← Chapters

ယဲ့ရှီးပိုင်နှင့် တုကူချိုးပိုင်၏ ယှဥ်ပြိုင်ပွဲ။

Vol. 15 Ch. 210

ယဲ့ရှီးပိုင်နှင့် တုကူချိုးပိုင်၏ ယှဥ်ပြိုင်ပွဲ။

Vol. 15 Ch. 210

ထိုမြင်ကွင်းကြောင့် ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းတစ်စ တောက်ပသွားလျက် တိုက်ခိုက်ပွဲကို အာရုံစူးစိုက်စွာကြည့်နေသည့် တုကူကျန်းတို့အား လှည့်ကြည့်၍ ပြောလိုက်သည်။

“တုကူကျန်း မင်း ရှင်းဖုန်းသားရဲဆီကိုသွားပြီး အဲ့ကောင်ခန္ဓာကိုယ်ထဲက ဝိဉာဉ်ပုလဲအမြုတေကို ဆွဲယူလိုက်”

“တုကူချိုးပိုင် မင်းက အဲဒီ့ယဲ့ရှီးပိုင်နဲ့ တိုက်ခိုက်လိုက်။ စစ်မှန်တဲ့ဓားသိုင်းပညာဆိုတာကို ပြသပေးလိုက်ပေါ့။ ကျန်းစန်ဖုန်း မင်းက အဲဒီ့ယဲ့ရှီးပိုင်ရဲ့ အစေခံလေးယောက်ကို ထိန်းထား”

ဝမ်ဖုန်း၏တာဝန်ပေးမှုကြောင့် ကျန်းစန်ဖုန်းတို့သည် နှုတ်ခမ်းထောင့်များတွန့်ကွေး၍ ပြုံးလိုက်ကြ၏။ ဂိုဏ်းချုပ်သည် သူတို့၏ဂိုဏ်းချုပ်ဖြစ်ရန် ထိုက်တန်လှသည်။ အစီအစဉ်များမှာ အချိန်ကိုက်လွန်းလှသည် မဟုတ်ပါလော။

ကျန်းစန်ဖုန်းတို့သုံးဦးမှ တစ်ပြိုင်နက်တည်း ခေါင်းညိတ်၏။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိ ‌လျင်မြန်စွာထွက်ခွာသွားကြသည်။

ကျန်းစန်ဖုန်းတို့၏ နောက်ကျောကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်လုံးများမှာ တောက်ပနေခဲ့၏။ ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ အင်အားကို ယုံကြည်ပါသည်။ သူတို့၏ကျင့်ကြံမှုသည် ယဲ့ရှီးပိုင်ထက် မမြင့်မားသော်ငြား သူတို့အားလုံး၌ ယဲ့ရှီးပိုင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် သို့မဟုတ် အနိုင်ယူရန် စွမ်းရည်အလုံအလောက်ရှိပေသည်။

ဘုန်း!

ကျန်းစန်ဖုန်းတို့ ထွက်ခွာသွားကြချိန်.. တိုက်ပွဲနေရာ၌ ယဲ့ရှီးပိုင်၏ဓားသည် ရှင်းဖုန်းသားရဲအား ခုတ်ပိုင်းလိုက်လေသည်။ နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးသည် လောကတစ်ခွင် ပဲ့တင်ထပ်မြည်ဟီးသွား၏။

လေဟာပြင်ကြီးမှ တစ်လက်မစီ ဖြေး‌ေဖြးချင်း ပြိုကွဲကျလာနေသည့်မြင်ကွင်းမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်လေသည်။ ၎င်းမြင်ကွင်းမှာ လောကကြီးတစ်ခုလုံး ပြိုကျပျက်စီးတော့မည့်အလား မြင်ရသူတို့အား ကူကယ်ရာမဲ့ဖြစ်စေနိုင်၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြိုကျပျက်စီးသည့် နောက်ခံမြင်ကွင်းအောက်၌ ယဲ့ရှီးပိုင်သည် ပေါက်ကွဲသည့်မြင်ကွင်းကို စောင့်ကြည့်မနေဘဲ အရေးမထားဟန်ဖြင့် လှည့်ထွက်သွားခဲ့သည်။ ယဲ့ရှီးပိုင်မှ လက်ကို အသာအယာဝှေ့ယမ်း၍ ပြော၏။

