နောင်တလေအလျင်ဓား နှင့် တိမ်တိုက်လှုပ်ရှားမှုဓား
Vol. 32 Ch. 466
အကြောင်းတစ်ခုခုကြောင့် အမည်က အနည်းငယ်ရင်းနှီးသလို ရဲတိုက်လေဒီ ခံစားမိသည်။
သူမ ယခင်က ထိုဆယ်ကျော်သက်နှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ဖူးသည်။
ထို့ကြောင့် လူငယ်က ပကတိအင်မော်တယ် အဆင့် အစွမ်းထက် ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း သေချာလုနီးပါး
ကောက်ချက်ချနိုင်ခဲ့သည်။
ယခင်က မော့အင်မော်တယ်ရဲတိုက် ငှားရမ်းခဲ့သော သူတော်စင် ဆယ်ဦးအနက် တတိယ သူတော်စင်မှ လွဲ၍ မဟာသူတော်စင် နှင့် ဒုတိယသူတော်စင် တို့သည် ထိုဆယ်ကျော်သက် လူငယ်၏ တန်ပြန် စွမ်းအားကြောင့် သေဆုံးခဲ့ရသည်။
စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်ကျင့်ကြံသူကို တန်ပြန် တုန့်ပြန်မှုဖြင့်ပင် သေစေခဲ့သူက မည်မျှ သန်မာသည်မှာ သံသယဝင်စရာ မလိုအပ်ပေ။
သို့သော် ထိုအချိန်က ဝမ်လင်း၏ နယ်ပယ်အဆင့်ကို ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူမ ဆုံးဖြတ်ခဲ့သည်။
မိစ္ဆာအင်ပါယာ ကွာဖီ နှင့် အင်မော်တယ်စံအိမ် သခင်တို့၏ ကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်ပျက်သွားပြီးနောက်တွင် သူမက ဝမ်လင်း၏ ခွန်အားကို ပြန်လည်သုံးသပ်ခဲ့သည်။
ဤလူငယ်က ပကတိအင်မော်တယ် ဖြစ်သည်မှာ ထင်ရှားသည်။
ရဲတိုက်သခင် ကိုယ်တိုင်ပင်လျှင် ဤလူငယ်ကို ကိုင်တွယ်ရ ခက်ပေလိမ့်မည်။
ပကတိအင်မော်တယ် တစ်ယောက်ကို တိုက်ခိုက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အခြား ပကတိအင်မော်တယ်များ ထံမှ အကူအညီ ရယူရန် ဖြစ်သည်။
အနည်းဆုံးတော့ သူတို့၏ ခွန်အားက အဆင့်တူတွင် ရှိနေလိမ့်မည် မဟုတ်လော။
ပကတိအင်မော်တယ် နှစ်ယောက်၏ တိုက်ပွဲဖြစ်၍ သူတော်စင်ဆယ်ပါး၏ ရလဒ်လို ဖြစ်လာနိုင်ခြေ နည်းပါးသည်။
ပကတိအင်မော်တယ်က တစ်ချက်ရိုက်ခံရရုံဖြင့် သေဆုံးလိမ့်မည် မဟုတ်ပေ။
ရဲတိုက်လေဒီက သူမ၏ စိတ်ထဲတွင် တွေးနေခဲ့သည်။
သူမ ရှေ့မှ လူနှစ်ယောက်က မရိုးရှင်းမှန်း သူမသိသည်။
ယင်းက အစွမ်းထက် ကျင့်ကြံသူများနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေးကောင်း တစ်ခုပင်။
ဥက္ကဌပိုင်က ရယ်လိုက်သည်။
"အကယ်၍ မင်း တကယ်ပဲ အဖိုးကြီးလုအတွက် စိတ်ပူနေတယ် ဆိုရင် သူ့ကို စမ်းသပ်ကြည့်လို့ရတယ်"
စီနီယာလုက အနက်ရောင်ထီးကို ဆုပ်ကိုင်ထားသည်အား လွှတ်လိုက်သည်။
ထိုထီးက ဥက္ကဌပိုင် အထက်ရှိ လေထဲတွင် ပျံဝဲနေ၏။
ယခင်လို ထီးကို ကိုင်ထားစရာ မလိုတော့ပေ။
