တစ်မိသားစုလုံးအား သေသပ်စွာရှင်းလင်း။
Vol. 15 Ch. 204
တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်၏ တိုက်ကွက်အား အကြည့်တစ်ချက်မျှဖြင့် ကွဲကြေသွားစေနိုင်သည်မှ အဘယ်သို့သော စွမ်းအားမြင့်ပုဂ္ဂိုလ် ဖြစ်ပါ၏နည်း။
ဝမ့်ချောင်သည်လည်း တာ့အိုဝိဥာဥ်အထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် ဝမ့်ဖန်း၏တိုက်ကွက်ကို အလွယ်တကူ ဖြိုခွင်းနိုင်ပါ၏။ သို့သော် အကြည့်တစ်ချက်ဖြင့် ဖြိုခွင်းရန်မှာမူ မဖြစ်နိုင်လောက်ပေ။
“လူကြီးမင်းက စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ယောက်ပါ။ လူငယ်တွေရဲ့ ပဋိပက္ခမှာ ဝင်စွက်ဖက်ဖို့မသင့်တော့်ပါဘူး ဟုတ်တယ်မလား”
ဝမ့်ချောင်သည် ကျန်းစန်ဖုန်း၏အင်အားကို အနည်းငယ်စိုးထိတ်မိသော်ငြား မြို့သခင်စံအိမ်တော်၏ပုံရိပ်ကိုလည်း ထိန်းသိမ်းရဦးပေမည်။ ဝမ့်ချောင်သည် အေးစက်သည့်မျက်လုံးအစုံဖြင့် ကျန်းစန်ဖုန်းအား တည်ကြည်လေးနက်စွာပြော၏။
ကျန်းစန်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက်ရပ်နေခဲ့ပြီး ဝမ့်ချောင်အား ဂရုမထားဟန် တစ်ချက်သာကြည့်၍ စကားမဆိုပေ။
ထိုမထီမဲ့မြင်သော အပြုအမူသည် ဝမ့်ဖန်းအား ဒေါသထွက်သွားစေခဲ့သည်။ သူ၏ဦးလေးနှစ်သည် ယွမ်မင်ဓားဂိုဏ်း၏ အပြင်စည်းအကြီးအကဲဖြစ်သည်။ အဆင့်အတန်းမြင့်မားပြီး လေးစားခံရသူဖြစ်ကာ ယွမ်ဖုန်းမြို့တွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။
ထို့အပြင် ဤတစ်ကြိမ်တွင် ဝမ့်ဖန်း၌ ဦးလေးနှစ်အား တောင်းဆိုလိုသည့်အရာရှိ၏။ ဦးလေးနှစ်မှ စော်ကားပြုမူခံရသည်ကြောင့် သူ့ကို အကူအညီပေးရန် ဆန္ဒမရှိတော့ပါလျှင် သူ၏ရည်မှန်းချက်သည်လည်း ပျက်ပြားရပေမည်။
“မင်းက အရမ်းအင်အားကြီးတယ်ဆိုတာ ငါတော့မယုံဘူး!”
