← Chapters

ထွင်ထျန်းဟာ၏ ဝင်ငွေအရင်းအမြစ်

Vol. 32 Ch. 470

ထွင်ထျန်းဟာ၏ ဝင်ငွေအရင်းအမြစ်

Vol. 32 Ch. 470

“ဆရာလေးလင်းက စာမေးပွဲတွေနဲ့ အလုပ်ရှုပ်နေတာလေ.. မင်းသူ့ကို ဘာဒုက္ခပေးမလို့လဲ”

ထိုစကားက အကြောင်းတစ်ခုခုကြောင့် အသုံးမဝင်လောက်ဟာ ငွေရောင်လေး ခံစားမိသည်။

ထွင်ထျန်းဟာ အနေဖြင့် ဆန်းကြယ်သည့် ဝိညာဉ်နည်းစနစ်များ သို့မဟုတ် မှော်စွမ်းရည်များနှင့် ပက်သက်၍ ဆရာလေးလင်းနှင့် တိုင်ပင်နိုင်သည့် အခွင့်အရေး ရနေသည်မှာ သူ့အတွက် တကယ်ကို အားကျစရာပင်။

စွပ်ပြုတ်အဖြစ် သူတော်စင်ခွေး ပြောင်းလဲသွားပြီး နောက်တွင် သူတော်စင်ခွေး၏ ခွေးမျိုးနွယ်စု တစ်ခုလုံးက ဖျက်ဆီးခံခဲ့ရသည်။

ထို့ကြောင့် ငွေရောင်လေးက လက်ရှိတွင် အဆိုပါ ခွေးမျိုးနွယ်စု၏ နည်းစနစ်များကို အသုံးပြုနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။

သို့သော်လည်း သူက ဝမ်လင်း၏ သင်ကြားမှုစွမ်းရည်ကို သံသယ မရှိခဲ့ပေ။

ဆရာလေးလင်းလို မှော်စွမ်းရည်များကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူက သူတစ်ပါးကို သင်ပြနိုင်စွမ်းရှိသည် မဟုတ်ပါလား။

မှော်စွမ်းရည်ဆရာသခင် အလုပ်သည် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ရေပန်းစားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု ဖြစ်သည်။

ထိုမှော်စွမ်းရည် ဆရာသခင်များက နည်းစနစ်များနှင့် မှော်စွမ်းရည်များကို လေ့လာစဉ်တွင် တွေ့ကြုံရသော အခက်ခဲအမျိုးမျိုးကို ဖြေရှင်းနိုင်ရန် အကူအညီ ပေးကြသည်။

၎င်းတို့ကိုယ်တိုင်က ဤကဲ့သို့ မှော်စွမ်းရည်နှင့် ဝိညာဉ်နည်းစနစ်များကို စွမ်းဆောင်နိုင်စွမ်း မရှိလျှင်ပင် ၎င်းတို့၏ အတွေ့အကြုံနှင့် သီအိုရီ ဗဟုသုတအရ နည်းစနစ်များ၏ အဓိက အချက်များကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် အတွက် ကျင့်ကြံသူများ၏ ကျင့်ကြံရမည့် အချိန်ကို တိုတောင်းစေ၏။

ယင်းက ကလေးများကို ရေကူးနည်း သင်ပေးသည့် ရေကူးဆရာနှင့် ဆင်တူသည်။

တကယ်တမ်းတွင် ရေကူးဆရာ အများစုမှာ ရေမကူးတတ်ပေ။

နောက်တစ်ချက်မှာ ကလေးများကို ရေတိမ်တွင် ရေကူးသင်ပေးသည့်အတွက် မည်သူမှရေနစ်မည် မဟုတ်ချေ။

ငွေရောင်လေးက စိတ်ဓါတ်ကျသွားရသည်။

တစ်ချိန်တည်းမှာပင် သူက အနည်းငယ် မနာလိုဖြစ်နေသည်။

သူ့ ခံစားချက်များက အလွန်ကို ရှုပ်ထွေးနေ၏။

သေချာသည်မှာ ဆရာလေးလင်းဆီ အရင်ရောက်သောသူက ကံကောင်းခြင်းကို ဦးစွာ ခံစားရမည်သာ။

သို့သော် သူ့အနေဖြင့်မူ ဆရာလေးလင်းနှင့် မည်သည့် အချိန်မှ စာချုပ်ချုပ်နိုင်မလဲ ဆိုသည်ကို အတိအကျ မသိရပေ။

