← Chapters

လူသစ်လေးတွေကမွန်းစတားတွေလား

Vol. 31 Ch. 459

လူသစ်လေးတွေကမွန်းစတားတွေလား

Vol. 31 Ch. 459

ဝမ်လင်းက ဤနံပါတ်တစ် ပရိသတ် "နှစ်ညအိပ်သုံးရက်"၏ မက်ဆေ့ချ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

တစ်နည်းအားဖြင့် သူ့စကားသံနှင့် ဟန်ပန်က ရင်းနှီးသလိုဝမ်လင်းကို ခံစားရစေ၏။

ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် မက်ဆေ့ချ်များသည် ထိတ်လန့်စရာ ကောင်းလောက်အောင် များပြားလာခဲ့သည်။

မထိန်းချုပ်နိုင်လျှင် ဂိမ်းကိုပင် မြင်နိုင်တော့မည် မဟုတ်ပေ။

ဂိမ်းထဲတွင် ဖန်းကွမ်း နှင့် ညီငယ်လေး GAYLIGAYQI သည် မျှော်စင်ထိပ်တွင် မလှုပ်မရှား ဝပ်နေဆဲ ဖြစ်သည်။

ခဏအကြာမှ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် ညီငယ်လေး၏ တအံတသြ ရေရွတ်သံကို ကြားလိုက်ရသည်။

"ဝိုး.. ညီနောင်က တကယ်ပဲ တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်နေတာပဲ"

သူက "ကျွန်းသခင်" ဟူသောအမည်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

ဤလူက တိုက်ရိုက်ထုတ်လွှင့်သူ အသစ် ဖြစ်ပုံရသည်။

ညီငယ်လေး GAYLIGAYQIက တိုက်ရိုက် ထုတ်လွှင့်မှုများအား ကြည့်ရှုရသည်ကို ဝါသနာထုံသည့် အမာခံ ပရိသတ်တစ်ဦးဖြစ်၍ ဝါရင့် တိုက်ရိုက်ထုတ်လွှင့်သူများ ဆိုလျှင် မသိဘဲမနေချေ။

ဟုတ်ပါသည်၊ သူ့တွင် အသစ်များကို ခွဲခြားဆက်ဆံသော စိတ်မျိုး မရှိပေ။

သူ တစ်ခါမှ မကြားဖူးသော တိုက်ရိုက် ထုတ်လွှင့်သူအသစ်သည် Z shake လှုပ်ရှားမှုကို လုပ်ဆောင်နိုင်သောကြောင့် အလွန် ကြောက်စရာကောင်းသည်ဟု သူတွေးလိုက်မိသည်။

သေချာပါသည်၊ အခုခေတ် အသစ်လေးတွေက မွန်းစတားတွေသာ ဖြစ်ရပေမည်။

ထို့နောက် ညီငယ်လေးက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လူအရေအတွက်ကို ကြည့်မိကာ တုန်လှုပ်သွားပြီး အသက်ရှူမဝသလို ခံစားလိုက်ရသည်။

"လူငါးသန်းနီးပါးလား"

"ဒါက တိုက်ရိုက်ထုတ်လွှင့်သူအသစ် မဟုတ်ဘူးလား"

"သူဘယ်လိုလုပ်လိုက်တာလဲ"

တိုက်ရိုက်ထုတ်လွှင့်မှုမှ မက်ဆေ့ချ်များကို သူဖတ်လိုက်သည်။

"ဂုဏ်ယူပါတယ် ညီငယ်လေး.. မင်းတိုက်ရိုက် ထုတ်လွှင့်မှုထဲပါခွင့်ရသွားပြီ"

"ဟားဟား.. ညီငယ်လေးက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲကို လာရှိုးတာလား"

"မင်းပျော်နေလား"

"အံ့သွနလေား"

"ကြည်နူးနေလား"

"ကံကောင်းပါစေ ညီငယ်လေး.. ကျွန်းသခင်က မင်းကို ပထမနေရာဆီ ပို့ဆောင်ပေးလိမ့်မယ်.. မင်းတို့နှစ်ယောက် ပေါင်းပြီး အနိုင်ယူပြလိုက်ပါ"

"............."

