လက်တစ်ဖက်ကဓား အခြားလက်တစ်ဖက်မှာက ဒယ်အိုး
Vol. 31 Ch. 455
ဤ ဦးစားပေး ရောင်စုံ မက်ဆေ့ဂျ်သည် ပျောက်ကွယ်မသွားမီမျက်နှာပြင်ပေါ်တွင် စက္ကန့်နှစ်ဆယ်ကြာ ရှိနေသည်။
ဤသည်မှာ နံပါတ်တစ် ပရိတ်သတ် တစ်ဦးတည်းသာ ပြုလုပ်နိုင်သော အထူးလုပ်ဆောင်ချက် ဖြစ်သည်။
ဆာမူရိုင်းဓားရှည်က တကယ်ပဲ နောက်ဆုံးပေါ် သေစေလောက်သော လက်နက် ဖြစ်သည်။
လူတစ်ဦးသည် ဦးခေါင်းမှလွဲ၍ ခန္ဓာကိုယ်အနှံ့ နှစ်ကြိမ်ထိုးခံရရုံဖြင့် သေဆုံးနိုင်သည်။
ဦးခေါင်းကို ထိလျှင်မူ ဦးထုပ်ဆောင်းထားလျှင်ပင် ကယ်တင်နိုင်မည် မဟုတ်ပေ။
ဂိမ်းတိုက်ရိုက် ထုတ်လွှင့်သူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ကစားဟန်ရှိကြသည်။
ကျွမ်းကျင်သော တိုက်ရိုက် ထုတ်လွှင့်သူများသည် သေနတ်သမားများ ဖြစ်ကြသော်လည်း သေနတ်ကို အသုံးပြုဟန်များ မတူညီကြပေ။
ထို့ကြောင့် ဤတိုက်ရိုက်ထုတ်လွှင့်သူက အနည်းငယ် "ထူးခြားဆန်းပြား"သည်ဟု လူများစွာက ထင်ခဲ့ကြသည်။
အဆုံးသတ်တွင် ဤဂိမ်းက သေနတ်ပစ်ဂိမ်းတစ်ခု ဖြစ်ပြီး Dragon Fighter ဂိမ်း မဟုတ်ပေ။
ဆာမူရိုင်းဓားကို အသုံးပြုနေသ၍ ခရောင်းလမ်းများကိုသာ မုချကြုံတွေ့ရမည်သာ။
ဤဂိမ်းတွင် တခြားသူ၏ လက်နက်ကို ထိခိုက် ပျက်စီးစေသည့် ယန္တရားတစ်ခုမှ မရှိချေ။
ဤတိုက်ရိုက်ထုတ်လွှင့်သူက အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရပါသနည်း။
စနိုက်ပါသမားက သူ၏ ခေါင်းကို အဝေးကနေ တစ်ချက်ပစ်ရုံဖြင့် သေဆုံးနိုင်သည် မဟုတ်ပါလား။
...............
သံသယ မက်ဆေ့ချ်များစွာ ဖန်သားပြင်တွင် လွင့်မျောနေသော်လည်း ဖန်းကွမ်းက ဤရလဒ်ကို မျှော်မှန်းထားပြီးသား ဖြစ်၍ ကျေနပ်စွာ ခေါင်းညိတ်သည်။
အာရုံစူးစိုက်သည့် မှော်စွမ်းရည်က အသက်ဝင်နေဆဲဖြစ်သည်။
ကောင်းကင်မျက်လုံးက ဂိမ်းတစ်ခု၏ ဒေတာကို သက်ရောက်မှု မရှိသော်လည်း စခရင်ပေါ်ရှိ ရုပ်ပုံများကို ပစ်ဇယ်များအဖြစ် အသေးစိတ် ခွဲထုတ်လိုက် သကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်သည်။
ဘာမှန်း ခွဲခြား၍ မသိနိုင်သော ရွေ့လျားနေသည့် အမည်းစက်လေးများပင် သူ့အကြည့်အောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဖန်းကွမ်းက မြို့အစွန်အဖျားရှိ အိမ်အလွတ်ကြီးထဲတွင် တစ်စုံတစ်ယောက်ကို သတ်ပြီးနောက် ထိုသူ၏ ကုသရေး ဆေးပစ္စည်းများကို သူ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းလိုက်သည်။
သူက ဘေးကင်းသော ဧရိယာထဲမှာရှိသည့် အဆောက်အဦးကြီးတွေဆီ တိုက်ရိုက်ပြေးဖို့ ဆုံးဖြတ်လိုက်၏။
ဖန်းကွမ်း ထိုနေရာသို့ ဦးတည်သွားသည်ကို မြင်လျှင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ လူများမှာ ထိတ်လန့်သွားကြသည်။
"ဆာမူရိုင်းဓားရှည်က သေလောက်အောင် အစွမ်းထက်နေလည်း အသုံးမဝင်လောက်ဘူး"
"မင်းကို ချောင်းမြောင်းလုပ်ကြံဖို့ မြို့ထဲမှာ ပုန်းအောင်းနေတဲ့လူတွေ ရှိနေမှာ သေချာတယ်.. မင်းသွားရင်သေမှာပဲ"
"ကျွန်းသခင်က သတ္တိရှိသားပဲ.. သူက ချုံခိုတိုက်ခိုက်ဖို့ အိမ်ထဲမှာပဲ ပုန်းနေမယ်လို့ ငါထင်ခဲ့တာ"