ငွေရောင်လေးက စာချုပ် နှင့် ပတ်သက်၍ ဝမ်လင်းကို အရင်က အရိပ်အမြွက် ပြောထားပြီးသား ဖြစ်သည်။

အကယ်၍ ဆရာလေးလင်းသာ သူနှင့် စာချုပ်ချုပ်ဆိုရန် လုံးဝဆန္ဒမရှိခဲ့လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်၌ နေထိုင်ခွင့်ပင် ရလိမ့်မည် မဟုတ်ဟု တိတ်တဆိတ် တွေးမိခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဆရာလေးလင်း၏ အခင်ဆုံးသူငယ်ချင်း ဖြစ်သည် မဟုတ်ပါလား။

ရုတ်တရက် ဆိုသလိုပင် ငွေရောင်လေးသည် ဝမ်လင်းက သူ့ကို လျစ်လျူရှုထားသည့် အတွက် အလွန် စိုးရိမ်သွားမိသည်။

သူ့အနေဖြင့် ဆရာလေးလင်းနှင့် စာချုပ် အပြီးသတ်နိုင်ရန် ထွင်ထျန်းဟာကို အကူအညီ တောင်းဆိုရပေမည်။

ထို့ကြောင့် ငွေရောင်လေးက စိတ်ထဲမှ သက်ပြင်းချလိုက်ကာ ထွင်ထျန်းဟာကို မေတ္တာရပ်ခံရန် ဆုံးဖြတ်လိုက်ည်။

“ညီနောင်ခွေး.. မင်းရှိနေသေးလား”

သူက အသံကို အသုံးမပြုတော့ဘဲ စာရိုက်သည့်မုခ်သို့ တိုက်ရိုက် ပြောင်းလိုက်ကာ တုန်ခါသည့် လုပ်ဆောင်ချက်ကို နှိပ်လိုက်သည်။

ထွင်ထျန်းဟာ “...???...”

ဖန်သားပြင်ရှေ့မှ ထွင်ထျန်းဟာက တည်တည်တံ့တံ့ ဖြစ်သွားသည်။

အသံမှစာသားသို့ ချက်ချင်း ပြောင်းလဲလိုက်ခြင်းသည် ယေဘုယျအားဖြင့် ငွေရောင်လေးထံတွင် ပြောစရာ ကြီးကြီးမားမား ရှိနေမှန်း ထင်ရှားနေ၏။

ထွင်ထျန်းဟာ “မင်းငါ့ဆီမှာ တစ်ခုခု တောင်းဆိုချင်လို့လား”

“အင်း.. ငါမင်းကိုမေးစရာရှိတယ်.. ညီနောင်ခွေးရေ”

ထို့နောက်တွင် ငွေရောင်လေးသည် ထွင်ထျန်းဟာကို ဝမ်လင်း၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်၊ နေထိုင်မှု အလေ့အထနှင့် နှစ်သက်မှုရအောင် မည်ကဲ့သို့ လုပ်ဆောင်ရမလဲ ဆိုသည်ကို မေးမြန်းခဲ့သည်။

ရိုးသားစွာပြောရလျှင် နောက်ဆုံးအကြိမ်က ငွေရောင်လေး၏ သူတော်စင် သားရဲသွေးဖြင့် ရေချိုးပြီးနောက်တွင် ထွင်ထျန်းဟာ၏ အိပ်စက်ခြင်းရောဂါက အမှန်တကယ်ပင် သက်သာသွားခဲ့သည်။

ဆရာလေးလင်းက ထိုသူတော်စင်သားရဲသွေး အတွက် ခေါက်ဆွဲခြောက်ထုပ် အထုပ်၂၀ ကို ပြန်ပေးခဲ့သော်လည်း ထွင်ထျန်းဟာကမူ ဤအကြွေးကို ယခုတိုင် ပြန်ဆပ်နေရဆဲပင်။

