မော့အင်မော်တယ်ရဲတိုက်သည် နာယကတစ်ဦးကို တွေ့ရှိခဲ့သည်
Vol. 32 Ch. 467
အနက်ရောင်ထီးက နေရာလွတ် အတားအဆီးတစ်ခု ဖန်တီးနိုင်သောကြောင့် အလွန်ထူးခြားသည်ဟု ဆိုရမည်။
ရဲတိုက်လေဒီက ဤကဲ့သို့ စွမ်းရည်ရှိသော မှော်လက်နက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
သာမန်အခြေအနေတွင် အတားအဆီးတစ်ခုသည် မှော်အစီအရင်တစ်ခု အသုံးပြုရန် လိုအပ်သည်။
ထို့အပြင် ၎င်းကို တည်ဆောက်ရန် လူများစွာက အတူတကွ လုပ်ဆောင်ကြရမည် ဖြစ်သည်။
ဥပမာအားဖြင့် ရွှေကုံးဂိုဏ်း ဖြစ်စဥ်တွင် ရှောင်မျိုးနွယ်စုမှ ရှောင်ယွင်ချမ်းကို ဖမ်းဆီးရန် ၎င်းရှိခဲ့ဖူးသော ဧရိယာတစ်ဝိုက်တွင် အတားအဆီးတစ်ခု တည်ဆောက်ရန် အတွက် နေရာအနှံ့မှ ရဲအရာရှိ ထောင်ပေါင်းများစွာက ပူးပေါင်းခဲ့ရသည်
ဟုတ်ပါသည်။ အနန္တတန်ခိုးရှင် ဆိုလျှင်မူ မည်သူ့ အကူအညီမှ မယူဘဲ ၎င်းတို့ကိုယ်တိုင် အတားအဆီးကို ဖန်တီးနိုင်မည် ဖြစ်၏။
သို့တိုင် ဂါထာမန္တရား မန်းမှုတ်ရန် အချိန်တစ်ခုတော့ လိုအပ်ဦးမည်သာ။
သို့သော် ဥက္ကဌပိုင်၏ အနက်ရောင်ထီးကမူ အတားအဆီးတစ်ခုကို ချက်ချင်း ဖန်တီးနိုင်ခဲ့သည်။
ယင်းက ရဲတိုက်လေဒီကို ချွေးပြန်စေခဲ့သည်။
အနက်ရောင်ထီးက အလွန် အစွမ်းထက်သော နေရာလွတ် မှော်လက်နက်တစ်ခုဟု အနည်းနှင့်အများ သူမ မှန်းဆနိုင်ခဲ့သည်။
ဥက္ကဌပိုင်ကို ရဲတပ်ဖွဲ့က ရှာမတွေ့ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သူ့လက်ထဲမှ အနက်ရောင်ထီးက တကယ့်ကို အသုံးကျသည့် လွတ်မြောက်ရေး ကိရိယာတစ်ခုပင် မဟုတ်ပါလား။
ရဲတိုက်လေဒီက လက်ထဲတွင် နောင်တလေအလျင်ဓားကို ကိုင်ထားပြီး အတားအဆီး ဧရိယာအတွင်း ရပ်နေသည်။
အတားအဆီး ဧရိယာက အလွန်ကြီးမားသောကြောင့် ကမ္ဘာငယ်လေး တစ်ခုဟုပင် ထင်ရသည်။
ဤထီးငယ်၏ မူလဇစ်မြစ်မှာ လုံးဝ မရိုးရှင်းပေ။
"စီနီယာလု...ငါ အမှားလုပ်မိရင် ခွင့်လွှတ်ပါ "
သူမက နောင်တလေအလျင်ဓားကို ကိုင်၍ ဝိညာဥ်စွမ်းအားများ စတင် စုစည်းနေရင်း ပြောလိုက်သည်။
သူမက ဤဓား၏ ပိုင်ရှင် မဟုတ်သော်လည်း စာချုပ်စွမ်းအားကို အသုံးပြု၍ ရဲတိုက်သခင်က သူမကို ဤဓားအား ထိန်းချုပ်နိုင်စေရန် အတွက် ခွင့်ပြုချက် ပေးခဲ့သည်။
နောင်တလေအလျင် ဓားထဲ စိတ်ဝိညာဥ် စွမ်းအင်များ သွန်းလောင်းလိုက်သည့် အခိုက်တွင် ဓားကိုယ်ထည်က ချက်ချင်းပင် တုန်ခါသွားသည်။
