← Chapters

ဖန်းကွမ်း၏စစ်တလင်း

Vol. 31 Ch. 453

ဖန်းကွမ်း၏စစ်တလင်း

Vol. 31 Ch. 453

ဝမ်လင်းက သူ့အတွက် အဓိပ္ပါယ်မရှိသောကြောင့် ဂိမ်းများကို သိပ်ဂရုမစိုက်ခဲ့ပေ။

သူ့အမြင်အရ သာမန် ကစားသမားတွေက သူတို့၏ ဇာတ်ကောင်တွေ ဖွံ့ဖြိုးလာဖို့အတွက် အချိန်ဘယ်လောက်ပင် ကုန်ခဲ့ပါစေ.. ကနဦး၌ သူတို့ရရှိခဲ့သည့် 6 HNY တန် လက်ဆောင်ထုပ်ကြီးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

လူသားများ အနေဖြင့် ပိုက်ဆံကို မည်သည့်နေရာမှာ စိစစ်သုံးစွဲသင့်လည်း သိသင့်သည်။

ဘဝတွင် စေ့စေ့စပ်စပ် စီမံခန့်ခွဲခြင်း နှင့် ဂရုတစိုက် စိစစ်ခြင်း တို့မှာ အရေးကြီးသည်။

ဝမ်လင်းကို မုန့်ဖိုးဖြတ်ရန်အတွက် ဖေဖေဝမ်က သေးငယ်သော ဆင်ခြေမျိုးစုံကို အသုံးပြုခဲ့သည်။

ယင်းအတွက် ဝမ်လင်းက စိတ်မကောင်း ဖြစ်မိခဲ့သည်။

ထို့အပြင် ကျင့်ကြံခြင်း စွမ်းရည်ကို အသုံးပြု၍ အပိုဝင်ငွေမရှာရန် မိဘများနှင့် သဘောတူညီမှု ယူခဲ့ရသည်။

ဝမ်လင်းက ဤအကြောင်းပြချက်ကို နားလည်သည်။

သိုသိုသိပ်သိပ် နေထိုင်ရန်အပြင် သူ့မိဘများ အလိုရှိသည့် တစ်ခုတည်းသော တောင်းဆိုချက်မှာ အသုံးအစွဲ စိစစ်ရန် ဖြစ်သည်။

ယင်းက အသက်ဆယ့်ခြောက်နှစ် အရွယ် ဆယ်ကျော်သက်တစ်ယောက် လုပ်သင့်သည့် အရာတစ်ခုပင် မဟုတ်လော။

ထို့ကြောင့် ဝမ်လင်းက အွန်လိုင်း ဝယ်ယူမှုများတွင် ပို့ဆောင်ခကို ထည့်ပေးရန် တွန့်ဆုတ်နေခဲ့ခြင်းပင်။

ဝမ်မောင်နှံက သူဘွဲ့ရပြီးသည့် နောက်တွင် လူ့အသိုင်းအဝိုင်း၌ အေးအေးဆေးဆေး နေထိုင်နိုင်ရန် ငွေကြေးအလုံအလောက်ရှိအောင် ချွေတာစေလိုခြင်း ဖြစ်သည်။

ပိုက်ဆံကို သုံးစွဲသင့်သည့် နေရာတွင်သာ စိစစ် သုံးစွဲသင့်သည်။

ဂိမ်းကစားတဲ့အခါ ပိုက်ဆံကို စိစစ်သုံးစွဲသင့်၏။

(ခြွင်းချက် ခေါက်ဆွဲခြောက်အကြွပ်ကြော် မပါ)

အဆာပြေမုန့် ဝယ်စားသည့်အခါ ပိုက်ဆံကို စိစစ်သုံးစွဲသင့်၏။(ခေါက်ဆွဲခြောက် အကြွပ်ကြော် မပါ)

အချိုရည်ဝယ်သည့်အခါ ပိုက်ဆံကို စိစစ်သုံးစွဲသင့်၏။

(ခေါက်ဆွဲခြောက် အကြွပ်ကြော် မပါ)

.................