ငွေရောင်လေး အနေဖြင့် သူ၏အကူအညီကို အမှန်တကယ် လိုအပ်နေသည် ဆိုလျှင် ထွင်ထျန်းဟာက ငြင်းမည်မဟုတ်ပေ။

သို့ရာတွင် ဆရာလေးလင်း အကြောင်း သတင်းပေးရမည်မှာ သူ့ကို အနည်းငယ် တွန့်ဆုတ်စေသည်။

ထွင်ထျန်းဟာက သူ့ကိုယ်သူ အလွန် သစ္စာစောင့်သိသော ခွေး ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

သူက ပိုင်ရှင်ကို ဘယ်သောအခါမှ သစ္စာဖေါက်မည့် ခွေးမျိုးမဟုတ်ပေ။

ဆရာလေးလင်းလို ပိုင်ရှင်ဆိုလျှင် ပို၍ပင် သစ္စာဖေါက်ဖို့ မဖြစ်နိုင်ပေ။

ယင်းက ငွေရောင်လေး၏ ငွေလွှဲမှု မရရှိခင်တွင် ခံစားရသောခံစားချက်သာ ဖြစ်သည်။

ငွေရောင်လေးက စာမပို့မီ သူ့စကားများကို သေချာချိန်ဆပြီးမှ ဖြည်းဖြည်းချင်း စာရိုက်လိုက်သည်။

သူက ဤစာကိုပေးပို့ရန် သတ္တိအတော်လေး မွေးခဲ့ရသည်။

“ညီနောင်ခွေးကို မေးပါရစေ.. ဆရာလေးလင်းက ဘယ်အချိန်ငါနဲ့ စာချုပ်ချုပ်မှာလဲ ဆိုတာ မင်းသိလား”

တကယ်တမ်းတွင် ဤကဲ့သို့ ပြတ်ပြတ်သားသား မေးရသည်က ကောင်းမွန်သော နည်းလမ်းတော့ မဟုတ်ပေ။

အခန့်မသင့်၍ ဆရာလေးလင်း သိသွားလျှင် သူ့အပေါ် စက်ဆုပ်သွားနိုင်ပေသည်။

သို့ရာတွင် ဝိညာဉ်သားရဲ သို့မဟုတ် သူတော်စင်သားရဲသည် ပိုင်ရှင်တစ်ဦးအပေါ် စိတ်နှလုံးသွင်းပြီးသည်နှင့် စာချုပ်တစ်ခု၏ အာမခံချက်ကသာ ၎င်းတို့အား လုံလုံလောက်လောက် လုံခြုံမှုပေးနိုင်၏။

ဝမ်လင်းက အိမ်တွင် ငွေရောင်လေးနှင့် စာချုပ်ချုပ်ဆိုမည့်အကြောင်းအား ပြောဆိုခဲ့ဖူးသည်ကို ထွင်ထျန်းဟာ သတိရမိသည်။

သို့ရာတွင် စာမေးပွဲများ နီးကပ်လာ၍ စာချုပ်ကို ခေတ္တ ဆိုင်းငံ့ထားလိုက်ခြင်းသာ ဖြစ်သည်။

ထွင်ထျန်းဟာက ဝမ်လင်း မမေ့ကြောင်း အမှန်တကယ် သိသည်။

ဤအလုပ်များသော ကာလ ကုန်ဆုံးသွားသည်နှင့် ဆရာလေးလင်းက ငွေရောင်လေးနှင့် သဘောတူစာချုပ်ကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ချုပ်ဆိုမည်မှာ သေချာသည်။

ယခုအခါ ကမ္ဘာပေါ်တွင် သူတော်စင်သားရဲက တစ်ကောင်သာကျန်ရှိတော့သည်။

မျိုးသုန်းလုနီးပါး တိရိစ္ဆာန်များကို ကာကွယ်ရန်အတွက် ဆရာလေးလင်းက စာချုပ်ကို အပြီးသတ်ရန် မမေ့ကြောင်း ထွင်ထျန်းဟာ ယုံကြည်သည်။