“ရွှယ်ဖေး ဝိဉာဉ်ပုလဲအမြုတေ သွားယူလိုက်”

ထိုစကားလုံးများသည် ‌ကျယ်လောင်သောပေါက်ကွဲသံအောက်တွင် ဖုံးကွယ်သွားခဲ့သည်။ သူတို့၏အမူအရာသည် ယဲ့ရှီးပိုင်၏ဓားချက်ကို မည်မျှယုံကြည်မှုရှိကြောင်း ပြသနေလျက် အကန့်အသတ်မဲ့ယုံကြည်ချက်ရှိခြင်းမှာ သိသာမြင်သာနေ‌တော့သည်။

ယဲ့ရှီးပိုင် အမည်ကျော်ကြားခဲ့ချိန်မှစ၍ သူနှင့်ကျင့်ကြံဆင့်တူညီသူ မည်သူမျှ သူ၏ထိုဓားချက်ကို ခုခံဟန့်တားနိုင်စွမ်း မရှိခဲ့ချေ။ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ သားရဲလည်း အပါအဝင်ဖြစ်၏။ ၎င်းယုံကြည်ချက်မှာ မရေမတွက်နိုင်သော တိုက်ခိုက်မှုများမှ ရရှိခဲ့သည့် မျက်လုံးဖြင့်မမြင်နိုင်သော ယုံကြည်မှုဖြစ်သည်။

“ဟုတ်ကဲ့ သခင်လေး!”

ရွှယ်ဖေး၏မျက်လုံးလှလှလေးများတွင် လေးစားသည့်အငွေ့အသက်များ ထင်ဟပ်နေလျက် ခေါင်းညိတ်ခဲ့သည်။ ရွှယ်ဖေးမှ ဝိဉာဉ်ပုလဲအမြုတေကို ယူဆောင်ရန် ပေါက်ကွဲသည့်နေရာသို့ သွားရန်အတွက် ခန္ဓာကိုယ်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်လုံးများ မှေးကျဉ်းသွားကာ တစ်ကိုယ်လုံး တောင့်ခဲသွား၏။

ကနဦး၌ ဝေါယာဉ်သို့ပြန်သွား၍ သူ၏ဇနီးငယ်လေးနှစ်ဦးအား ဆက်လက်ပွေ့ဖက်ဟန်ပြင်နေသည့် ယဲ့ရှီးပိုင်သည်လည်း ရပ်တန့်သွားရကာ မျက်လုံးများမှာ အေးစက်သည့်အငွေ့အသက်များ ထင်ဟပ်သွားလျက် ပြန်လှည့်ကြည့်လာခဲ့သည်။

တုကူချိုးပိုင်နှင့် ကျန်းစန်ဖုန်းတို့သည် လေဟာပြင်မှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြလျက် ယဲ့ရှီးပိုင်အား ‌ထိုးမှိုင်းလေးတွဲစွာဖြင့် ကြည့်နေခဲ့သည်။ သူတို့သည် ယဲ့ရှီးပိုင်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို မြင်တွေ့ခဲ့‌ကြသော်ငြား၊ သူတို့၏ကျင့်ကြံဆင့်သည် ယဲ့ရှီးပိုင်ထက် မမြင့်မားကြသော်ငြား.. သူတို့မှာ ‌စိတ်အေးသက်သာမှု ရှိနေဆဲပင်ဖြစ်၏။

ထိုအချိန်၌ ကျန်းစန်ဖုန်းနှင့် တုကူချိုးပိုင်တို့နှစ်ဦးတွင် အားကောင်းသည့်အရှိန်အဝါတို့ ရှိမနေခဲ့ပါ။ သို့သော် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များ၏ ပင်ကိုစရိုက်အရှိန်အဝါကိုမူ တစ်ချက်ကြည့်ရုံဖြင့် ခံစားနိုင်ပေသည်။ သာမန်လူများအနေဖြင့် ဤလူနှစ်ဦး၏ပုံပန်းသွင်ပြင်အား တစ်ချက်ကြည့်လိုက်မိရုံဖြင့်ပင် လျစ်လျူမရှုနိုင်ဘဲ ရှိချေလိမ့်မည်။

