မင်းငါးစာသွားလုပ်ရမယ်
Vol. 31 Ch. 458
Z Shake လှုပ်ရှားမှုက အလွန်ထူးခြားသော သေးငယ်သည့် လှုပ်ရှားမှုလေး တစ်ခုဖြစ်သည်။
ဂိမ်းဗျူဟာမှူး ယဲ့ရှန်း၏ ကစားနည်း အညွှန်းတွင် ခန္ဓာကိုယ်လှုပ်ရှားမှုပုံစံ မှတ်တမ်းများရှိသည်။
လူများစွာက ၎င်းကို သိသော်လည်း အနည်းငယ်လောက်သာ ကျွမ်းကျင်ခဲ့ကြသည်။
ယင်းက သေစေလောက်သော ပစ်ချက်များကို ရှောင်ရှားရန် အလွန်လျင်မြန်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
သို့သော် ဤလှုပ်ရှားမှုက အလွန်မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းသာ ကြာမြင့်သောကြောင့် အပြင်လူများ၏ စောင့်ကြည့်ခံရလျှင်ပင် တုန်လှုပ်စရာတော့ မရှိပေ။
ညီငယ်လေး GAYLIGAYQIက ယခုအခါတွင် အမှန်တကယ် အံ့သြ ထိတ်လန့်နေခဲ့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် မက်ဆေ့ချ် လှိုင်းလုံးကြီးက စခရင်ကို လွှမ်းမိုးသွားသည်။
ယခုအခါတွင် ကျွန်းသခင်အပေါ် သံသယများစွာ မရှိတော့ဘဲ လူအများအပြားက လက်ဆောင်ပစ္စည်းများကို ပေးပို့ခဲ့ကြသည်။
ဖန်းကွမ်း၏ ပရိသတ်များအနေဖြင့် အလင်းရှာဖွေသူ အားလုံးက အလွန်ဂုဏ်ယူနေကြ၏။
"666.. ကျွန်းသခင်က အရမ်းမိုက်တယ်.. ဆာမူရိုင်းဓားရှည်နဲ့တောင် သေနတ်သမားကို သတ်နိုင်တယ်"
"ကျွန်းသခင်က အံ့သြစရာကောင်းလွန်းတယ်.. ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးကို မကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေမှ အများကြီးပဲ"
"ကျွန်းသခင်ကို လိမ်လည်လှည့်ဖြားပြီး ကစားတယ်လို့ သံသယရှိသူတွေကို မေးပါရစေ.. ကလိမ်ကကျစ် ကစားသမားတွေက ခန္ဓာကိုယ် လှုပ်ရှားမှုတွေ လုပ်တတ်လား"
ပြဿနာဖန်တီးရန် ရောက်လာကြသော အခြား တိုက်ရိုက်ထုတ်လွှင့်သူများ၏ ပရိသတ်များသည် အလင်းရှာဖွေသူများထံမှ အချက်ကျကျ မေးခွန်းများကြောင့် ရှက်ရွံ့သွားကြသည်။
ယေဘုယျအားဖြင့် ဤကဲ့သို့ အသေးစား ခန္ဓာကိုယ် လှုပ်ရှားမှုကို ကျွမ်းကျင်သူများသည် လှည့်စား၍ ကစားစရာ ဘာအကြောင်းမှ မရှိချေ။
ထိုအချိန်တွင် ဖန်းကွမ်း၏ အမာခံ နံပါတ်တစ် ပရိသတ် [နှစ်ညအိပ်သုံးရက် မွမ်းမံပြီးပြီ] က သူ၏ အခွင့်ထူးခံ အခြေအနေအား အသုံးပြု၍ ဦးစားပေး မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။
[စုံစမ်းဖို့အတွက် စူပါအက်မင်ကို ငါချက်ချင်း ဆင့်ခေါ်ထားတယ်.. ကျွန်းသခင်မှာ အပြစ်မရှိဘူးဆိုရင် မင်းတို့ရဲ့မက်ဆေ့ချ်တွေမှာ အာချောင်ထားတဲ့ အတိုင်း လက်ဆောင်တွေ ပေးရမယ်.. မပေးရင် မင်းတို့ကို ဘန်းဖို့ စူပါအက်မင်ကို ငါပြောလိုက်မယ်]
ယင်းက ရန်လိုပြီး ခြိမ်းခြောက်သော ကြေညာချက် ဖြစ်သည်။
"ညီနောင် နှစ်ညအိပ်သုံးရက် ပြောတာ အရမ်းကောင်းတယ်"