သို့သော် ဆရာလေးလင်းသည် ယခုမှ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။

ဤအရွယ် ဆယ်ကျော်သက်များ အတွက် စာကျက်ခြင်းထက် ပိုအရေးကြီးသော အရာမရှိပေ။

ဤကမ္ဘာတွင် ဆရာလေးလင်းကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်မည့်သူမရှိဟု ထွင်ထျန်းဟာ ခံစားမိသည်။

သို့သော် ဆရာလေးလင်းကို အနိုင်ယူနိုင်သည့် အခွင့်အရေးတစ်ခု ရှိကောင်းရှိမည်ဆိုလျှင် ယင်းက စာမေးပွဲတွေသာ ဖြစ်လိမ့်မည်။

စာမေးပွဲထက် ပိုပြီး မည်သူမှ ဆရာလေးလင်းကို စိန်ခေါ်နိုင်မည် မဟုတ်ပေ။

ထွင်ထျန်းဟာက ဖန်သားပြင်ကို စိုက်ကြည့်ကာ အနည်းငယ် စဉ်းစားလိုက်ပြီးမှ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

"ငွေရောင်လေး.. ငါ့ကို ပိုင်ရှင်အပေါ် သစ္စာဖောက်မယ့် ခွေးတစ်ကောင်လို့များ ထင်နေလား"

ထိုမက်ဆေ့ချ်ကို မြင်ရလျှင် ငွေရောင်လေး၏ ပါးစပ်ထဲကနေ သွေးများ အန်ထွက်လုမတတ် ဖြစ်သွားသည်။

ဤအမွေးစိမ်းခွေးက ထိုကဲ့သို့ အရှက်မရှိ ပြောနိုင်သည်ကို တွေးတောကာ သူ အံ့အားသင့်သွားသည်။

ငွေရောင်လေးက ကျူးကဲလျန်၏ စကားကိုသတိရမိသွားသည်။

"ဒီလောက် အရှက်မဲ့တဲ့လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး"

သူက ထိုစကားတွင် လူနေရာ၌ "ခွေး" နှင့် အစားထိုးလိုက်သည်။

ငွေရောင်လေးက ဆိုဖာပေါ်တွင် ထိုင်နေသည်။

သူ၏ ငွေရောင်ဆံပင်ရှည်များက သူ့ပုခုံးပေါ်သို့ ဝဲကျနေ၏။

သူက စိတ်ဆိုးလွန်း၍ သူ့လက်ထဲမှ ခေါင်းအုံးကို ပစ်ထုတ်လိုက်သည်။

သူက ဒေါသတကြီးဖြင့် စာရိုက်လိုက်သည်။

"မအေဘေးခွေး.. အရင်က ပိုက်ဆံ ဘယ်လောက် ငါ့ဆီက ချူထားလည်း ဆိုတာကို မေ့သွားပြီလား.."

သို့သော် သူက ဤစာကို ရိုက်လိုက်သော်လည်း တိုက်ရိုက်မပို့ဝံ့၍ စာလုံးများကို လုံးဝ ပြန်ဖျက်ရန် backspace ခလုတ်ကိုနှိပ်ခဲ့သည်။

တကယ်တမ်း တွေးကြည့်လျှင် သူနှင့် ဆရာလေးလင်းတို့၏ ဆက်သွယ်မှု၌ အရေးပါသူမှာ ထွင်ထျန်းဟာ ဖြစ်နေ၏။

ထွင်ထျန်းဟာ နှင့် ဆက်ဆံရေး အဆင်မပြေလျှင် ဆရာလေးလင်းနှင့် စာချုပ်ကိစ္စကလည်း နိတ္ထိတံသွားနိုင်ပေသည်။

"ငါဒီလိုစာမျိုးပို့လို့မဖြစ်ဘူး.. ငါသည်းခံရမယ်"

သူ့နှုတ်ခမ်းကနေ တတွတ်တွတ် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက ထွင်ထျန်းဟာ အတွက် HNY နှစ်ထောင် ပို့ပေးလိုက်သည်။

