← Chapters

ထွင်ထျန်းဟာ၏ နောင်ရေးအတွက် စုဆောင်းထားသောငွေ

Vol. 31 Ch. 461

ထွင်ထျန်းဟာ၏ နောင်ရေးအတွက် စုဆောင်းထားသောငွေ

Vol. 31 Ch. 461

သုံးယောက် သေသွားခဲ့ပြီဖြစ်သည်။

ယင်းက ဆာမူရိုင်းဓါးရှည်ဖြင့် နောက်ထပ် တိုက်ခိုက်မှုလည်းဖြစ်သည်။

ယခင်က ပြောခဲ့သည့်အတိုင်းပင် ဂိမ်းထဲ၌ ဆာမူရိုင်းဓါးရှည်ဖြင့် တိုက်ခိုက်နိုင်ခြေမှာ အလွန်အကန့်အသတ်ရှိသည်။

ဂိမ်းတိုက်ရိုက် ထုတ်လွှင့်သူ တစ်ယောက်က ဆာမူရိုင်းဓါးရှည်ကို ကောက်ကိုင်မိလျှင် ဖြစ်နိုင်ခြေ အလွန်နည်းသွားသော်လည်း ဖန်းကွမ်း၏ လက်ထဲတွင်မူ ဆာမူရိုင်းဓါးရှည်သည် မည်မျှ ထိတ်လန့်ဖွယ် ကောင်းသည်ကို လူတိုင်းသိရှိခဲ့၏။

ဆာမူရိုင်းဓါးရှည်က ခေါင်းကို အသာအယာ ခုတ်မိရုံဖြင့်ပင် သေစေနိုင်သည်။

အဆင့်သုံး ဦးထုပ်ဆောင်းထားလျှင်ပင် အသုံးမဝင်ပေ။

ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးက လူတိုင်းကို ဆွံ့အသွားစေ၏။

ထို့အပြင် တတိယမြောက်လူကို သတ်ပြီးနောက်တွင် ဖန်းကွမ်းက ဆာမူရိုင်းဓါးရှည်ဖြင့် လူသတ်နိုင်သည်ကို သံသယဝင်သူ မရှိတော့ပေ။

ဤကစားသမားက တတိယမြောက်လူ ဖြစ်နေပြီ မဟုတ်ပါလား။

ထို့အပြင် ဖန်းကွမ်းက ပြိုင်ဘက်၏ ဦးခေါင်းကို ခုတ်သည့်အခါတွင် ပို၍ တိကျသေချာစေရန် အနည်းငယ် ခုန်လိုက်သည်ကို ကြည့်ရှုသူများက သတိပြုမိခဲ့ကြသည်။

ယင်းမှာ အသေးစိတ် ခန္ဓာကိုယ် လှုပ်ရှားမှုတစ်ခု ဖြစ်၏။

ဖန်းကွမ်း၏ Z Shake ခန္ဓာကိုယ် လှုပ်ရှားမှုကို မြင်ဖူးသူများ အတွက်မူ ဤခန္ဓာကိုယ် လှုပ်ရှားမှု စွမ်းရည်က သံသယဖြစ်စရာ မဟုတ်တော့ပေ။

တတိယမြောက်ကစားသမားကို ဖန်းကွမ်း သတ်ဖြတ်ပြီးသည့် နောက်တွင် အခြားကစားသမား သုံးဦးသည် ဤအခြေအနေနှင့် ပက်သက်၍ ငါးစာဟပ်မိသွားမှန်း သိရှိသွားခဲ့သည်။

ထို့နောက် အများသူငှာ ဖန်သားပြင်၏ ညာဘက်အပေါ်ဒေါင့်တွင် အကြောင်းကြားစာတစ်ခုကို သူတို့ တွေ့လိုက်ကြသည်။

“ကစားမား ကျွန်းသခင်သည် Harorundekuai ကို ဆာမူရိုင်းဓါးရှည်ဖြင့် ခေါင်းဖြတ်ခဲ့သည်”

ထိုမက်ဆေ့ကိုမြင်လျှင် သုံးယောက်သား ချက်ချင်း ထိတ်လန့်သွားကြသည်။

“လခွမ်း.. သေသွားပြီလားဟ”

