တုံ့ပြန်မှု
Vol. 31 Ch. 454
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည် လောင်းကစားလုပ်ဆောင်ချက်များကို ကျွန်းသခင် စတင်ဖွင့်လှစ်လိမ့်မည် သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်း၏ ခေါင်းစဥ်ကို အမှန်တကယ် ပြောင်းလဲပစ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။
[လက်ထဲကို ဆာမူရိုင်းဓား ရောက်လာကတည်းက ဂိမ်းတစ်ခုလုံးသည် ငါ့ဝက်ခြံ ဖြစ်သည်]
[တစ်ချက်ကို Peppa ဝက်တစ်ကောင်ပဲကွ]
{Peppa pig = ချစ်စဖွယ်ကောင်းသော်လည်း ဆရာတအား လုပ်တတ်သော ဝက်ကလေး}
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မက်ဆေ့ချ်များ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
"ဘာလဲဟ လခွမ်း ကျွန်းသခင်.. မင်းဘာလို့ Peppa ဝက်ကို ထည့်ပြောနေရတာလဲ"
"ငါ့ရဲ့ Peppa က သူပြောပုံအတိုင်းဆို MMP လို ဖြစ်နေပြီ"
(MMP သည် ဂိမ်း၏ လှုံ့ဆောင်မှု စွမ်းဆောင်ရည်ကို ခြေရာခံရန်အတွက် တိုင်းတာမှု တစ်ခု ဖြစ်သည်)
"ဆာမူရိုင်းဓားနဲ့ လူနှစ်ဆယ်ကို သတ်မှာလား.. ကျွန်းသခင်.. ဒါက ဓားတိုက်ပွဲလို့များ မင်းထင်နေလား"
"လူတိုင်းက သေနတ်တွေ သုံးနေကြတယ်.. မင်းဘယ်လိုတိုက်ခိုက်နိုင်မှာလဲ"
"လူနှစ်ဆယ် ဒါမှမဟုတ် ဒီထက်မက သတ်ပစ်မယ် ဟုတ်လား.. အဲဒီလောက်လွယ်မယ်ပေါ့လေ"
ကျွန်းသခင်၏ လောင်းကစား လုပ်ဆောင်ချက် နှင့် အခန်း ခေါင်းစဉ်ကြောင့် မက်ဆေ့ခ်ျများ တိုက်ရိုက် ပေါက်ကွဲထွက်လာသည်မှာ ထင်ရှားသည်။
မက်ဆေ့ချ်များကို စိုက်ကြည့်ရင်း အများစုက ကျွန်းသခင်ကို မေးခွန်းထုတ်နေကြဆဲ ဖြစ်ကြောင်း ဝမ်လင်း သဘောပေါက်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်သူ အချို့ပင် ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို အလည်အပတ် ရောက်လာကြသည်။
ယင်းမှာ ကြည့်ရှုသူများကို ပိုမိုဆွဲဆောင်ရန် မခံချိမခံသာ ဖြစ်စေသော ခေါင်းစဉ်ကို အသုံးပြုခြင်းကြောင့်ပင်။
၎င်းအချက်က ဖန်းကွမ်း၏ ထွင်လုံး အလုပ်ဖြစ်မှန်း သက်သေပြနေ၏။
ဖန်းကွမ်းကို လာရောက်ကြည့်ရှုသည့် အဆိုပါ တိုက်ရိုက်ထုတ်လွှင့်သူများ၏ လွှမ်းမိုးမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ကြည့်ရှုသူဦးရေ ဆက်လက် တိုးမြင့်လာကာ လူပေါင်း နှစ်သန်းကျော်မှ 2.8 သန်းအထိ မြင့်တက်လာခဲ့သည်။
ဤအထဲတွင် ကျွန်းသခင်၏ အလင်းရှာဖွေသူဖန်များ နှင့် အခြားသော တိုက်ရိုက် ထုတ်လွှင့်သူများ၏ ပရိသတ်များလည်း ပါဝင်၏။