ဝမ်လင်းက ဂိမ်းနှင့် သိပ်မထိတွေ့ခဲ့သော်လည်း လူကြီးတွေနှင့် ယှဉ်လျှင် လူငယ်တွေက အသစ်အဆန်းများနှင့် လိုက်လျောညီထွေ ပိုဖြစ်လွယ်သည်ကို သတိထားမိသည်။

ဖန်းကွမ်းက ကွန်ပျူတာနှင့် ပတ်သက်၍ အချိန်အတော်ကြာ သင်ခဲ့ရခြင်းမရှိပေ။

ထို့ကြောင့် ပရော်ဖက်ရှင်နယ် ကစားသမား အများအပြားနှင့် ယှဉ်လျှင် သူ၏ အဆင့်အတန်းက မတရား နိမ့်ကျနေမှန်း ဖန်းကွမ်း ကောင်းကောင်း သိသည်။

သူက ဖျော်ဖြေရေး တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်ပြီး သူ၏ စွမ်းရည်များကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

ကျွန်းတစ်ကျွန်းပေါ်မှ အွန်လိုင်းဖျော်ဖြေသူ တစ်ဦး အကြောင်း ကြားပြီးနောက် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းသို့ လူသစ် အများအပြား ဝင်ရောက်လာခဲ့ကြောင်း စခရင်ပေါ်ရှိ မက်ဆေ့ချ်များမှ တဆင့် ဝမ်လင်း သိရှိခဲ့သည်။

တကယ်တမ်းတွင် လူတော်တော်များများက ဖန်းကွမ်၏ ဂိမ်းစွမ်းရည် မည်မျှ ကောင်းမွန်လဲ ဆိုသည်ကို စိတ်မဝင်စားကြပေ။

အဓိကအချက်မှာ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ဖန်းကွမ်းက သူ့ပတ်ဝန်းကျင်မှ အကြေင်းအရာ မျိုးစုံကို တင်ဆက်နေ၍ ဖြစ်သည်။

နံနက် ရှစ်နာရီမှ ဆယ်နာရီအထိသည် ဖန်းကွမ်း၏ ကျွန်းပေါ်၌ ရှင်သန်ရေးအပိုင်း ဖြစ်သည်။

သူက တောရိုင်း ပတ်ဝန်းကျင်တွင် အသက်ရှင်ရန်အတွက် မှော်ရတနာ အမျိုးအစား အားလုံးကို လက်ဗလာဖြင့် ဖန်တီးပုံအား သရုပ်ပြမည် ဖြစ်သည်။

မွန်းတည့်မှ နေ့လည် နှစ်နာရီအထိသည် သူ၏ ကျွန်း အစားအသောက် အပိုင်း ဖြစ်သည်။

သူက ပရိုတင်းဓာတ် ကြွယ်ဝသော တိရစ္ဆာန်များနှင့် အင်းဆက်ပိုးမွှားများကို စားသောက်၍ တောရိုင်းပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရန် ကျွန်း၏သဘာဝအရင်းအမြစ်များအား မည်ကဲ့သို့ အသုံးပြုရမည်ကို သရုပ်ပြသမည် ဖြစ်သည်။

ထို့နောက် ခြောက်နာရီမှ ကိုးနာရီအထိ အချိန်သည် ဖန်းကွမ်း ဂိမ်းကစားသည့် အချိန် ဖြစ်သည်။

ကြည့်ရှုသူအများအပြားသည် မက်ဆေ့ချ်များမှ တစ်ဆင့် သူ့အား ကစားစေလိုသည့် အခြားဂိမ်းများကို ထိုအချိန်တွင် အကြံပြုကြမည် ဖြစ်သည်။

၎င်းတို့ အကြံပြုသည်များကို သူက မှတ်သား၍ နောက်နေ့များတွင် တင်ဆက်ပေးမည် ဖြစ်၏။

................

ဝမ်လင်းက တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ဝင်လိုက်သောအခါ ဖန်းကွမ်းက တစ်နေ့တာ အတွက် ဖျော်ဖြေရေးအားလုံးနီးပါး ပြီးလုနေပြီ ဖြစ်သည်။

သူက ဤနောက်ဆုံးအကျော့တွင် ကံအလွန်ဆိုးခဲ့သည်။

ဆင်းသက်လာပြီးနောက်တွင် အဆင့်တစ် ချပ်ဝတ်တန်ဆာနှင့် ကျောပိုးအိတ်၊ ဓား နှင့် ပတ်တီး ငါးခုသာ တွေ့ရှိခဲ့သည်။