ရဲတိုက်လေဒီ၏ တုံ့ဆိုင်းမှုကို သတိပြုမိပြီး စီနီယာလုက အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
ထို့ကြောင့် သူမအတွက် ဖန်တီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း၏ မှော်စွမ်းရည်ကို သရုပ်ပြသရန် ဆုံးဖြတ်ခဲ့သည်။
သူက ရုံးခန်းကို ဝေ့ကြည့်လိုက်ရာ အဆုံးသတ်တွင် နံရံ၌ ချိတ်ဆွဲထားသည့် ဝိညာဥ်ဓားတစ်ချောင်းကို တွေ့လိုက်ရ၏။
ဤဓားက အလှပြဓား မဟုတ်ဘဲ သူတော်စင် လက်နက်မှန်း တစ်ချက် ကြည့်လိုက်သည်နှင့် စီနီယာလု သိလိုက်သည်။
"ဒီဓားက မင်းရဲ့ဓားလား"
စီနီယာလုက ဝိညာဉ်ဓားကို စိုက်ကြည့်ရင်း အဝေးမှ ဝိညာဉ်ဓားကို ဆွဲယူရန် သူ၏ အင်္ကျီလက်ထဲမှ နွယ်ပင်ကို ဆန့်ထုတ်လိုက်သည်။
ရဲတိုက်လေဒီ အံ့သြသွားသည်။
ဤဓားက ရဲတိုက်သခင် စုဆောင်းထားသော ဓားများထဲမှ နောင်တလေအလျင်ဓား ဖြစ်သည်။
ဓားက အဌမအဆင့်မျှသာ ရှိသောကြောင့် အရည်အသွေး အလွန် မြင့်မားခြင်း မရှိပေ။
သို့သော် ဤဓားထံ၌ "လေတိုက်စားခြင်း"ဟု လူသိများသော ဆိုးရွားသည့် သက်ရောက်မှု ရှိသည်။
တစ်စုံတစ်ဦးကို ဤဓားဖြင့် ထိုးလိုက်သည်နှင့် ထိုလူ၏ ဒဏ်ရာက အချိန်တိုအတွင်း အလွယ်တကူ ပျောက်ကင်းသွားမည် မဟုတ်ပေ။
ရဲတိုက်သခင်က ဤဓားကို သူ၏ စုဆောင်းမှုတစ်ခု အဖြစ် ဝယ်ယူခဲ့သည်မှာ ဤဓားထံ၌ အတွဲအဖက် ဓားတစ်လက် ရှိ၍ ဖြစ်သည်။
ဤဓားကို နောင်တလေအလျင်ဓား ဟု ခေါ်ပြီး ကျန်ဓားကိုမူ တိမ်တိုက်လှုပ်ရှားမှုဟု ခေါ်၏။
ဓားနှစ်လက် စလုံးတွင် လေ၏ ဂုဏ်သတ္တိများ ရှိသော်လည်း တစ်လက်က ယင်ဖြစ်ပြီး အခြားတစ်လက်က ယန်ဖြစ်သည်။
ထိုဓားနှစ်လက်ကို တစ်လက်တည်းအဖြစ် ပေါင်းစည်းနိုင်လျှင် ကမ္ဘာ့ဖီဆန် မှော်လက်နက်၏ စွမ်းအားကို ထုတ်ဖော်နိုင်သည်ဟု ကောလာဟလများ ရှိခဲ့သည်။
ရဲတိုက်သခင်က တစ်နေ့နေ့တွင် ဒုတိယဓားကို ရှာဖွေရန် စိတ်ကူးဖြင့် ဤဓားကို ထိုအချိန်က စုဆောင်းထားခဲ့ခြင်းပင်။
သို့သော် ကံမကောင်းစွာဖြင့် တိမ်တိုက်လှုပ်ရှားမှုဓားက ဖျက်ဆီးခံခဲ့ရပြီး ၎င်း၏ ပျက်စီးနေသော ဓားရိုး တစ်ခုသာ ပြတိုက်ထဲတွင် ကျန်ရှိနေခဲ့သည်။
ထို့ကြောင့် ဤနောင်တလေအလျင်ဓား၏ တန်ဖိုးသည် ချက်ချင်း ကျဆင်းသွားခဲ့ရသည်။
ထိုဖြစ်ရပ်က လွန်ခဲ့သည့် နှစ်ပေါင်း ရာချီက ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုပင်။
ရဲတိုက်သခင်က ဤနောင်တလေအလျင်ဓားကို ရုံးခန်းထဲတွင် ချိတ်ဆွဲထားခဲ့ပြီး ယခုအခါတွင် ထိုဓားက ရဲတိုက်လေဒီ နှင့်အတူ ရှိနေခဲ့သည်။
