လောကနံပါတ်တစ်အရူး။
Vol. 15 Ch. 205
ကျန်ရစ်ပစ္စည်းများကိုကောက်ယူရန် အလွန်စိတ်လှုပ်ရှားနေကြသည့် ကုချိုးတို့ညီအစ်ကိုနှစ်ဦးကိုကြည့်၍ ဝမ်ဖုန်း ခေါင်းခါရမ်းမိရသည်။ ဤပဋိပက္ခမှာ ထိုအရူးညီအစ်ကိုကြောင့် ဖြစ်ရခြင်းမဟုတ်ပါလော။ သို့ဖြစ်၍ ဤညီအစ်ကိုနှစ်ဦးအား အလောင်းကောက်ခိုင်းခြင်းဖြင့် ကိစ္စများကို ပထမဆုံးနှင့် နောက်ဆုံးအဆုံးသတ်အဖြစ် သတ်မှတ်လိုက်ပေမည်။
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲကျန်းစန်ဖုန်းမှ တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၂ဦးနှင့် တာ့အိုဝိဉာဉ်အစောပိုင်းအဆင့်သုံးဦးအား သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅သိန်းနှင့် တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်တစ်ခု ရရှိပါတယ်”
စိတ်တွင်းမှထွက်ပေါ်လာသည့် အေးစက်သောအသံသည် ဝမ်ဖုန်း၏မျက်လုံးများကို တောက်ပသွားစေခဲ့သည်။ ဝမ်ဖုန်းသည် ဆင့်ခေါ်ခွင့်များကို ထပ်မံပေါင်းစည်းနိုင်သော်ငြား ချက်ချင်းပေါင်းစည်းခြင်း မပြုသေးပေ။ တုကူကျန်းအား ပြောလိုက်၏။
“အကြီးအကဲအချို့ ခေါ်လိုက်ပါ။ ယွမ်ဖုန်းမြို့သခင်အိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို သွားရိတ်သိမ်းကြမယ်။ ယွမ်ဖုန်းမြို့သခင်စံအိမ်တော်မှာ ကျန်တဲ့အကြွင်းအကျန်တွေကိုလည်း အကုန်တစ်ခါတည်းရှင်းလိုက်”
ယခု၌ ဝမ်ဖုန်း၏လက်ထဲတွင် စွမ်းအင်ကျောက်တုံး အနည်းငယ်သော်မျှ ရှိမနေပေ။ ထို့ကြောင့် ယွမ်ဖုန်းမြို့သခင်စံအိမ်တော်၏ ချမ်းသာကြွယ်ဝမှုများဖြင့် သူ၏အိပ်ကပ်ကို ဖြည့်ဆည်းရပေမည်။
“ဟုတ်!”
တုကူကျန်း ခေါင်းညိတ်၍ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအချို့ကို ခေါ်ဆောင်ကာ အလင်းအလျင်ဖြင့် ယွမ်ဖုန်းမြို့သခင်စံအိမ်တော်သို့ ဦးတည်သွားခဲ့သည်။
ဝမ်ဖုန်းမှ တုကူကျန်းအား အမိန့်ပေးသည်ကိုမြင်သောအခါ ယွမ်ဖုန်းမြို့၏ကျင့်ကြံသူများမှာ အံ့ဩမင်သက်ကုန်ကြလျက် ဝမ်ဖုန်းတို့အုပ်စုအား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။ တုန်တုန်ယင်ယင်ဖြင့် ထောင့်များတွင် ပုန်းကွယ်နေကြလျက် အသက်ပင် ရဲရဲမရှူဝံ့ကြချေ။
ယွမ်ဖုန်းမြို့၏ မြို့သခင်စံအိမ်တော်ကြီး ဖျက်ဆီးခံလိုက်ရလေပြီ။ ၎င်းမှာ ကိစ္စကြီးဖြစ်၏။ မြို့သခင်စံအိမ်တော်၏ ကျောထောက်နောက်ခံမှာ ထျန်းလန်မြောက်ပိုင်းဒေသ၏ ထိပ်တန်းဂိုဏ်းဖြစ်သော ယွမ်မင်ဓားဂိုဏ်းဖြစ်ကြောင်းကို ယွမ်ဖုန်းမြို့သူမြို့သားအားလုံး သိကြပါ၏။