သို့ဖြင့် ဝမ့်ဖန်း နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်တွင် ဝမ့်ဖန်းသည် ချုပ်ထိန်းမှု အလျဉ်းမရှိဘဲ အင်အားအလုံးစုံဖြင့် တိုက်ခိုက်လေသည်။ ကျန်းစန်ဖုန်းသည် သူ၏ယခင်တိုက်ကွက်ကို ဖြိုခွင်းနိုင်ခဲ့သည်မှာ ယခင်တိုက်ကွက်သည် ပေါ့တန်စွာတိုက်ခိုက်ခဲ့ခြင်းကြောင့်ဟု ဝမ့်ဖန်း ယုံကြည်နေခဲ့သည်။
ဝမ့်ဖန်းသည် လက်ကိုဆန့်ထုတ်၍ တစ်စုံတစ်ရာကို ဆွဲကိုင်ဟန်ပြုလိုက်ရာ အေးစက်သည့်အလင်းတို့ တောက်ပနေသည့် မိုးပြာရောင်ဓားရှည်တစ်လက် သူ၏လက်ထဲ၌ ပေါ်ထွက်လာခဲ့သည်။ ထက်ရှသည့်ဓားရောင်ခြည်သည် တည်းခိုခန်းကိုထိုးဖောက်သွားခဲ့ရာ နေရာရှိ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားကြ၏။ ထိုထက်ရှသည့်ဓားရောင်ခြည်သည် သူတို့၏အရေပြားများကို ထက်ရှသည့်ဓားဖြင့် လှီးဖြတ်နေသည့်အလား စူးရှသည့်နာကျင်မှုကို ခံစားရစေသည်။
ဓားရှည်ကိုထုတ်ယူပြီးနောက် ဝမ့်ဖန်းသည် တုံ့ဆိုင်းမှုမရှိဘဲ ဓားရှည်ဖြင့် လွှဲရမ်းခုတ်ပိုင်းလိုက်၏။ မိုးကြိုးလျှပ်စီးကဲ့သို့သော ဓားရောင်ခြည်မှ လင်းလက်ဖြတ်သန်းသွားလေရာ ကျင့်ကြံသူများသည် အလိုအလျောက် မျက်လုံးမှိတ်မိလိုက်ကြလေသည်။
ကျန်းစန်ဖန်အတွက်မူ ဤလျင်မြန်လွန်းလှသော ဓားရောင်ခြည်သည် အလွန်နှေးကွေးနေခဲ့သည်။ ဝမ်ဖုန်းမှ သူ့အား တိုက်ကွက်ထုတ်ရန် မတောင်းဆိုခဲ့ပါလျှင် ကျန်းစန်ဖုန်းမှာ အဖက်လုပ်တိုက်ခိုက်ပေးရန်ပင် စိတ်ဝင်စားနေမည်မဟုတ်ပါချေ။
ယခုအခြေအနေမှာ သေနတ်ဖြင့်လူကြီးတစ်ဦးမှ အရုပ်ကိုင်ဆောင်ထားသည့်ကလေးငယ်အား တိုက်ခိုက်နေသည်ကဲ့သို့ဖြစ်နေ၏။
ဓားရောင်ခြည်မှ ကျန်းစန်ဖုန်းသို့ ခုတ်ပိုင်းလုနီးတွင် ကျန်းစန်ဖုန်းသည် လက်ချောင်းတစ်ချောင်းကို ပင့်မြှောက်၍ ညှင်သာစွာ လက်ညှိုးညွှန်လိုက်လေသည်။ ၎င်းမှာ ပြန်လည်ထိန်းညှိသည့်စွမ်းအင်အလားပင်.. ဓားရောင်ခြည်ကို ရုတ်ချည်းကွဲကြေသွားစေခဲ့လေသည်။ ထို့နောက် ကြီးကျယ်ခမ်းနားလှသောစွမ်းအင်မှ ဖြစ်တည်လာသည့်လက်ချောင်းသည် ဝမ့်ဖန်းသို့ ဦးတည်ဖိနှိပ်၏။
ထိုလက်ချောင်းမှ သူ၏ဓားရောင်ခြည်ကို ဖြိုခွင်းလိုက်သည်တွင် ဝမ့်ဖန်း၏မျက်လုံးအိမ်များ မှေးကျဉ်းသွားလျက် ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်လာခဲ့သည်။ သူ၏အသိစိတ်သည် ထိုလက်ချောင်းကို ခုခံလိုပါသော်ငြား လေးလံလှသောကြောက်မက်ဖွယ်ဖိအားကြီး၏ တင်းကြပ်စွာဖိနှိပ်ခံရသောကြောင့် သူ၏ခန္ဓာကိုယ်မှာ မလှုပ်ရှားနိုင်ပေ။
မိုးကြိုးလျှပ်စီးနှင့် မီးခတ်ကျောက်အကြား၌ ဝမ့်ချောင်မှ တိုက်ကွက်တစ်ခု ပစ်လွှတ်လာခဲ့သည်။ ဝမ့်ချောင်၏ လက်သီးထိုးချက်သည် ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး လေဟာပြင်ကို တွင်းနက်ကြီးဖြစ်ပေါ်သွားစေကာ လက်ချောင်းသို့ တန်းတန်းမတ်မတ်ဦးတည်သွားခဲ့သည်။
ဘုန်း!
