ခေတ်သစ်ကျင့်ကြံသူများ၏ နည်းစနစ်စတိုး
Vol. 32 Ch. 472
ထွင်ထျန်းဟာက သူ့ထံသို့ ငွေရောင်လေး ပေးပို့ခဲ့သည့် ဒေတာ အားလုံးကို သိမ်းဆည်းထားပြီးပြီ ဖြစ်သည်။
ယခုခေတ်တွင် ကျင့်စဥ်များ နှင့် စိတ်ဝိညာဉ်နည်းစနစ် များကို ကျောက်စိမ်းပုရပိုက် သို့မဟုတ် ဝါးပုရပိုက်များဖြင့် မှတ်တမ်းတင်ထားခြင်း မရှိတော့ပေ။
ပုရပိုက်များသည် ရှေးဟောင်းပစ္စည်းများ အဖြစ် အမှန်တကယ် တန်ဖိုးရှိသည်။
သို့သော်လည်း ခေတ်သစ် ကျင့်ကြံသူများ အတွက်မူ ကျင့်စဥ်များနှင့် နည်းစနစ် ဆိုင်ရာ အချက်အလက်များသည် အီလက်ထရွန်နစ်နည်းဖြင့် လွှဲပြောင်း၍ ရသောကြောင့် ပုရပိုက်များထက် ပို၍ အဆင်ပြေကြောင်း တွေ့ရှိခဲ့သည်။
၎င်းတွင် ဟွာရှို့နိုင်ငံ၏ အကြီးမားဆုံး ပိဋိကတ်တိုက်ထဲရှိ ကြီးကျယ်ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာကျမ်းစာများလည်း ပါဝင်သည်။
ကျမ်းစာတိုက်ထံမှ ကျမ်းစာအားလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အရန် သိမ်းဆည်းထားသည်။
သို့ရာတွင် နိုင်ငံတော် လျှို့ဝှက်ချက်များ အဖြစ် သတ်မှတ်ခံထားရသောကြောင့် သာမန်လူများ အနေဖြင့် ဤဒေတာထဲသို့ ဝင်ရောက်ခွင့် မရှိပေ။
ယနေ့ခေတ်တွင် ကျင့်စဥ်များ နှင့် စိတ်ဝိညာဉ်နည်းစနစ် များကို ရောင်းချသည့် အွန်လိုင်းစတိုးများစွာ ရှိနေပြီဖြစ်သည်။
သင်ဝယ်လိုသော နည်းစနစ် တစ်ခုကို ရွေးချယ်ပြီး အွန်လိုင်းမှတိုက်ရိုက် ငွေပေးချေပြီးသည်နှင့် ကုန်သည်က ၎င်းကို "Skill Cloud"ဟုခေါ်သော ဖိုင်မျှဝေသည့် ဆော့ဖ်ဝဲတစ်ခုမှ တစ်ဆင့် သင့်ထံသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။
သို့သော်လည်း ဖိုင်ကို ဝယ်ယူသူ ကိုယ်တိုင်ကသာ လက်ခံဖွင့်နိုင်ပြီး အခြားသူတစ်ဦးနှင့် ဒုတိယအကြိမ် မျှဝေ၍ မရပေ။
တစ်ပါးသူနှင့် မျှဝေလိုလျှင် ထပ်ဝယ်ပေးရန် လိုအပ်သည်။
ယခုခေတ်တွင် အရာအားလုံးသည် မူပိုင်ခွင့်နှင့် ပတ်သက်နေ၏။