ယွမ်မင်ဓားဂိုဏ်း၏စီရင်ပိုင်ခွင့် လက်အောက်ခံဖြစ်သော ယွမ်ဖုန်းမြို့၌ မထင်ပေါ်မကျော်ကြားလွန်းသူတစ်ဦးပင် ဖြစ်နေစေကာမူ ဖျက်ဆီးတိုက်ခိုက်ခံရပါလျှင် ယွမ်မင်ဓားဂိုဏ်းသည် သေချာပေါက် လှုပ်ရှားလိမ့်မည်ဖြစ်၏။
ယခုလက်ရှိတွင် ယွမ်ဖုန်းမြို့၏ကျင့်ကြံသူအားလုံးသည် ဝမ်ဖုန်းတို့အုပ်စုအား ကြောက်ရွံ့နေကြခြင်းမှာ ဝမ်ဖုန်းတို့သည် သူတို့ထက် အင်အားကြီးမားသောကြောင့်ဖြစ်သာဖြစ်သည်။ သို့သော် ဝမ်ဖုန်းတို့အုပ်စုမှ ယွမ်မင်ဓားဂိုဏ်းအား ခုခံဟန့်တားနိုင်စွမ်းရှိလိမ့်မည်ဟု မယုံကြည်ပါချေ။
ထိပ်တန်းစွမ်းအင်အား ကိုင်လှုပ်နိုင်စွမ်းရှိသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်အနည်းငယ်မှလွဲ၍ ပုံမှန်အားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မနက်ဖြန်၏နေမင်းကို ကြည့်ရှုနိုင်ခြင်း မရှိတော့သည်သာဖြစ်၏
“စနစ် ဂိုဏ်းအမှတ်တစ်သန်းကိုသုံးပြီး ထီလက်မှတ်တစ်ခုယူမယ်။ ထီလက်မှတ်ကနေ ရတဲ့ကျင့်ကြံမှုအခြေခံတွေကို တာ့အိုအဆင့်ကိုမရောက်သေးတဲ့ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ကောင်းချီးပေးလိုက်ပါ”
ဝမ်ဖုန်း၏မျက်လုံးများတွင် အလင်းတစ်စဖြတ်ပြေးသွားလျက် ပြောခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအများစု၏ လက်ရှိကျင့်ကြံဆင့်မှာ ဆန်းကြယ်နတ္ထိအဆင့်ဖြစ်သည်။ ဤထျန်းလန်ဒေသအတွင်း၌ ၎င်းကျင့်ကြံဆင့်သည် အလွန်အားနည်းပြီး သူတို့မှာ ရန်သူများစွာ ရှိနိုင်သေး၏။ ကျန်းစန်ဖုန်းကဲ့သို့ အလယ်အလတ်အင်အားရှိသူ သုံးယောက်ရှိပါသော်ငြား ဂရုမထား၍မဖြစ်ချေ။
“ဒင်! ကျန်းစန်ဖုန်း၏ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်! တုကူကျန့်၏ကျင့်ကြံမှုအခြေခံ သုံးပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်! ….”
ဝမ်ဖုန်း၏စိတ်တွင်းမှ အေးစက်သည့်အသံသည် ၁၅မိနစ်ခန့်ကြာပြီးနောက်မှ ရပ်တန့်သွားခဲ့သည်။ အသံရပ်တန့်သွားပြီဖြစ်သော်ငြား ဝမ်ဖုန်း၏ခေါင်းထဲ၌ အချက်ပေးသံများကို ဆက်လက်ကြားယောင်နေမိဆဲပင်။
ထောင်ချီသော ထီလက်မှတ်နှိုက်ခြင်းအဆုံးတွင် ရရှိခဲ့သည့်အရာအားလုံးမှာ ကျင့်ကြံမှုအခြေခံများဖြစ်၏။
“ဒင်! တုံ့ဖန်းပုပိုင်ရဲ့ကျင့်ကြံဆင့်ဟာ တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ”
“ဒင်! ….”