မေးခွန်းတစ်ခုကို အဖိုးအခ နှစ်ထောင် ဖြစ်၏။

၎င်းက ထွင်ထျန်းဟာ နောက်ဆုံးအကြိမ်က သတ်မှတ်ထားသည့် စည်းမျဉ်းတစ်ခုပင်။

ငွေရောင်လေး အတွက်မူ ပိုက်ဆံက အဓိက မဟုတ်ပေ။

ထို့အပြင် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံ အားလုံးသည် ဗုံးပစ်စီနီယာ အင်မော်တယ်ဆီက ဖြစ်သည်။

ငွေကို လက်ခံပြီးနောက်တွင် ထွင်ထျန်းဟာက လက်မထောင်သည့် သင်္ကေတကို ပေးပို့လိုက်၏။

"ညီနောင် ငွေရောင်လေး.. မင်းက ဉာဏ်ကောင်းသားပဲ..

ငါနောက်ဆုံးအကြိမ်က သတ်မှတ်ထားတဲ့ အဖိုးအခကို မင်းမှတ်မိနေမယ်လို့ ငါမထင်ထားဘူး"

တကယ်တမ်းတွင် ထွင်ထျန်းဟာသည် ယခင်အကြိမ်က HNY နှစ်ထောင်ကို စကားအဖြစ်သာ ပြောလိုက်ခြင်း ဖြစ်သည်။

ငွေရောင်လေးက အမှန်တကယ် ပို့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သေချာစဥ်းစားကြည့်လျှင် ထွင်ထျန်းဟာသည် လူ့အသိုင်းအဝိုင်းတွင် ကြာရှည်စွာ နေထိုင်ခဲ့သော်လည်း ဝင်ငွေနှင့် စုဆောင်းငွေ မရှိခဲ့ချေ။

ငွေရောင်လေးကမူ ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ မုန့်ဖိုးရနေသည်။

နှိုင်းယှဉ်ကြည့်လျှင် ထွင်ထျန်းဟာ၌ ဘာမှမရှိပေ။

ဆရာလေးလင်းက သဘာဝအားဖြင့် ခြွေတာလေ့ရှိသည်။

အခြေခံအားဖြင့် ခေါက်ဆွဲခြောက်ကြွပ်ကြော်မှ လွဲ၍ တခြားနေရာများတွင် စိစစ်သုံးစွဲလေ့ရှိ၏။

ထို့ကြောင့် ထွင်ထျန်းဟာက HNY နှစ်ထောင်ကို ငွေရောင်လေး လွှဲပြောင်းပေးသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။

"အမှန်တကယ်တော့ ဒီတစ်ကြိမ် ငါလျော့ပေးမလို့ပဲ..."

ထိုစကားကိုကြားလျှင် ငွေရောင်လေး သွေးအန်မတတ်ဖြစ်သွားသည်။

"ဒါဆို ပြန်လွှဲပေးလေ"

ထွင်ထျန်းဟာ "ဘာလို့လွှဲရမှာလဲ.. ငါလက်ခံပြီးပြီ ဆိုမှတော့ ပြန်လွှဲပေးတာက အဓိပ္ပာယ်မရှိဘူး"

"မေဘေး.. ဒီကိစ္စကို ငါမှတ်ထားပြီး ဆရာလေးလင်းနဲ့တိုင်မယ်.. "

ငွေရောင်လေးက ဖန်သားပြင်ကိုကြည့်ရင်း ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။

"မင်းက ခွေးပါဖိပဲ "

ကျိုးပါဖိ= "ညသန်းခေါင်၌ ကြက်များ ဆူညံသံ" ဇာတ်လမ်းတွင် အကျင့်မကောင်းသူ တစ်ဦးဖြစ်ပြီး ကြက်များကို ခါတိုင်းထက်စော၍ တွန်လာစေရန်အတွက် ကြက်မများကို နှိုးဆော်ကာ အလုပ်သမားများကို စောစောထခိုင်းခဲ့သူ ဖြစ်သည်။

All Chapters