တစ်ဖက်တွင်လည်း ဥက္ကဌပိုင်က ဤမြင်ကွင်းကို နှမြောတသဖြင့် ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
နောင်တ လေအလျင်ဓားနှင့် တိမ်တိုက် လှုပ်ရှားမှုဓားတို့သည် ဝိညာဉ်ဓားများ စာရင်းတွင် လူသိများသော ဓားနှစ်လက် ဖြစ်သည်။
ဓားတစ်ချောင်းစီက ထိပ်တန်းဓား သုံးဆယ် စာရင်းတွင် အဆင့် သတ်မှတ်ခံရသော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်လျှင်မူ ထိပ်ဆုံးဓား သုံးလက် စာရင်းထဲ၌ အဆင့် သတ်မှတ်ခံရမည်မှာ သေချာ၏။
ကံမကောင်းစွာဖြင့် တိမ်တိုက်လှုပ်ရှားမှုဓားက ကျိုးပဲ့သွားခဲ့ပြီး ဓားရိုးသာ ကျန်ရှိတော့၏။
ပန်းပဲဆရာများက ၎င်းကို အကဲဖြတ်ပြီး ပြုပြင်ရန် မဖြစ်နိုင်တော့ကြောင်း ကောက်ချက်ချခဲ့သည်။
"လာပြီ"
ရဲတိုက်လေဒီက ဝိညာဥ်စွမ်းအားကို ဓားဆီ သွန်းလောင်းပြီးနောက် စတင်ခုတ်ချလိုက်သည်။
ဓား၏ စွမ်းအားက နိုးကြွလာပြီး လေထုကို ဆုတ်ဖြဲနိုင်သော လခြမ်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် စီနီယာလုက အလွန်တည်ငြိမ်သော အမူအရာဖြင့် ရင်ဆိုင်နေပြီး အစမှအဆုံးထိ မတုန်လှုပ်ခဲ့ပေ။
သူ ပြောခဲ့သလိုပင်၊ ဤတိုက်ခိုက်မှုကို မှော်အတားအဆီး မသုံးဘဲ ခန္ဓာကိုယ်ဖြင့်သာ လက်ခံဖို့ ဆုံးဖြတ်ခဲ့သည်။
ဓားဖြင့် ထိတွေ့သည်နှင့် စီနီယာလု၏ ဦးခေါင်းက ကွဲထွက်သွားပြီး ဒဏ်ရာကနေ လတ်ဆတ်သော သွေးစိမ်းများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် နောင်တလေအလျင်ဓား၏ ဒဏ်ရာကို စဉ်ဆက်မပြတ် ထိခိုက်ပျက်စီးစေနိုင်သည့် အကျိုးသက်ရောက်မှုသည် သာမန်မျက်စိဖြင့် မြင်နိုင်သည် အထိ အသက်ဝင်လာသည်။
ဤမြင်ကွင်းက တကယ်ကို ထိတ်လန့်စရာ ကောင်းသည်။
ထိုတိုက်ခိုက်မှုအပြီးတွင် ရဲတိုက်လေဒီက ဓားကို ဖယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကူကယ်ရာမဲ့စွာ တုန်တုန်ယင်ယင် ဖြစ်နေသည်။
စီနီယာလုကို ကြည့်ရင်း သူမ နာကျင်သလို ခံစားလိုက်ရသည်။
သို့သော် အစကနေ အဆုံးထိ မငိုခဲ့ပေ။
ဒဏ်ရာရရှိပြီး နှစ်စက္ကန့်အကြာတွင် ဒဏ်ရာမှ အစိမ်းရောင်ဝိညာဥ်အလင်း တစ်ခု ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင် ဝိညာဉ်အလင်းကြောင့် နောင်တလေအလျင်ဓား၏ အထူး အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားသည်ကို သိလိုက်ရသောအခါ ရဲတိုက်လေဒီ အံ့သြသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စီနီယာလု၏ ဒဏ်ရာက ပြန်လည်ကျန်းမာလာသည်အထိ သာမန်မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် ပျောက်ကင်းသွားခဲ့သည်။