“ဒင်! ဤတစ်ကြိမ် စနစ်၏ကောင်းချီးခံယူပြီးသည့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားလုံး အောင်မြင်စွာကျင့်ကြံပြီးပါပြီ။ တာ့အိုနန်းတော်အစောပိုင်းအဆင့် ကောကျင့်ကလွဲပြီး အခြားအကြီးအကဲများအားလုံး တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့်ကို ရောက်သွားပါပြီ”
စိတ်တွင်းမှထွက်ပေါ်လာသော အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံမှုသည် ထျန်းလန်မြောက်ပိုင်းဒေသကို ကျော်ဖြတ်နိုင်စွမ်း မရှိနိုင်သော်ငြား စွမ်းအားမြင့်အင်အားစုငယ်တစ်ခုဟု မှတ်ယူနိုင်ပေသည်။
ထို့အပြင် သူဆင့်ခေါ်ထားသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်အားလုံးမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းသော ပါရမီရှင်များဖြစ်ကြပြီး သူတို့၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သာမန်ထက်ထူးခြားသာလွန်၏။
တာ့အိုအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ အမြောက်အများကို တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်ဖြင့် ဆန့်ကျင်တိုက်ခိုက်ရန် ခက်ခဲသော်ငြား လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ချေ။
“စနစ် စနစ်နဲ့ ဂိုဏ်းအဆင့်ကို အဆင့်၆မြှင့်တင်ဖို့အတွက် ဘာတွေလိုအပ်လဲ”
ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၍ မေးခဲ့သည်။
“ဒင်! ဂိုဏ်းအမှတ်၅သန်းနဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းကို ဖျက်ဆီးပြီး ဂိုဏ်းရဲ့ကံကောင်းမှုတွေကို ရယူခြင်းဖြငိ့ အဆင့်၆ကို မြှင့်တင်နိုင်ပါတယ်”
အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း ဝမ်းမြောက်သွား၏။ ဝမ်ဖုန်း၏အမြင်အရ တောင်းဆိုချက်သည် အလွန်ရိုးရှင်းသည် မဟုတ်သော်ငြား အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည်ဟူ၍ ဖြစ်သည်။
ထို့ပြင် သူကိုယ်တိုင်သည်လည်း ထျန်းလန်မြောက်ပိုင်းဒေသတွင် ရန်သူများစွာရှိသည်ဖြစ်၏။ မည်သူနှင့်တွေ့သည်ဖြစ်စေ စနစ်၏တောင်းဆိုချက်ကို ဖြည့်ဆည်းနိုင်ပြီး အဆင့်၆သို့ မြှင့်တင်နိုင်ပေသည်။
ယွမ်မင်ဓားဂိုဏ်းနှင့် ထိုသို့သောဆက်နွယ်မှုမျိုးရှိနေလေရာ ယွမ်မင်ဓားဂိုဏ်းကိုအသုံးချ၍ ထျန်းလန်ဒေသသို့ ရှန်ရှန့်ကျုံဂိုဏ်းရောက်ရှိနေပြီဖြစ်ကြောင်းကို ထျန်းလန်ဒေသတစ်ခွင်သိစေရန် ကြေညာလိုက်ပေမည်။
“စနစ် တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်၄ခုကို ပေါင်းပြီးဆင့်ခေါ်မယ်”
ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။ မိမိ၌ တာ့အိုဝိဉာဉ်အထွတ်အထိပ်အဆင့်အား ယှဉ်နိုင်သည့် အကြီးအကဲသုံးဦးရှိနေပါသော်ငြား ဝမ်ဖုန်းသည် ထိုမျှဖြင့် မလုံခြုံနိုင်သေးဟု ခံစားနေရပေသည်။ ဆင့်ခေါ်ရန်အခွင့်အရေးရှိနေသေးသည်ဖြစ်ရာ နောက်တစ်ဦး ထပ်မံဆင့်ခေါ်လိုက်ခြင်းဖြင့် လုံခြုံမှုအာမခံကို တိုးမြှင့်လိုက်ပေမည်။
“ဒင်! ယန်ကွမ်းထူအား ဆင့်ခေါ်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို ကြည့်ပါမလား”
စိတ်ထဲမှထွက်ပေါ်လာသည့် အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း အံ့အားသင့်သွားခဲ့သည်။ မိမိမှာ ထိုတစ်ယောက်ကို ဆင့်ခေါ်မိခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။
ယန်ကွမ်းထူသည် နံပါတ်တစ်သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ယန်ကွမ်းထူသည် သိုင်းပညာရှင်များစွာတို့၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်ငြား သူ၏ခန္ဓာကိုယ်မှ စွန့်ခွာနိုင်ခဲ့ပြီးနောက် ၁၅နှစ်အကြာတွင် သူ၏မူလစွမ်းရည်တစ်ဝက်ခန့်သာ ကျန်ရှိနေခဲ့သော်ငြား လောကနံပါတ်တစ်သိုင်းပညာရှင်ကြီး ဖြစ်နေဆဲပင်။
ယန်ကွမ်းထူ၏ အကောင်းဆုံးသော အောင်မြင်မှုမှာ ဗုဒ္ဓနှင့်တာ့အိုသိုင်းပညာရပ် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အထူးလေ့ကျင့်လိုက်စားနိုင်ခြင်းဖြစ်သည်။ သူ၏ရှားပါးလှသော သိုင်းပညာအထုံပါရမီဖြင့် ဆန့်ကျင်ဘက်လုံးလုံးဖြစ်သော ပညာရပ်နှစ်ခုကို ပေါင်းစည်းခဲ့ပြီး ပညာရပ်တစ်ခုချင်းမှ ချို့ယွင်းချက်များကို ဖြည့်စွက်ပြည့်စုံစေခဲ့ကာ ပညာရပ်တစ်ခုချင်းမှ အားသာချက်များကိုလည်း သင်ယူလေ့လာခဲ့သည်။ သူ၏အောင်မြင်မှုသည် အံ့ချီးဖွယ်ဖြစ်ပါ၏။
“စစ်ဆေးမယ်”
ထိုအတွေးတွင် ဝမ်ဖုန်း၏မျက်လုံးများမှာ အာရုံစူးစိုက်ခြင်းဖြင့် တောက်ပသွားကာ တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။
“ဒင်! ယန်ကွမ်းထူ၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည်: ယန်ကွမ်းထူ
ဂုဏ်ပုဒ်: လောကနံပါတ်တစ်အရူး၊ လောကနံပါတ်တစ်လူသန်ကြီး၊ သိုင်းပညာရပ်တွင် နံပါတ်တစ်ဆန်းသစ်တီထွင်သူ
ကျင့်ကြံဆင့်: တာ့အိုနန်းတော်အထွတ်အထိပ်အဆင့်
ရုပ်ခန္ဓာ: ရူးသွပ်ခြင်းအရှင်သခင်
သွေးမျိုးဆက်: မင်းဆိုးမင်းညစ်၏သွေးမျိုးဆက် (ရူးသွပ်ခြင်းအရှင်သခင်သွေးမျိုးဆက်)
တာ့အို: ရူးသွပ်ခြင်း၊ ကြီးစိုးခြယ်လှယ်ခြင်း