ညီငယ်လေးက စခရင်ကို ဖုံးလွှမ်းနေသည့် မက်ဆေ့ချ်များကို ပိတ်ရန် ရွေးချယ်ခဲ့သည်။

သူက မက်ဆေ့ချ်များ ထူထပ်စွာ ဖုံးလွှမ်းနေသော "ဖန်းကွမ်း" ကို ကြည့်လိုက်သည်။

ဤကဲ့သို့ တိကျသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့သူမှာ လူငယ်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။

တိုက်ရိုက် ထုတ်လွှင့်မှု၏ ဖန်သားပြင်ရှေ့တွင် ထိုင်နေသူမှာ ဆံပင်နှင့် မုတ်ဆိတ်မွေးအားလုံး ဖြူဖွေးနေသော အဖိုးအို တစ်ဦး ဖြစ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

တိုက်ရိုက်ထုတ်လွှင့်သည့် အဖိုးအို တစ်ယောက် အနေဖြင့် သူ့အသံက သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိပြီး နားထောင်၍ အလွန်ကောင်းသည်။

အသံက တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်ရန် အရေးပါသော အရာ တစ်ခု မဟုတ်သော်လည်း အပိုဆုတစ်ခုဟု ဆိုရမည်။

သာယာနာပျော်ဖွယ် အသံရှိလျှင် ပရိသတ်များစွာကို ဆွဲဆောင်နိုင်မည်မှာ အမှန်တရားပင်။

ထို့ကြောင့် ဖန်းကွမ်းက သူ၏အသံကို ပြောင်းလဲခဲ့သည်။

သို့သော်လည်း အသံပြောင်းစက်ဖြင့် မဟုတ်ပေ။

ထိုအစား ကြည့်ရှုသူတိုင်း၏ အကြိုက်ကိုလိုက်၍ ပြောင်းလဲနိုင်သော အသံလှိုင်းမှော်စွမ်းရည်ကို အသုံးပြုခဲ့သည်။

တစ်နည်းဆိုရသော် ယခု တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူ ငါးသန်းနီးပါးမှ တစ်ဦးစီသည် ဖန်းကွမ်း၏ အသံကို ဗားရှင်း အမျိုးမျိုးဖြင့် ကြားနေရသည်။

ဝမ်လင်းက ဤလှည့်ကွက်ကို အစကတည်းက သိရှိခဲ့သည်။

အဆုံးသတ်တွင် ဖန်းကွမ်းက ပကတိအင်မော်တယ် တစ်ယောက်ဖြစ်သည်။

ဤအဆင့် မှော်စွမ်းရည်လောက်က သူ့အတွက် တကယ်ကို လွယ်ကူလွန်းနေ၏။

သို့သော်လည်း ဤ အသံလှိုင်းစွမ်းရည်သည် ဝမ်လင်း အပေါ် လုံးဝ သက်ရောက်မှုမရှိခဲ့ပေ။

ဝမ်လင်း ယခုကြားနေရသော အသံသည် ဖန်းကွမ်း၏ မူရင်းအသံဖြစ်နေဆဲပင်။

မည်သို့ပင်ဖြစ်စေ နက်ရှိုင်းသော လေသံကို သူခံစားရသည်။

.................

ညီငယ်လေးက အတွေးများကို ရုတ်သိမ်းလိုက်သည်။

သူက ဂိမ်းထဲတွင် ရှိနေဆဲ ဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် အချိန်အကြာကြီး မဖြုန်းခဲ့ပေ။

ဖုန်းကို အမြန်ပိတ်လိုက်ပြီး သူ့ရှေ့မှ ဂိမ်းကိုသာ အာရုံစိုက်နေခဲ့သည်။

ညီငယ်လေး GAYLIGAYQIက ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စပ်စုရင်း ယခုတိုင် တုန်လှုပ်နေဆဲပင်။

လူငါးသန်း အရေအတွက်က သူ့ကို ကြည့်နေကြသည်။

သူ၏ နှလုံးခုန်နှုန်းက မြန်လွန်းနေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်ခဲ့ပေ။