"ခြုံခိုတိုက်ခိုက်ရာမှာ အောင်မြင်ရင်တောင် လူနှစ်ဆယ်ကိုတော့ သတ်နိုင်မှာ မဟုတ်ဘူး"
ဖန်းကွမ်း၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ လူအများ၏ နှလုံးသားက အေးစက်သွားကြသည်။
ဤသည်က ၎င်းတို့ အများစုအတွက် ပြီးမြောက်ရန် မဖြစ်နိုင်သော မစ်ရှင်တစ်ခု ဖြစ်သည်။
ဖန်းကွမ်းက ဤမက်ဆေ့ချ်များမှ ဝေဖန်မှုများကို စိတ်မ၀င်စားပေ။
ကစားသမားများကို မသတ်ခင် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းက လှောင်ပြောင်မှုများ နှင့် အဆိုးမြင်သည့် ခန့်မှန်းချက် အမျိုးမျိုးနှင့် ပြည့်နှက်နေမည်မှန်း သူသိသည်။
သို့သော် သူ့အတွက် အဆင်ပြေပါသည်။
သူ ဆာမူရိုင်းဓားကို စသုံးလိုက်သည်နှင့် အမျှ သံသယများက မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပါလား။
ဖန်းကွမ်းက အဓိကမြို့ကြီးတွင် လူတွေရှိနေနိုင်မှန်း သိသည်။
အထူးသဖြင့် အခြား ကစားသမားများကို တိုက်ခိုက်ရန် ပြတင်းပေါက်နားတွင် ပုန်းနေသော စနိုက်ပါသမား အများအပြား ရှိနေမည်မှာ သေချာသည်။
သို့ဆိုလျှင် သူက အဘယ်ကြောင့် ထိုနေရာသို့ ဦးတည်နေရပါသနည်း။
အကြောင်းရင်းမှာ လူအတော်များများ ရှိနေ၍ ဖြစ်သည်။
သူ၏ နောက်ဆုံးပန်းတိုင်မှာ အနည်းဆုံး လူနှစ်ဆယ်ကို သတ်ရန် ဖြစ်သည်မဟုတ်လော။
သူက တည်ငြိမ်စွာဖြင့် ရှေ့သို့ ပြေးတက်သွား၏။
သူ့တွင် ခွန်အားအပြည့်ရှိနေ၍ အလွန်ပင် မြန်ဆန်နေသည်။
သူက မြို့နှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ သစ်ပင်ကြီးတစ်ပင်၏ နောက်တွင် ပုန်းအောင်းလိုက်သည်။
ထိုအချိန်တွင် ဆိုင်ကယ်သံကို ကြားလိုက်ရ၏။
ဆိုင်ကယ်က ရှေ့တည့်တည့်ကနေ လာနေသည်မှာ ထင်ရှားသည်။
ဖန်းကွမ်းက နားကြပ်မတပ်ထားဘဲ ကွန်ပျူတာ စပီကာများကို ဖွင့်ထားသောကြောင့် အနီးနားရှိ လှိုင်းသံများက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ့ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
သို့သော် ပကတိအင်မော်တယ် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ၏ ကောင်းကင်မျက်လုံးသည် ဂိမ်းတွင် အကူအညီ အရမ်းကြီး မရရှိသော်လည်း အကြားအာရုံကိုမူ ထက်မြက်လာစေ၏။
အစပိုင်းတွင် ကြည့်ရှုသူ အများအပြားသည် ဖန်းကွမ်း၏ လုပ်ရပ်ကို နားမလည်ခဲ့ကြပေ။
မော်တော်ဆိုင်ကယ်ကို တွေ့မှသာ ဖန်းကွမ်း၏ အကြားစွမ်းရည်ကို ရုတ်တရက် သတိပြုမိသွားကြသည်။
"ကျွန်းသခင်ရဲ့ အကြားစွမ်းရည်က ကြောက်စရာကောင်းလှချည်လား"
"တိုက်ရိုက်ထုတ်လွှင့်သူက ကျွန်းတစ်ကျွန်းကနေ တိုက်ရိုက်ထုတ်လွှင့်နေပြီး နားကြပ်တောင် မတပ်ထားဘူး.. သူဘယ်လိုကြားနိုင်ရတာလဲ"
"သူငယ်ချင်းအသစ်လေး.. ကျွန်းသခင်ရဲ့ အကြားအာရုံက တကယ်ကို ကောင်းတာပါ"
"အလင်းရှာဖွေသူ" ဖြစ်သည့် ကြည့်ရှုသူဟောင်း တစ်ဦးက မက်ဆေ့ချ်ဖြင့် ပြန်ဖြေခဲ့သည်။
မော်တော်ဆိုင်ကယ်က သစ်ပင်ကြီးမှ မီတာနှစ်ဆယ် အကွာ အရှေ့ဘက်ရှိ ဓာတ်ဆီဆိုင်တွင် ရပ်တန့်သွားသည်။