ကျင့်စဥ်များ နှင့် စိတ်ဝိညာဉ် နည်းစနစ်များသည်ပင် ခြွင်းချက်မရှိပေ။
ထို့ကြောင့် ကျင့်စဥ်များ နှင့် စိတ်ဝိညာဉ်နည်းစနစ် များကို ရောင်းချသည့် အွန်လိုင်းစတိုးများသည် အဆိုပါ နည်းစနစ်များ အတွက် မူပိုင်ခွင့်များကို ဝယ်ယူရန် သို့မဟုတ် မျှဝေခြင်းသဘောတူညီချက် ရရှိရန် အတွက် ဖန်တီးရှင်များနှင့် ဆက်သွယ်ရမည် ဖြစ်သည်။
အကယ်၍ ၎င်းတို့က နည်းစနစ်တစ်ခု အတွက် မူပိုင်ခွင့်ကို ဝယ်ယူပါက ငွေအမြောက်အမြား ပေးချေရမည် ဖြစ်ပြီး ဤရောင်းချမှုမှ နောက်ဆက်တွဲ အကျိုးအမြတ်များကိုလည်း အပြည့်အဝ ပိုင်ဆိုင်မည် ဖြစ်သည်။
မှန်ပါသည်၊ နည်းစနစ် မူပိုင်ခွင့်ကို ဝယ်ယူခြင်းသည် ထာဝရအတွက် မဟုတ်ပေ။
ပုံမှန်အားဖြင့် မူပိုင်ခွင့် သက်တမ်းသည် ဆယ်နှစ် ဖြစ်သည်။
အခြားတစ်နည်းမှာ နည်းစနစ် ဖန်တီးသူနှင့် အကျိုးတူ မျှဝေခြင်း သဘောတူညီချက် ဖြစ်သည်။
နှစ်ဖက်စလုံးက မူပိုင်ခွင့်ကို မျှဝေ ပိုင်ဆိုင်ကြပြီး အမြတ်အစွန်းများကို အညီအမျှ ခွဲဝေကြသည်။
ယင်းမှာ နှစ်ဖက်စလုံး အတွက် မနစ်နာသော အခြေအနေဖြစ်သည်။
ကျင့်ကြံသူ အများစုသည် ဒုတိယ တစ်နည်းကိုသာ ရွေးချယ်ကြသည်။
ဟုတ်ပါသည်။ ကျော်ကြားသည့် မဟာ ဆရာသခင် အချို့ဆိုလျှင်မူ ၎င်းတို့ ဖန်တီးထားသည့် နည်းစနစ်၏ မူပိုင်ခွင့်ကို တိုက်ရိုက် ရောင်းချရုံသာမကဘဲ နောက်ဆက်တွဲ အကျိုးခံစားခွင့်တွေကိုပင် ရရှိနိုင်ပါသေးသည်။
ပြတ်သားစွာ ပြောရလျှင် ၎င်းသည် နည်းစနစ်ကို ဖန်တီးသူ၏ ဂုဏ်သတင်းနှင့် များစွာ သက်ဆိုင်နေ၏။
မှန်ပါသည်။ ပိုင်ရှင်မရှိသည့် ကျင့်စဥ် နှင့် ဝိညာဥ်နည်းစနစ်အချို့လည်း ရှိနေပါသေးသည်။
၎င်းတို့၏ မူပိုင်ခွင့်အားလုံးကိုမူ နိုင်ငံတော်က ပိုင်ဆိုင်၏။
ထို့အပြင် ကျော်ကြားသော မဟာဆရာသခင်များ၏ နည်းစနစ်များကို ကြီးကျယ်ခမ်းနားသော အင်မော်တယ် ဗုဒ္ဓကျမ်းစာများ သိုလှောင်သည့် ပိဋိကတ်တိုက်တွင်သာ သိမ်းဆည်းထားပြီး အများပြည်သူ အတွက် ရောင်းချရန် ထားရှိမည် မဟုတ်ပေ။
.................