လက်သီးတစ်လုံးနှင့် လက်ချောင်းတစ်ချောင်းသည် အားလုံး၏ရှေ့မှောက်၌ ထိခတ်သွားခဲ့သည်။ ဘေးမှကြည့်နေသူများသည် ဤမြင်ကွင်းကြောင့် မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြကာ စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်မိကြ၏: သောက်ကျိုးနည်း!
လေပြင်းမုန်တိုင်းအလား ဧရာမလှိုင်းကြီးသည် ဘေးမှကြည့်နေကြသည့် ကျင့်ကြံသူများကိုလည်း လွင့်ပျံထွက်သွားစေခဲ့ကာ တည်းခိုခန်းတစ်ခုလုံးမှာလည်း အမှုန့်ကြေသွားခဲ့ရလေသည်။ ထိုမျှသာမက အနီးဝန်းကျင်ရှိအိမ်များသည်လည်း မြေပြင်၌ အပုံလိုက် ပျက်စီးကုန်ကြလေသည်။
ဤလှိုင်းလုံးကြီးအတွင်း၌ အနည်းဆုံး ကျင့်ကြံသူတစ်ဒါဇင်မျှ သေဆုံးသွားခဲ့ပေမည်။ ယွမ်ဖုန်းမြို့၏ ၈၀ရာခိုင်နှုန်းကျော်ခန့်သည် ဆန်းကြယ်နတ္ထိအဆင့်နှင့်အထက် ကျင့်ကြံသူများဖြစ်ကြပြီး ၁၉ရာခိုင်နှုန်းကျော်ခန့်သည် တာ့အိုအဆင့်တွင်ရှိကြ၏။
တာ့အိုဝိဉာဉ်အဆင့်ကျင့်ကြံသူဝမ့်ချောင်နှင့် စွမ်းအားမြင့်ပုဂ္ဂိုလ် ကျန်းစန်ဖုန်းတို့၏ စွမ်းအင်နှစ်ခုထိခတ်ခြင်းသည် သာမန်လူများ ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ချေ။ ထျန်းလန်ဒေသ၏ အလွန်ခိုင်မာကြံ့ခိုင်သည့်ကောင်းကင်လေထုကြောင့် မဟုတ်ပါလျှင် ဝမ့်ချောင်နှင့် ကျန်းစန်ဖုန်းတို့နှစ်ဉီး၏ စွမ်းအင်များထိခတ်မှုသည် ဤမြို့ကြီးအား အလွယ်တကူ ဖျက်ဆီးပြီးဖြစ်ပေလိမ့်မည်။
မြူခိုးငေွ့များနှင့်ဖုန်မှုန့်များပျောက်ကွယ်သွားပြီးနောက် ဝမ့်ချောင်နှင့် ကျန်းစန်ဖုန်းတို့၏ ပုံရိပ်များ ပေါ်ထွက်လာ၏။ သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ကျန်းစန်ဖုန်းသည် တည်ငြိမ်နေဆဲဖြစ်သော်ငြား ဝမ့်ချာင်သည်တော့ မျက်နှာအမူအရာမှာ အလွန်လေးနက်နေခဲ့ပြီဖြစ်သည်။ လက်သီးထိုးချက်ပစ်လွှတ်ခဲ့သည့် ဝမ့်ချောင်၏ညာလက်မှာ အဆက်မပြတ်တုန်ရီနေသည်ကို မြင်တွေ့နိုင်ပေသည်။
“င့ါရဲ့ယွမ်ဖုန်းမြို့ထဲမှာ အင်အားသုံးရဲတယ်ပေါ့လေ? အဲ့ဒီ့လောက်တောင် စိတ်မရှည်ဖြစ်နေပြီလား”
ထိုအခိုက်တွင် ခေါင်းလောင်းသံမြည်ဟီးသည်ကဲ့သို့သော အသံကြီးတစ်ခုသည် ယွမ်ဖုန်းမြို့တစ်မြို့လုံးအား လွှမ်းခြုံသွားလျက် လေဟာပြင်မှ ပုံရိပ်များစွာထွက်ပေါ်လာခဲ့ပြီး ဝမ့်ချောင်၏ဘေးသို့ ဆင်းသက်လာခဲ့ကြသည်။
ဦးဆောင်လာသည့်လူကြီးသည် အချိတ်ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ထက်ရှသည့်ဓားသွားအလား၊ ခန္ဓာကိုယ်မှာ ကြီးထွားသန်မာ၍ လွှမ်းမိုးနိုင်စွမ်းသော အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေပေသည်။
“အဖေ”
ထိုလူကြီးကိုမြင်သောအခါ ဝမ့်ဖန်းသည် အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်သွားခဲ့ပြီး ရိုသေလေးစားစွာဖြင့် ဂါရဝပြု၏။ ထိ့ုနောက် ဝမ်ဖုန်းတို့အုပ်စုအား လှောင်ပြုံးလျက် ကြည့်လာလေသည်။ သူ၏အဖေ ရောက်လာပြီဖြစ်ရာ ဤလူများအားလုံးမှာ သေချာပေါက် သေဆုံးရပေမည်။
