← Chapters

တွေ့ဆုံခြင်းသည် အံ့သြစရာ ကောင်းလွန်းသည့်ကံကြမ္မာဖြစ်သည်

Vol. 31 Ch. 460

တွေ့ဆုံခြင်းသည် အံ့သြစရာ ကောင်းလွန်းသည့်ကံကြမ္မာဖြစ်သည်

Vol. 31 Ch. 460

ညီငယ်လေး GAYLIGAYQI၏ တလွဲလုပ်နေသည့် အပြုအမူကို မြင်ရလျှင် တိုက်ရိုက်ထုတ်လွှင့်မှု စခရင်မှ မက်ဆေ့ချ်များ၌ လှောင်ရယ်သော စကားသံများ ထွက်ပေါ်လာသည်။

"ဒီညီငယ်လေးက ကြံ့ခိုင်ရေးနည်းပြ တစ်ယောက်အနေနဲ့ လုပ်နေတာများလား"

"သေချာပေါက် သူ့မှာ အချိန်ပိုင်း လက်ကမ်းစာစောင်တွေ ဝေငှတဲ့ အလုပ်တစ်ခု ရှိမယ်လို့ ငါထင်တယ်.."

ကြည့်ရှုသူများက ညီငယ်လေး၏ လက္ခဏာကို ယခုအချိန်ထိ မခန့်မှန်းနိုင်သေးပေ။

အစောပိုင်းက စွမ်းဆောင်မှုကို အခြေခံလျှင် ညီငယ်လေး၏ စွမ်းရည်က မီးဖိုချောင်သုံးဓားဂိုဏ်း ခေါင်းဆောင်၏ သားဖြစ်သူ ကျန်းပိုင် နှင့် တူသည်ဟု ဝမ်လင်းခံစားမိသည်။

သို့ရာတွင် ဤ ညီငယ်လေးကမူ အလွန်ပျော်တက်ပုံရပြီး ရယ်စရာလည်း ကောင်းနေသည်။

ဂိမ်းဆော့နေရင်း ပရိသတ်ကို ဖျော်ဖြေဖို့ ဆိုသည်မှာ မလွယ်ကူပေ။

တိုက်ရိုက်ထုတ်လွှင့်သည့် ဂိမ်းကစားသူများကိုပင် ဖျော်ဖြေရေးနှင့် ပရော်ဖက်ရှင်နယ် တိုက်ရိုက် ထုတ်လွှင့်သူများ ဟူ၍ ခွဲခြားထားသည်။

လက်ရှိ တိုက်ရိုက် ထုတ်လွှင့်သည့် ပလပ်ဖောင်းများစွာတွင် ကျွမ်းကျင်မှုအပြင် ဟာသလေးပါ နှောမှသာ လူစိတ်ဝင်စားလေ့ရှိ၏။

ယင်းကို အခြေခံ၍ ကျွမ်းသခင် နှင့် ညီငယ်လေး GAYLIGAYQI က အလွန်လိုက်ဖက်သည်ဟု လူအများက ချက်ချင်း ထင်ခဲ့ကြသည်။

"ကျွန်းသခင်.. ညီငယ်ဘေး GAYLIGAYQI နဲ့ ပထမနေရာယူဖို့ ကြိုးစားချင်တာလား"

"ဒီညီငယ်လေးက ချစ်ဖို့လည်းကောင်းတယ်.. အလုပ်ဖြစ်မယ်လို့ ထင်တယ်"

"ငါတော့ လုံးဝ အဆင်ပြေမယ်လို့ ပြောရဲတယ်"

"သူတို့တွေ အောင်ပွဲခံပြီးမှပဲ ပြောကြတာပေါ့..."

မက်ဆေ့ချ်များတွင် လူအများအပြားက မျိုးစုံ ပြောနေသော်လည်း ဖန်းကွမ်းက သူတို့ကို ဂရုမစိုက်ပေ။

သူက ညီငယ်လေး GAYLIGAYQI ၏ ရှေ့သို့ တက်သွားသော ခြေသံများကို နားစွင့်ရင်း ဆာမူရိုင်းဓားကို လက်တွင် ကိုင်ကာ ရဲတိုက်ထဲတွင် ဝပ်နေခဲ့သည်။

တကယ်တမ်းတွင် ဂိမ်းဇာတ်ကောင် အားလုံး၏ ခြေရာက တော်တော်လေး ထပ်တူကျပြီး တစ်ဦးချင်းစီကို ရွေးထုတ်ရန်မှာ မလွယ်ကူပေ။

သို့ရာတွသ် ဤညီငယ်လေး ထွက်သွားသည်ကို လှမ်းမြင်လိုက်သည့်အခါ ရေဒါတစ်ခုက ဖန်းကွမ်း၏ စိတ်ထဲ၌ အလိုအလျောက် ဖြစ်တည်သွား၏။