ဇူလိုင်လ 13 ရက်ကြာသပတေးနေ့သည် စာသင်နှစ်၏ ဆယ်နှစ်ပတ်မြောက်၊ ကြာသပတေးနေ့ဖြစ်သည်။
ဖေဖေဝမ်က ယနေ့တွင် အိမ်၌မရှိပေ။
သူနှင့် လဲ့မုန့်မုန့် တို့က စာပေရုံးသို့ အစည်းအဝေး တက်ရန် သွားခဲ့ကြသည်။
ထို့ကြောင့် အားလပ်နေသော ဖေဖေဝမ်၏ ကွန်ပြူတာဖြင့် ထွင်ထျန်းဟာက အင်တာနက် အသုံးပြုခဲ့သည်။
ငွေရောင်လေး သူ့ဆီ လွှဲပြောင်းပေးခဲ့သည့် ဒေတာများကို ကူးယူပြီးနောက်တွင် အထူးသဖြင့် ထွင်ထျန်းဟာသည် နည်းစနစ်များ ရောင်းချသည့် စတိုးဆိုင်များကို စတင် ရှာဖွေခဲ့သည်။
"အခြေခံ ခွေးနည်စနစ်" နှင့် ပတ်သက်သော တစ်စုံတစ်ရာ ရှိ၊ မရှိ စစ်ဆေးခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
ယင်းက ဤအခြေခံ ခွေးနည်းစနစ် မည်မျှ သက်တမ်းရှိနေပြီမှန်း အတိအကျ သက်သေပြနေသည်။
အဆုံးသတ်တွင် ဤ အခြေခံ ခွေးနည်းစနစ်များသည် သူတော်စင်သားရဲ ခွေးမျိုးနွယ် ဆိုးရွားသော ကံကြမ္မာကို မခံစားရသေးချိန်နှင့် ငွေရောင်လေး အလွန်ငယ်ရွယ်သေးသည့် အချိန်က ဆင်းသက် လာခဲ့သော နည်းစနစ်များ ဖြစ်သည်။
"အခြေခံခွေးစွမ်းရည်များ"၏ သမိုင်းသည် နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦး ကဲ့သို့ပင် သက်တမ်းရင့်နေလောက်သည်။
ဤခွေးနည်းနစ်များတွင် ပထမနှင့် ဒုတိယ နည်းစနစ်များသည် အဆင့်လေး နည်းစနစ်များ ဖြစ်သည်။
၎င်းတို့ကို ကြိုးစားသင်ယူရန် သူ၏ ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြုနိုင်ကြောင်း ထွင်ထျန်းဟာ ယူဆခဲ့သည်။
အရာတိုင်းအတွက် ဆရာလေးလင်းကို အားကိုးခြင်းသည် သောက်ဖျင်းကျသော လုပ်ရပ် ဖြစ်သည်ဟု သူထင်၏။
ဒေတာတွင် ပါ၀င်သော ရှင်းလင်းချက်များကို ဂရုတစိုက်ကြည့်ရှုပြီးနောက်တွင် ထွင်ထျန်းဟာသည် လမ်းညွှန်ချက်များကို လိုက်နာရန် ကြိုးစားခဲ့ပြီး ၎င်း၏ သွေးကြောများ မှတစ်ဆင့် ဝိညာဉ်စွမ်းအင်ကို တွန်းပို့ခဲ့သည်။
အဆုံးသတ်တွင် အခြေခံ ခွေးနည်းစနစ်၏ ပထမ နည်းစနစ်ကို သေချာပေါက် သင်ယူနိုင်မည်ဟု သူ ကောက်ချက်ချခဲ့သည်။
သို့သော် ဒုတိယ နည်းစနစ်ကနေ စပြီး ခွေးနည်းစနစ်က ပို၍ ခက်ခဲလာသည်။
အဆင့်လေး နည်းစနစ်တစ်ခု ဖြစ်ခဲ့လျှင်ပင် ထွင်ထျန်းဟာသည် ၎င်းကို သေချာစွာ တွေးတောနေရဆဲ ဖြစ်သည်။
သူက စဥ်းစားရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဤအချိန်၌ တစ်စုံတစ်ယောက်ဆီက အကြံဉာဏ်ရလျှင် အကောင်းဆုံး ဖြစ်မည်ဟု တွေးမိခဲ့သည်။
