← Chapters

ဓားပြတိုက်လုယက်မှုမှ သွေးထွက်သံယိုဖြစ်ခြင်း။

Vol. 15 Ch. 203

ဓားပြတိုက်လုယက်မှုမှ သွေးထွက်သံယိုဖြစ်ခြင်း။

Vol. 15 Ch. 203

“ရှူးး”

“မြို့သခင်ငယ်ပဲ”

ရှေ့ရှိသခင်လေးကို မြင်လိုက်ကြသောအခါ တည်းခိုခန်းအတွင်းရှိ ကျင့်ကြံသူများသည် ရုတ်ချည်း အသက်ပြင်းပြင်းရှူလိုက်ကြကာ အံ့အားသင့်စွာရေရွတ်လိုက်ကြ၏။

ယွမ်ဖုန်းမြို့၏သခင်လေးဝမ့်ဖန်းသည် ယွမ်ဖုန်းမြို့တစ်ခွင်လုံးတွင် မောက်မာအထောင်လွှားဆုံးသူဖြစ်ပြီး သူ၏နောက်ခံအင်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ဖခင်ဖြစ်သူ ဝမ့်တန်းသည် ယွမ်‌ဖုန်းမြို့၏အရှင်သခင်ဖြစ်ရုံမျှမက ယွမ်မင်ဓားဂိုဏ်း၏အပြင်စည်းအကြီးအကဲလည်း ဖြစ်သည်။

မြို့သခင်ငယ်ဝမ့်ဖန်းအား မြင်ကြသောအခါ ထိုကျင့်ကြံသူများမှာ အလွန်ဝမ်းမြောက်ကြလေသည်။ မြို့သခင်ငယ်ဝမ့်ဖန်းသည် အမျိုးသမီးများကို မနှစ်သက်ဟူသော ကောလဟလများရှိ၏။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဤအလှလေးများသည်တော့ အခွင့်အရေးရှိနိုင်ပေသည်။

မြို့သခင်ငယ်လေးဝမ့်ဖန်းမှာ အမျိုးသမီးများအား မနှစ်သက်ခြင်း မဟုတ်ပါဘဲ ဤယွမ်ဖုန်းမြို့ကြီးတစ်မြို့လုံး၌ သူနှင့်ထိုက်တန်သည့်အမျိုးသမီး မရှိဟု ‌သတ်မှတ်ထားခြင်းသာဖြစ်သည်ကို သူတို့အားလုံး ကောင်းစွာသိထားပါ၏။ မြို့သခင်ငယ်၏ရည်မှန်းချက်များသည် ယွမ်ဖုန်းမြို့သားများ ခန့်မှန်းနိုင်သည့် အရာမျိုးမဟုတ်ချေ။

ကျင့်ကြံသူများ အံ့အားသင့်စွာ ရေရွတ်ကြချိန်တွင် ဝမ့်ဖန်းသည်လည်း ဝင်လာသည့် ဝမ်ဖုန်းတို့အုပ်စုကို ကြည့်လိုက်ပါ၏။ တုံ့ဖန်းပုပိုင်တို့ အမျိုးသမီးသုံးဦးကို မြင်တွေ့လိုက်ချိန်တွင် မြို့သခင်ငယ်၏ မျက်နှာအမူအရာသည် မပြောင်းလဲသော်ငြား မျက်လုံးများ၏ အနက်ရှိုင်းဆုံးတွင်တော့ အလင်းဖျဖျ တောက်ပသွားခဲ့သည်။

ဤသည်မှာ မြို့သခင်ငယ်ဝမ့်ဖန်းအနေဖြင့် ဤမျှလှပသော အမျိုးသမီးများကို မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော် မြို့သခင်ငယ်ဝမ့်ဖန်းသည် ထိုတုံးအသည့်လူတစ်စုနှင့် တိုက်ရိုက် စကားသွားပြောမည် မဟုတ်ချေ။ သူ၏အတွေးအမြင်မှာ အလှလေးများသည် အနံ့အရသာဖြင့်ပြည့်စုံရမည်ဖြစ်ပြီး ထိုအလှလေးအား ရယူနိုင်ရန် အားထုတ်ခြင်းဖြစ်စဉ်မှာ အံ့ဩဖွယ်ဖြစ်သင့်သည်ဟူ၍ ဖြစ်သည်။ အလှလေးအား အလွယ်တကူ ရယူနိုင်ခဲ့ပါလျှင် အောင်မြင်ခြင်း၏အရသာကို ခံစားရတော့မည် မဟုတ်ချေ။