ထိုရေဒါက ညီငယ်လေး၏ တည်နေရာကို အမှတ်အသားပြုထား၏။

ညီငယ်လေး၏ ခြေသံမှတဆင့် အဖွဲ့တစ်ဖွဲ့ နှင့် အတော်လေး နီးကပ်နေမှန်း ဖန်းကွမ်း သိလိုက်သည်။

ဖန်းကွမ်း၏ ခန့်မှန်းချက်အရ ဤအဖွဲ့သည် လူလေးဦးပါဝင်သော ယာယီအဖွဲ့ဖြစ်သည်။

ဂိမ်းက တစ်ယောက်ချင်း ကစားရသော်လည်း အနိုင်ရရှိမည့် အခွင့်အလမ်းများ တိုးတက်စေရန် အတွက် ကစားသမားများ အနေဖြင့် အချင်းချင်း အပြန်အလှန် ပူးပေါင်းကာ ၎င်းတို့၏ ပစ္စည်းများကို အညီအမျှ ခွဲဝေကြသည်။

ဂိမ်းထဲရှိ လူအရေအတွက်က ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိသွားသည့် နောက်မှသာ ၎င်းတို့က လူစုပြန်ခွဲမည် ဖြစ်သည်။

တကယ်တမ်းတွင် ယင်းက ယုံကြည်မှုကို စမ်းသပ်ခြင်းတစ်မျိုးပင်။

အဘယ်ကြောင့်ဆိုသော် အချို့သော ကစားသမားများသည် မဟာမိတ်အဖွဲ့ကို အကြောင်းပြုကာ အခြားသူများ၏ နောက်ကျောကို ဓားဖြင့်ထိုးသည့် အချိန်များ ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

ထိုသို့ ဖြစ်တတ်ကြောင်း မက်ဆေ့ချ်တွင် တစ်စုံတစ်ဦးက အကြံပြုထားသည်ကို ဖန်းကွမ်း တွေ့ဖူးထားသည်။

သူနှင့် ညီငယ်လေးက လက်ရှိတွင် မဟာမိတ်ဖွဲ့ထားသည်။

သို့သော် ရိုးသားစွာပြောရလျှင် ယင်းက အကြံကောင်းဟု သူထင်သော်လည်း ညီငယ်လေး၏ စိတ်နေစိတ်ထားအမှန်ကို သိဖို့ အတွက်မူ လိုအပ်ပါသေးသည်။

မည်သို့ပင်ဖြစ်စေ သူခိုင်းသလို လုပ်နေသ၍ ညီငယ်လေး၏ စိတ်နေစိတ်ထားက သူ့အတွက် အရေးမကြီးပေ။

ထို့အပြင် လူအများကို ဆွဲဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခြင်းသည် ဤအန္တရာယ်များသော အခြေအနေတွင် စွန့်စားရသော အလုပ်တစ်ခု ဖြစ်သည်။

အဆုံးသတ်တွင် ဤတစ်ချီ၌ ပတ်ဝန်းကျင်တွင် အန္တရာယ်ပေးနိုင်သော ကစားသမား များစွာ ရှိနေခဲ့သည်။

ဤတစ်ချီက စွမ်းဆောင်ရည် မြင့်မားသော ကျွမ်းကျင်ကစားသမားများ အကြား ပြိုင်ဆိုင်မှု ဖြစ်၍ တစ်ဖက်သားကို မျှားခေါ်သော အလုပ်က လွယ်ကူသော အလုပ် မဟုတ်ပေ။

အတင့်ရဲပြီး အပြင်ထွက်လျှင် ဦးခေါင်းကို ချက်ချင်း အပစ်ခံရလိမ့်မည် မဟုတ်ပါလော။

ညီငယ်လေးက စက္ကန့်နှစ်ဆယ်မှ သုံးဆယ်ကြာ လမ်းလျှောက်သွားခဲ့သည်။

ဖန်းကွမ်းနှင့် သူ၏မိတ်ဆွေများက တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် ညီငယ်လေး သတင်းကို စောင့်မျှော်နေကြ၏။

ရိုးရှင်းစွာပြောရလျှင် ဤအရာအားလုံးက လွယ်ကူသည်ဟုထင်ရသော်လည်း သေချာပေါက် အလုပ်ဖြစ်မည်ဟု အာမ မခံနိုင်ပေ။

အကယ်၍ ထိုညီငယ်လေး အသတ်ခံလိုက်ရလျှင် ဖန်းကွမ်းကဤနေရာ၌ အချိန်များစွာ ဖြုန်းတီးခဲ့မိပြီဟု ဆိုရမည်။

ထို့အပြင် ၎င်း၏ ပစ်မှတ်ဖြစ်သည့် အယောက်နှစ်ဆယ်ကိုသတ်ပစ်ရန်မှာလည်း သေချာပေါက် ပြည့်မီနိုင်တော့မည် မဟုတ်ပေ။