၎င်းတို့ထဲတွင် ဖျော်ဖြေရေးတစ်ခုလို ပေါ့ပေါ့ပါးပါး ကြည့်ရှုသူများလည်း ပါဝင်နေသည်။
ထိုအချိန်တွင် ဝမ်လင်းက ဖန်းကွမ်းထံ၌ တိုက်ရိုက် ထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ ပါရမီရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ရက်အနည်းငယ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှု ပရိသတ်အရေအတွက်သည် နှစ်သန်းကျော်အထိ ဆက်တိုက် မြင့်တက်လာပြီး လက်ရှိတွင် သုံးသန်းအထိပင် ရောက်ရှိလာပြီ ဖြစ်၏။
အရေးကြီးဆုံးအချက်မှာ ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို သဘောကျကာ "အလင်းရှာဖွေသူများ" ဖြစ်လာမည့် နေ့စဉ်ကြည့်ရှုသူ အသစ်များ ရှိနေခြင်းပင် ဖြစ်သည်။
ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ပထမနေ့မှာပင် လူပေါင်း ရှစ်သိန်းသည် HNY တစ်ဆယ်တန် "အလင်းရှာဖွေသူ" tag ကို ဝယ်ယူပြီးပြီ ဖြစ်သည်။
ယခုအခါ အလင်းရှာဖွေသူ အရေအတွက်သည် စံချိန်များကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်၏။
ချန်းချောင် နှင့် ကော်ဟောက်တို့ မှန်းဆခဲ့သည့်အတိုင်းပင်။
လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှ တိုက်ရိုက် ထုတ်လွှင့်မှုပလက်ဖောင်း၏ စံချိန်ကို ဖန်းကွမ်းက ချိုးဖျက်နိုင်ခဲ့သည်။
ကနဦး အစပြုသည့် တိုက်ရိုက်ထုတ်လွှင့်မှု ပထမအပတ်တွင် ဖန်းကွမ်း ရရှိသည့် အရေအတွက်ကို ယှဥ်နိုင်သည့် အခြားတိုက်ရိုက် ထုတ်လွှင့်သူများ မရှိခဲ့ပေ။
ကံကောင်းခြင်းက အချက်တစ်ချက် ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု စည်းမျဥ်းကို လျင်မြန်စွာ ကျွမ်းကျင်လာသော ဖန်းကွမ်းပေါ်တွင်သာ အဓိက မူတည်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ပထမဆုံး စည်းမျဉ်းကား အဘယ်နည်း။
ယင်းမှာ အပြန်အလှန်တုံ့ပြန်မှု ဖြစ်ခဲ့သည်။
ပရိသတ်များနှင့် အပြန်အလှန် ဆက်ဆံနေစဉ်တွင် တိုက်ရိုက်ထုတ်လွှင့်သူများသည် ဖျော်ဖြေမှုပေးရသည့် အပြင် ခေတ်စားနေသော လက်ရှိဖြစ်ရပ်များ အကြောင်းကို စိတ်ဝင်စားဖွယ် ပြောဆိုနိုင်ရမည် ဖြစ်သည်။
၎င်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြု၍ တိုက်ရိုက်ထုတ်လွှင့်သူများသည် ကြည့်ရှုသူ လူဟောင်းများ အတွက် လတ်ဆတ်နေစေရန် နှင့် တစ်ချိန်တည်းတွင် အသစ်များကို ဆွဲဆောင်နိုင်မည် ဖြစ်ပြီး ၎င်းတို့၏ နယ်ပယ်ကို ချဲ့ထွင်နိုင်မည် ဖြစ်၏။