မြို့သခင်ငယ်သည် တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် ဘေးရှိသက်လတ်ပိုင်းအရွယ်လူကြီးကို ကြည့်၍ လေးစားမှုဖြင့်ပြော၏။

“ဦးလေးနှစ် ဒီတစ်ကြိမ် ဒုက္ခခံခဲ့ရတာ ကျွန်တော်ကံကောင်းသွားတာပါပဲ”

“မစိုးရိမ်ပါနဲ့။ သခင်လေးရဲ့အရည်အချင်းနဲ့ဆိုရင် ကိစ္စကြီးမဟုတ်ပါဘူး”

ဝမ့်ဖန်း၏ ဦးလေးနှစ်ဖြစ်သူ ဝမ့်ချောင်မှ ခေါင်းညိတ်၏။

ဝမ့်ဖန်းနှင့် ဝမ့်ချောင်တို့နှစ်ဦးသည် စကားပြောရင်းဖြင် တည်းခိုခန်းအပြင်သို့ ဦး‌တည်လျှောက်‌လာကြသည်။

“အစ်ကို အဲဒီ့လူက ထောင်လွှားလိုက်တာ.. ကြည့်ရတာ ချမ်းသာလောက်တယ်။ သူ့ကို ဓားပြတိုက်ကြမလား”

“ရှူးး တိုးတိုးပြောစမ်းပါ။ ဓားပြမတိုက်ခင် သူတစ်ယောက်တည်းဖြစ်မယ့် အချိန်ကို စောင့်ကြတာပေါ့။ အခုက လူတွေအများကြီးရှိနေတယ်။ လှုပ်ရှားဖို့မလွယ်ဘူး။ ငါတို့က သူ့ကိုဓားပြတိုက်လိုက်လို့ တခြားသူတွေက ငါတို့ကိုပြန်တိုက်ခိုက်လာရင် ငါတို့အတွက် မကောင်းဘူး”

ထိုတီး‌တိုးပြောဆိုသံထွက်ပေါ်နေချိန်တွင် တည်းခိုခန်းကြီးတစ်ခုလုံးမှာ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပေသည်။ နေရာရှိကျင့်ကြံသူများအားလုံးသည် ဝမ်ဖုန်း၏ဘေးတွင် စကားပြောနေကြသူနှစ်ဦးအား ကြောင်အစွာ စိုက်ကြည့်နေကြ၏။

ဝမ်ဖုန်း နာကျင်စွာဖြင့် ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိရသည်။

ငါဘာလို့များ ဒီအရူးနှစ်ကောင်ကို ခေါ်မိတာပါလိမ့်? ဓားပြတိုက်ချင်တယ်ဆိုရင်လည်း ဘာလို့ထုတ်ပြောရတာလဲလို့? ဒီနေရာက လူတွေရဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့်တွေမလို့လဲ? မင်းတို့ပြောတာကို မကြားဘဲရှိပါ့မလားလို့?!

ကုချိုးနှင့် ကုကန်းချိုးသည်လည်း မူမမှန်နေသည်ကို သတိထားမိသွားကြသည်။ ထို့ကြောင့် အလျင်အမြန် ပါးစပ်များကိုအုပ်၍ ဘယ်ညာဝေ့ဝဲကြည့်လာကြသည်။

ဝမ့်ဖန်းနှင့် ဝမ့်ချောင်သည်လည်း ကုချိုး၏စကားကြောင့် ရပ်တန့်သွား၏။ ဝမ့်ဖန်းသည် နောက်ပြန်လှည့်၍ ကုချိုးအား ရွှတ်နောက်နောက်အပြုံးဖြင့် ကြည့်လာခဲ့သည်။

“မင်းငါ့ကို ဓားပြတိုက်ချင်လို့လား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး”

ကုကန်းချိုးသည် လက်ကို အကြိမ်ကြိမ်ခါယမ်းလျက် ‌ပြော၏။

“မစိုးရိမ်ပါနဲ့။ ငါ့အစ်ကိုက ပြောတယ်။ အခုဒီမှာ လူတွေအများကြီးရှိနေတယ်တဲ့။ အဲ့တော့ ငါအခုမင်းကို ဓားပြမတိုက်ပါဘူး”

ကုချိုးသည်လည်း လက်ကိုခါရမ်း၍ ပြောလေသည်။

ဖြန်း!!