"အိုး ဘုရားသခင် ညီနောင် နှစ်ညအိပ်သုံးရက်က စူပါအက်မင်နဲ့တကယ်ပဲ အဆက်အသွယ် ရှိနေတာလား"
"ဒီလူရဲ့ သရုပ်မှန်က ဘယ်သူများလဲ"
လတ်တလောတွင် မက်ဆေ့ခ်ျများ၌ ဤကိစ္စကိုသာ လူတော်တော်များများက ဆွေးနွေးနေကြသည်။
တိုက်ရိုက် ထုတ်လွှင့်သည့် ပလပ်ဖောင်းများတွင် အာဏာရှိသူများ ပြတ်တောက်မှုမရှိခဲ့ပေ။
ဤသည်မှာ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။
သူက ဖန်းကွမ်း၏ နံပါတ်တစ် ပရိတ်သတ်ဖြစ်လာခြင်းဖြင့် သန်းပေါင်းများစွာသော လူများကြားတွင် ထင်ရှားပေါ်လွင်လာခဲ့သည်။
ထိုထက် ပိုအထင်ကြီးစရာ ကောင်းသည်မှာ သူက ဝဘ်ဆိုက်၏ စူပါအက်မင်ကို ဆက်သွယ်လို့ ရနေ၏။
ဤလူတွင် ပုံမှန်မဟုတ်သော အထောက်အထား ရှိပုံရပြီး ဘော့စ်အဆင့် ဖြစ်နိုင်ကြောင်း သက်သေပြရန် လုံလောက်သည်။
ထို့အပြင် တိုက်ရိုက် ထုတ်လွှင့်သည့် ပလက်ဖောင်း၏ ပါတနာလည်း ဖြစ်နိုင်ချေရှိ၏။
တစ်စုံတစ်ယောက်သည် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှ "နှစ်ညအိပ်သုံးရက်"၏ ဦးစားပေး မက်ဆေ့ချ်ကို SS ရိုက်ပြီး "ရိုးသားသောလူများအသင်း" ဟုခေါ်သော QQ ချက်ဂရုထံ ပေးပို့ခဲ့သည်။
"ဒီနှစ်ညအိပ်သုံးရက်ဆိုတာ ဘယ်သူများလဲ"
"အွန်လိုင်းစာရေးဆရာ နှစ်ညအိပ်သုံးရက် ဖြစ်နိုင်လား"
ဤစာရေးဆရာက ဝမ်စစ်ထူ နှင့် တန်းတူအဆင့် ရှိခြင်းကြောင့် လူအချို့က အံ့ဩသွားကြသည်။
"စိတ်ရှုပ်မခံနဲ့.. သူတော့မဖြစ်နိုင်ဘူး.. ငါသိသလောက် ဒီစာရေးဆရာက သူ့အလုပ်ကို တစ်ချိန်လုံး လျစ်လျူရှုထားပြီး Bilibili ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဂိမ်းဆော့တတ်တဲ့ အလေ့အထ ရှိတယ်.. သူ့ကို အာရုံစိုက်နေတဲ့ ပရိသတ်တွေကြောင့် ကျွန်းသခင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တာကို ကြည့်ဖို့ ဘယ်လို အချိန်ရနိုင်မှာလဲ"
"သဘောတူတယ်.. တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ဖို့ မပြောနဲ့.. တိုက်ရိုက် ထုတ်လွှင့်သူအသစ်ကို လက်ဆောင်တွေ အများကြီးပေးတယ်ဆိုတာ သူ့မိန်းမ သိရင် သူ ခြေထောက်ကျိုးအောင် အရိုက်ခံရလိမ့်မယ်"
"ဘာလဲဟ.. စာရေးဆရာ နှစ်ညအိပ်သုံးရက်က အိမ်ထောင်ကျသွားပြီလား"
"ဘယ်တုန်းကလဲ.. ဘာလို့ငါမသိလိုက်တာလဲ"
"မင်းက ဘာမှမသိရအောင် ဇနပုဒ်မှာနေတဲ့ တောသားလား.. သူ့မှာ ကလေးတောင် ရှိသေးတယ်.. ခုတလောမှာ အိမ်မှာနေတဲ့ အဖေတွေအကြောင်း ဝတ္ထုတွေ အများကြီး ဘာလို့ ထွက်လာရလဲ သိလား.. အဲဒါ စာရေးဆရာ နှစ်ညအိပ် သုံးရက်ကြောင့်ပဲ"
ထိုစကားကို ပြောသည့်သူက ရယ်စရာကောင်းသည့် အီမိုဂျီတစ်ခုကို ပို့လိုက်သည်။
ဤဆွေးနွေးချက်များကြောင့် လူအချို့က တိုက်ရိုက်ထုတ်လွှင့်မှုကို ပို၍ ကြည့်ရှုချင်လာသည်။