ဖန်းကွမ်းက ၎င်းကို လုပ်နိုင်ခဲ့မှန်း ထင်ရှားသည်။
ထို့အပြင် ကြည့်ရှုသူများကို ဆွဲဆောင်ရန် "ဗန်းပြထားသည့် ထွင်လုံးများ" အသုံးပြုနည်းကိုလည်း သင်ယူခဲ့သည်။
မက်ဆေ့ချ်များက ယခင်ကကဲ့သို့ မရိုးရှင်းတော့ဘဲ သံသယများစွာဖြင့် ဖော်ပြလာကြသည်။
အခြား တိုက်ရိုက်ထုတ်လွှင့်သူများ၏ ပရိသတ် အများအပြားကလည်း လှုံ့ဆော်သည့် မက်ဆေ့ချ်များကို ပေးပို့နေကြ၏။
သို့သော်လည်း ဖန်းကွမ်းက လုံးဝဂရုမစိုက်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
ပကတိအင်မော်တယ် အဆင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူ တစ်ယောက်အနေဖြင့် တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းတွင် သူ့ကိုဆဲဆိုပြီး သံသယမက်ဆေ့ချ် ပေးပို့နေသူများကို နည်းနည်းလေးမှ အာရုံစိုက်မည် မဟုတ်ပေ။
အဆုံးသတ်တွင် ပရိသတ် အရေအတွက် တိုးလာသည်နှင့်အမျှ ဖောင်းထုသူများကို ရှောင်လွှဲ၍ မရနိုင်ချေ။
တကယ်တမ်းတွင် ဝမ်လင်းက အဆိုပါ ဖောင်းထုသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှု အတွက် အတော်လေး စိတ်ပူနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဖောင်းထုသူ အများစု၏ အကြီးမားဆုံး လက္ခဏာမှာ အွန်လိုင်းပေါ်တွင်သာ ရက်စက်ကြမ်းကြုတ်လေ့ရှိပြီး လက်တွေ့ဘဝတွင် သူရဲဘောကြောင်သူများ ဖြစ်နေသောကြောင့်ပင်။
ဖောင်းထုသူများကို ကွန်ရက်ချိတ်ဆက်မှုကို ခြေရာခံ၍ တိုက်ရိုက်ထုတ်လွှင့်သူများက ရှာမဖွေနိုင်ကြပေ။
သို့သော် ပကတိအင်မော်တယ် တစ်ယောက်အနေဖြင့် ဖန်းကွမ်းက ထိုအရာကို လွယ်လွယ်ကူကူ လုပ်နိုင်ပေသည်။
.............
ဝမ်လင်းက မက်ဆေ့ချ် အစုအဝေးကို စူးစူးစိုက်စိုက် ကြည့်နေရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"RPထု.. RPထုဟ.. ဒီတိုက်ရိုက် ထုတ်လွှင့်သူက တမင်တကာ မခံချိမခံသာ ဖြစ်အောင် စိတ်ဆွနေတာပဲ"
ဤမက်ဆေ့ချ်က တခြားပိုဆိုးသည့် မက်ဆေ့ချ်များနှင့် ယှဉ်လျှင် တော်သေးသည်ဟု ယူဆနိုင်သည်။
"တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်း၏ စည်းမျဉ်းများအရ တိုက်ရိုက်ထုတ်လွှင့်သူက မခံချိမခံသာ ဖြစ်စေသည့် အကြောင်းအရာကို အသုံးပြုခဲ့သည် ဆိုလျှင် ခုနစ်ရက်မှ ဆယ့်ငါးရက်အထိ ပိတ်ပင်ခံရမည် ဖြစ်သည်။
"ဒီတိုက်ရိုက်ထုတ်လွှင့်သူက ဂိမ်းထဲမှာ မသာပေါ်ခံ နီးနေပါပြီ.. တိုက်ရိုက် ထုတ်လွှင့်မှုအခန်းက မထွက်ခင် သူ့အတွက် အမွှေးနံ့သာ ပူဇော်ဖို့ သတိရကြပါ"