"ညီနောင်.. တိုက်ရိုက်ထုတ်လွှင့်တာ ဘယ်လောက်ကြာပြီလဲ"

ဖန်းကွမ်း "တစ်ပတ်မပြည့်သေးပါဘူး"

ညီငယ်လေး အသက်ရှုကြပ်သွားသည်။

"ဒါဆို ညီနောင်က မာကျာလား"

ဖန်းကွမ်း "မာကျာ.. အဲဒါက ဘာလဲ"

အချိန်ကာလ တစ်ခုအထိ အထီးကျန်နေခဲဲ့ပြီး မကြာသေးမီကမှ အင်တာနက်ကို အသုံးပြုတတ်သည့် ဖန်းကွမ်းသည် အွန်လိုင်း ဗန်းစကားများစွာကို ရှင်းရှင်းလင်းလင်း မသိပေ။

ညီငယ်လေးက ဖန်းကွမ်းကို ရှင်းပြလိုက်သည်။

"မာကျာ ဆိုတာက အခြား အကောင့်တစ်ခုပါ"

ဖန်းကွမ်း "အိုး.. မဟုတ်ပါဘူး..ငါက မာရှင်း တစ်ယောက်ပါ"

{မာရှင်း=အမှန်တရားကိုနှိုးဆော်သူ}

ညီငယ်လေး ".............."

ဖန်းကွမ်း "ဘာပဲဖြစ်ဖြစ် မင်းပြောတဲ့ အခြားအကောင့်ရဲ့ အဓိပ္ပါယ်က ဆီးသွားချင်တယ်လို့ ဆိုလိုမနေဘူးလား"

"ဟီးးးး"

ညီငယ်လေးက ရယ်လိုက်သည်။

ဝမ်လင်း "..............."

ယခုမှသာ ညီငယ်လေး GAYLIGAYQIက တိုက်ရိုက် ထုတ်လွှင့်သူအသစ် အဖြစ် ဖန်းကွမ်း အဘယ်ကြောင့် ရေပန်းစားလာသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။

ဤကျွန်းသခင်က ရယ်စရာကောင်းပြီး အရည်အချင်းလည်း ရှိနေသည်။

၎င်းက အခြား တိုက်ရိုက် ထုတ်လွှင့်သူများနှင့် မတူဘဲ သေနတ်ပစ်ဂိမ်းတွင် ဖျော်ဖြေမှုပေးရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

ယင်းမှာ ဆာမူရိုင်းဓားဖြင့် လူနှစ်ဆယ်ကိုသတ်ပြရန် ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ ၎င်းက အလွန် နှစ်သက်စရာကောင်းသော အသံရှိသော်လည်း မမျှော်လင့်ဘဲ အဖိုးအို တစ်ဦး ဖြစ်နေခြင်းပင်။

အကယ်၍ သူသာ တိုက်ရိုက်ထုတ်လွှင့်မှုကို မမြင်ခဲ့လျှင် ကျွန်းသခင်ကို ငယ်ရွယ်သူ ဖြစ်မည်ဟု အမှန်တကယ်ပင် တွေးထင်နေမိမည်သာ။

ပြီးသွားပြီ..

ညီငယ်လေးက ဖန်းကွမ်း၏ အမာခံပရိသတ် ဖြစ်မှန်းမသိ ဖြစ်လာမှန်း သူ့ကိုယ်သူ သိလိုက်သည်။

ယနေ့ခေတ်တွင် ဖျော်ဖြေရေးကို ကောင်းစွာ လုပ်ဆောင်နိုင်ပြီး အသံကောင်းသည့် တိုက်ရိုက် ထုတ်လွှင့်သူ အလွန် နည်းပါးသည်။

ဤကစားပွဲပြီးသည်နှင့် အလင်းရှာဖွေသူအဖြစ် စာရင်းသွင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ကျွန်းသခင်က သူ့အိုင်ဒေါလ် ဖြစ်လာ၍ ကျွန်းသခင်၏ အထင်ကြီးမှုကို ရရှိရန် သူ့အနေဖြင့် ကြိုးစားရပေမည်။