ခမောက်တောင် မရရှိခဲ့ပေ။

ထိုမှတပါး အခြားဘာမျှလည်း ပတ်ဝန်းကျင်၌ မရှိချေ။

ဖန်းကွမ်းက အမြဲတမ်း တစ်ကိုယ်တော် ကစားခဲ့သည်။

သူ့စကေးဖြင့်ဆိုလျှင် ကိုယ်တိုင်ဆော့ရန်ထက် ဘေးကနေ ထိုင်ကြည့်နေသည်က ပိုကောင်းသည်ဟု ဖန်းကွမ်း ခံစားရသည်။

ဤတစ်ခေါက်တွင်လည်း သူ့ကံကြမ္မာက အတော်လေးဆိုးခဲ့သည်။

သူက မြို့စွန်မှ အိမ်ကြီးတစ်အိမ်ကို ဝင်သွားသော်လည်း တကယ်တမ်းတွင် အိမ်ထဲ၌ ဗလာဖြစ်နေသည်။

လူအချို့က သူ့ကို မက်ဆေ့ချ်များတွင် လှောင်ပြောင်ခဲ့ကြသည်။

"ပြီးသွားပြီ.. ပြီးသွားပြီ.. ကျွန်းသခင်က လက်ဆောင်တစ်ခု ပေးတော့မယ်ဟေ့"

[ယင်းက ကစားသမားတွေ အသတ်ခံရပြီးနောက်တွင် သူတို့၏ ပစ္စည်းများ စွန့်လွှတ်ရသည်ကို ရည်ညွှန်းသည်]

"ကျွန်းသခင်ရဲ့ကံက အရမ်းဆိုးတယ်.. သူက မကြာခင်မှာ သေတ္တာတစ်လုံး ဖြစ်တော့မှာပဲ"

ရယ်စရာအကောင်းဆုံးမှာ ဖန်းကွမ်းက အခန်းထဲတွင် တစ်ခုတည်းသော လက်နက်ဖြစ်သော ဆာမူရိုင်းဓားကို ကောက်ယူလိုက်ချိန် ဖြစ်သည်။

ဖန်သားပြင်ပေါ်တွင် ကြည့်ရှုသူများထံမှ Game over ဟူသော မက်ဆေ့ချ်ကိုသာ ထပ်ခါတလဲလဲ ဖော်ပြနေသည်။

ဖန်းကွမ်းက သူ့ကို ရယ်မောနေကြမှန်း သိသည်။

"အင်း...ငါ အချိန်သိပ်မကျန်တော့ဘူး.."

ဖန်းကွမ်းက စိတ်ထဲကနေ တိုးတိုးလေး ညီးညူလိုက်သည်။

သူ့မှာ အချိန်သိပ်မကျန်တော့မှန်း သူသိ၏။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူများကိုလည်း ဤအကြိမ်က နောက်ဆုံးအကြိမ် ဖြစ်မည်ဟု သူက ပြောကြားခဲ့သည်။

သူတကယ်ပဲ အရှက်တကွဲ ဖြစ်သွားတော့မည်လော။

"ဟမ့်.. ဒီလိုတော့ အဖြစ်မခံနိုင်ဘူး"

သူက သုံးနာရီနီးပါး တလွဲတချော် ကစားနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤနောက်ဆုံးအချီတွင် ကြည့်ရှုသူများအတွက် ရှိုးတစ်ခု ပြသရမည် မဟုတ်လော။

ယနေ့ခေတ် တိုက်ရိုက်ထုတ်လွှင့်သည့် ပလပ်ဖောင်းများတွင် ဟက်ကင်း ဆန့်ကျင်ရေး စနစ်များ ပါရှိသောကြောင့် လှည့်စားမှုများ ပြုလုပ်၍မရပေ။

လှည့်စားသည့် တိုက်ရိုက်ထုတ်လွှင့်သူများကို တိုက်ရိုက်ထုတ်လွှင့်သည့် ပလပ်ဖောင်းက ချက်ချင်း ပိတ်ပင်မည် ဖြစ်သည်။

