← Chapters

ရိုးသားသော လင်းကျန်းရန်

Vol. 31 Ch. 463

ရိုးသားသော လင်းကျန်းရန်

Vol. 31 Ch. 463

ဇူလိုင်လ 12 ရက်၊ စာသင်နှစ်၏ 12 ပတ်မြောက်သည် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။

နံနက်ခင်းတွင် ထွင်ထျန်းဟာသည် အမွေဆက်ခံ အစီအရင်ကို နဖူးပေါ်တွင် ကပ်ထားပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားကို စုစည်းကာ ဓားတာအို၏ စွမ်းအားကို စုပ်ယူရန် အိမ်ရှေ့တံခါး အပြင်ဘက်တွင် ထိုင်နေခဲ့သည်။

ဤဝိညာဥ်ချီက နေထွက်ချိန်တွင် အသန့်ရှင်းဆုံး ဖြစ်ပြီး ကျင့်ကြံရန် အလွန်သင့်လျော်သည်။

လောလောဆယ်တွင် ထွင်ထျန်းဟာသည် ဓားတာအိုကို ငါးရာခိုင်နှုန်းခန့်သာ ကျွမ်းကျင်သေး၏။

သို့သော် သူ့အနေဖြင့် ယခင်ကထက် ပိုမိုအားကောင်းနေပြီဟု ခံစားခဲ့ရသည်။

အဆုံးသတ်တွင် ဤသည်မှာ မဟာတာအို ၃၀၀၀၏ စွမ်းအား ဖြစ်သည်။

တစ်စွန်းတစ်စမျှ အမွေဆက်ခံနိုင်လျှင်ပင် ယင်းက အနန္တတန်ခိုးကို ဆိုလိုသည်။

အမွေဆက်ခံ အစီအရင်ကို အချိန်အတော်ကြာ ကပ်ထားပြီးနောက်တွင် ဦးခေါင်း ပေါက်ကွဲထွက်လုနီးပါး ခံစားလာရ၏။

ယင်းက မဟာတာအို၏ နက်နဲသော သစ္စာတရားက စိတ်ထဲတွင် ပြည့်နေသောကြောင့်ပင်။

ထွင်ထျန်းဟာက သူ၏ ခွေးခြေထောက်ကို ဆန့်ထုတ်ကာ အမွေဆက်ခံ အစီအရင်ကို ဖယ်ရှားလိုက်သည်။

ထိုသို့ ခံစားလာရလျှင် ရပ်တန့်ရမည် ဖြစ်၏။

သို့မဟုတ်လျှင် အမှန်တကယ် ဦးခေါင်းပေါက်ကွဲသွားနိုင်သည်။

ဤအရာက အလျင်စလို လုပ်၍ မရနိုင်ဘဲ ဖြည်းဖြည်းချင်း သန့်စင်ပြီး စုပ်ယူရန် လိုအပ်ကြောင်း ထွင်ထျန်းဟာ ကောင်းစွာသိရှိခဲ့သည်။

အချို့သောလူများသည် မဟာတာအို အစွမ်းကို နားမလည်ဘဲ ညီးညီးညူညူဖြင့် တစ်သက်တာလုံး နေသွားရသည်။

ယခု သူကမူ အမွေဆက်ခံ အစီအရင်ကို အသုံးပြုရုံဖြင့် မဟာတာအိုကို ကျွမ်းကျင်နိုင်သောကြောင့် ထိုကဲ့သို့ ညီးညူစရာ အကြောင်းမရှိဟု ထွင်ထျန်းဟာ ခံစားမိသည်။

အရာရာတိုင်းအတွက် မျှတမှု ရှိခဲ့သည်။

ထွင်ထျန်းဟာက မဟာဓားတာအိုကိုနားလည်ရန် အချိန်တစ်ခုသာ လိုအပ်တော့၏။

သူက ကောင်းကင်ကို မော့ကြည့်ရင်း နိမိတ်ပြ အိပ်မက်ကို ပြန်အမှတ်ရခဲ့သည်။

အနာဂတ်တွင် ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်၌ မည်သည့်အရာများ ဖြစ်လာမည်ကို သူ မသိသော်လည်း အကြီးအကဲဝမ်၏ အကူအညီတောင်းခံမှုကမူ အမှန်တကယ် ဖြစ်ခဲ့သည်။