စီနီယာလုက ရဲတိုက်လေဒီကို ကြည့်ကာ ပြောလိုက်သည်။
"အင်မော်တယ် ရွှေချောင်းငါးသောင်းကို မင်းပေးခဲ့တဲ့ အကောင့်ထဲကို လွှဲပေးဖို့ ငါ ညွှန်ကြားပြီးပြီ.. စစ်ဆေးကြည့်ဖို့ မမေ့နဲ့ဦး.. အဲဒီအခါကျရင် ငါတို့ သဘောတူထားတဲ့အတိုင်း ဥက္ကဌပိုင် ကိုယ်စား ရဲတိုက်လေဒီ ပြောတဲ့ လူကို ငါသွားတွေ့မယ်"
"ဒါပေမယ့် ဒီမတိုင်မီ ငါတို့ လိုချင်တဲ့ အချက်အလက်လေးတွေ ပြောပြပေးပါဦး"
ဤအချိန်က မော့အင်မော်တယ်ရဲတိုက်၏ ရှင်ခြင်းသေခြင်းအတွက် အမှန်တကယ် အရေးပါသည်။
ရဲတိုက်လေဒီက အလွန်ပျော်ရွှင်နေ၍ အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။
"မော့အင်မော်တယ် ရဲတိုက်နဲ့ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ပူးပေါင်းမှုကနေ ပျော်ရွှင်စရာတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်.. ဒါက ဥက္ကဌလိုချင်တဲ့ အချက်အလက်ပါ"
"ကောင်းပြီ"
ဥက္ကဌပိုင်က ခေါင်းညိတ်ပြလိုက်ရာ စီနီယာလုက အချက်အလက် စာလိပ်ကို လှမ်းယူ၍ ဖွင့်ဖတ်လိုက်သည်။
"ထောက်လှမ်းရေး အချက်အလက်ကနေ အမွေးစိမ်းခွေး ဘယ်မှာရှိလဲဆိုတာ ရှာကြည့်စမ်း"
စီနီယလုက အမွေးစိမ်းခွေး၏ တည်နေရာကို အချက်အလက်စာလိပ်ထဲ ရှာဖွေနေသော အချိန်တွင် ရဲတိုက်လေဒီက ရှင်းပြလိုက်သည်။
"ဥက္ကဌပိုင် ပေးခဲ့တဲ့ အကြီးအကဲ စန်းလန် နဲ့ အကြီးအကဲ ဟန်အိုက်တို့ ပျောက်ကွယ်သွားတဲ့ နေရာက ကိုသြဒိနိတ်အမှတ်ကို အခြေခံပြီး သူတို့နှစ်ဦးရဲ့ ကျန်ရစ်နေသေးတဲ့ ခြေရာတွေကို ရှာဖွေဖော်ထုတ်ရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့တယ်.. ဒါ့အပြင် အမွေးစိမ်းခွေးက အလောင်းအမှုန့်နဲ့ အလွန်ဆင်တူတဲ့ ဆေးမှုန့် တစ်ခုခုကို သုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ကျမတို့ ကောက်ချက်ချထားတယ်"
"စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ပျော်ဝင်သွားစေတဲ့ အလောင်းအမှုန့်လား"
စီနီယာလု အနည်းငယ် ထိတ်လန့်သွားသည်။
"အင်း"
ရဲတိုက်လေဒီက ခေါင်းညိတ်လိုက်သည်။