“ဆာမူရိုင်းဓါးရှည်ကို အသုံးပြုပြီး ခေါင်းကိုခုတ်လိုက်တာလား”

“ဒါက ဘယ်လိုတိုက်ခိုက်မှုမျိုးလဲ”

ကစားသမားသုံးယောက်က ဤကဲ့သို့ အံ့ဩစရာကောင်းသည့်တိုက်ခိုက်မှုမျိုးကို တစ်ခါမှ မကြုံဖူးကြ၍ ချက်ချင်းပင် ထိတ်လန့်သွားခဲ့ကြသည်။

ဤအချိန်တွင် ဖန်းကွမ်းက တစ်ဖက်လူ၏ မြင်ကွင်းတွင် ရှိမနေဘဲ စင်္ကြန် အဝတွင် ရှိနေသည်။

ယင်းအချိန်တွင် ကစားသမားသုံးယောက်က ကျည်ဆံများ ရမ်းသမ်း ပစ်ခက်လိုက်သော်လည်း သူဘာမှ မလုပ်ခဲ့ပေ။

ခဏအကြာတွင် မီနီစကက်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက အံကြိတ်၍ ပြောလိုက်သည်။

“ငါသွားစစ်ဆေးကြည့်လိုက်မယ်.. ငါ့ရဲ့ ဆေးပစ္စည်းတွေကို ယူထားလိုက်တော့.. အတွင်းထဲကလူကို အလှည့်ကျ တိုက်ခိုက်မှဖြစ်မယ်လို့ ငါထင်တယ်.. အဲဒီလူက ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်နိုင်တယ်”

ဤညီငယ်လေးက မထွက်သွားခင် ကုသရေး ပစ္စည်းများနှင့် ဆေးပစ္စည်းများ အားလုံးကို မြေပြင်ပေါ် ပစ်ချပေးခဲ့သည်။

ထိုအချင်းအရာကိုမြင်လျှင် ကြည့်ရှုသူ အတော်များများက မက်ဆေ့များတွင် လှောင်ပြောင်ခဲ့ကြသည်။

“စက်ဝိုင်းက ကျဉ်းသထက်ကျဉ်းလာပြီ”

“ဒီညီငယ်လေးက အတော်လေး ညှာတာ ထောက်ထားတတ်တယ်လို့ မထင်ဘူးလား”

“ဒီကမ္ဘာမှာ ဒီလိုလူတွေ ရှိနေသေးမှန်း သိရလို့ ရူးသွပ်သွားမလိုတောင် ခံစားလိုက်ရတယ်”

“ငါဘာလို့ တစ်နည်းနည်းနဲ့ ကြည်နူးသလို ဖြစ်နေရတာလဲ”

“မလောပါနဲ့.. အေးဆေးပေါ့”

“A Bite Of China Season 3 ကို ကြည့်ပြီးတာတောင် အာသာပြင်းပြစိတ် ရှိနေသေးတာလား”

ဖန်းကွမ်းသည်လည်း ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားရသည်။

အွန်လိုင်းဂိမ်းထဲတွင် အချိန်တိုအတွင်း ဤကဲ့သိုသော ယုံကြည်မှုမျိုးကို သူစိမ်းများက အမှန်တကယ် တည်ဆောက်နိုင်ခဲ့သည်။

ထို့ကြောင့် ဂိမ်းများက တကယ်ကို မှော်ဆန်သောအရာဟု ဆိုရမည်။

ဖန်းကွမ်းက ကုသရေးပစ္စည်း အားလုံးကို စွန့်လွှတ်သွားသော ညီငယ်လေး၏ သေခြင်းတရားကို သူရဲကောင်းဆန်ဆန်ရင်ဆိုင်နေပုံကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သိပ်မကြာခင်မှာပင် ဖန်းကွမ်းက ထိုညီငယ်လေးကို ဆာမူရိုင်းဓါးရှည်ဖြင့် ခုတ်သတ်လိုက်သည်။