သူစဉ်းစားနေစဉ်မှာပင် အွန်လိုင်း နည်းစနစ် စတိုးဆိုင်၏ ဝဘ်ဆိုက်တွင် ကြော်ငြာတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထွင်ထျန်းဟာက ကြော်ငြာကိုပိတ်ရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း ၎င်းကြော်ငြာထားသော စာသားကို သတိပြုမိလိုက်သည်။
"ကျင့်စဥ်တွေ နဲ့ ဝိညာဉ်နည်းစနစ်တွေကို သင်ယူတဲ့အခါမှာ အခက်အခဲ တွေ့နေပါသလား.. ကျနော်တို့ အွန်လိုင်း စတိုးမှ မှော်စွမ်းရည် ဆရာသခင်များရဲ့ လမ်းညွှန်ချက်နဲ့ဆိုရင် ဘယ်လို ဝိညာဉ်နည်းစနစ်ကို မဆို သင်ယူနိုင်မယ်လို့ အာမခံပါတယ်"
ဤသည်မှာ ထွင်ထျန်းဟာ ယခင်က ဖော်ပြခဲ့သော "မှော်စွမ်းရည်ဆရာသခင်" အလုပ် ဖြစ်သည်။
ထိုအလုပ်က အခြားသူများကို အချိန်တိုအတွင်း တိုးတက်မှုရအောင် အထူးပြု သင်ကြားခြင်းဖြင့် ငွေရှာနိုင်သည့် ခေတ်မီ အသက် မွေးဝမ်းကြောင်း တစ်ခု ဖြစ်သည်။
ထွင်ထျန်းဟာသည် ယခင်က ကြားဖူးနားဝ ရှိသော်လည်း ကိုယ်တိုင်ကိုယ်ကျ မကြုံဖူးပေ။
ယခု ပေါ်လာသည့် ကြော်ငြာကို မြင်သောအခါ အနည်းငယ် စိတ်ဝင်စားမိသွားသည်။
ကြော်ငြာလင့်ခ်ကို နှိပ်ခြင်းဖြင့် အွန်လိုင်းစတိုး၏ ပင်မစာမျက်နှာသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်၏။
စနစ်အမှာစာ
"ငါးဆားနယ် နည်းစနစ်စတိုး" မှကြိုဆိုပါတယ်။ ဝန်ထမ်းနံပါတ် 018 က သင့်ကို ဝန်ဆောင်မှုပေးမှာပါ"
ထွင်ထျန်းဟာက ဖောက်သည် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းနံပါတ် 018 မရောက်မီ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။
"မင်္ဂလာပါ.. ကျမ ရှင့်ကို ဘယ်လို ခေါ်ရမလဲ"
ထွင်ထျန်းဟာ "ငါ့ရဲ့ နောက်ဆုံး နာမည်က 2ပါ"
ဝန်ထမ်းနံပါတ် 018 "သခင်လေးလား သခင်မလေးလား မေးပါရစေ"
ထွင်ထျန်းဟာ "ငါက ခွေးတစ်ကောင်ပါ.. အိမ်မွေးခွေးပါ"
ဝန်ထမ်းနံပါတ် 018 "..........."
သူမက စိတ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားရင်း ထွင်ထျန်းဟာ၏ အသုံးပြုသူအမည်နှင့် ပတ်သက်သည့် ခရက်ဒစ် မှတ်တမ်းများကို အထူးစစ်ဆေးခဲ့သည်။
ဤသူ၏ ကိုယ်ရေးကိုယ်တာ ခရက်ဒစ်အဆင့် သတ်မှတ်ချက်သည် အလွန်ကောင်းမွန်ပြီး အကောင့်ကလည်း သရဖူသုံးခု ရရှိထားကြောင်း တွေ့ရှိခဲ့သည်။
သူမ ချက်ချင်း သက်ပြင်းချလိုက်သည်။
ဤအကောင့်က ခရက်ဒစ်အဆင့် သတ်မှတ်ချက်အရ အတုအယောင် မဖြစ်နိုင်ပေ။