အများအားဖြင့် နိမိတ်ပြ အိပ်မက်တစ်ခု၏ အဖြစ်အပျက်များသည် တစ်လအတွင်း ကျိန်းသေပေါက် ဖြစ်ပျက်လာမည်ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာက ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စု၏ အနာဂတ် အတွက် ရုတ်တရက် စိုးရိမ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်က ပြောင်းလဲသွားသော်လည်း ဒသမ မျိုးဆက် ခေါင်းဆောင်အဖြစ် သူ၏ ဝိသေသ လက္ခဏာမှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။

သူက မျိုးနွယ်စုများစွာ၏ အမြင်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူက အမှန်တကယ် မသေဆုံးသေးပေ။

ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စုတွင် ယခုအထိ ခေါင်းဆောင်အသစ် မရှိသေးသောကြောင့် မျိုးနွယ်စု၏ တာဝန်က သူ့တာဝန် ဖြစ်သည်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

ထွင်ထျန်းဟာ၏ လက်သည်းများကို ရွှေရောင် အလင်းတန်းများက ဖုံးလွှမ်းထားသည်။

၎င်းက ဓားတာအို၏ အထူး အကျိုးသက်ရောက်မှု ဖြစ်သည်။

သို့သော် သူက မိစ္ဆာဓားနတ်ဘုရား၏ "ဆယ်မီတာဓားစက်ကွင်း" စွမ်းရည်ကို ငါးရာခိုင်နှုန်းသာ အမွေဆက်ခံနိုင်သေးသည်။

ဆယ်မီတာ ဓားစက်ကွင်း မှော်စွမ်းရည်၏ အကျိုးသက်ရောက်မှုကို အမှန်တကယ် ပြသလိုလျှင် ဓားတာအိုကို အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်း နားလည်ရမည် ဖြစ်သည်။

သူ၏ လက်ရှိ နားလည်နိုင်စွမ်းနှင့် တိုးတက်မှုနှုန်းအရ ဓားတာအို၏ စွမ်းအားတစ်ဝက်ကို အမွေဆက်ခံရန် အနည်းဆုံး တစ်လခွဲခန့် ကြာမြင့်မည်ဟု အကြမ်းဖျင်း ခန့်မှန်းခဲ့သည်။

ဖားပြုပ် မျိုးနွယ်စု ရင်ဆိုင်ရမည့် ကပ်ဆိုးကြီးကို တုံ့ပြန်ရန် အချိန်မီနိုင်ပါ့မလား သူမသိပေ။

ဤကိစ္စအတွက် ထွင်ထျန်းဟာတွင် ကိုယ်ပိုင် အတွေးအခေါ်များ ရှိခဲ့သည်။

အဆိုးဆုံး အခြေအနေမျိုး ကြုံလာပါက ဆရာလေးလင်းဆီ အကူအညီတောင်းမည်ဟု ကြိုတွေးထားခဲ့သည်။

သို့သော် ပြဿနာမှာ ဆရာလေးလင်းက စာမေးပွဲနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

သူ့အနေဖြင့် မည်သို့ အချိန်ပေးနိုင်ပါမည်နည်း။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ဆရာလေးလင်းကို အကူအညီ မတောင်းဘဲ သူ့ဘာသာသူ ကိုင်တွယ်သည်ကသာ အကောင်းဆုံး ဖြစ်မည်ဟု ထင်ခဲ့သည်။

..............

စာမေးပွဲအတွက် ပြင်ဆင်နေချိန်...

ကျောင်းဆရာတွေက ပြုစားခံရသည့်နှယ် အပြိုင်အဆိုင် ခွင့်တိုင်ထားကြသည်။

သန်မာသည်ဟု ယူဆရသည့် ကာယဆရာများသည် ရုတ်တရက် အားနည်း၍ ဖျားနာလာကြသည်။

ကာယ ဆရာများ အားလုံးက တူညီသော အကြောင်းပြချက်ကို ပေးခဲ့သည်။

"မင်းတို့ ဆရာ ဖျားနေတယ်"

ယနေ့နံနက်တွင် ဆရာမဖန်က စာသင်ခန်းထဲသို့ စောစီးစွာ ရောက်နှင့်နေသည်။

ယခုကာလသည် အရေးကြီးသော ကာလ ဖြစ်သည်။

ချန်းချောင် နှင့် ကော်ဟောက် တို့က များသောအားဖြင့် ကျောင်းသို့ အစောဆုံး ရောက်လာကြသည်။