သို့သော် ဖန်းကွမ်းက ညီငယ်လေးကို ယုံကြည်မှုရှိနေသည်။

သူ့တွင် ညီငယ်လေးကို သဘောကျသည့် အချိန်များပင် ရှိခဲ့သည်။

ဤညီငယ်လေးကို သူရွေးချယ်ခဲ့သည်မှာ သူတို့ကြားတွင်နက်ရှိုင်းသော ကံကြမ္မာရှိသည်ဟု သူခံစားမိ၍ ဖြစ်သည်။

"တွေ့ဆုံခြင်းဆိုသည်မှာ အလွန်ကောင်းမွန်သော ကံကြမ္မာတစ်ခုဖြစ်သည်" ဟူသော ဆိုရိုးစကားတစ်ခုပင် ရှိခဲ့သည် မဟုတ်ပါလော။

လက်ရှိတွင် လူက နည်းသထက် နည်းလာသည်။

ဤဂိမ်းတွင် လူလေးဆယ်ခန့်သာ ကျန်တော့သည်။

သို့ရာတွင် ဖန်းကွမ်း အတွက်မူ လူဆယ့်ရှစ်ယောက် ကျန်နေပါသေး၏။

လူတော်တော်များများက ဖန်သားပြင် ပေါ်တွင် ဤကိစ္စကိုသာဆွေးနွေးနေကြပြီး မက်ဆေ့အမျိုးမျိုးကို အပြန်အလှန် ပို့နေကြသည်။

ဖန်းကွမ်းက လူနှစ်ဆယ်ကို သတ်နိုင်မည်ဟု လောင်းကြေးထပ်ထား သူများလည်း ရှိသည်။

ယခုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ အခြေခံအားဖြင့် မျှော်လင့်ချက်မဲ့သွားပြီ ဖြစ်သည်။

လောင်းကြေးက တကယ်တမ်းတွင် မများလှပေ။

အဆုံးသတ်တွင် ဖျော်ဖြေရေးနှင့် ပတ်သက်ပြီး ပျော်ရွှင်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်သည် မဟုတ်ပါလား။

“အရှုံးပေးလိုက်ပါတော့ တိုက်ရိုက်ထုတ်လွှင့်သူရေ”

“မင်းရှုံးသွားပါပြီ”

“ညီငယ်လေးက ပြန်လာနိုင်မယ်လို့ မထင်ဘူး”

“အကယ်၍ ညီငယ်လေးသာ မြှားပစ်ခံရပြီး သေဆုံးသွားခဲ့တယ် ဆိုရင် ကျွန်းသခင် အတွက် ဂိမ်းအိုဗာ ဖြစ်သွားပြီလို့ ဆိုရတော့မှာပဲ”

လူများစွာက ဂိမ်းဖန်သားပြင်၏ ညာဘက်အပေါ် ထောင့်ကိုသာ ကြည့်နေကြသည်။

လက်ရှိအခြေအနေတွင် ကစားသမား အားလုံးသည် ပိုမိုသတိရှိကြ၍ သေဆုံးသည့်နှုန်းက နည်းပါးသွားပြီ ဖြစ်သည်။

အကယ်၍ ညီငယ်လေးသာ သေဆုံးခဲ့လျှင် ၎င်း၏ အိုင်ဒီက အများသူငါ စခရင်၏ ညာဘက် အပေါ်ထောင့်တွင် ပေါ်လာမည် ဖြစ်သည်။

“ဒီညီငယ်လေး မသေလောက်ဘူး မဟုတ်လား.."

"ဘယ်သူက သိနိုင်မှာလဲ”

“ငါကတော့ သိပ်မထင်ဘူးကွာ”

ခဏအကြာတွင် အလင်းရှာဖွေသူ အတော်များများက စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်ကြသည်။

ကျွန်းသခင်က ညီငယ်လေးအပေါ် အဘယ်ကြောင့် ယုံကြည်မှုရှိနေသည်ကို သူတို့ နားမလည်နိုင်ကြတော့ပေ။

လက်ရှိ အခြေအနေအရ အပြင်ထွက်ပြီး လူဆယ်ယောက်လောက်ကို သတ်နိုင်လျှင်ပင် ကျွန်းသခင်အတွက် သိပ်မဆိုးဟု ဆိုရပေမည်။

အယောက်နှစ်ဆယ် အရေအတွက်ကို စကားထဲ ထည့်ပြောစရာပင် မလိုတော့ပေ။

ကစားသမား အားလုံးက သူတင်ကိုယ်တင် ရင်ဆိုင်နေကြသည်။

ဂိမ်းက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ ကစားသမား အရေအတွက်က နည်းနည်းချင်းစီ လျော့နည်းသွားသည်။

