းချိုး၏စကားကြောင့် ကုချိုးသည် အချိန်ခဏမျှ ကြောင်အသွားရကာ ထို့နောက်တွင် အလျင်အမြန် ခေါင်းညိတ်လာခဲ့သည်။

“ပြောပါဦး နားထောင်ကြည့်ရအောင်”

ကုကန်းချိုးမှ ဝမ်ဖုန်းကိုပြော၏။

“ငါနဲ့လိုက်ခဲ့.. ငါမင်းတို့ကို တစ်လကို အဆင့်နိမ့်စွမ်းအင်ကျောက်တုံး၃၀၀ပေးမယ်”

ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းတစ်စတောက်ပနေလျက် တည်ကြည်လေးနက်စွာပြောခဲ့သည်။

“တစ်လကို အဆင့်နိမ့်စွမ်းအင်ကျောက်တုံး၃၀၀.. တစ်‌ရက်ကို အဆင့်နိမ့်စွမ်းအင်ကျောက်တုံး၁၀ခု.. တစ်နှစ်ဆိုရင် ၃၆၅၀တောင်ပေါ့”

“အစ်ကိုရေ သောက်ရမ်းမိုက်တယ်ဗျ!”

ဝမ်ဖုန်း၏စကားအဆုံးတွင် ကုချိုးသည် လက်ချောင်းများဖြင့်ရေတွက်လျက် အံ့အားသင့်စွာပြောလာခဲ့သည်။

“ငါတို့သဘောတူလိုက်ကြမလား”

ကုကန်းချိုးသည်လည်း အံ့အားသင့်သွားခဲ့ကာ ကုချိုး၏နားသို့ တီးတိုးပြော၏။

“အစ်ကို ဒီလူက အရမ်းချမ်းသာတာ သိသာတယ်။ အဲ့တော့ လွယ်လွယ်ကတိပေးလိုက်လို့မဖြစ်ဘူး။ အစားအသောက်ရော ရှိလားလို့မေးလိုက်ပါလား”

ကုချိုးသည် ကုကန်းချိုး၏ ဝတ်ရုံစအားဆွဲ၍ တီးတိုးပြော၏။

“ခင်ဗျားမှာ စားစရာရှိလား? ငါက တစ်ရက်ကို ကြက်၁၀ကောင်စားတယ်။ အိုး မဟုတ်ဘူး! အကောင်၂၀စားတာ.. ငါ့ညီက အကောင်၃၀စားတယ်”

ကုကန်းချိုးသည် ဝမ်ဖုန်းအား ရုတ်ချည်းလှည့်ကြည့်၍ မေးလာခဲ့သည်။

“ကျွေးမှာပေါ့! ငါသေချာပေါက်‌ ကျွေးမှာပေါ့.. မင်းတို့ကို ဘယ်လိုလုပ်ပြီး ကောင်းကောင်းမဆက်ဆံဘဲ နေပါ့မလဲ”

ကုကန်းချိုး၏စကားကို ကြားသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းမှ အပြုံးဖြင့် အလျင်အမြန်ပြောလိုက်၏။

“ညီလေး စားလိုက်တော့! ငါသူ့ကို ကြက်အကောင်၃၀သတ်ခိုင်းလိုက်မယ်”

ကုကန်းချိုး၏မျက်လုံးများ တောက်ပသွားလျက် ကုချိုး၏နားသို့ တီးတိုးပြော၏။

“အစ်ကိုက အရမ်းတော်တာပဲ.. ငါတို့သူ့နောက်ကို လိုက်သွားရအောင်”

ကုချိုးသည် ကုကန်းချိုးအား လက်မထောင်လျက် ချီးမွမ်းပြောဆိုလေသည်။

“ဒါပေါ့ မင်းအစ်ကိုငါက မတုံးပါဘူးကွ!”