ဆန်းကြယ်သိုင်းကွက်များ: ချိပ်တံဆိပ်တော်ကြီး၊ ဗုဒ္ဓမိုးကြိုးသွား၊ တောင်တန်းထောင်ချီထပ်တူဖြစ်ခြင်း၊ မီးတောက်သို့ဖြတ်ကျော်ခြင်း၊ ရွှမ်ထျန်းရွှေနက်လက်ဝါး၊ ကျောက်စိမ်းကျောက်မျက်အား လောင်ကျွမ်းစေ၊ ကျူတစ်စဖြင့် မြစ်ကိုကျော်ဖြတ်ခြင်း၊ အနန္ဒာလက်ချောင်းသိုင်း၊ ဆက်နွယ်လက်ချောင်းသိုင်း။
ထူးခြားစွမ်းအင်များ: ပေါရဲ့ချန်၊ ကျို့ကျွမ်းရွှမ်ကုန်း။
လက်နက်: ရူးသွပ်ဓားရှည်”
“မှတ်ချက်: ယန်ကွမ်းထူမှ ရူးသွပ်ခြင်းအရှင်သခင်ခန္ဓာနှင့် ရူးသွပ်ခြင်းအရှင်သခင်သွေးမျိုးဆက်အား တစ်ပြိုင်တည်း အသုံးပြုလျှင် တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် တာ့အိုအဆင့်ကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်သတ်ဖြတ်နိုင်သည်”
ယန်ကွမ်းထူ၏စွမ်းရည်ဇယားကို ကြည့်ရှုပြီးနောက် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယန်ကွမ်းထူ၌ ရူးသွပ်ခြင်းအရှင်သခင်ရုပ်ခန္ဓာ ရှိနေသည်ဖြစ်ရာ ဝမ်ဖုန်းအနေဖြင့် ယန်ကွမ်းထူအား သူ၏ရုပ်ခန္ဓာကို အလွယ်တကူ အသက်သွင်းစေ၍ လူသတ်စေခြင်းငှာ မဝံ့ရဲပါချေ။
“ဂိုဏ်းချုပ် ဒါတွေက ယွမ်ဖုန်းမြို့သခင်စံအိမ်တော်ရဲ့ ပိုင်ဆိုင်မှုအကုန်ပါပဲ”
ထိုအချိန်၌ တုကူကျန်းတို့ ပြန်ရောက်လာခဲ့ကာ ဝမ်ဖုန်းအား သိုလှောင်လက်စွပ်၁၀ကွင်း ပေးအပ်၏။
ဝမ်ဖုန်း ခေါင်းညိတ်၍ လက်စွပ်များကိုယူရန် လက်ဆန့်ထုတ်လိုက်သည်။ ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ ပျော်ရွှင်ဝမ်းမြောက်မှုဖြင့် လင်းလက်သွား၏။ ဤသိုလှောင်လက်စွပ်၁၀ကွင်းမှာ ယခင်က ရှေးဟောင်းကမ္ဘာတွင် ရရှိခဲ့သည်ထက် များစွာပို၍သာလွန်ပေသည်။ ယွမ်ဖုန်းမြို့သခင်စံအိမ်မှ ယူဆောင်လာခဲ့သည်ဟု မဆိုရပေ။
ထိုသိုလှောင်လက်စွပ်၁၀ကွင်းအတွင်း၌ အဆင့်နိမ့်စွမ်းအင်ကျောက်တုံးများ တောင်တစ်လုံးအလား စုပုံနေကာ အလယ်အလတ်အဆင့် စွမ်းအင်ကျောက်တုံးများသည်လည်း ထောင်ချီရှိပေသည်။ အခြားသော တာ့အိုဆေးလုံးများမှာမူ မရေမတွက်နိုင်ပေ။
ချမ်းသာကြွယ်ဝမှု၏လှိုင်းလုံးကြီးပင်!
ဤသည်မှာ ယွမ်ဖုန်းမြို့၏မြို့သခင်စံအိမ်တော်၌ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ချမ်းသာကြွယ်ဝမှုများဖြစ်သည်။ တကယ့်ကို ထိပ်တန်းဂိုဏ်းကြီးမှ ကျောထောက်နောက်ခံရှိနေခြင်း၏ အကျိုးရလဒ်ကောင်းဖြစ်ပါ၏။ ဤသို့သော အစွန်အဖျားသော မြို့ငယ်လေး၌ပင် ဤမျှသော ချမ်းသာကြွယ်ဝမှုကို စိုက်ပျိုးရိတ်သိမ်းနိုင်လေသည်။
အဝေးရှိ တုန်လှုပ်နေကြသည့် ယွမ်ဖုန်းမြို့မှ ကျင့်ကြံသူများကို ဝမ်ဖုန်း တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် လျစ်လျူရှုလိုက်၏။ ဝမ်ဖုန်း လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်သည်။
“သွားစို့”