← Chapters

အင်မော်တယ်2 သွားပြီ

Vol. 32 Ch. 476

အင်မော်တယ်2 သွားပြီ

Vol. 32 Ch. 476

ဝေ့ကျစ် နှင့် ထွင်ထျန်းဟာ တို့သည် အွန်လိုင်းတွင် အချိန်အတော်ကြာ စကားပြောခဲ့ကြသည်။

တစ်နာရီခန့် စကားပြောပြီးနောက်တွင် ဝေ့ကျစ်က ၎င်းတို့နှစ်ယောက် ချက်တင် အက်ပလီကေးရှင်းတွင် တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်း အဖြစ် မအပ်ရသေးကြောင်း သတိရမိသည်။

၎င်းတို့က တစ်ချိန်လုံး သီးသန့်ချက်တင် ဝင်းဒိုး၌သာ စကားပြောနေခဲ့သည်။

လက်ရှိတွင် ဝေ့ကျစ်ထံ၌ ပဋိညာဉ် သဘောတူစာချုပ် ချုပ်ထားသည့် ဝိညာဉ်သားရဲ ဆယ့်ခုနစ်ကောင် ရှိသည်။

တွန်းထိုးခြင်း လိပ်ပြာကြီး အပြင် အလယ်အလတ် ဝိညာဉ်သားရဲ ကိုးကောင် ရှိသည်။

ကျန်ခုနစ်ကောင်မှာ အကောင်ကြီးများ ဖြစ်ကြသည်။

ထို့ကြောင့် ဝေ့ကျစ်၏ ဝန်ထုပ်ဝန်ပိုးက အတော်လေး ပြင်းထန်၏။

သူက အိမ်မွေးတိရစ္ဆာန် လေ့ကျင့်သူ အဖွဲ့အစည်းမှ စီစဉ်ပေးသော ဝိညာဉ်သားရဲပြိုင်ပွဲများကို ဝင်ပြိုင်ပြီး ဆုငွေရအောင်အားထုတ်ရသည်။

ထို့အပြင် မှော်စွမ်းရည် ဆရာသခင်အဖြစ်လည်း အသက်မွေးရ၏။

သို့သော် ဤငွေက စားသောက်စရိတ်ကို ကာမိဖို့ လုံလောက်ရုံသာ။

တစ်ဖက်တွင်မူ သူက လစဉ် လျှပ်စစ်ဓာတ်အားခကို ပေးဆောင်ရန်လည်း လိုအပ်နေသေး၏။

ယင်းအပြင် သူ၏ ကိုယ်ကာယကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် ဖြည့်စွက်စာများလည်း လိုအပ်နေသေးသည်။

ဝိညာဥ် သားရဲများကို အမဲလိုက်လေ့ရှိသည့် ကျင့်ကြံသူများနှင့် မတူသည်က အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ ခွန်အား အများအပြား လိုအပ်ခြင်းပင်။

ဝေ့ကျစ်က သူတို့ အိမ်မွေးတိရစ္ဆာ လေ့ကျင့်သူ အဖွဲ့အစည်း၏ အဖွဲ့လိုက် ဓာတ်ပုံကို ပေးပို့ခဲ့သည်။

ဓါတ်ပုံထဲတွင် သူက ရှေ့ဆုံး အတန်းတွင် ရပ်နေသည်။

သူက အရပ်မရှည်သော်လည်း တော်တော်လေး ကြည့်ကောင်း၏။

ထွင်ထျန်းဟာက အဘယ်ကြောင့် ဝေ့ကျစ် ဤပုံကို ပို့လိုက်မှန်း နားမလည်ပေ။

"တွေ့လား"

ဝေ့ကျစ်က မေးလိုက်သည်။

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

"အင်း တွေ့တယ်လေ.."

ဝေ့ကျစ် "ငါ့ကိုပြောတာမဟုတ်ဘူး.. သားရေအင်္ကျီ ဝတ်ထားပြီး နေကာမျက်မှန် အနက်ရောင် တပ်ထားတဲ့ ပထမတန်း အလယ်ကလူကို ပြောနေတာဟ"

ထွင်ထျန်းဟာက ဝေ့ကျစ် ညွှန်ကြားချက် အတိုင်း လိုက်ရှာလိုက်သည်။

ဤလူ၏ ၀တ်စားဆင်ယင်မှုက တကယ်ကို စတိုင်ကျပြီး ခေတ်မီသည်။

ကျင့်ကြံသူ တစ်ယောက်၏ စတိုင်နှင့် လုံးဝမတူပေ။

ကျင့်ကြံခြင်း ခေတ်တွင် ရိုးရာ၀တ်စုံ ဝတ်ဆင်ထားသည့် လူများကို တွေ့ရသည်က ဘာမှ မထူးဆန်းပေ။