ဤနှစ်ယောက်ရဲ့ တူညီသော လက္ခဏာတစ်ခုမှာ တစ်ခုခုကို လွန်လွန်ကဲကဲ လုပ်တတ်ခြင်းပင်။

တစ်ယောက်က အနုပညာမှာ ထူးချွန်ပြီး နောက်တစ်ယောက်က သိပ္ပံပညာမှာ ထူးချွန်သည်။

ထို့ကြောင့် ၎င်းတို့က သက်ဆိုင်ရာ နယ်ပယ်များ၌ ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကျောင်းသို့ စောစောလာပြီး အိမ်စာများ ကူးယူသည်မှာ ၎င်းတို့၏ နေ့စဉ်ပုံမှန် အကျင့်စရိုက် တစ်ခုလိုပင် ဖြစ်လာသည်။

ယနေ့ ဆရာမဖန် စောစော ရောက်လာသည်မှာ မနက်စောစောကျောင်းလာ၍ အိမ်စာကူးချသည့် ကျောင်းသား အချို့၏ ဆိုးသွမ်းသော အပြုအမူများကို တားဆီးရန် ဖြစ်သည်။

ထို့ကြောင့် ဤနေ့နံနက်တွင် ချန်းချောင်နှင့် ကော်ဟောက်ကစာသင်ခန်းထဲ ဝင်လိုက်သည်နှင့် ဘုရားတသွားကြသည်။

"လခွမ်း.. ဘာလဲဟ"

"ဆရာမဖန်က ဒီနေ့ဘာလို့ စောစောရောက်နေတာလဲ"

နှစ်ယောက်သား စာသင်ခန်းတံခါးဝတွင် ရပ်တန့်သွားပြီး စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားကြသည်။

ဆရာမဖန်က စာရွက်များကို ကမ္ဘာ့အကြီးအကဲတစ်ဦး၏ ဟန်ပန်ဖြင့် အမှတ်ခြစ်နေသည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ရှေ့ဆောင်ဆရာမဖန်သည် အဆုံးသတ်တွင် ဆရာမဖန်ဟုသာ ပြောနိုင်သည်။

ကျောင်းသားများ၏ စိတ်နှလုံးထဲ၌ စွဲမြဲနေသည့် အစီအမံများကို သူမ ကောင်းကောင်းသိသည်။

စာသင်ခန်းထဲကို ဝင်လာသည့် ကျောင်းသားနှစ်ယောက်၏ စူးစူးဝါးဝါး အကြည့်များနှင့် သဘာဝမကျသော လှုပ်ရှားမှုများက အလွန်ပုံမှန်မဟုတ်သည့် အရာကို ပြုလုပ်ထားမှန်း သိသာနေသည်။

ချန်းချောင်တို့ အံ့အားသင့်သွားရသည့် အကြောင်းရင်းမှာ ဆရာမဖန်က သူတို့အိမ်စာ မလုပ်ခဲ့သည်ကို ချက်ချင်း သိနေခဲ့ခြင်းပင်။

မနက်စောစော အတန်းကိုလာပြီး အိမ်စာကူးယူဖို့ လုပ်ခဲ့သော်လည်း စာသင်ခန်းထဲတွင် ဆရာမဖန်နှင့်သာ တည့်တည့် တိုးမိခဲ့သည်။

ဆရာမဖန်က ကျောင်းသားများ မည်သို့ တွေးနေလဲ ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် ပြောပြနိုင်သည်။

ဆရာမဖန်က ချန်းချောင် နှင့် ကော်ဟောက်ကို စူးစိုက်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများက ကောင်လေး နှစ်ယောက်ကို အနည်းငယ် ထိတ်လန့်သွားစေသည်။

"စုရှောင်.. ဒီနေ့ အိမ်စာတွေ ကောက်စရာ မလိုဘူး.. ငါ ကိုယ်တိုင် ကောက်ယူလိုက်မယ်.. မင်းတို့ နှစ်ယောက် ကျေးဇူးပြုပြီး အိမ်စာကူးဖို့ မစဥ်းစားနဲ့.. အိမ်စာလုပ်ဖို့ အချိန်ကျန်သေးတယ်.. အခုစလုပ်လို့ရပြီ"

ချန်းချောင် "..........."

ကော်ဟောက် "............."

လူနှစ်ယောက်၏ နှလုံးသားထဲတွင် တညီတညွတ်တည်း အော်ဟစ် ညီးညူလိုက်ကြသည်။

"သောက်ဂွပဲ"

ဤအချိန်က မနက် စောစောစောစီးစီးသာ ရှိနေသေးသည်။

လေးနာရီ....