ဖောက်သည် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းနံပါတ် 018 သည် ယခုမှသာ ကွန်ပြူတာဖန်သားပြင်၏ တစ်ဖက်တွင် ထိုင်နေသူက အမှန်တကယ်ပင် ခွေးတစ်ကောင် ဖြစ်နိုင်သည်ဟု သတိပြုမိသည်။
ဤအရာက အရမ်းကြီး အံ့အားသင့်စရာတော့ မဟုတ်ပေ။
ယနေ့ခေတ် အိမ်မွေးတိရိစ္ဆာန်များတွင် ဝိညာဉ်ရေး အသိဥာဏ်များ ရှိကြသည် မဟုတ်ပါလော။
စင်စစ် ထွင်ထျန်းဟာ၏ ခရက်ဒစ်အဆင့် သတ်မှတ်ချက်သည် ထိုမျှ မြင့်မားခြင်းမရှိပေ။
သူက ဖေဖေဝမ်၏ ကွန်ပြူတာကို အသုံးပြုထားသောကြောင့် ဖြစ်သည်။
သူ့ထံသို့ ဝန်ထမ်းနံပါတ် 018 ပထမဆုံး မက်ဆေ့ချ်ပို့ပြီးမှသာ အကောင့်ပြောင်းရန် မေ့သွားကြောင်း ထွင်ထျန်းဟာ သိလိုက်ရသည်။
သို့သော် ယင်းက အရေးမကြီးပေ။
မည်သို့ပင်ဖြစ်စေ သူက အကြံဥာဏ်တွေသာ လိုချင်နေခဲ့ပြီး ဘာမှဝယ်ဖို့ အစီအစဥ် မရှိချေ။
တစ်ဖက်တွင်လည်း ဝန်ထမ်း နံပါတ် 018က ပြုံး၍ မေးလိုက်သည်။
"မစ္စတာ ခွေး2 ဘာလိုသေးလဲ"
ဤအမည်ကို မြင်သောအခါ ထွင်ထျန်းဟာက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
"မင်းတို့ရဲ့ မှော်စွမ်းရည် ဆရာသခင်တွေက ဝိညာဥ်သားရဲတွေကို နည်းစနစ်တွေ သင်ပြပေးနိုင်လားလို့ သိချင်ပါတယ်"
ဖောက်သည်ဝန်ဆောင်မှုပေးသည့် နံပါတ် 018က ခေါင်းညိတ်လိုက်သည်။
"သင်ပေးနိုင်ပါတယ်.. ကျမတို့ရဲ့ မှော်စွမ်းရည် ဆရာသခင်တွေက ဘက်စုံတတ်မြောက်တဲ့ သူတွေပါ.. သူတို့ထဲက အချို့ဆိုရင် ဝိညာဉ်သားရဲ လေ့ကျင့်ပေးသူတွေ ဖြစ်ကြတယ်"
"ဒါပေမဲ့ သူတို့ရဲ့စျေးနှုန်းက နည်းစနစ် ဘယ်လောက်အထိခက်ခဲလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်.. မစ္စတာခွေး2 အနေနဲ့သူတို့ သတ်မှတ်ထားတဲ့ စျေးနှုန်းကို တတ်နိုင်သရွေ့ သူတို့က မစ္စတာ ခွေး2ကို သေချာပေါက် သင်ကြားပေးနိုင်လိမ့်မယ်"
ထွင်ထျန်းဟာ "ငါနားလည်ပြီ.. တကယ်တော့ ဒီဆိုင်ရဲ့ ကြော်ငြာတွေကို သံသယဝင်လို့ လာစပ်စုတာပါ.. မင်းအနေနဲ့ ငါ့ကို အကြံဉာဏ်ပေးဖို့အတွက် သင့်တော်တဲ့ မှော်စွမ်းရည်ဆရာသခင် တစ်ယောက် ခေါ်ပေးလို့ရမလား.. ငါသူနဲ့ စကားအရင် ပြောကြည့်ချင်တယ်"
ဝန်ထမ်းနံပါတ် 018 "ဟုတ်ကဲ့.. မစ္စတာခွေး2 ခဏစောင့်ပါ.. မှော်စွမ်းရည် ဆရာသခင်နဲ့ ဆွေးနွေးဖို့အတွက် ချက်တင်ဝင်းဒိုးကို လွှဲပေးပါ့မယ်"
တစ်မိနစ်ခန့်ကြာပြီးနောက်...
စနစ်ထံမှ သတိပေးချက်တစ်ဖန် ထွက်ပေါ်လာသည်။
နည်းပညာရှင် ဝန်ထမ်းနံပါတ် 003 သည် သင့်အား ဝန်ဆောင်မှုပေးလိမ့်မည်။
ထွင်ထျန်းဟာ "............."