ဗိုလ်ချုပ်ရီက လူထုနှင့် စပ်လျဥ်းသည့် ပွဲလမ်းသဘင်များတွင်သာ စစ်ယူနီဖောင်း ဝတ်ဆင်ပြီး ကျန်အချိန်များတွင် ရိုးရာပုံစံအတိုင်းသာ ၀တ်ဆင်လေ့ရှိသည်။

လူအများစုကလည်း ထိုအတိုင်းပင်။

အဆုံးသတ်တွင် ဆရာလေးလင်းကမူ ကျောင်းဝတ်စုံကိုသာ အမြဲတစေ ဝတ်ထားတတ်သည်။

"ဒီလူက ဘယ်သူမို့လို့လဲ"

ဝေ့ကျစ်က သက်ပြင်းချကာ ပြောလိုက်သည်။

"သူက ငိုကြွေးခြင်း အင်မော်တယ်.. ငါမင်းကို ပြောဖူးတဲ့ ငါတို့အိမ်မွေးတိရစ္ဆာန် လေ့ကျင့်သူများ အဖွဲ့အစည်းရဲ့ ဒုဥက္ကဌပဲ.. သူ ထိပ်ပြောင်နေတယ် ဆိုတာ မင်းမြင်တယ်မလား.."

ထွင်ထျန်းဟာ ".........."

"ငါတို့အလုပ်က တကယ်မလွယ်ဘူး.. ပင်ပန်းလွန်းတယ်.. အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာ အများစုက သန်မာမှု မရှိကြဘူး.. ဒါက တိုက်ပွဲဝင်ဖို့မလိုတဲ့ ငြိမ်းချမ်းတဲ့ ခေတ်နဲ့လည်း ဆိုင်ပါတယ်.. ပြောရရင် ပို့ဆောင်ရေးသမား အလုပ်ကတောင် ငါတို့ထက် ပိုသက်သောင့်သက်သာ ရှိတယ်"

လုပ်ငန်းတစ်ခုစီတိုင်းတွင် ကိုယ်ပိုင် အခက်အခဲများ ရှိသော်လည်း ဝေ့ကျစ် ပြောသည့်စကားက မှားယွင်းနေသည်တော့ မဟုတ်ပေ။

ဤခေတ်တွင် ဓားပျံစီးခြင်းသည် အခြေခံ မှော်စွမ်းရည်တစ်မျိုးသာ ဖြစ်သည်။

လူတစ်ယောက်က ဓားပျံ စီးနိုင်သရွေ့ ပို့ဆောင်ရေး သမား တစ်ယောက်ဖြစ်ဖို့ အတွက် အတော်လေး လွယ်ကူသည် မဟုတ်ပါလား။

ထို့ပြင် လစာကလည်း အမှန်တကယ် မြင့်မားနေသေး၏။

ဝေ့ကျစ်က သက်ပြင်းချလိုက်ပြီး စာရိုက်လိုက်သည်။

"ငါတို့ရဲ့ ဒုဥက္ကဌကိုပဲ ကြည့်.. သူ ငယ်ငယ်တုန်းက ဝိညာဥ်သားရဲတွေနဲ့ စာချုပ်တွေ အများကြီး ချုပ်ခဲ့တယ်.. အဆုံးသတ်မှာ အာဟာရတောင် မပြည့်ဝခဲ့ဘူး.. အခုဆို ထိပ်တောင် ပြောင်နေခဲ့ရပြီ"

ထွင်ထျန်းဟာ "............."

ဤအချက်ကို ပြောရင်း ဝေ့ကျစ်က စိတ်ထဲတွင် အနည်းငယ် နာကျည်းသွားသည်။

ရှင်းလင်းစွာ ပြောရလျှင် ထိပ်ပြောင်ရခြင်း အကြောင်းရင်းများစွာသည် အမှန်တကယ်ပင် စိတ်ဖိစီးမှုနှင့် ဆက်စပ်နေ၏။

လူတိုင်းတွင် ဖိအားများရှိကြသည်။

ထွင်ထျန်းဟာ၏ ပတ်ဝန်းကျင်၌ စာမေးပွဲအတွက် ပြင်ဆင်နေသည့် ဝမ်လင်းမှလွဲလျှင် စိတ်ဖိစီးမှု အများဆုံးသူမှာ ဖေဖေဝမ် ဖြစ်သည်။