ကုကန်းချိုးမှ ကုချိုး၏ခေါင်းအား တစ်ချက်ပိတ်ရိုက်၍ ဆူလိုက်၏။

“ပေါက်ကရတွေ! ဒီသခင်လေးက ထွက်သွားတော့မှာလေ။ သူထွက်သွားရင် ငါတို့က နောက်ယောင်ခံလိုက်သွားပြီး တုတ်နဲ့ရိုက်လိုက်မယ်။ ပြီးရင် ပိုက်ဆံတွေယူပြီး ထွက်သွားကြရမှာ။ သူ့ကိုသိအောင် သွားပြောလိုက်မှတော့ ငါတို့က သူ့ကို ရိုက်ပြေးလို့ရပါဦးမလား ငတုံးကောင်ရဲ့!”

“အစ်ကို ငါတို့မှာ ဂိုဏ်းချုပ်ရှိနေတာပဲ မဟုတ်ဘူးလား? ပထမအစီအစဉ်က အလုပ်မဖြစ်ရင် ဂိုဏ်းချုပ်က ဒုတိယအစီအစဉ် လုပ်ပေးမှာပေါ့”

ကုချိုးမှ မကျေနပ်သော မျက်နှာထားဖြင့် ပြန်ပြော၏။

ထိုအချိန်တွင် ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်စွန်းတို့မှာ သိသိသာသာ တွန့်ကွေးသွားရလေသည်။ ဝမ်ဖုန်းတွေးထားခဲ့သည်မှာ ယွမ်ဖုန်းမြို့၏ မြို့သခင်ငယ်လေးသည် တုံ့ဖန်းပုပိုင်တို့ အလှလေးသုံးယောက်ကြောင့် သူနှင့်ပဋိပက္ခဖြစ်ရလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော် ဤအရူးနှစ်ကောင်နှင့် မြို့သခင်ငယ်တို့ ပဋိပက္ခဖြစ်ကြသည်ကြောင့် မိမိမှာ ဒုက္ခများရလိမ့်မည်ကိုမူ မျှော်လင့်မထားခဲ့ပါချေ။

“တကယ့်ဟာသပါပဲလား! ငါ့ရဲ့နယ်မြေထဲမှာ ငါ့ကိုဓားပြတိုက်ချင်တဲ့သူ ရှိလိမ့်မယ်လို့ မျှော်လင့်မထားမိဘူးပဲ”

ဝမ့်ဖန်း ပြုံးလိုက်၏။ ထို့နောက် ဝမ်ဖုန်းတို့အုပ်စုအားကြည့်၍ လှောင်ရယ်လေသည်။

“ကျစ်ကျစ် ဒီလူတွေတော့ ဒုက္ခရောက်ပြီပဲ”

“ကောင်းကင်က ဘယ်လောက်မြင့်မားလဲဆိုတာ မသိရင်တောင်မှ ဘယ်လိုလုပ်ပြီး မြို့သခင်ငယ်ကို ဓားပြတိုက်ဖို့ တွေးရဲရတာလဲကွာ”

“အို ဘဝဆိုတာ အရမ်းလှပပါတယ်.. တချို့လူတွေက ဘာလို့များ တန်ဖိုးထားရကောင်းမှန်း မသိရတာလဲ”

တည်းခိုခန်းရှိ ကျင့်ကြံသူများသည် အသီးသီးခေါင်းခါယမ်းကြလျက် လှောင်ရယ်ကြလေသည်။

ဝမ်ဖုန်း သက်ပြင်းတစ်ချက်ချလိုက်၏။ အခြေအနေကို ကောင်းမွန်စေရန် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း သူသိပါ၏။ ဝမ်ဖုန်းသည် ကနဦး၌ ယွမ်ဖုန်းမြို့တွင် အခြေချလိုခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ယွမ်ဖုန်းမြို့‌၌ အခြေချရန်မှာ မဖြစ်နိုင်လောက်တော့ပေ။

“အစ်ကို အကြံအစည်ကို သိသွားပြီဆိုမှတော့ ဘာလို့ ဒီတိုင်းပဲ ဓားပြမတိုက်လိုက်တာလဲ။ ဒီနေရာမှာ လူအများကြီးရှိနေတာမှန်ပေမယ့် ငါတို့လည်း လူများပါတယ်”