"တိုက်ရိုက်ထုတ်လွှင့်သူက အနှေးနဲ့အမြန် သေတော့မှာပဲ"
ဖန်းကွမ်းက ဤမက်ဆေ့ချ်ကို တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားသည်။
ယင်းကို သူတကယ် မချေပနိုင်မှန်း သူသဘောပေါက်လိုက်သည်။
သီအိုရီအရ ပြောရလျှင် သူတကယ် သေခါနီးပြီ ဖြစ်သည်။
သို့သော် ဖန်းကွမ်းက သူ့ကို မေးခွန်းထုတ်သည့် မက်ဆေ့ချ်များ သို့မဟုတ် သူ့ကို လှောင်ပြောင်သော သို့မဟုတ် ကျိန်ဆဲသော သူများကိုပင် တားမြစ်ထားခြင်း မရှိပေ။
ယင်းက သူလိုချင်သည့် ရလဒ်ပင် မဟုတ်ပါလော။
တစ်ခါတရံ သံသယဖြစ်ခံရတာ မဆိုးပေ။
သူ့တွင် အမာခံပရိသတ် ရှိပြီးသား ဖြစ်၍ သံသယတွေက ပရိသတ် အရေအတွက် တိုးလာဖို့အတွက် အကူအညီဆိုလည်း မမှားပေ။
သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူ အရေအတွက်ကို ဖန်းကွမ်းက ကြည့်ရှုခဲ့သည်။
ခေါင်းစဉ်ပြောင်းပြီး ငါးမိနစ်ပင် မကြာလိုက်ပေ။
အရေအတွက်က သုံးသန်းလောက် ကျိုးသွားခဲ့၏။
ယင်းက မကြုံစဖူး တိုးတက်နှုန်း တစ်ခုပင်။
၎င်း၏ ကြည့်ရှုသူအသစ် တစ်သန်း၏ လေးပုံတစ်ပုံသာ အလင်းရှာဖွေသူများ ဖြစ်လာပါက ယနေ့အတွက် သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု ပန်းတိုင် ပြီးမြောက်ပြီဟု ဆိုရမည် ဖြစ်သည်။
ထိုအချိန်တွင် မြေပုံက ကျုံ့သွားခဲ့ပြီး လူရှစ်ဆယ့်သုံးယောက် သာ ကျန်ရှိခဲ့သည်။
ဖန်းကွမ်းက အပြာရောင် စက်ဝိုင်းမှ ပြေးရန် မလိုအပ်သောကြောင့် ကံကောင်းသော်လည်း ဗဟိုဘေးကင်းဇုန်နှင့်မူ အနည်းငယ် အလှမ်း ဝေးနေသေးသည်။
အကယ်၍ သူသာ ယခုအချိန် စတင် မလှုပ်ရှားလျှင် နောက်တစ်ကြိမ် စက်ဝိုင်း ကျုံ့သောအခါ သူ၏ ဇာတ်ကောင်က စက်ဝိုင်းထဲ ပိတ်မိသွားမည် ဖြစ်သည်။
ထို့အပြင် သူက အယောက် နှစ်ဆယ် သို့မဟုတ် ထိုထက်ပို၍များသော အသက်ကို သတ်ဖြတ်ရန် ပန်းတိုင် ချမှတ်ထားပြီ ဖြစ်သည်။
ထိုပန်းတိုင်ကို ပြီးမြောက်ချင်လျှင် ယခုအချိန်မှစပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စတင်ရမည် မဟုတ်ပါလော။
လက်ကျန်လူစာရင်း၏ လေးပုံတစ်ပုံကို ဆာမူရိုင်းဓားဖြင့် ရှင်းပစ်ရန်မှာ မည်မျှခက်ခဲမည်ကို လွယ်ကူစွာ တွေးကြည့်နိုင်ပေသည်။
ထို့ကြောင့် သူက ပေါက်ကြေးကို ဆုံးဖြတ်ပြီးနောက် လောင်းကြေးကို ပိတ်ပင်လိုက်သည်။
အလေးပေးမှု ပေါက်ကြေးက တစ်ရာကနေ နှစ်ရာအထိ ဖြစ်လာ၏။
ဤပွဲကို လူပေါင်း နှစ်သန်းကျော် ပါဝင်ခဲ့ကြသည်။
သူတို့ထဲမှ အများစုသည် "No" ကိုသာ ရွေးချယ်ခဲ့ကြသည်။