အများသူငှာ မျက်နှာပြင်၏ အပေါ်ညာဘက်ထောင့်တွင် အသိပေးစာတစ်ခုကို တွေ့လိုက်ရပြန်သည်။

[ကစားသမားကျွန်းသခင်သည် ဆာမူရိုင်းဓါးရှည်ကိုအသုံးပြု၍ ကစားသမား Clearseven ၏ ခေါင်းကို ခုတ်ကာ သတ်ဖြတ်ခဲ့သည်]

ယခုအခါတွင် ဖန်းကွမ်း၏ လက်ချက်ဖြင့် လေးယောက်သေသွားပြီ ဖြစ်သည်။

ကျန်ကစားသမား နှစ်ယောက်က လုံးဝကို အံ့အားသင့်နေသည်။

သူတို့၏ ရဲဘော်ရဲဘက် သေဆုံးသွားသော်လည်း ပစ်ခက်သံကို တစ်စွန်းတစ်စပင် မကြားခဲ့ရပေ။

“သူဘယ်လိုသေဆုံးသွားရတာလဲ”

၎င်းတို့က ပဟေဠိဆန်ဆန် တွေးတောရင်း မျှော်စင်အပြင်ဘက်၌ ဝပ်နေကြသည်။

“ငါတို့အခုဘာလုပ်သင့်လဲ”

“ငါတို့မှာ ကုသရေး ပစ္စည်းတွေ အများကြီးရှိနေပြီလေ.. ဒီလူက ရဲတိုက်ထဲမှာပုန်းပြီး ငါတို့ကို ခြုံခို တိုက်ခိုက်နေတာပဲ ဖြစ်ရမယ်.. ဘာပဲဖြစ်ဖြစ် ခုနက ဗျူဟာအတိုင်း ငါတို့အလှည့်ကျ တက်ကြတာပေါ့”

ကစားသမားနှစ်ဦးက ဆွေးနွေးမှုအပြီးတွင် လျင်မြန်စွာဆုံးဖြတ်ချက် ချလိုက်ကြသည်။

ဆယ်စက္ကန့်အကြာတွင် အများသူငှာ ဖန်သားပြင်ပေါ်၌ မက်ဆေ့တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

[ကစားသမားကျွန်းသခင်သည် ကစားသမား Pddnojji ကို သတ်ဖြတ်ရန် ဆာမူရိုင်းဓါးရှည်ကို အသုံးပြုခဲ့သည်]

[ကစားသမား ကျွန်းသခင်သည် ဆာမူရိုင်းဓါးရှည်ကိုအသုံးပြု၍ ကစားသမား KuXuanzuishuai ၏ ခေါင်းကို ခုတ်ပစ်ခဲ့သည်]

ယခုအခါတွင် ခြောက်ယောက် သေသွားခဲ့ပြီဖြစ်သည်။

ကြည့်ရှုသူများ "……........."

ဝမ်လင်း "……........."

ခဏမျှ တိတ်ဆိတ်သွားပြီး နောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၌ မက်ဆေ့များ ထပ်မံ ပေါက်ကွဲသွားခဲ့သည်။

"အမိုက်စားပဲ.. သေသွားတာ ၆ယောက် ရှိသွားပြီလား"

"အကြိမ်တိုင်းမှာ ခေါင်းကိုပဲ တိုက်ခိုက်ခဲ့တယ်.. ကျွန်းသခင်က လှည့်စားနေတာတော့ မဟုတ်လောက်ဘူး မလား"

"ကျွန်းသခင်ရဲ့ ဓားချက်က တကယ်ကို တိကျတယ်.. ငါ လုံးဝ ယုံကြည်တယ်"

"ငါ့အမြင် ဒီလူလေးယောက်က အားမနည်းလောက်ဘူး.. အတူတူသာ သွားကြရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး"

"ကျွန်းသခင်နဲ့ တွေ့မှတော့ ဘာကို မျှော်လင့်နိုင်တော့မှာလဲ"

"ငါဆုံးဖြတ်ပြီးပြီ.. နောက်ဆို ဆာမူရိုင်းဓားရှည်ကိုပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်တော့မယ်"