ကုချိုးသည် ဝမ့်ဖန်းအားကြည့်၍ စိတ်ပြင်းပြစွာ ပြောလာခဲ့သည်။

ကုချိုး၏စကားအဆုံးတွင် ကုကန်းချိုး၏မျက်နှာမှာ စိတ်ခံစားချက်အချို့ ထင်ဟပ်သွား၏။ ကုကန်းချိုးသည် ဝမ်ဖုန်းကို မဝံ့မရဲကြည့်လျက် စဉ်းစားတွေးတောနေခဲ့သည်။ ဂိုဏ်းချုပ်ံနှင့်အခြားသူများထံမှ အကူအညီရယူခဲ့ပါလျှင် ဓားပြတိုက်ပြီးနောက် ရရှိသည့်ပိုက်ဆံတို့ကို သူတို့တစ်ဝက်ရနိုင်ပါမည်လောဟု တွေးတောနေပေသည်။

ဤသို့သောအချိန်၌ပင် ကုကန်းချိုးသည် ထိုကဲ့သို့မေးခွန်းထုတ်၍ စဉ်းစားတွေးတောနေသေးသည်ကို ဝမ်ဖုန်းသိခဲ့ပါလျှင် သွေးပွက်ပွက်အန်ထွက်လောက်ပေမည်။

“သေချင်နေတာပဲ!”

ဝမ့်ဖန်းသည် ကုကန်းချိုး၏စကားကြောင့် ထပ်မံ သည်းမခံနိုင်တော့ပေ။ တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်၏ ကျင့်ကြံမှုအရှိန်အဝါကြီး ရုတ်ချည်းဖြာထွက်လာခဲ့၏။

တည်းခိုခန်းအတွင်း၌ ရုတ်တရက်ပင် လေပြင်းတိုက်ခိုက်လာခဲ့ရာ စားပွဲခုံများ၊ ထိုင်ခုံများအားလုံးမှာ လေပြင်းဒဏ်ကြောင့် အမှုန့်ကြေသွားကြလေသည်။ ကြောက်မက်ဖွယ်အရှိန်အဝါမှ ကြောက်မက်ဖွယ်ဖိအားကြီးအဖြစ် တည်းခိုခန်းတစ်ခုလုံးအား ဖုံးလွှမ်းသွားစေခဲ့ရာ နေရာရှိ ကျင့်ကြံသူများမှာ ပင့်သက်ရှိုက်မိကုန်ရသည်။ ဒေါသမာန်ကြွနေသည့် ဝမ့်ဖန်းအား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြ၏။

ယွမ်ဖုန်းမြို့၏ မောက်မာအထောင်လွှားဆုံးသခင်လေးဟူသည့်အတိုင်းပင် သူ၏အင်အားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပေသည်။

ဘုန်း!

ဝမ့်ဖန်းသည် ကုချိုးတို့ညီအစ်ကိုနှစ်ယောက်အား တစ်ချက်ပင်မကြည့်ဘဲ လက်ဝါးရိုက်ချက်ဖြင့် ရိုက်ခတ်လိုက်၏။ သူ၏ကြီးကျယ်ခမ်းနားလှသော စွမ်းအင်သည် ဧရာမလက်ဖဝါးရိုက်ချက်ကြီးအဖြစ် ရုတ်ချည်း ‌ပြောင်းလဲသွားခဲ့ပြီး ကုချိုးတို့ရှိရာသို့ ဦးတည်နေခဲ့သည်။ ရိုက်ခတ်လိုက်သည့် ကိုယ်နေဟန်ထားမှာ ကုချိုးတို့နှစ်ဦးအား အပိုင်းပိုင်းကွဲကြေစေမည့်အတိုင်းပင်…။

ဝမ့်ဖန်း၏လက်ဖဝါးရိုက်ချက်သည် ကုချိုးတို့နှစ်ဦးသာမက ဝမ်ဖုန်းတို့ကိုပါ ဖုံးလွှမ်းနိုင်သည့် အရွယ်အစားဖြစ်သည်။

ယွမ်ဖုန်းမြို့၏ မြို့သခင်ငယ်လေးဖြစ်သော ဝမ့်ဖန်းသည် လူတို့၏လေးစားအားကျမှုများ၌ မွေ့လျောပျော်ပါးခဲ့ပြီး ဘဝသက်တမ်းတစ်လျှောက်လုံး၌ ‌ဝင့်ကြွားထောင်လွှားခဲ့သူဖြစ်သည်။ တစ်ပါးသူ၏ ပြစ်မှားစော်ကားခြင်းကို တစ်ကြိမ်တစ်ခါသော်မှ မကြုံတွေ့ဖူးချေ။ သို့ဖြစ်ရာ သူ၏ရှေ့တည့်တည့် သူ့အား ဓားပြတိုက်မည်ဟု ပြောဆိုနေသည်ကို အဘယ်သို့များ သည်းခံနိုင်ပါမည်နည်း။