ဟုတ်ပါသည်။ ယင်းသို့လောင်းသူများမှာ အရှက်မရှိသည့် လောင်းကစားသမားများ ဖြစ်သည်။
အဆနှစ်ရာဟူသည့် မက်လုံးမှာ စွဲမက်စရာကောင်းလွန်းသည် မဟုတ်ပါလော။
"ငါဘာမှဂရုမစိုက်ဘူး.. ဒီအလင်းရှာဖွေသူကတော့ ကျွန်းသခင်ကို ထောက်ခံတယ်"
"အင်မော်တယ် ဆေးဝါးပေါင်း တစ်သောင်းကို ကျွန်းသခင်ရဲ့အောင်ပွဲအတွက် လောင်းကြေးထပ်တယ်"
ဖန်းကွမ်းက ဤမက်ဆေ့ချ်ကို မြင်ခဲ့သည်။
သူက ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။
"တကယ်တော့ ငါ့ရဲ့ ပစ်ခတ်မှုစွမ်းရည်က လိုပါသေးတယ်.. ဒါပေမယ့် ဒီအဖိုးကြီးရဲ့ ဓားစွမ်းရည်ကတော့ မင်းကို စိတ်မပျက်စေရဘူးလို့ အာမခံတယ်"
"လောင်းကြေးဖွင့်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်.. အားလုံးပဲ မျက်လုံးကို ပြူးထားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပါ.. အဲဒါကို မှတ်တမ်းတင်ထားချင်သပ ဆိုရင်လည်း လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်.. ငါ လူနှစ်ဆယ် ဒါမှမဟုတ် ဒီထက်မက သတ်ပြီးတဲ့ အချိန် ရောက်လာတဲ့အခါမှ ငါလှည့်စားတယ်လို့ စွပ်စွဲဖို့ စိတ်မကူးနဲ့"
"ငါလှည့်စားတယ်လို့ မင်းတို့ ရှာတွေ့ရင် တစ်ခါထဲ အရှုံးပေးလိုက်မယ်"
ဖန်းကွမ်း၏ စကားက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ဗုံးကြဲချလိုက်သလိုပင်။
ယင်းက ယုံကြည်မှု လွန်ကဲလွန်းနေသည်။
ထိုအချိန်တွင် ရောင်စုံမက်ဆေ့ချ် တစ်ခုသည် လူတိုင်း၏ မျက်စိရှေ့သို့ ရောက်လာသည်။
ယင်းမက်ဆေ့ချ်က ဖန်းကွမ်း၏ နံပါတ်တစ် ပရိတ်သတ်[ နှစ်ညအိပ်သုံးရက် မွမ်းမံထားပြီးပြီ] ထံမှ ဖြစ်သည်။
၎င်းက ဖော်ပြထားသည်မှာ ဆာမူရိုင်းဓားရှည်သည် ရုတ်ရုတ်သဲသဲ ဖြစ်စေသော လက်နက်များထဲတွင် နောက်ဆုံးပေါ်ဖြစ်ပြီး သေစေလောက်သော အစွမ်းရှိ၏။
သို့သော် မြေပုံပေါ်တွင်မူ ဤလက်နက် အဆင့်က အလွန်နိမ့်ကျသည်။
ထိုသိူ့ မဟုတ်လျှင် တိုက်ရိုက်ထုတ်လွှင့်သူများက ၎င်းကို မကောက်ယူဘဲ နေမည် မဟုတ်ပေ။
အားလုံးက ကျွန်းသခင်၏ လှုပ်ရှားမှုကို ကြည့်နေကြသည်။
"တိုက်ရိုက်ထုတ်လွှင့်ရာမှာ ဓားအသုံးပြုသူကို အရင်က မြင်ဖူးသူတွေရှိကြလား"
ဤမက်ဆေ့ချ် ပေါ်လာသည့်အခါ အားလုံးက ချက်ချင်း တုန်လှုပ်သွားကြသည်။
ဤမက်ဆေ့ချ်က တစ်စုံတစ်ဦးအား လုံးလုံးလျားလျား ဝေဖန်ခြင်း သို့မဟုတ် ဆဲဆိုခြင်း သို့မဟုတ် ဆန့်ကျင်ဘက် ပရိသတ်များ၏ ချဲ့ကား ချီးကျူးခြင်းများထက် မလိုမုန်းတီးခြင်းများ မဖြစ်ပေါ်စေရန် အဓိက ရည်ညွှန်းပုံရသည်။