“ငါယဲ့ရှီးပိုင်က တစ်နေ့မှာ ရေတိုအကျိုးကိုကြည့်ပြီး နောက်ကွယ်ကအန္တရာယ်ကို မမြင်နိုင်တဲ့သူဖြစ်လာရမယ်လို့ မမျှော်လင့်ထားမိဘူးပဲ”

ယဲ့ရှီးပိုင်သည် တုကူချိုးပိုင်အားကြည့်၍ မိမိကိုယ်ကို လှောင်ရယ်လေသည်။

“ဝိဉာဉ်ပုလဲအမြုတေကို ရှန်ရှန့်ကျုံဂိုဏ်းက အလိုရှိတယ်”

တုကူချိုးပိုင်မှ ဘွင်းဘွင်းရှင်းရှင်းပြော၏။ သူ၏အသံအနေအထားမှာ ရန်လိုခြင်း အလျဉ်းမရှိချေ။ တုကူချိုးပိုင်မှာ အမှန်တရားကိုသာ ပြောပြနေခြင်းဖြစ်ပါ၏။

“ရှန်ရှန့်ကျုံဂိုဏ်း?”

တုကူချိုးပိုင်၏စကားအဆုံးတွင် ယဲ့ရှီးပိုင်သာမက သူ၏အစေခံလေးဦးသည်လည်း အံ့အားသင့်သွားကြ၏။ သူတို့သည် ယဲ့ရှီးပိုင်နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါ၍ ဤထျန်းလန်မြောက်ပိုင်းဒေသတစ်ခွင်ကို လှည့်လည်သွားလာခဲ့ဖူးပေသည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းဟူသောအမည်ကို တစ်ကြိမ်တစ်ခါသောမျှ မကြားခဲ့ဖူးပါချေ။

“မင်းအနေနဲ့ ပြစ်မှားစော်ကားဖို့ မတတ်နိုင်တဲ့ အင်အားစုပဲ”

“ဟားဟားဟားး!”

တုကူချိုးပိုင်၏ ထိုစကားအဆုံးတွင် ယဲ့ရှီး‌ပိုင်သည် ကောင်းကင်သို့‌ဦးမော့လျက် မျက်ရည်ကျလုနီးပါး အချိန်အတော်ကြာရယ်မောလေသည်။ ဤစကားမှာ သူ‌ကျော်ကြားခဲ့ပြီးနောက်အချိန်များအတွင်း ကြားခဲ့ရသည်များတွင် အရယ်ရဆုံးသောဟာသဖြစ်၏။

ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးတွင် သူစော်ကားပြစ်မှားရန် မတတ်နိုင်သည့် အင်အားစုဟူ၍မရှိပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းဖြစ်လျှင်သော်မှ သူ့အား မျက်နှာသာပေးရမည်ဖြစ်လေရာ ဤလူမသိသူမသိ ရှန်ရှန့်ကျုံဂိုဏ်းလေးကို စော်ကားပြစ်မှားရန်မတတ်နိုင်ဟူသည် ဖြစ်နိုင်ပါ၏လော?

“ခစ်ခစ် ကျွန်မတို့ရဲ့သခင်လေးက ဘယ်သူလဲဆိုတာရော သိရဲ့လား”

အစိမ်းရောင်ဝတ်စုံဖြင့် အမျိုးသမီးသည် တုကူချိုးပိုင်အား ကျီစယ်ဟန်ဖြင့်ကြည့်လျက် ပါးစပ်ကိုဖုံးအုပ်ကာ တစ်ခစ်ခစ်ရယ်မောလေသည်။ သူမတို့သခင်လေး၏ ဤထျန်းလန်မြောက်ပိုင်းဒေသ၌ အောင်မြင်မှုသည် ကျန်သခင်လေး၅ဦး၏ အမည်နာမဖြင့်သော်မှ ယှဉ်နိုင်သည်မဟုတ်ချေ။