ဤယွမ်ဖုန်းမြို့၌ မိမိအား ယှဥ်ပြိုင်နိုင်သူ မရှိနိုင်ပေ။
“အစ်ကိုကြီး”
ဝမ့်ချောင်သည်လည်း လက်အမူအရာဖြင့် ဝမ့်တန်းအား ဂါရဝပြုလိုက်သည်။
ဝမ့်တန်းမှ ခေါင်းညိတ်၍ ဝမ့်ချောင်၏ညာလက်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးများမှ အေးစက်သည့်အလင်းအချို့ ဖြတ်ပြေးသွားခဲ့သည်။ သူ၏နယ်မြေထဲတွင် လှုပ်ရှားဝံ့သူမှာ သေခြင်းရှင်ခြင်းကို မသိနားမလည်သူသာ ဖြစ်ချေရော့မည်။
“သတ်”
ဝမ့်တန်း၏မျက်လုံးများမှ စူးရဲစွာတောက်ပသွားခြင်းနှင့်အတူ တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့်စွမ်းအင်များ ရုတ်ချည်းထွက်ပေါ်လာခဲ့၍ ကျန်းစန်ဖုန်းအား သတ်ရန်ဦးတည်လေသည်။ မြို့သခင်အိမ်တော်မှ နောက်လိုက်များသည်လည်း တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့်စွမ်းအင်များ တစ်ပြိုင်နက် ထုတ်လွှတ်လာကြသည်။
သို့ဖြစ်ရာ ဝမ့်ချောင်သည်လည်း တုံ့ဆိုင်းမနေတော့ဘဲ တူညီစွာ လှုပ်ရှားလိုက်၏။ ဤသို့သောအချိန်မျိုးတွင် လူအများမှ လူနည်းစုကို အနိုင်ကျင့်ခြင်းအား မည်သူမျှ ဂရုစိုက်မနေပါချေ။ အနိုင်ရရှိသူသာလျှင် ရှင်သန်ကျန်ရစ်နိုင်ပေမည်။
တာ့အိုဝိဉာဉ်အဆင့်ကျင့်ကြံသူ၅ဦး၏ တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသော်ငြား ကျန်းစန်ဖုန်းသည်တော့ မျက်နှာအမူအရာမှာ မပြောင်းမလဲရှိနေဆဲပင်။ ဤတစ်ကြိမ်တွင်တော့ ကျန်းစန်ဖုန်းသည် သူ၏လက်ကိုထိန်းချုပ်သိမ်းဆည်းထားရန် ရည်ရွယ်ချက်မရှိတော့ပါ။ အင်အားကြီးမားလှသည့်စွမ်းအင်ထုဖြင့် သူ၏လက်ဖဝါးရိုက်ချက်ထွက်ပေါ်လာသောအခါ လေဟာပြင်ကြီးတစ်ခုလုံးမှာ တုန်ခါကွဲကြေသွားရသည်။
“ဘယ်… ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျန်းစန်ဖုန်းသို့ ဦးတည်တိုက်ခိုက်နေသည့် ဝမ့်တန်းနှင့်သူ၏အဖွဲ့မှာ ထိုအခိုက်အတန့်တွင် မျက်လုံးအိမ်များ မှေးကျဉ်းသွားကြလျက် မယုံကြည်နိုင်သည့် မျက်နှာအမူအရာများသို့ ပြောင်းလဲသွားကြသည်။ ဝမ့်တန်းမှာ အံ့အားသင့်မှုေကြာင့် ပွင့်လင်းစွာပင်ပြောထွက်လာခဲ့ရသည်။
ကျန်းစန်ဖုန်းမှ လက်ဖဝါးရိုက်ချက်ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကြောက်ခမန်းလိလိသောဖိအားကြီးသည် ဝမ့်တန်းတို့ထံသို့ တိုက်ရိုက်ကျရောက်သွားခဲ့ပြီး ဖိနှိပ်ထားခဲ့လေရာ မလှုပ်ရှားနိုင်တော့ချေ။
ဝမ့်တန်းတို့အုပ်စုမှာ တာ့အိုဝိဉာဉ်အဆင့်ကျင့်ကြံသူ၅ဦးဖြစ်ကြပြီး နှစ်ဦးမှာ တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ ကျန်းစန်ဖုန်းသည် အဘယ်သို့များ အလွယ်တကူ ဖိနှိပ်နိုင်ရသနည်း။
ဘုန်း!