“ဒါက နောင်တလေအလျင်ဓားပဲ.. စီနီယာလု ဒီဓားကို ကြားဖူးမယ်လို့ ထင်ပါတယ်.. ဒီဓားက ကျမတို့ ရဲတိုက်သခင်ရဲ့ စုဆောင်းမှု တစ်စိတ်တစ်ပိုင်းပါပဲ"
ရဲတိုက်လေဒီက ပြန်ဖြေခဲ့သည်။
"ဒါကြောင့် ဒီဓားကို အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲလို့ ထင်နေတာကိုး"
စီနီယာလုက ရယ်မောလိုက်သည်။
"မင်းတို့ မော့အင်မော်တယ်ရဲတိုက်က ဝင်ငွေ လျော့နည်းနေတယ်လို့ မင်း စောစောက ပြောခဲ့တယ်မဟုတ်လား.. ဒါဆို ဒီဓားကို ဘာလို့ မရောင်းလိုက်ရတာလဲ"
"ဒီဓားနဲ့လိုက်ဖက်ညီတဲ့ တိမ်တိုက်လှုပ်ရှားမှုဓားက ပျက်စီးသွားပေမဲ့လည်း ဒီဓားက ငွေအမြောက်အမြား တန်ပါသေးတယ်"
"ကျမတို့ ရဲတိုက်အနေနဲ့ ဘယ်လောက်ပဲ ဆင်းရဲပါစေ.. ရဲတိုက်သခင်က သူစုဆောင်းထားတဲ့ ပစ္စည်းတွေကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဖူးတယ်.. မရောင်းချလို့လည်း အရှုံးမရှိပါဘူး.. အချိန်ကြာလာတာနဲ့အမျ နောင်တလေအလျင်ဓားက ရှေးဟောင်းပစ္စည်း အဖြစ် မှတ်ယူလို့ရတယ်လေ"
ရဲတိုက်လေဒီက ပြန်ဖြေလိုက်သည်။
စီနီယာလုက မေးခွန်းများ ဆက်မမေးတော့ပေ။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ရဲတိုက်လေဒီကို အနည်းငယ် အစွမ်းပြရပေမည်။
ထိုသို့တွေးရင်း စီနီယာလုက နောင်တ လေအလျင်ဓားကို ရဲတိုက်လေဒီထံ အပ်လိုက်ကာ သူ့ခေါင်းကို ညွှန်ပြလိုက်သည်။
"မိန်းကလေး ကျေးဇူးပြုပြီး ဒီဓားကိုသုံးပြီး ငါ့ခေါင်းကို ခုတ်လိုက်ပါ"
ရဲတိုက်လေဒီ အံ့အားသင့်သွားသည်။
ယင်းက အတော်လေး အတင့်ရဲသည့် လုပ်ရပ် တစ်ခု ဖြစ်သည် မဟုတ်လော။
ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်သည်
မှော်အတားအဆီးများဖြင့် အကာအကွယ် မလုပ်ထားလျှင် သူတော်စင် အဆင့်အောက်ရှိ မှော်လက်နက်များကိုသာ ခုခံနိုင်မည် ဖြစ်သည်။
နောင်တလေအလျင်ဓားက အဌမတန်းစား လက်နက်မျှသာဖြစ်သော်လည်း သူတော်စင်လက်နက် ဖြစ်၍ အကျိုးသက်ရောက်မှုက လျော့တွက်၍ မရပေ။
ထိုအချိန်က ရဲတိုက်သခင်သည် စမ်းသပ်မှုတစ်ခု အဖြစ် သူ၏ ကျောပြင်ကို နောင်တလေအလျင်ဓားဖြင့် ခုတ်ခိုင်းခဲ့ရာ သေခြင်းတရားနှင့် တစ်ကြိမ်တစ်ခါမျှ ကြုံဖူးသွားခဲ့သည်။
ဆေးဝါးကို လုံးဝ အသုံးမပြုဘဲ ရဲတိုက်သခင်၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ဒဏ်ရာကို ကုသခဲ့ရာ ခုနစ်ရက် ကြာမြင့်ခဲ့သည်။
"ကျေးဇူးပြုပြီး လှုပ်ရှားလိုက်တော့ မိန်းကလေး.. လုံးဝ အားနာနေဖို့ မလိုဘူး"
စီနီယာလုက သူ့ကိုယ်သူ ကုသနိုင်စွမ်းကို အလွန်ယုံကြည်မှု ရှိကြောင်း ထင်ရှားနေသည်။