ဖန်းကွမ်းက ဤလူ သူ့ကို သတိမထားမိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထိုလူကို လုယက်ရန် ဓါတ်ဆီဆိုင်ကို သွားလိုက်သည်။
ထိုလူက ဆိုင်ကယ်ပေါ်ကနေ ဆင်း၍ ဓာတ်ဆီဆိုင်ဘေးရှိ စျေးဆိုင်ထဲသို့ ဝင်သွားခဲ့သည်။
"ကျွန်းသခင်က သူ့ကိုယ်သူ သက်သေပြဖို့ အချိန်တန်ပြီ"
"သတိထားပါ ကျွန်းသခင်"
ဖန်းကွမ်းက သူ့မျက်လုံးထောင့်ကနေ ဖန်သားပြင်မှ မက်ဆေ့များကို မြင်နေရသော်လည်း စိတ်နှလုံးကမူ အတော်လေး တည်ငြိမ်နေသည်။
သူက ဓာတ်ဆီဆိုင်အနီးသို့ ဖြည်းဖြည်းချင်း ကပ်လာရင်း အသက်ရှုသွင်းလိုက်သည်။
ဖန်းကွမ်းက သူ့ခြေလှမ်းများကို တတ်နိုင်သမျှ ပေါ့ပါးအောင် လုပ်ပြီး တစ်ချိန်တည်းတွင် အတွင်းဘက်မှ လူ၏ အခြေအနေကို ဂရုတစိုက် နားစွင့်လိုက်သည်။
စျေးဆိုင်၏ အနောက်ဘက်တွင် မရှာဖွေရသေးသည့် နှစ်ထပ်တိုက်တစ်လုံး ရှိသည်။
၎င်း၏ ပြတင်းပေါက်များက နဂိုအတိုင်း ဖြစ်နေသော်လည်း ၎င်း၏ ရှေ့ဝင်ပေါက်ကိုမူ သော့ခတ်ထားသည်။
ဖန်းကွမ်းက ချက်ချင်း ရိပ်စားမိသွားသည်။
ကစားသမားက စျေးဆိုင်ကို ရှာဖွေပြီးသည်နှင့် နှစ်ထပ်တိုက်ထဲသို့ ဝင်သွားတော့မည် ဖြစ်၏။
အကယ်၍ နှစ်ထပ်တိုက်ထဲသို့ ထိုကစားသမား ဝင်သွားလျှင် သူ့အနေဖြင့် ထိုကစားသမားကို သတ်ရန် အခွင့်အလမ်းများစွာ လျော့ကျသွားမည်မှာ သေချာသည်။
ထို့ကြောင့် စျေးဆိုင်ထဲမှ ထွက်လာသည်နှင့် ထိုလူကို ဖယ်ရှားပစ်ရန် ဖန်းကွမ်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။
သူက ထိုလူ၏ ခြေသံများကို ဂရုတစိုက် နားထောင်ပြီး ဝင်ပေါက်သို့ ဖြည်းညှင်းစွာ ချဥ်းကပ်သွားသည်။
သူ့အနေဖြင့် ဤစျေးဆိုင်၏ ပြတင်းပေါက်ကနေ ခုန်ဝင်ရန် နည်းလမ်းမရှိပေ။
တစ်ခုတည်းသောလမ်းမှာ အိမ်ရှေ့ဝင်ပေါက် ဖြစ်သည်။
ယင်းက အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်၏။
ထိုအချိန်တွင် ထိုကစားသမား ၀င်ပေါက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ဖန်းကွမ်း သတိပြုမိလိုက်သည်။
ကစားသမားက တံခါးကို တွန်းဖွင့်၍ ထွက်လာသည်။
သူက ဝင်ပေါက်ရှေ့တွင် တစ်စုံတစ်ယောက် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ၎င်းက သေနတ်မရှိသူ တစ်ဦး ဖြစ်သည်။
ထိုအစား ပြိုးပြိုးပြက်ပြက် လက်နေသော ဆာမူရိုင်းဓားတစ်ချောင်းကို ကိုင်ဆောင်ထား၏။
"ဘာလဲဟ.. ဒါက ဘယ်လိုဗျူဟာကြီးလဲ"
ကစားသမားက လက်ထဲတွင် UMP9 ကိုင်းထားရင်း အံ့သြတုန်လှုပ်နေချိန်တွင် ဖန်းကွမ်းက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
သူ့တုံ့ပြန်မှုက အမှန်တကယ် မြန်ဆန်လွန်းသည်။
တံခါးဖွင့်လိုက်သည်နှင့် ဆာမူရိုင်းဓားရှည်က ထိုလူ၏ ခေါင်းကို တိတိကျကျ ထိမှန်သွားသည်။
စခရင်၏ အပေါ်ဘက် ညာဘက်ထောင့်တွင် စနစ်၏ သတိပေးချက် ချက်ချင်း ထွက်ပေါ်လာသည်။
ကစားသမား "ကျွန်းသခင်" သည် ကစားသမား "CLEARLOVE8" ကို သတ်ရန် "ဆာမူရိုင်းဓားရှည်" ကို အသုံးပြုခဲ့သည်။
လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ဖန်းကွမ်းက သတ်ဖြတ်နိုင်ခဲ့သည်။
ဝမ်လင်း "............."