“အရင်က တာ့အိုနက်နဲမှုအထွတ်အထိပ်အဆင့်ဖြစ်ခဲ့တဲ့ ယဲ့ရှီးပိုင်ဟာ ချမ်းသာခြင်းလမ်းစဉ်ကို ဆက်ခံရရှိပြီးနောက်မှာ အထက်ကိုတက်လှမ်းနိုင်ခဲ့တယ်။ ချမ်းသာခြင်းလမ်းစဉ်ကိုအခြေတည်ပြီး သူ့ရဲ့ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ကို သိရှိနားလည်သွားခဲ့တယ်။ ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်ကို အရင်းခံပြီး ပါရမီရှင်၆ဦးရဲ့ကျင့်ကြံမှုကိုစုပ်ယူပြီး ထျန်းလန်မြောက်ပိုင်းဒေသမှာ အမည်ကျော်ကြားလာခဲ့တယ်”

တုကူချိုးပိုင်မှ ထိုစကားများကို ဂရုမထားဟန်ပြောလာခဲ့သည်တွင် ယဲ့ရှီးပိုင်နှင့် အစေခံလေးဦး၏ မျက်လုံးတို့မှေးကျဉ်းသွား၏။ အံ့အားသင့်မှုများလည်း မျက်နှာထက်တွင် ထင်ဟပ်လာခဲ့သည်။

အထူးသဖြင့် ယဲ့ရှီးပိုင်ဖြစ်သည်။ သူ၏နှလုံးအိမ်မှာ ယောက်ရက်ခတ်သွား၏။ သူ၏အချက်အလက်များကို သိရှိနေခြင်းမှာ အံ့အားသင့်ဖွယ်မဟုတ်ပါချေ။ ခြုံငုံလိုက်ပါလျှင် မိမိမှာ ဤထျန်းလန်မြောက်ပိုင်းဒေသ၏ အကျော်အမော်တစ်ဦးမဟုတ်ပါလော။ သို့သော် ထိုလူသည် သူ၏ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်၏ အနှစ်သာရကို သိရှိနေခဲ့သည်။ ၎င်းအကြောင်းအရာမှာ သူ၏အစေခံလေးဦးနှင့် အစောင့်အရှောက်သာ သိထားသည့်အရာဖြစိ၏။

ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည်ပင် သူ၏ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်၏ အနှစ်သာရကို မရှာဖွေနိုင်ခဲ့ချေ။ ဤလူမသိသူမသိ ရှန်ရှန်ကျုံဂိုဏ်းသည် မိမိအကြောင်းကို အသေးစိတ်သိရှိနေခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏အကြောင်းကိုမူ မိမိမှာ အနည်းငယ်မျှ သိရှိခြင်းမရှိပေ။

သို့ဖြစ်ရာ ယဲ့ရှီးပိုင်သည် ရှန်ရှန်ကျုံဂိုဏ်းအား အလွန်စိတ်ဝင်စားသွားတော့သည်။ ဤထျန်းလန်မြောက်ပိုင်းဒေသတစ်ခွင်၌ ယဲ့ရှီးပိုင်၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

“စိတ်ဝင်စားစရာပဲ.. ဒါက ငါသခင်လေးကို ပထမဆုံးအကြိမ် သိချင်စိတ်ဖြစ်မိစေတာပဲ။ ခင်ဗျားတို့ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလိုထောင်လွှားနိုင်တဲ့ အင်အားရှိလားဆိုတာ ကြည့်ပါရစေ”

မိမိမှာ အနည်းငယ်သတိကပ်သည့် အခြေအနေဖြစ်သွားခဲ့ရသော်ငြား ယဲ့ရှီးပိုင်သည် ခံစားချက်ကင်းမဲ့သည့် မျက်နှာအမူအရာဖြင့်သာ လှောင်ရယ်ခဲ့၏။

“ဓားကိုအသုံးပြုတယ်ဆိုတာနဲ့ပဲ ဓားသိုင်းပညာရပ်ကို သိမြင်နားလည်တယ်လို့ မဆိုလိုဘူး။ ဓားသိုင်းပညာရပ်ဆိုတာ ဘယ်လိုမျိုးလဲ နားလည်သွားအောင် ငါမင်းကိုပြသပေးမယ်”

တုကူချိုးပိုင်မှ ယဲ့ရှီးပိုင်အား ခပ်သာသာပြော၏။

တုကူချိုးပိုင်ဟူသည် ရန်သူကို ကြောက်ရွံ့ခြင်းမရှိ၊ ကြောက်ရွံ့စေနိုင်သည့် ရန်သူဟူ၍လည်း မရှိချေ!