အွန်လိုင်း စာရေးဆရာများသည် အပ်ဒိတ်လုပ်ခြင်းကို ရပ်ဆိုင်း၍မရပေ။

မဟုတ်လျှင် ဖောင်းထုသူများနှင့် ရင်ဆိုင်ရပြီး စိတ်ဖိစီးသွားမည် ဖြစ်သည်။

စာဖတ်သူတွေက ယေဘုယျအားဖြင့် အရင်ထက် ပိုနားလည်လာသော်လည်း ခြွင်းချက်တော့ ရှိနေဆဲပင်။

ဥပမာအားဖြင့် သမိုင်းဝင်ဝတ္ထုကို ရေးခဲ့သည့် ဖေဖေဝမ်၏ လုပ်ဖော်ကိုင်ဖက်"တောင်တန်းများမှ ရေဆရာ" ဟု အမည်ပေးထားသည့် စာရေးဆရာသည် သူ့အိမ်မီးလောင်ချိန်တွင် အပ်ဒိတ်များ နှောင့်နှေးခဲ့ရသည်။

ထို့ကြောင့် စုန်းပြူးများက ဖောင်းထုခဲ့ကြ၏။

စာရေးဆရာက စိတ်ဖိစီးမှုကို အကြီးအကျယ် ခံစားရကာ အပ်ဒိတ်အတွက် ပို၍ပင် နှောင့်နှေးသွားခဲ့ရသည်။

ထွင်ထျန်းဟာက ဖောင်းထုသော လုပ်ရပ်သည် အလွန်ပညာမဲ့သည့် အပြုအမူဟု တွေးထင်ခဲ့သည်။

နှစ်တွေကြာလာသည်နှင့် အမျှ ဖေဖေဝမ်၏ ဖိအားများကလည်း ပြင်းထန်လာခဲ့သည်။

ရေချိုးခန်းထဲတွင် ဆံပင်များကို မကြာခဏ အထွေးလိုက် တွေ့ရလေ့ ရှိသည်။

အသက်ကြီးလာသည်နှင့်အမျှ စိတ်ဖိစီးမှု များလာလျှင် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်စေ၏။

ထိုသို့ဖြစ်လျှင် ဘာဝမ် ခေါင်းလျှော်ရည် မပြောနှင့်၊ "One Piece စီးရီး ထဲမှ ဟက်ကီ ခေါင်းလျှော်ရည်" သည်ပင် အသုံးမဝင်တော့ပေ။

ဟုတ်ပါသည်။ ဖေဖေဝမ် အနေဖြင့် ထိပ်ပြောင်သွားမည်ကို စိတ်ပူနေစရာ မလိုအပ်ပေ။

ဝမ်လင်းက ဆံပင်ကို အသာအယာ ထိတွေ့ရုံဖြင့်ပင် မြက်ခင်းမှ သစ်တော အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲနိုင်သည် မဟုတ်ပါလား။

အထူးသဖြင့် ဆံပင်အစားထိုးခြင်း အတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့သည့် စွန်းယာလုံ ဟု ခေါ်သော တိုက်ရိုက် ထုတ်လွှင့်သူနှင့် နှိုင်းယှဉ်လျှင် ပိုမို အဆင်ပြေပါသေးသည်။

စိတ်ဖိစီးမှု ရှိခဲ့လျှင် လွတ်မြောက်ရန် ထွက်ပေါက်တစ်ခု လိုအပ်သည်။

ဓားတာအို၏ စွမ်းအားကို အမွေဆက်ခံခြင်းမှ တဆင့် ကျင့်ကြံခြင်းသည် ထွင်ထျန်းဟာအတွက် ကြီးမားသော ဖိအားများကို ယူဆောင်လာခဲ့သည်။

ထွင်ထျန်းဟာက တစ်ကြိမ်လျှင် အနည်းငယ်မျှသာ ဓားတာအိုကို စုပ်ယူနိုင်စွမ်းရှိသည်။

ယင်းမှာ ဆရာလေးလင်း ထံမှ ရရှိသော အမွေဆက်ခံ အစီအရင် အတွင်းရှိ "ဆယ်မီတာဓားစက်ကွင်း" ၏ စွမ်းအားကို ချောမွေ့စွာ အမွေဆက်ခံနိုင်ရန် အတွက် အနားယူရန်ကလည်း အလွန် အရေးကြီးကြောင်း သိသာ ထင်ရှားနေ၏။

ထိုအကြောင်းကို စဉ်းစားရင်း ထွင်ထျန်းဟာက ဝေ့ကျစ်ကို တိုက်ရိုက် စာပို့လိုက်သည်။

"ညီနောင် ငါတို့နောက်မှ ဆုံကြစို့၊ ငါစိတ်ဆင်းရဲပြီး ဖိအားဝင်လာလို့ပါ"

ဖန်သားပြင်၏ တစ်ဖက်တွင် ဝေ့ကျစ်၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။

..................