ဤအကြောင်းအရာသည် အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေသည် လေးသန်းနီးပါးမှ 4.8 သန်း အထိ တိုးလာခဲ့သည်။
ဤကဲ့သို့ ကိန်းဂဏန်းများ တိုးလာသည်မှာ တကယ်ကို အံ့သြစရာပင်။
သို့သော်လည်း ပရိသတ်ထဲတွင် လောင်စာထည့်လိုသော အခြားသော တိုက်ရိုက်ထုတ်လွှင့်သူများ၏ ပရိသတ်များလည်း ပါဝင်၏။
မဟုတ်လျှင် အရေအတွက်က ဤအထိ ရောက်လာစရာ နည်းလမ်းမရှိပေ။
တိုက်ရိုက် ထုတ်လွှင့်မှုအခန်း၌ အလွန်ဆူညံနေချိန်တွင် ဖန်းကွမ်းက ညီငယ်လေး GAYLIGAYQI ကို ၎င်း၏ ဆာမူရိုင်းဓားရှည်ဖြင့် ထိုးလိုက်ရာ အသက်တစ်ဝက်ခန့်က ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ညီငယ်လေးက ချက်ချင်းပင် တောင်းပန်လိုက်၏။
"ညီနောင် ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့.. ဘာပဲခိုင်းခိုင်း လုပ်ပေးပါ့မယ်"
ခဏလောက်တွေးပြီးနောက်တွင် ဖန်းကွမ်းက သူ့ကို ထပ်မခုတ်တော့ပေ။
ဤကစားသမားက သူ့သေနတ်ကို အောက်သို့ချလိုက်ပြီး ကျည်ဆန်များပင် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်ကို သူ သတိထားမိခဲ့သည်။
ဤဒရမ်မာ ဇာတ်ဝင်ခန်းသည် ဂိမ်းကို ပိုမို စိတ်ဝင်စားလာစေပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပိုမိုအသက်ဝင်လာစေ၏။
"ကျွန်းသခင်...ဘာရပ်လုပ်နေတာလဲ.. မြန်မြန်သတ်ပစ်လိုက်လေ"
"ဂိမ်းထဲမှာ လူငါးဆယ်လောက်တောင် ကျန်သေးတယ်"
"တိုက်ရိုက်ထုတ်လွှင့်သူ.. မင်း လူသတ်ဖို့ ဆယ့်ရှစ်ယောက်ကျန်သေးတာ မမေ့နဲ့ဦး"
အချို့သောလူများက မက်ဆေ့ချ်များတွင် သတိပေးချက်များကို ပေးပို့ခဲ့သော်လည်း ဖန်းကွမ်းက လုံးဝမကြည့်ခဲ့ပေ။
သူက ဒယ်အိုးကို ပြောင်းကိုင်ကာ ရယ်လိုက်သည်။
"ညီငယ်လေး မင်း ကတိတည်ပါတယ်နော်"
ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဆာမူရိုင်းဓား ပျောက်ကွယ်သွားပြီးနောက်တွင် ညီငယ်လေး GAYLIGAYQIက သက်ပြင်းချနိုင်ခဲ့သည်။
"ညီနောင်က အရမ်းတော်တာပဲ.. ကျနော်တို့ ပူးပေါင်းကြရအောင်.. နောက်ဆုံးအချိန်ထိ နှစ်ယောက်လုံး အသက်ရှင်နေသေးရင်တော့ ကျနော်တို့တွေ သူသေကိုယ်သေ တိုက်ခိုက်ကြတာပေါ့"
"ငါနဲ့ သူသေကိုယ်သေ တိုက်ဖို့လား.. အဲဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး"
ဖန်းကွမ်းက ခေါင်းကို ခါယမ်းလိုက်ပြီး တိုက်ရိုက် ငြင်းပယ်လိုက်သည်။
"မင်းငါ့ကို သေချာပေါက် မတိုက်နိုင်ဘူး"
ညီငယ်လေး GAYLIGAYQI"............"
ဖန်းကွမ်း "Z Shake အပြင်၊ S နဲ့ M Shakes ကိုလည်း ငါလုပ်နိုင်တယ်.. အင်္ဂလိပ်အက္ခရာ စာလုံး 26 လုံးထဲက တစ်ဝက်လောက်ကို ငါလေ့ကျင့်ပြီးပြီ.. ငါနဲ့ ယှဥ်တိုက်မယ် ဆိုရင် အုတ်နံရံကို ခေါင်းနဲ့ဆောင့်သလို ဖြစ်နေလိမ့်မယ်"
ညီငယ်လေး GAYLIGAYQI "............"