ထိုအချိန်တွင် ဖန်သားပြင်ပေါ်မှ လူတော်တော်များများက လက်ဆောင်များ ပေးပို့ခဲ့ကြသည်။

သို့သော် ဖန်းကွမ်းက ဤအရာများကို လောလောဆယ် စိတ်မ၀င်စားပေ။

လက်ရှိအခြေအနေက သူ့အတွက် မဆိုးချေ။

သံပူနေတုန်း သူရိုက်ရမည် ဖြစ်သည်။

သို့မဟုတ်လျှင် အလွန် နောက်ကျသွားလိမ့်မည် မဟုတ်လော။

ထိုအချိန်တွင် ဂိမ်းထဲ၌ လူသုံးဆယ့်ခြောက်ယောက်သာ ကျန်ရှိတော့၏။

သူ့အနေဖြင့် နောက်ထပ် ဆယ့်လေးယောက်ကို သတ်ပစ်ရဦးမည်။

ညီငယ်လေး GAYLIGAYQI က လူလေးဦးကို ကျွန်းသခင် အောင်မြင်စွာ သတ်နိုင်ခဲ့သည်ကို မြင်လိုက်ရပြီးနောက် ဝမ်းသာအားရဖြစ်ကာ သေဆုံးသွားသော ကစားသမား တစ်ယောက်ထံမှ အိတ်တစ်လုံးကို ကောက်ယူလိုက်သည်။

ထိုလေးယောက်က တော်တော်လေး ချမ်းသာပုံရ၏။

ညီငယ်လေးက သူ့ ကျန်းမာရေးကို အပြည့်အဝ ပြန်လည်ရရှိခဲ့သည်။

ထို့အပြင် သူ၏ ဘေးကင်းမှုကို သေချာစေရန်အတွက် အဆင့်သုံး ကျည်ကာအင်္ကျီ အသစ်စက်စက်ကို ပြောင်းဝတ်ခဲ့သည်။

"ကျွန်းသခင် ပစ္စည်းတွေ များလွန်းလို့ အားလုံးကို မကောက်နိုင်တော့ဘူး"

ညီငယ်လေးက ငါးစာလုပ်ရတာ တန်သည်ဟု တွေးကာ အလွန်ပင် တက်ကြွနေခဲ့သည်။

ညီငယ်လေး"ကျွန်းသခင်.. ကျနော် အပြင်ထွက်ပြီး မျှားခေါ်ရဦးမလား"

ဖန်းကွမ်း ပြုံးလိုက်သည်။

"မင်း စွန့်စားစရာ မလိုပါဘူး.. ဂိမ်းထဲမှာ လူနည်းလာပြီ ဆိုတော့ ဒီအချိန်မှာ မင်းကိုယ့်ကိုကိုယ် ကာကွယ်သင့်တယ်.. မဟုတ်ရင် ပထမနေရာကို ရယူနိုင်မှာ မဟုတ်ဘူး.. ပိုလျှံနေတဲ့ အရင်းအမြစ်တွေကို အနီးနားမှာ ကျပန်း ဖြန့်ကြဲထားလိုက်.. ပြီးရင် မျှော်စင်ထဲ ပြန်ဝင်ပြီး ငြိမ်ငြိမ်သက်သက် နေလို့ရပြီ"

"ကောင်းပါပြီ"

ပထမတစ်ကြိမ် လက်တွဲပြီးသည့် နောက်တွင် ညီငယ်လေးက ဖန်းကွမ်းကို လုံး၀ နားလည်သွားခဲ့သည်။

"ဘာ ဆေးပစ္စည်းလဲ ပစ်တယ်ကွာ"

"ဘာ အသက်ကယ်ဆေးလဲ ပစ်တယ်ကွာ"

"အကိုက်အခဲပျောက်ဆေးတွေ အားဖြည့်အချိုရည်တွေလည်းပစ်တယ်ကွာ"

"4x scope, 8x scope အဝေးကြည့်မှန်ပြောင်းလည်း ပစ်တယ်ကွာ"