ဖန်းကွမ်းက စည်းမျဉ်းများကို ဖတ်ထား၍ ဤအချက်ကို သေချာစွာ သိရှိခဲ့သည်။

ယင်းအတွက်ကြောင့် လှည့်ဖြား၍ ကစားခြင်းမျိုး မလုပ်ခဲ့ပေ။

သို့သော် သူ့အနေဖြင့် မှော်စွမ်းရည်ကို အနည်းအကျဥ်း သုံးနိုင်လောက်သည်ဟု သူ ခံစားမိသည်။

ဆာမူရိုင်းဓားရှည်ကို လက်ထဲမှာ ကိုင်ထားရင်း သူဘယ်လိုမှော်စွမ်းရည်မျိုး သုံးရမည် ဆိုသည်ကို စဉ်းစားနေခဲ့၏။

ထိုအချိန်တွင် သူက အိမ်ထဲမှာသာ ပုန်းအောင်းနေခဲ့သည်။

ရှင်သန်ခြင်းဂိမ်း အမျိုးအစားတွင် မိတ်ဆွေ နှင့် ရန်သူ၏ တည်နေရာကို ဖော်ထုတ်ရန်က အရေးကြီးသည်။

၎င်းသည် အချို့အတွက် အထူးအရေးကြီးသော အချက်အလက် ဖြစ်သည်။

သို့သော် ကွန်ပျူတာဂိမ်းများသည် ဒစ်ဂျစ်တယ်ဒေတာနှင့် သက်ဆိုင်သည်။

ဖန်းကွမ်းက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်လျှင်ပင်တည်နေရာများကို မြင်နိုင်စေရန် ကူညီပေးနိုင်မည် မဟုတ်သလို အော်ရာကိုလည်း အာရုံခံစားနိုင်မည် မဟုတ်ပေ။

၎င်းက သက်မဲ့ဒေတာများ ဖြစ်၍ အော်ရာ မည်သို့ ရှိနိုင်ပါမည်နည်း။

သူက ယခု အပြင်ထွက်လျှင် ရန်သူများ၏ ပစ်မှတ် ဖြစ်လာလိမ့်မည် ဖြစ်သည်။

ခဏလောက် စဉ်းစားပြီးနောက် ဖန်းကွမ်းက လက်ဟန်တစ်ခုထုတ်ဖော်ကာ အာရုံစူးစိုက်သည့် မှော်စွမ်းရည်ကို သူ့ကိုယ်ပေါ်သို့ သက်ရောက်စေခဲ့သည်။

ယင်းက အခြားသူများ၏ တည်နေရာကို အတိအကျ ဖော်ပြရန် မလုံလောက်သေးသော်လည်း သူ့ကို ပစ်မှတ်ထားလာသည့်အခါ ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

ဤအတွေးကြောင့် ဖန်းကွမ်းက စိတ်ထဲကနေ ရယ်မောလိုက်သည်။

ဂိမ်းတွင် အခြားသူများက ဤမှော်စွမ်းရည်ကို သုံးနေသလား သူ မသိသော်လည်း သူ၏ မှော်စွမ်းရည်ကမူ အမြင့်ဆုံး အဆင့်တွင် ရှိနေသည်။

ဤမှော်စွမ်းရည်ကို အသက်သွင်းလိုက်သောကြောင့် မည်သူမှ သူ့ကို အနိုင်မယူနိုင်တော့ဟု ယုံကြည်သွားခဲ့သည်။

ယခင်ကဆိုလျှင် ဤကမ္ဘာပေါ်၌ သူ့ထက် ပိုငြီးငွေ့စရာကောင်းသော အခြား ပကတိအင်မော်တယ် မရှိဟု ဖန်းကွမ်း လေးနက်စွာ ယုံကြည်ခဲ့သည်။

ဤအခိုက်အတန့်တွင် အောက်ထပ်မှ တံခါးဖွင့်သံ ထွက်ပေါ်လာသည်။

ဖန်းကွမ်းက အရင်ကထက် အာရုံငါးပါး အဆများစွာ ပိုကောင်းမွန်လာသဖြင့် ချက်ချင်း ကြားလိုက်ရ၏။

သူက ဆာမူရိုင်းဓားကို ကိုင်ထားရင်း ကျူးကျော်သူ အပေါ်ထပ်သို့ တက်လာမည်ကို စောင့်ဆိုင်းနေသည်။

ထိုလူ မတုံ့ပြန်ခင်မှာပင် မျက်လုံးရှေ့၌ အရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

တစ်ချက်ထိသည်နှင့် သွေးတစ်ဝက်လျော့သွား၏။

"...???..."