စာသင်ချိန်၏ ဆယ့်နှစ်ပတ်မြောက်သည် ဇူလိုင်လ ၁၅ ရက် စနေနေ့ ဖြစ်သည်။

ဆရာမဖန်၏ တာအိုအစီအရင် စာမေးပွဲနှင့် သင်္ချာစာမေးပွဲကို သောကြာနေ့က ကျောင်း၌ ကျင်းပပြီးပြီ ဖြစ်သည်။

ဤဘာသာရပ် နှစ်ခုတွင် သူ၏ရမှတ်က ကောင်းမွန်မည်ဟု ဝမ်လင်း ခံစားမိသည်။

သူက မည်သည့် အကြောင်းအရာများ မေးလာမည်ကို ကြိုတင် ခန့်မှန်းထား၍ ယင်းအတွက် လုံလောက်စွာ ပြင်ဆင်ထားခဲ့သည်။

ပျမ်းမျှရမှတ် ရရှိရန် သူ၏ အမှတ်များကို ထိန်းချုပ်ခြင်းသည် ပြဿနာ မဟုတ်ပေ။

ထို့နောက် တနင်္လာနေ့သည် ရှေးဟောင်းစာအုပ်ကြီး၏ သမိုင်းဘာသာရပ် နှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ဖြေဆိုရမည့်နေ့ ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် "အင်မော်တယ် စံအိမ်ဖြစ်ရပ်" နှင့် "နတ်ဆိုးမုဆိုးများအသင်း၏ဖြစ်ရပ်" များကို ဆွေးနွေးမှုအကြောင်းအရာ အဖြစ် အသုံးပြုမည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

သို့သော် သူခန့်မှန်းထားသလို မေးလာမည်ဟု တပ်အပ် မပြောနိုင်ပေ။

၎င်းကို စဉ်းစားနေသည်က အချိန်ဖြုန်းနေသလို ဝမ်လင်း ခံစားခဲ့ရသည်။

သူက ငွေရောင်လေးနှင့် စာချုပ်ချုပ်ဖို့ မမေ့ခဲ့ပေ။

တကယ်တမ်းတွင် နောက်ဆုံးအကြိမ်က သွေးပေးဆောင်ရန် ငွေရောင်လေး ရောက်ရှိလာစဥ်ကပင် ဝမ်လင်းက စာချုပ်ကို ချုပ်ချင်ခဲ့သည်။

သို့သော် ငွေရောင်လေးထံမှ သွေးရပြီးနောက်တွင် ဝမ်လင်းက အလျင်လိုခြင်း မရှိတော့ပေ။

ဝိညာဉ်သားရဲဖြစ်စေ၊ သူတော်စင် သားရဲဖြစ်စေ စာချုပ်တစ်ခု မချုပ်ဆိုမီ လုံးဝ ကျန်းမာရေး ကောင်းမွန်ကြောင်း သေချာစေရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သားရဲ (သန့်ရှင်းသောသားရဲ) သည် စာချုပ်တစ်ခုကို သဘောတူလိုက်သည်နှင့် ဝိညာဉ်ရေးစွမ်းအားကို များစွာ သုံးစွဲရသောကြောင့် ဖြစ်သည်။

ထွင်ထျန်းဟာ နှင့် ငွေရောင်လေးတို့က အွန်လိုင်းတွင် ခင်မင်ရင်းနှီးနေကြကြောင်း ဝမ်လင်း သိထား၏။

၎င်းတို့က အတော်လေး လေပေးဖြောင့်နေပုံ ရသည်။

ဝမ်လင်းက ငွေရောင်လေး၏ အခြေအနေ အကြောင်း ထွင်ထျန်းဟာကို မေးရန် လှည့်ကြည့်လိုက်သောအခါ ထွင်ထျန်းဟာက အိမ်တွင် ရှိမနေသည်ကို တွေ့လိုက်ရသည်။

သူက နာရီကို မော့ကြည့်လိုက်သည်။

မနက်ကိုးနာရီခွဲ..

ဖေဖေဝမ်က စာရေးနေသည်။ မေမေဝမ်က သန့်ရှင်းရေးလုပ်နေသည်။ ဖိုးဖိုးဝမ်က အိမ်နောက်ဖေး၌ အပင်များကို ပြုစုနေ၏။

"ခွေး2 ဘယ်ကို ပြေးသွားတာလဲ"

ဘာဝမ်ခေါင်းလျှော်ရည်သည် ဂျက်ကီချန်း ကြော်ငြာသည့် ခေါင်းလျှော်ရည် အမှတ်တံဆိပ်ဖြစ်ပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေသည်ဟု ကျော်ကြားသော အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်သည်။

All Chapters