"ကျမ တို့လည်း စစချင်း ရှာတွေ့တုန်းက ယုံရခက်တယ်.. စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ချက်ချင်း ပျော်ဝင်စေနိုင်တဲ့ အလောင်းအမှုန့်တွေ ဒီကမ္ဘာမှာ တကယ်ပဲ ရှိနေသေးတယ်.. အဆုံးသတ်မှာတော့ အလောင်း အမှုန့်ရဲ့ ထူးခြားတဲ့ရနံ့ကပဲ အမွေးစိမ်းခွေးရဲ့ တည်နေရာကို ညွှန်ပြပေးခဲ့တယ်"
ရဲတိုက်လေဒီ ပြောသမျှကို နားထောင်ရင်း ဥက္ကဌပိုင် နှင့် စီနီယာလုက စာလိပ်ထဲမှ အချက်အလက်များကို ဆက်ဖတ်လိုက်သည်။
စာလိပ်အောက်ခြေတွင် မြေပုံတစ်ခုရှိနေ၏။
အမှတ်အသား ပြုထားသော တည်နေရာသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ဇိမ်ခံအိမ်နေရာ ဖြစ်သည်။
........................
ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ငွေရောင်လေးတို့က ဗီလာတွင် ဘရိုကိုလီကြော်ကို စားရန် ပြင်နေကြသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က စားပွဲပေါ်ရှိ ဘရိုကိုလီ ပန်းကန်လုံးအား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ငွေရောင်လေးက ဘရိုကိုလီကြော် တစ်ဇွန်းကို ခပ်ယူ၍ ကြည့်လိုက်သည်။
ဤဘရိုကိုလီက ကောင်းကင်တာအိုကို နားလည်နိုင်စွမ်းရှိစေသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ သူကြားဖူးသည်။
သို့သော် သူစားနေတာ တစ်ပတ်နီးပါးရှိနေပြီ ဖြစ်သော်လည်း ထိုအထဲမှ လေးနက်သည့် တာအို သဘောတရားကို ရှာမတွေ့ခဲ့ပေ။
ငွေရောင်လေးက သံသယဖြစ်လာမိသည်။
"ဒါက ကောင်းကင်တာအိုကို နားလည်ဖို့ တကယ်ပဲ အသုံးဝင်လို့လား"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်.. မင်းနဲ့ငါနဲ့ အဲဒါကို နှစ်အနည်းငယ်ကြာအောင်စားနေသ၍ ငါတို့ သေချာပေါက် ကောင်းကင်တာအိုကို နားလည်သွားမှာပဲ"
ငွေရောင်လေး "အဲဒီလိုလား.. ဒါဆိုလည်းစားပြီ"
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ထဲ၌ ဝိညာဉ်အလင်းတန်းတစ်ခု လင်းလက်လာပြီး ငွေရောင် အင်္ကျီတစ်ထည် ပေါ်လာသည်။
"ဒါဝတ်ထားလိုက်.. ဒါညီနောင်လင်း အိမ်ကအင်္ကျီပဲ.. အစာစားတဲ့အခါ မင်းရဲ့ တံတွေးတွေကြောင့် အင်္ကျီတွေပေါက်ပြဲကုန်ရင် ကြည့်မကောင်းဘူး.. ဒီအင်္ကျီက မင်းရဲ့ တံတွေးကို ခံနိုင်ရည်ရှိတယ်.. မင်းရဲ့တံတွေးက အရမ်းကြောက်စရာကောင်းလွန်းတယ်.. မင်းတံတွေးက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေကိုတောင် ပျော်ဝင်သွားစေနိုင်တယ်လေ..."
ငွေရောင်လေးက ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။
"အဲဒါက သလိပ်ပါဗျ.. သလိပ်ပါ"