တာဝန်ခံဆရာမက ပုံမှန်အားဖြင့် ခုနစ်နာရီအထိ စာသင်ခန်းကို ရောက်လေ့မရှိပေ။

ချန်းချောင် နှင့် ကော်ဟောက်က ဆရာမဖန် အနည်းငယ် ရူးသွပ်သွားသည်ဟုပင် ချက်ချင်း ခံစားလိုက်ရသည်။

မည်သို့သောဆရာက မနက် လေးနာရီ ကျောင်းကို လာပါမည်နည်း။

အတန်းချိန် အရေအတွက် အလိုက် ဆရာတစ်ဦး၏ လစာကို တွက်ချက်သည်။

စောစောအလုပ်တက်ပြီး နောက်ကျမှ အလုပ်ဆင်းခြင်းသည် အလုပ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး အချိန်ပိုလုပ်ခ လုံးဝမရရှိပေ။

ထိုအချိန်တွင် ချန်းချောင် နှင့် ကော်ဟောက်က ဆရာမဖန်၏ အလုပ်အပေါ် သစ္စာရှိမှုကို သံသယဖြစ်စရာ လုံးဝ မလိုအပ်ဟု ခံစားခဲ့ရသည်။

ယခု သူမက စာသင်ခန်းထဲတွင် သူတို့အား စိုက်ကြည့်နေသည့် အတွက် အိမ်စာများကို ကူးယူရန် နည်းလမ်း မရှိပေ။

ကျောင်းသားနှစ်ယောက်လုံးက စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။

သူတို့က သက်ဆိုင်ရာ နေရာများသို့ ပြန်သွားကာ အိမ်စာများကို ပြီးအောင် လုပ်နေကြ၏။

ဤမြင်ကွင်းကိုမြင်လျှင် ဆရာမဖန်က ဘာမှ ဆက်မပြောတော့ပေ။

စာမေးပွဲများတွင် ကူးချရန် နည်းလမ်းပေါင်းစုံကို အသုံးပြုသူများ အပါအဝင် ကျောင်းသား အမျိုးအစားပေါင်းစုံကို သူမတွေ့ဖူးသည်။

ယခုအချိန်က ကျင့်ကြံခြင်းခေတ်ကာလ ဖြစ်သည်။

အထူးသဖြင့် စာမေးပွဲများသည် ကျောင်းသားများအတွက် အရေးကြီးသော လမ်းဆုံ ဖြစ်သည်။

ရွှေအမြူတေအဆင့် ဆရာမတစ်ဦး အနေဖြင့် သူမက ပင်ပန်းမှုမရှိဘဲ ဆယ်ရက်ကျော် မအိပ်ဘဲနေနိုင်သည်။

ယင်းက မနက်လေးနာရီ ဆိုသည့်အချက်ကို ကောင်းစွာ မေ့ထားလိုက်၍ ရသည်။

စာမေးပွဲမဖြေခင် ကျောင်းသားများကို အနီးကပ် စောင့်ကြည့်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ကို တတ်နိုင်သမျှ မြှင့်တင်ပေးရန် ဆရာမဖန်က ကျောင်းတွင် တစ်ချိန်လုံးရှိနေခဲ့သည်။

အဆုံးသတ်တွင် ကျောင်းသားများက ငယ်ရွယ်လွန်းသဖြင့် အပျော်မက်တတ်ကြပြီး တစ်ခါတရံတွင် အပျက်ဘက်ကို ရောက်သွားတတ်ကြသည်။

သူမအနေဖြင့် ၎င်းတို့ကို အလွှတ်မပေးဘဲ စောင့်ကြည့်နေခဲ့ရသည်။

ထိုအချိန်တွင် ဆရာမဖန်က တစ်စုံတစ်ယောက် အကြောင်းကို ရုတ်တရက် တွေးမိသည်။

ကျောင်းသားဝမ်လင်းက ထိုနှစ်ယောက်နှင့်စာလျှင် အရမ်းတော်သည်ဟု သူမ ထင်ခဲ့သည်။

သူ့ရမှတ်များက ပျှမ်းမျှအဆင့်တွင်သာ ရှိသော်လည်း မည်သို့ပင်ဖြစ်စေ ထိုကျောင်းသားလေးက ရိုးသားသောကျောင်းသားလေး ဖြစ်သည်။

All Chapters