ကုကန်းချိုးမှ ဂုဏ်ယူဝံကြွားစွာပြော၏။

“ဒါဆိုရင် ငါတို့ ခင်ဗျားနောက်ကိုလိုက်မယ်။ ဒါပေမဲ့ အရင်ဆုံးပြောထားပါရစေ။ ငါက အဖြူအမည်းခွဲခြားသိတဲ့သူဖြစ်ပြီး ဓားပြတိုက်လုယက်တာနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့သူပဲ။ ငါတို့ ခင်ဗျားရဲ့နောက်ကိုလိုက်ရင်တောင်မှ ခင်ဗျားအနေနဲ့ ငါတို့ကို ဓားပြတိုက်လုယက်ဖို့ စောင့်ဆိုင်းတာကနေ တားဆီးလို့မရနိုင်ဘူး။ ဒါက ငါတို့ရဲ့ယုံကြည်မှုပဲ”

“တစ်ကြိမ်ဓားပြဖြစ်ပြီးရင် တစ်သက်တာအတွက် ဓားပြပဲ! တစ်ကြိမ်ဓားပြဖြစ်ပြီးရင် တစ်သက်တာအတွက် ဓားပြပဲ!”

ကုကန်းချိုးနှင့် ကုချိုးသည် ဝမ်ဖုန်းအားကြည့်လျက် အတူတကွ ဟစ်ကြွေး၏။

“ကောင်းပြီ။ ဒါပေမဲ့ မင်းတို့ဓားပြတိုက်လုယက်ချင်ရင် ငါ့ကိုအရင်ပြောရမယ်။ မင်းတို့ဓားပြတိုက်ဖို့အတွက် ဘယ်တစ်ယောက်က သင့်တော်တယ်ဆိုတာကို ငါတွက်ချက်ပေးမယ်”

ဝမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလျက်ဖြင့်ပြောခဲ့သည်။

ဝမ်ဖုန်း၏ထိုစကားသည် ကုချိုးနှင့် ကုကန်းချိုးတို့အား ပို၍စိတ်ကျေနပ်သွားစေခဲ့သည်ဖြစ်ရာ သူတို့၏ ဝမ်ဖုန်းကိုကြည့်သည့် အကြည့်များမှာ ရန်လိုခြင်းမရှိတော့ပေ။

“ညီနောင် မင်းနာမည်ဘယ်လိုခေါ်လဲ”

ကုချိုးနှင့် ကုကန်းချိုးတို့သည် ဝမ်ဖုန်း၏အနီးသို့လျှောက်လာ၍ မေး၏။

“ငါ့နာမည်က ဝမ်ဖုန်း”

ဝမ်ဖုန်း ရယ်မောလိုက်၏။

“ညီနောင်ဝမ် မင်းအရင်က ဓားပြတိုက်ဖူးလား”

ကုချိုးသည် ဝမ်ဖုန်း၏ပခုံးထက်သို့လက်တင်၍ မှိုင်းပျသည့်အပြုံးဖြင့်မေး၏။

“အမှန်တော့ မလုပ်ဖူးပါဘူး။ ဒါပေမဲ့ စာများများဖတ်ရင် အလိုအလျောက်နားလည်သွားပါလိမ့်မယ်။ မင်းရဲ့ဓားပြဆောင်ပုဒ်လိုပေါ့.. သိပ်တော့ အလုပ်မဖြစ်လှဘူး”

ဝမ်‌ဖုန်း ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်၏။

“ဘာလို့အလုပ်မဖြစ်ရမှာလဲ? အဲဒီ့ဆောင်ပုဒ်က ငါတို့ရဲ့ဦးနှောက်ကို အတော်လေးညှဉ်းပန်းနှိပ်စက်ပြီးမှ ထွက်လာတဲ့ဆောင်ပုဒ်ဗျ။ ညီနောင်ဝမ်မှာ ပိုကောင်းတဲ့ဆောင်ပုဒ်ရှိလို့လား.. ပြောကြည့်စမ်းပါဦး!”

ဝမ်ဖုန်း၏စကားအဆုံးတွင် ကုချိုးနှင့် ကုကန်းချိုးတို့သည် ရုတ်ချည်း အလျင်စလိုဖြင့်ပြောကြလေသည်။

“ငါ့နောက်လိုက်ရင် မင်းတို့နောက်ဆို ငါ့ကို ဂိုဏ်းချုပ်လို့ခေါ်ရမယ်”

ဝမ်ဖုန်း ပြုံးလျက်ဖြင့်ပြော၏။

“ဂိုဏ်းချုပ်?”