“အစ်ကို ဒီငွေထုပ်လေးက သိုင်းပညာအကြောင်း ပြောမကောင်းဘူးပဲ။ ငါတို့တောင် သူ့ကို ဓားပြမတိုက်ရသေးဘူး.. သူက စပြီးလှုပ်ရှားနေပြီဗျ”

ကုချိုးသည် ဧရာမလက်ဖဝါးရိုက်ချက်ကြီးကို မြင်သောအခါ ထိတ်ပျာသွားလျက် အံ့အားသင့်စွာပြောလာခဲ့သည်။

ထို့နောက် ကုကန်းချိုးသို့ လှည့်ကြည့်လိုက်ရာ ကုချိုးမှာ မင်သက်သွားရလေသည်။ ကုကန်းချိုးသည် ဝမ်ဖုန်း၏နောက်တွင် ပုန်းကွယ်နေလျက် သူ့အား ထိတ်ထိတ်ပျာပျာ လက်ဝှေ့ယမ်းပြနေ၏။

ကုချိုးလည်း ရှောင်တိမ်းပုန်းလိုက်ပြီး ကုကန်းချိုးအား မကျေမချမ်းဖြင့် ကြည့်နေလေသည်။ သူ၏အကြည့်တို့မှာ

‘အစ်ကို ပြေးမယ်ဆိုရင်လည်း ဘာလို့ငါ့ကိုပါ အတူခေါ် မပြေးရတာလဲ'ဟူ၍ ပြောနေသည့်အလားပင်။

ကုချိုး၏ပုံစံကိုကြည့်၍ ဝမ်ဖုန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိရသည်။ ကုချိုးတို့ညီအစ်ကို၏ကျင့်ကြံမှုသည် ကြောက်မက်ဖွယ်အင်အားကြီးမား၏။ တစ်ဦးမှာ တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်ဖြစ်ပြီး တစ်ဦးမှာ တာ့အိုဝိဉာဉ်အစောပိုင်းအဆင့်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးအား တိုက်ခိုက်စေရန်မှာ မဖြစ်နိုင်လောက်ပေ။

ဤငတုံးညီအစ်ကိုနှစ်ဦးမှာ ဓားပြတိုက်လုယက်သည့် အသက်မွေးဝမ်းကြောင်းဖြင့် အဘယ်သို့များ နှစ်၂၀ကျော်တိုင် ရှင်သန်နိုင်ခဲ့သည်မသိပေ။

“တိုက်!”

ထို့နောက်တွင် တည်းခိုခန်းအတွင်း၌ ခပ်တန်းတန်းအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်းတို့အုပ်စု၏ရှေ့တွင် သက်ကြီးပိုင်းပုံရိပ်တစ်ခု ပေါ်ထွက်လာခဲဲ့၍ သူပစ်လွှတ်လိုက်သည့် လက်ဖဝါးရိုက်ချက်အား စူးရဲစွာကြည့်လိုက်သည်ကို ဝမ့်ဖန်း မြင်လိုက်၏။ ထို့နောက်တွင် သူ၏လက်ဖဝါးရိုက်ချက်သည် ကွဲကြေသွားခဲ့ကာ ကြယ်မှုန်လေးများအလား ကြွေလွင့်ကာ‌ ပျောက်ကွယ်သွားခဲ့သည်။

လေတွင်ပြန့်ကျဲနေသည့် စားပွဲခုံနှင့်ထိုင်ခုံများမှ လွှစာမှုန့်များကြောင့် မဟုတ်ပါလျှင် ‌ဤနေရာ၌ ဘာမှမဖြစ်ပျက်ခဲ့ဟု တွေးထင်ကြပေရော့မည်။

ဝမ့်ဖန်းမှာ အံ့အားသင့်သွားလျက် ‌အံ့ဩထိတ်လန့်သည့် အမူအရာသို့ပြောင်းလဲသွား၏။ သူ၏ဘေးရှိ ဝမ့်ချောင်သည်လည်း ပထမဆုံးအကြိမ်အဖြစ် ခေါင်းမော့လာခဲ့ကာ ကျန်းစန်ဖုန်းအား လေးနက်စွာကြည့်လာခဲ့သည်။

All Chapters