အသတ်ခံရသည့် လူလေးယောက်ထဲမှ တစ်ယောက်တွင် အလွန် တန်ဖိုးရှိသည့် မီနီ စကပ်တစ်ထည် ပါသော်လည်း ညီငယ်လေးက မြေပြင်ပေါ် တိုက်ရိုက်ပစ်ချခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများက ညီငယ်လေး GAYLIGAYQI တစ်ယောက် မျှော်စင်ပတ်ပတ်လည်၌ အထောက်အပံ့ ပစ္စည်းများကို ကြုံရာကျပန်း ပစ်ထုတ်နေသည်ကို တွေ့ရသောအခါ နှုတ်ခမ်းများပင် ရွဲ့သွားသည်။

မက်ဆေ့ချ်များက စခရင်ကို လွှမ်းမိုးသွားသည်။

"သူက မီနီစကတ်ကိုတောင် လိုချင်ပုံမရဘူး"

"သူက ပစ္စည်း အများအပြားကို ပေါ့ပေါ့ပါးပါး လွှင့်ပစ်နေရအောင် အရမ်းချမ်းသာနေလို့လား"

"လခွမ်း.. ဒါက ဂိမ်းထဲက One Pieceပဲ"

"ကျွန်းသခင်.. ကျွန်းသခင်... မင်းရဲ့.ညီလေးက ပစ္စည်းတွေ လျောက်ပစ်ထုတ်နေတယ်"

"ကိစ္စမရှိပါဘူး"

ဖန်းကွမ်းက ယခုမှပင် မက်ဆေ့ချ်များကို ကြည့်ရှုရန် အချိန်ကို ရှာဖွေတွေ့ရှိခဲ့သည်။

"ငါတို့က အရမ်းကောင်းတဲ့ နေရာကို ရထားတယ်.. ကစားသမားတွေက မြို့ထဲကို ဝင်လာတာနဲ့ မြင့်မားတဲ့ နေရာတစ်ခုကို သိမ်းပိုက်ချင်ကြမှာ သေချာတယ်.. ဒါကြောင့် သူတို့က ငါ့ရဲတိုက်ကို လာကြလိမ့်မယ်"

"ဒါကြောင့် သူတို့ကို ဆွဲဆောင်ဖို့ ဒီပစ္စည်းတွေကို ငါသုံးထားတာပဲ.. သူတို့က ပစ္စည်းတွေကို ကောက်ယူရင်း မျှော်စင်ကို ရောက်လာလိမ့်မယ်.. အဲဒီအခါကျရင် သူတို့အားလုံး ငါ့ရဲ့ ဆာမူရိုင်းဓားရှည်နဲ့ ရင်ဆိုင်ရလိမ့်မယ်"

ဖန်းကွမ်း၏ အဖြေကို ကြားလိုက်ရလျှင် လူအများအပြားက ကယ်ရာမဲ့စွာ နှုတ်ခမ်းများ တွန့်ကွေးသွားကြသည်။

ထိုအချိန်မှာပင် တိုက်ရိုက် ထုတ်လွှင့်မှုကို တစ်ချိန်လုံးကြည့်ရှုနေသည့် ဝမ်လင်းက လက်ဆောင် မက်ဆေ့ချ်တစ်ခု ဖန်သားပြင်ပေါ်၌ လွင့်ပျံနေသည်ကို ရုတ်တရက် သတိပြုမိသည်။

[Level 1 အလင်းရှာဖွေသူ= အင်မော်တယ်2 ] သည် ကျွန်းသခင်ကို [အင်မော်တယ်လှေတစ်စင်း] လက်ဆောင်ပေးခဲ့ပြီး [Level 3 အလင်းရှာဖွေသူ] အဖြစ်သို့ အဆင့်တက်သွားခဲ့သည်။

"အင်မော်တယ်2လား"

ဝမ်လင်း အံသြသွားသည်။

".............."

သူက ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။

ဟုတ်ပါသည်။ ဥယျာဉ်ထဲတွင် ထွင်ထျန်းဟာက တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသည်ကို သူတွေ့လိုက်ရ၏။

ပြဿနာက...

"ဒီကောင် ဘယ်တုန်းက ဒီလောက်ချမ်းသာသွားတာလဲ"

All Chapters