ထိုစကားကို ပြောပြီးနောက် ဖန်းကွမ်းက ဝပ်တွားနေခဲ့သည်။
သူတို့က မြင့်မားသော နေရာတစ်ခုတွင် ရှိနေ၏။
ထို့ကြောင့် ဝပ်ထားသော အခိုက်တွင် မည်သူမျှ သူတို့ကို ထိမှန်အောင် ပစ်နိုင်မည် မဟုတ်ပေ။
ညီငယ်လေး GAYLIGAYQIက ငိုရမလား ရယ်ရမလား မသိတော့ချေ။
"ဒါဆို ညီနောင်.. ကျနော် ဘာဆက်လုပ်ရမလဲ.. ညီနောင် နောက်ကို လိုက်ရင်း ဒုတိယနေရာရလည်း ကျနော့် အတွက် လုံလောက်ပါတယ်"
"ဒုတိယနေရာက အဓိပ္ပါယ်မရှိပါဘူး.. ညီငယ်လေး.. မင်းနည်းနည်း ပိုပြီးတော့ ရည်မှန်းချက်ကြီးရမယ်"
ဖန်းကွမ်းက ပြုံး၍ ပြောလိုက်သည်။
"................"
"ငါ မင်းကို ချန်ပီယံဖြစ်အောင် လုပ်ပေးနိုင်ပါတယ်.. ငါ့အတွက်ကတော့ လူနှစ်ဆယ် သတ်နိုင်ရင် လုံလောက်ပြီ"
"အဲဒီလိုလား.. ဒါဆို ညီနောင် ကျနော့်ကို အခု ဘာလုပ်စေချင်လဲ"
"အရမ်းရိုးရှင်းတယ်.. မင်းငါးစာသွားလုပ်ရမယ်"
"ငါးစာလား"
ညီငယ်လေးက နားလည် သဘောပေါက်ပြီး ချက်ချင်းခေါင်းညိတ်လိုက်သည်။
"ကျနော် လုပ်မယ်.. ကိုကြီးက ကျွမ်းကျင်သူ ဆိုတော့ ကြမ်းပြင်ပေါ်က သေနတ်နဲ့ ကျည်ဆန်တွေကို ကောက်ယူထားလိုက်ပါ.. ကိုကြီးရဲ့ သေနတ်ပစ်စွမ်းရည်က အရမ်း တိကျမယ်လို့ ကျနော်ယုံတယ်"
ဖန်းကွမ်း "သေနတ်သုံးမယ်လို့ ငါဘယ်တုန်းက ပြောလို့လဲ"
ညီငယ်လေးက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
"ကိုကြီးက ကျွမ်းကျင်သူမို့ သေနတ် မသုံးတာ နားလည်ပါတယ်.. ဒါပေမယ့် လူနှစ်ဆယ်ကို ဆာမူရိုင်းဓားရှည်နဲ့ပဲ တကယ်ကြီး ခုတ်သတ်လို့ ဖြစ်နိုင်ပါ့မလား"
ညီငယ်လေးထံမှ သံသယ လေသံကို ကြားရသော်လည်း ဖန်းကွမ်း၏ မျက်နှာကမူ တည်ငြိမ်နေသည်။
"သိပ်ကို ဖြစ်နိုင်တာပေါ့ကွာ"
ညီငယ်လေး ".............."
ဖန်းကွမ်းက မြေပုံကို ကြည့်လိုက်သည်။
စက်ဝိုင်းက ပို၍ ကျုံ့လာသည်။
သူတို့ရှိနေသောမြို့သည် ဘေးကင်းသောဇုန် ဖြစ်ခဲ့သည်။
မကြာမီ အချိန်အတွင်း နေရာအနှံ့မှ လူတွေ ပြေးလာကြလိမ့်မည်။
ဤသည်မှာ သတ်ကွင်းကို အကောင်အထည်ဖော်ရန် ဖန်းကွမ်းအတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။
"မြေပုံကိုကြည့်လိုက်.. ငါတို့က ဘေးကင်းဇုန်ရဲ့ အလယ်မှာ ရှိတယ်.. မကြာခင်မှာ လူတွေ အများကြီး ဒီကို ပြေးလာကြလိမ့်မယ်"
ဖန်းကွမ်း "လူငါးဆယ်အောက်ပဲ ကျန်တော့တယ်.. မင်းရဲ့တာဝန်က သူတို့ကို ဆွဲဆောင်ဖို့ပဲ"
"ငါ့ကို သိက္ခာမချနဲ့နော် ညီငယ်လေး.. ငါက တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်ပါ.. အခုအချိန်မှာ ညီနောင် လေးသန်းကျော်က မင်းကို တိုက်ရိုက် ထုတ်လွှင့်မှုကနေ စောင့်ကြည့်နေကြတယ်
ညီငယ်လေး "............."