ကစားသမားက ထိတ်လန့်သွားပြီး အရိပ်ကို ပြင်းထန်စွာ ပစ်ခတ်ရန် သူ့သေနတ်ကို ချက်ချင်း မြှောက်လိုက်သည်။

သို့သော် ဖန်းကွမ်း၏ တုံ့ပြန်မှုက မြန်ဆန်လွန်းနေ၏။

သူက ကစားသမား၏ နောက်ဘက်သို့ တိုက်ရိုက်ခုန်ဝင်၍ ဒုတိယမြောက် ဓားချက်ဖြင့် သတ်ပစ်ခဲ့သည်။

ဖန်သားပြင်ပေါ်တွင် အံ့အားသင့်ဖွယ် အာမေဋိတ်များဖြင့် ပြည့်နှက်သွားခဲ့၏။

"ဘာလဲဟ..လခွမ်း.. ဒါကဘယ်လိုကြီးလဲ"

"ဟားဟား.. သေစေလောက်တဲ့ ဆာမူရိုင်းဓားပါလား"

"လခွမ်း.. ကျွန်းသခင် ကျိန်းသေပေါက် တရားမဝင် လှည့်စားမှုတွေသုံးနေပြီ"

"+1"

...................

ဖန်းကွမ်းက မြေပြင်ပေါ်ရှိ သေတ္တာများကို စိတ်ချလက်ချ ရှာဖွေနေစဉ် လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို စိုက်ကြည့်နေကြသည်။

သူ့သတ်လိုက်သည့်သူက ချမ်းသာပုံရ၏။

သူ့တွင် အဆင့်သုံး ကျောပိုးအိတ်၊ ရှေးဦးသူနာပြုပစ္စည်း သုံးခု၊ အချိုရည်နှစ်ခွက်နှင့် အဆင့်နှစ် ဦးထုပ်တစ်လုံး ကျန်ရှိခဲ့သည်။

ဤအရာများကို ကောက်ယူပြီးနောက် သူက အိမ်ကလေးကနေ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

ဖန်သားပြင်တွင် မေးခွန်း အမှတ်အသားများဖြင့် ပြည့်နှက်သွားပြန်သည်။

"...???..."

"ကျွန်းသခင်က သေနတ်မယူသွားဘူးလား"

"အော်တိုမက်တစ် ရိုင်ဖယ်သေနတ်ကို ယူဖို့ မေ့သွားတာလား.. ကျွန်းသခင်"

ဤအချိန်တွင် ဆာမူရိုင်းဓားကို လက်ထဲ ကိုင်ထားသည့် ကျွန်းသခင်က အလွန် ယုံကြည်မှုရှိနေသည်။

"မမေ့ပါဘူး.. ငါ့အတွက် သေနတ်မလိုလို့ပါ"

မက်ဆေ့ချ်များ "...???..."

ဖန်းကွမ်း "ဒီဆာမူရိုင်းဓားကို ငါရကတည်းက ဂိမ်းက ပြီးသွားခဲ့ပြီ"

"ကျွန်းသခင်.. တစ်စုံတစ်ယောက်ကို သတ်နိုင်တာနဲ့ မင်းကိုယ်မင်း အရမ်းသန်မာတယ်လို့ ပြောလို့မရဘူးလေ"

ထိုမက်ဆေ့ချ်ကို မြင်သောအခါ ဖန်းကွမ်းက ဘာမှပြန်မပြောဘဲ လောင်းကစား လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။

[အသက်ဝင်သည်] တိုက်ရိုက်ထုတ်လွှင့်သူသည် လူနှစ်ဆယ် သို့မဟုတ် ထိုထက်ပိုသော အရေအတွက်ကို သေဆုံးစေမည်။

"ယုံလား... မယုံဘူးလား"

ထို့အပြင် ဖန်းကွမ်းက ချက်တင်ခန်း၏ ခေါင်းစဉ်ကိုပါ တိုက်ရိုက် ပြောင်းလဲခဲ့သည်။

[ကျွန်းသခင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်]

[လက်ထဲကို ဆာမူရိုင်းဓား ရောက်လာကတည်းက ဂိမ်းတစ်ခုလုံးသည် ငါ့ဝက်ခြံ ဖြစ်သည်]

All Chapters