ထိုသို့တွေးရင်း ညီငယ်လေး GAYLIGAYQIက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

"ကျွန်းသခင်.. အခု ကျနော် ဘာလုပ်ရမလဲ.. ကြိုက်တဲ့ အမိန့်သာပေးပါ"

သူက စောစောက ကြမ်းပြင်ပေါ် ပစ်ချလိုက်တဲ့ ပစ္စည်းတွေကို ကောက်လိုက်ရာ လက်နက် အပြည့်အစုံနှင့် ပြန်ဖြစ်သွားသည်။

သူတို့ မျှော်စင်က အရမ်းကောင်းသည့် နေရာတွင် ရှိနေသည်ဟု ဖန်းကွမ်း ခံစားမိသည်။

မြင်ကွင်းကျယ်များကို မြင်နိုင်သည့် အကောင်းဆုံး နေရာဟုပင် ယူဆနိုင်၏။

ထို့အပြင် မြေပုံကိုကြည့်ရင်း ဖန်းကွမ်းက သူတို့ မျှော်စင်နေရာသည် နောက်ဆုံးတစ်ချီတွင် ကျရောက်လာမည့် "ဘုရားသခင် ကောင်းချီးပေးသော စက်ဝိုင်း" ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဤနေရာတွင် ရပ်တည်ရန် မည်သူမှ ရွေးချယ်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသာ ဤနေရာကို လက်ပစ်ဗုံးဖြင့် ပစ်ချလိုက်လျှင် မျှော်စင်ပေါက်ကွဲပြီး သေဆုံးသည်အထိ ဖြစ်စေလိမ့်မည် မဟုတ်ပါလား။

သို့ရာတွင် ဖန်းကွမ်းက မကြောက်ရွံ့ခဲ့ပေ။

လက်ပစ်ဗုံး အများအပြား ပစ်ခံရလျှင်ပင် အားလုံးကို သူ့ဒယ်အိုးဖြင့် ရိုက်ဖယ်ထုတ်နိုင်မည် ဖြစ်သည်။

ဖန်းကွမ်းက လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။

"တစ်ယောက်ယောက်က အဲဒီလမ်းကြောင်းမှာ ရောက်နေတယ်.. လမ်းထောင့်ကို ရောက်ရင် ကာဗာရှာပြီး သတိထားပါ.. သူတို့ကို ဂရုတစိုက် မျှားခေါ်ခဲ့.. ကျန်တာ ငါကြည့်လုပ်လိုက်မယ်"

ကြည့်ရှုသူများ".........."

ဝမ်လင်း "............"

"ကောင်းပါပြီ"

ညီငယ်လေးက ခေါင်းညိတ်ပြပြီး မျှော်စင်ပေါ်က ဆင်းလာခဲ့သည်။

ဖန်းကွမ်း အံ့သြသွားပြီး သူ့ကို တားလိုက်သည်။

"ခဏနေပါဦး.. မင်းမှာ ကုသစရာ ဆေးပစ္စည်းတွေ ရှိတယ်မဟုတ်လား"

ညီငယ်လေးက ခေတ္တရပ်တန့်လိုက်သည်။

"ဟုတ်ကဲ့ ဆေးသေတ္တာလေးခု ရှိပါတယ်"

ဖန်းကွမ်းက မရယ်ဘဲ မနေနိုင်တော့ချေ။

"မသွားခင် ကျန်းမာရေးကို ပြန်ဖြည့်ဦးလေကွာ"

"အိုး.. ဟုတ်သားပဲ.. ကျနော် မေ့နေတာ"

ညီငယ်လေး GAYLIGAYQIက သူ့ခေါင်းကို သူ့ဘာသာ ပုတ်လိုက်သည်။

သူက စိတ်လှုပ်ရှားလွန်းနေ၍ သူ့ကိုယ်သူ ကုသဖို့ မေ့သွားခဲ့ခြင်းသာ။

ဖန်းကွမ်း လက်ချက်ကြောင့် ယခုအခါတွင် သူ့ကျန်းမာရေးက တစ်ဝက်သာ ရှိတော့သည် မဟုတ်ပါလား။

All Chapters