မက်ဆေ့ခ်ျများ တစ်ဖန် ပေါက်ကွဲထွက်လာသည်။
"666"
"ကျွန်းသခင် အရမ်းမိုက်တယ်"
"666.. 666.. 666"
"သူ လှည့်စားနေတာတော့ မဟုတ်ဘူးမလား"
"ကျွမ်းသခင်က ဒီလောက် အရှင်းကြီး လုပ်ပြသွားတာကို ဘာတွေ သံသယဝင်နေတာလဲ"
အရင်ကလိုပဲ ဖန်းကွမ်းက ဤကစားသမားထံမှ ဆေးပစ္စည်း အားလုံးကို သိမ်းယူခဲ့သည်။
လက်ရှိ သူ့တွင် ဆေးသေတ္တာ ၄ခု၊ အားဖြည့်အချိုရည် ၂ လုံးနှင့် အကိုက်အခဲ ပျောက်ဆေး ၂ လုံး ရှိသည်။
ဤကစားသမား၏ ပစ္စည်းများကို ကြည့်နေရင်း ဖန်းကွမ်းကဒယ်အိုးကို ကြည့်ကာ ခဏလောက် စဉ်းစားပြီးမှ ကောက်ယူလိုက်၏။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ တစ်စုံတစ်ဦးသည် ၎င်းကိုမြင်သောအခါ မက်ဆေ့ချ်တစ်ခု ချက်ချင်း ပေးပို့ခဲ့သည်။
"ဦးခေါင်းကာကွယ်ဒယ်အိုး.. လခွမ်း.. အဲဒါက ကောင်းကင်လက်နက်လဲ မဟုတ်ဘဲ ဘာလို့ လိုက်ကောက်နေရတာလဲ"
ဖန်းကွမ်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"သူငယ်ချင်းတို့.. ကျွန်းသခင်က ဒီဒယ်အိုးနဲ့ ကျည်ဆန်တွေကို ဘယ်လို ရပ်တန့်ရမလဲ ဆိုတာ ပြသပေးပါ့မယ်"
ဝမ်လင်း "............."
ပရိသတ်များ "............."
"တကယ်သာ လုပ်နိုင်ရင် ကျွန်းသခင်က ပုံမှန် မဟုတ်တော့ဘူး"
ထိုအချိန်တွင် ဖန်းကွမ်းက လူချမ်းသာ ပရိသတ်တစ်ဦး ထံမှ လက်ဆောင်တစ်ခု ပေးပို့လာသည်ကို တွေ့လိုက်ရသဖြင့် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
"ဝိညာဥ်ဓားတောင် အတွက် [ ညမွှေးပန်း ဂွမ်းထုပ်ဖြင့် သွေးများကို စုပ်ယူထားသော ဘုရင်မင်းမြတ်] ကို ကျေးဇူးတင်ပါတယ်"
ဖန်းကွမ်းက လက်ဆောင်ရခဲ့သော်လည်း ယင်းနှင့် ပတ်သက်၍ သိပ်မပျော်နိုင်သေးကြောင်း ဝမ်လင်း သတိပြုမိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယအပြာရောင် စက်ဝိုင်းက စတင် လှုပ်ရှားနေပြီ ဖြစ်သောကြောင့်ပင်။
ထိုအချိန်အတွင်း ညာဘက် အပေါ်ထောင့်တွင် ပြသထားသည့် လူအရေအတွက်က သိသိသာသာ ကျဆင်းသွားခဲ့သည်။