ယဲ့ရှီးပိုင်သည် ဓားကိုအသုံးပြုသော်ငြား ဓားသိုင်းပညာရပ်၏ စစ်မှန်‌ေသာအနှစ်သာရကို နားမလည်သည်မှာ နှမြောတသဖွယ်ကောင်းလှသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏အစေခံမလေးနှစ်ဦးသည် ဓားကိုအသုံးပြုရာ၌ ပိုမိုကောင်းမွန်နေ၏။

“တကယ့်ကို ဒီသခင်လေးအထူးပြုတာက ဓားသိုင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီထျန်းလန်မြောက်ပိုင်းဒေသတစ်ခွင်မှာ ဒီသခင်လေးရဲ့ဓားစွမ်းရည်ကို သာလွန်တဲ့သူက အနည်းစုပဲရှိတာရယ်။ သိသိသာသာပဲ အဲဒီ့လူနည်းစုထဲမှာ ခင်ဗျား မပါနိုင်ဘူး”

ယဲ့ရှီးပိုင်မှ တုကူချိုးပိုင်အား လှောင်ရယ်လျက် ပြော၏။

ဘုန်း!

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ယဲ့ရှီးပိုင်၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်များ ဖြာထွက်လာခဲ့သည်။ ယဲ့ရှီးပိုင်သည် ငွေဒင်္ဂါးတစ်ပြားကို ဖန်ဆင်းလိုက်ပြီးနောက် သူ၏လက်ထဲရှိ ဓားရှည်တွင် ကပ်လိုက်သည်။ ဓားရှည်ထက်မှ ထက်ရှသည့်ဓားရောင်ခြည်မှာ တောက်ပထွန်းလင်းလာခဲ့၍ လေဟာပြင်ကြီးအား ထိုးဖောက်သွားလေသည်။

လက်ရှိတွင် ယဲ့ရှီးပိုင်သည့် သိုဝှက်ထားသည့်အရည်အချင်းတို့ကို ထုတ်သုံးခြင်းဖြစ်၏။ တုကူချိုးပိုင်အား စိတ်အေးသက်သာဟန်ဖြင့် စကားပြောနေခဲ့သော်ငြား သူ၏စိတ်နှလုံးမှာမူ တုကူချိုးပိုင်မှာ သေလူဖြစ်နေခဲ့လေပြီ။ ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း အမြစ်ဖြတ်သုတ်သင်ပစ်ပေမည်။

ထိုဂိုဏ်းသည် ချမ်းသာကြွယ်ဝမှုစွန့်ကြဲခြင်းလမ်းစဉ်၏ အနှစ်သာရကိုသိရှိနေလေရာ ကျိန်းသေပေါက် သေဆုံးရပေမည်!

ယဲ့ရှီးပိုင်သည် ဓားရှည်ကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ခုတ်ပိုင်းလိုက်၏။ အနှိုင်းမဲ့လျင်မြန်စွာသောအရှိန်နှုန်းဖြင့် ကြောက်မက်ဖွယ်ဓားရောင်ခြည်သည် ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး တုကူချိုးပိုင်သို့ ဦးတည်သွား၏။ ဓားရောင်ခြည်ဖြတ်သန်းရာတစ်လျှောက်၌ မည်းနက်သောအက်ကွဲကြောင်းကြီး ကျန်ရစ်ခဲ့လေသည်။

ယဲ့ရှီးပိုင်၏ ‌ကြောက်မက်ဖွယ်ဓားချက်ဖြင့် ရင်ဆိုင်ရသည်တွင် တုကူချိုးပိုင်၏မျက်နှာအမူအရာသည် အပြောင်းအလဲမရှိချေ။ လက်ကို ဖြေးညင်းစွာဆန့်ထုတ်၍ ဓားလက်ဝါးအဖြစ် ဖန်တီး၍ ပစ်လွှတ်လိုက်၏။ ၎င်းမှာ သူ၏ အားအကောင်းဆုံးသော ဓားသိုင်းပညာရပ်အဆင့်ဖြစ်သည်။ ဓားသဏ္ဍာန်မရှိသည့် ဓားသိုင်းဖြစ်၏!

All Chapters