ဝမ့်တန်းတို့၏ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များအောက်၌ပင် လက်ဖဝါးရိုက်ချက်သည် လွဲချော်မှုမရှိ ဖိနှိပ်ပစ်လိုက်၏။ မြေပြင်ထက်တွင် လက်ဖဝါးသဏ္ဍာန်တွင်းနက်ကြီး ဖြစ်တည်သွားခဲ့လေသည်။
ယွမ်ဖုန်းမြို့ကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး မြေကြီးများ ကြွေမွသွား၍ ကျောက်စရစ်ခဲများလည်း လွင့်စင်ကုန်ကာ လေထုမှာ ဖုန်မှုန့်မြူခိုးများဖြင့် ဖုံးလွှမ်းပြည့်နှက်သွားခဲ့သည်။ ယွမ်ဖုန်းတစ်မြို့လုံးမှာ အံ့ဩထိတ်လန့်သွားကြသော်ငြား မည်သူမျှ ချဉ်းကပ်ခြင်း မပြုဝံ့ကြချေ။
“အဖေ. ဦးလေးနှစ်.. ဘယ်လို… ဘယ်လိုဖြစ်နိုင်မှာလဲ”
အကွာအဝေးတစ်ခုတွင် ဒူးထောက်နေသည့် ဝမ့်ဖန်းသည် ဖြူဖျော့နေသောမျက်နှာဖြင့် မယုံကြည်နိုင်စွာ ရေရွတ်နေခဲ့သည်။ လွန့်ခဲ့သည့်တစ်စက္ကန့်ခန့်ကပင် ဝမ့်ဖန်းသည် လှောင်ရယ်လျက် ဝမ်ဖုန်းတို့အုပ်စု သေဆုံးသည်ကို မြင်တွေ့ရန် စိတ်လှုပ်ရှားနေခဲ့သေး၏။ သို့သော် ဖခင်ဖြစ်သူမှာ အစိတ်စိတ်အမွှာမွှာ ချေမွခံလိုက်ရပြီး သူ၏အထောက်အပံ့၊ မာနဂုဏ်တို့သည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရလေပြီ။
ဝမ့်ဖန်းမှ ကြောက်ရွံ့မှုဖြင့် မင်သက်တုန်လှုပ်နေစဉ်တွင် ကျန်းစန်ဖုန်းမှ လက်တစ်ချောင်းကို အသာအယာလှုပ်လိုက်ရာ စွမ်းအင်တစ်ခုသည် ဝမ့်ဖန်း၏မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက်ထိုးစိုက်သွားခဲ့သည်။ ဦးခေါင်းအတွင်းသို့ ကြောက်မက်ဖွယ်စွမ်းအင်ကြီး ထိုးစိုက်ခံလိုက်ရခြင်းနှင့်အတူ သူ၏ဝိဉာဉ်သည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ရပြီး ဤကမ္ဘာလောကမှ အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အရာအားလုံးတည်ငြိမ်သွားသောအခါ ကုချိုးနှင့် ကုကန်းချိုးတို့သည် ဝမ်ဖုန်း၏နောက်မှ ပြန်ထွက်လာကြ၏။ မြေပြင်၌ လဲကျသေဆုံးနေသည့် ဝမ့်ဖန်းကိုမြင်သောအခါ ညီအစ်ကိုနှစ်ယောက်မှာ မျက်လုံးများ တောက်ပသွားကြသည်။