“ဟုတ်တယ် ငါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ မင်းတို့ငါ့နောက်ကိုလိုက်ရင် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်လိုက်တာပဲကို ငါ့ကိုဂိုဏ်းချုပ်လို့ မခေါ်နိုင်ဘူးလား”

ဝမ်ဖုန်းမှ မျက်နှာသေဖြင့်ပြောလိုက်၏။

“အဲ့လိုတော့လည်း ဟုတ်တာပဲ.. ဂိုဏ်းချုပ်”

ကုချိုးနှင့် ကုကန်းချိုးတို့ ခေါင်းညိတ်လျက် ဝမ်ဖုန်းအား ဂိုဏ်းချုပ်ဟု ခေါ်ကြသည်။

“လူငယ်လေးတွေဆိုတာ သင်ကြားလို့ရတာပါပဲ! မင်းတို့ နောက်ပိုင်း ဓားပြတိုက်ထွက်တဲ့အခါ ‘ဒီနေရာက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဖြတ်သန်းခကောက်ခံရာဌာနပါ။ ကျေးဇူးပြုပြီး ဖြတ်သန်းမယ်ဆိုရင် ဖြတ်သန်းခပေးပါ’လို့သာ ပြောလိုက်။ ယဉ်ကျေးပြီး သဟဇာတရှိရှိလေးပေါ့.. ဘယ်လိုလဲ အားတက်လာပြီမလား”

ဝမ်ဖုန်းသည် ကုချိုးတို့နှစ်ဦးအားကြည့်၍ ခပ်ကျယ်ကျယ်ပြောလိုက်၏။

“ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဖြတ်သန်းခကောက်ခံရာဌာနပါ။ ကျေးဇူးပြုပြီး ဖြတ်သန်းခပေးပါ?”

ကုချိုးနှင့် ကုကန်းချိုးတို့သည် ထိုစကားလုံးများကို တီးတိုးရေရွတ်နေကြလျက် မျက်လုံးများမှာ ပို၍ပို၍ တောက်ပ‌လာကြသည်။ သူတို့သည် ဝမ်ဖုန်းအား ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်ပြော၏။

“ကောင်းပြီ။ ဂိုဏ်းချုပ်က မဆိုးဘူးပဲ။ ‌နောက်ကို ငါတို့ရဲ့ဆောင်ပုဒ်ကို တရားဝင်ပြောင်းလိုက်ပြီ”

နောက်ဘက်ရှိ တုံ့ဖန်းပုပိုင်နှင့် အခြားသူများမှာ ထိုမြင်ကွင်းကြောင့် ခေါင်းခါယမ်းမိကြလေသည်။ ဂိုဏ်းချုပ်၏ လူကိုအရူးလုပ်နိုင်သောစွမ်းရည်သည် ပို၍ပို၍ကောင်းမွန်လာနေပေသည်။

“ဒင်! အထူးရုပ်ခန္ဓာဖြင့် ပါရမီရှင်နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ တာ့အိုအဆင့်ရှိ ကျပန်းဆင့်ခေါ်ခွင့်နှစ်ခုနှင့် ဂိုဏ်းအမှတ်၅သိန်း ရရှိပါတယ်”

သူ၏စိတ်တွင်းမှ အေးစက်သောအသံသည် ဝမ်ဖုန်း၏အပြုံးကို ပိုမိုတောက်ပစေခဲ့သည်။ ကုချိုးနှင့် ကုကန်းချိုးတို့သည် အနည်းငယ် ရှုပ်ထွေးနေကြသော်ငြား သူတို့၏အထုံပါရမီသည်တော့ အစစ်အမှန်ဖြစ်သည်။

သန္ဓေသားကွဲသွားခြင်းကြောင့် ပျက်စီးသွားခဲ့သည့် သူတို့၏ဝိဉာဉ်များကို ပြန်လည်ထိန်းသိမ်းနိုင်ပါလျှင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခါ သူတို့၏အထုံပါရမီအားဖြင့် နှစ်ဦးသားမှာ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူများ ဖြစ်လာလိမ့်မည်မှာ မလွဲဧကန်ဖြစ်ပါ၏။

All Chapters