နောက်ထပ် စက္ကန့်သုံးဆယ် အကြာတွင် ဖန်းကွမ်း နှင့် သူ၏ ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ညီငယ်လေး၏ အသံကို ကြားလိုက်ရသည်။

“ကျွန်းသခင်.. ကျွန်းသခင်.. ကျွန်တော်ပြန်ရောက်ပြီ”

ကျည်ဆန်မိုးများကြားမှ ညီငယ်လေးက ခုန်ပေါက်ပြေးလွှားလာခဲ့သည်။

ဖန်းကွမ်း၏ ရှုထောင့်မှ ကြည့်နေသည့် သူငယ်ချင်းများက ညီငယ်လေး Gayligayqi အား လူလေးယောက် လိုက်ဖမ်းနေသည်ကို မြင်ခဲ့ရသည်။

ထိုခဏဝယ် အံ့အားသင့်သော မက်ဆေ့များ ထွက်ပေါ်လာသည်။

“အိုး.. ဘုရားသခင်.. သူတကယ်ပဲ လုပ်နိုင်ခဲ့တယ်ဟ”

“ဒီညီငယ်လေး ဘယ်ဆိုးလို့လဲ”

ညီငယ်လေးက မျှော်စင်သို့ ခပ်မြန်မြန် ပြေးလာခဲ့သည်။

သူက မျှော်စင်ပေါ်သို့ တက်လာဆဲ လမ်းတစ်ဝက်၌ သူကိုယ်သူ ကုစားသောအားဖြင့် ကြမ်းပြင်ပေါ် ပက်လက် လှဲချလိုက်သည်။

“အခြေအနေဘယ်လိုလဲ”

ဖန်ကွမ်က ညီငယ်လေး၏ အနားသို့ တိုးကပ်ကာ အားဖြည့်ပေးရင်း မေးလိုက်သည်။

“ကျည်ကာအင်္ကျီကတော့ ပျောက်လုနီးနေပြီ.. ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ အခုထိ ကျနော် မသေသေးဘူးဗျ”

ညီငယ်လေးက ချွေးများထွက်နေ၏။

အဆုံးသတ်တွင် ကစားသမား လေးယောက်၏ ကျည်ဆံမိုးများကြားမှ သူဖြတ်ပြေးနိုင်ခဲ့သည်။

“မင်းရဲ့ဦးထုပ်ရော ပျက်စီးသွားပြီလား”

ဖန်းကွမ်းက မေးလိုက်သည်။

ညီငယ်လေးက သူ့ပစ္စည်းများကို စစ်ဆေးလိုက်ပြီး

"မပျက်စီးသေးပါဘူး.. အရင်တိုင်း ကောင်းပါသေးတယ်"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် သူငယ်ချင်းများက ကူကယ်ရာမဲ့စွာ အံ့ဩနေကြသည်။

ဤသည်မှာ အလွန် အန္တရာယ်များသော အခြေအနေတစ်ခု ဖြစ်၏။

ဤညီငယ်လေး၏ အဆင့်ကလည်း အမှန်တကယ် မနိမ့်ပေ။

လိုက်ဖမ်းနေသည့် လူလေးယောက်က သူ့ကို မသတ်နိုင်ခဲ့သည်မှာ အံ့ဖွယ်ဖြစ်ရပ်ပင်။

ထိုလူအားလုံးက အလွန်ညံ့ဖျင်းသူများ ဖြစ်နေပါသလော။

ဖန်းကွမ်းက အေးစက်စွာ ပြောလိုက်သည်။

“သူတို့အားလုံး သေရမယ်”

...................

ယင်းအချိန်တွင် ထိုလေးယောက်ထဲမှ တစ်ယောက်က မျှော်စင်ထဲသို့ ဝင်လာသည်။

ပထမကစားသမား “ကောင်လေး.. မင်းပုန်းနေမှန်း ငါသိတယ်.. အခုထွက်လာစမ်း”

ဖန်းကွမ်း၏ လှုပ်ရှားမှုက အလွန် မြန်ဆန်သည်။

သူက မလိုအပ်တာ ဘာမှမပြောဘဲ ကစားသမား၏ ခေါင်းကို တစ်ချက်တည်း ခုတ်ချလိုက်သည်။

ဤကစားသမားက ချက်ချင်း သေတ္တာ ဖြစ်သွားသောကြောင့်အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။

တစ်ချိန်တည်းမှာပင် အသိပေးချက်သည် အများသူငှာ မျက်နှာပြင်၏ ညာဘက်အပေါ်ထောင့်တွင် ပေါ်လာ၏။

[ကစားသမား "ကျွန်းသခင်" သည် ကစားသမား "HaroRunDeKuai"ကို "ဆာမူရိုင်းဓားရှည်"ကို အသုံးပြု၍ သတ်ခဲ့သည်]

All Chapters