"ဒီဓားရဲ့ အကျိုးသက်ရောက်မှုက အခြားသူတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်ပေမဲ့ ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းက ဓားကြောင့်ဖြစ်လာနိုင်တဲ့ ပျက်စီးမှုထက် အများကြီး သာလွန်နေတဲ့ အတွက် ငါ့အပေါ် သက်ရောက်မှုက အနည်းအကျဥ်းလောက်ပါပဲ"
"ဒီဓားက ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ဆိုရင်တော့ တစ်မျိုးပေါ့.. ဒါပေမဲ့ ယနေ့ကမ္ဘာကြီးမှာ ကမ္ဘာ့ဖီဆန် မှော်လက်နက်ဆိုတာ မရှိသလောက် ဖြစ်နေပါပြီ"
ဥက္ကဌပိုင်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
"အဖိုးကြီးလု ပြောတာ မှန်တယ်.. ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ရှိတယ် ဆိုရင်တောင် ဒါက နိုင်ငံတော်ရဲ့ အကာအကွယ်အောက်မှာ ရှိနေမှာပဲ"
"ကမ္ဘာ့ဖီဆန် မှော်လက်နက် တစ်ခု ဒါမှမဟုတ် နှစ်ခုကို ထိန်းချုပ်နိုင်တဲ့ နိုင်ငံတစ်ခုက အခြားနိုင်ငံတွေကို အကာအကွယ်ပေးဖို့ လုံလောက်တဲ့ အရည်အချင်း ရှိတယ်"
"ဒါပေမယ့် ဒီလို မှော်လက်နက် အမျိုးအစားက အလွန်အစွမ်းထက်တဲ့ အတွက် နိုင်ငံအချင်းချင်း စစ်ပွဲမဖြစ်ပွားမချင်း အသုံးပြုလို့ရမဲ့ နည်းလမ်းတော့ မရှိဘူး"
ဟုတ်ပါသည်။ နိုင်ငံတော် အဆင့် ကိစ္စတွေက ရဲတိုက်လေဒီ နှင့် မော့အင်မော်တယ် ရဲတိုက် အတွက် အလှမ်း ဝေးလွန်းသည်။
လက်ရှိတွင် မော့အင်မော်တယ် ရဲတိုက်၏ ထောက်လှမ်းရေးဌာနသည် ဟွာရှို့ နိုင်ငံ၏ အဓိကမြို့ကြီး အချို့တွင်သာ ရှိသေးသည်။
နိုင်ငံတစ်ဝှမ်း မပျံ့နှံ့သေးသလို ပြည်ပကို စွန့်စားရန်မှာလည်း အလှမ်းဝေးနေပါသေးသည်။
"စီနီယာလု တို့က ကျမတို့နဲ့ အလှမ်း ဝေးလွန်းတဲ့ အကြောင်းအရာတွေကို ပြောနေတာပဲ"
ရဲတိုက်လေဒီက လက်တစ်ဖက်တွင် ဓားကိုကိုင်ထားရင်း ဂါရဝပြုလိုက်သည်။
"စီနီယာလုက ယုံကြည်မှု ရှိနေမှတော့ ကျမ စလိုက်တော့မယ်"
ရဲတိုက်လေဒီ စကားဆုံးသည်နှင့် ဥက္ကဌပိုင်က လက်ညိုးညွှန်လိုက်ရာ အနက်ရောင်ထီးက မိုးလုံလေလုံ အတားအဆီး တစ်ခုအဖြစ် ရုတ်တရက် ကျယ်ပြန့်လာသည်ကို သူမ တွေ့လိုက်ရသည်။
"ဒါက ရုံးခန်း မပျက်စီးစေဖို့ အတွက် နေရာလွတ် အတားအဆီး တစ်ခုပါ"
ပုံမှန်မဟုတ်သော ဖျော့တော့တော့ လူငယ်လေးက ပြုံးလိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။
"ကျေးဇူးပြုပြီး အဖိုးကြီးလုကို အစွမ်းကုန် ခုတ်လိုက်ပါ မိန်းကလေး"
ရဲတိုက်လေဒီ "ကောင်းပါပြီ... ဒါပေမယ့် ကျမရဲ့ ခွန်အားကို အကုန်သုံးရင်ရော အဆင်ပြေရဲ့လား"
စီနီယာလု "ကိစ္စမရှိပါဘူး.. ငါ့မှာ သံမဏိခေါင်းတစ်ခု ရှိပါတယ်"
ရဲတိုက်လေဒီ"........."