ဝေ့ကျစ်၏လက်ဆောင်
Vol. 32 Ch. 479
ထွင်ထျန်းဟာက သူ့ရှေ့မှ ဗိုလ်ချုပ်ကျန်းကို ကြည့်လိုက်သောအခါ ဗိုလ်ချုပ်ကျန်း၏ မျက်လုံးများသည် အနည်းငယ် ထူးခြားနေသည်ကို သတိပြုမိခဲ့သည်။
ဗိုလ်ချုပ်ကျန်း၏ သရုပ်ဆောင်မှုက အမှန်တကယ် ပီပြင်သည်ဟု ဆိုရမည်။
ထွင်ထျန်းဟာသာ ဤအဖိုးအိုကို စစ်ပွဲသူတော်စင်မှန်း သိမထားခဲ့လျှင် ယုံလုနီးပါး ဖြစ်မည်မှာ သေချာသည်။
"ကျနော့်ကို စနေတာ မဟုတ်လား"
ဗိုလ်ချုပ်ကျန်း သဘောကျသွားသည်။
သူက ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ထွင်ထျန်းဟာ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
ထွင်ထျန်းဟာက အလိုအလျောက် ရှောင်တိမ်းမိခဲ့သော်လည်း ဗိုလ်ချုပ်ကျန်း၏ လက်ဖဝါးတွင် ၎င်း၏ ဦးခေါင်းကို အလိုအလျောက် ဆွဲငင်နေသည့် ဆွဲငင်အားအချို့ ရှိနေသည်ကို တွေ့ရှိခဲ့သည်။
"လခွမ်း.. စုပ်ယူခြင်း လက်ဝါးပါလား"
ထွင်ထျန်းဟာက အဖိုးအို အသုံးပြုလိုက်သည့် မှော်နည်းစနစ်ကို သိနေသဖြင့် ထိတ်လန့်သွားသည်။
သူ့အနေဖြင့် လုံးဝရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
အဆုံးသတ်တွင် အဖိုးအိုသည် နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။
ထိုထက်မက ထိုအချိန်က နတ်ဆိုးနတ်ဘုရားများကိုပင် ထိုးနှက်ခဲ့သော စစ်ပွဲသူတော်စင်လည်း ဖြစ်သည်။
ထိုကဲ့သို့သော လူရှေ့တွင် ထွင်ထျန်းဟာက လုံးဝ ခုခံနိုင်စွမ်းမရှိပေ။
ဤအချိန်တွင် နှလုံးသားထဲ၌ နောင်တ အချို့ကိုသာ ခံစားခဲ့ရသည်။
ဤကဲ့သို့ဖြစ်လာမည်မှန်း ကြိုသိလျှင် ဝေ့ကျစ်နှင့် တွေ့ဆုံရန် တခြားနေရာ၌ စီစဥ်မည် ဖြစ်သည်။
"ငါဒီကိုမလာသင့်ဘူး"
ဤ ပေါ့ပေါ့ပါးပါး ၀တ်စားထားသော အဖိုးအိုက အလွန်အန္တရာယ်များသည်ဟု ထွင်ထျန်းဟာ ခံစားမိသည်။
ဗိုလ်ချုပ်ကျန်းက ထွင်ထျန်းဟာ၏ ခေါင်းပေါ်သို့ သူ့လက်ဖဝါးကို တင်လိုက်သည့် အခိုက်တွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ဤခွေးက သူနောက်ဆုံးအကြိမ်က မြင်ဖူးသည်ထက် တစ်ဆင့် မြင့်လာခဲ့သည်။
"ဘယ်လောက် ကြာသေးလို့လဲ.. တစ်ပတ်တောင် မပြည့်သေးဘူးလေ.."
"တစ်ပတ်ထဲနဲ့ တတိယတန်းစား ဝိညာဥ်သားရဲကနေ ဒုတိယတန်းစားဝိညာဥ်သားရဲ ဖြစ်သွားတာလား"
ဗိုလ်ချုပ်ကျန်းက သူ၏ လက်ကို ဖြေလျော့လိုက်ပြီး စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"ဖြစ်နိုင်ရင် မင်းရဲ့ပိုင်ရှင်ကို နောက်တစ်ခေါက်လာရင် ဖိတ်ခေါ်ခဲ့ပါ.. ငါတို့တွေ လက်ဖက်ရည် သောက်လို့ရတယ်လေ.. အဲဒီအခါ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာပေါ့"
ထွင်ထျန်းဟာက ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။
သူက အနည်းငယ် အံ့အားသင့်နေသည်။
"စိတ်မပူပါနဲ့... မင်းရဲ့ အထောက်အထားကို ငါ အနည်းအများ ခန့်မှန်းနိုင်ပေမယ့် မင်းကို ငါ ဘာမှမလုပ်ပါဘူး"
ဗိုလ်ချုပ်ကျန်းက ထွင်ထျန်းဟာကို ပြုံး၍ ပြောလိုက်သည်။
"ငါ့လက်နဲ့ နတ်ဆိုးဘုရင်တွေ၊ နတ်ဆိုးနတ်ဘုရားတွေ ဘယ်နှစ်ယောက်လောက် သေသွားမှန်း ငါမသိဘူး... အဲဒီနောက်ပိုင်းမှာ ငါနဲ့ ရင်ဆိုင်ရတဲ့ နတ်ဆိုးဘုရင် နဲ့ နတ်ဆိုးနတ်ဘုရားတိုင်းက ငါ့ကို အရမ်းကြောက်ခဲ့ကြတယ်.. တစ်ချို့ဆိုရင် မတိုက်ရသေးခင်မှာပဲ မေ့လဲသွားကြတယ်.. တကယ်တော့ ငါ့ရဲ့ စစ်ပွဲသူတော်စင် အော်ရာက နတ်ဆိုးချီအတွက် သဘာဝအဟန့်အတားတစ်မျိုး ဖြစ်နေလို့ပဲ"
"ဒါပေမယ့် မင်းမှာ နတ်ဆိုးချီ ရှိမနေဘူး.. ဒါက မင်းအနေနဲ့ ဝိညာဉ်ချီကို အသုံးပြုနေပြီး လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေတယ် ဆိုတာကို သက်သေပြနေတယ်.. မင်းရဲ့ နတ်ဆိုးသဘာဝကို ဆေးကြောနိုင်တဲ့ အတွက် မင်းရဲ့ ပိုင်ရှင်က တကယ်ပဲ အရည်အချင်း ပြည့်ဝတယ်"
"............."
ထွင်ထျန်းဟာက ရုတ်တရက် ဘာပြန်ပြောရမှန်း မသိတော့ပေ။
"မင်းရဲ့သခင်ကို ငါအရမ်းတွေ့ချင်တယ်"
ထွင်ထျန်းဟာ "သူက အရမ်းအလုပ်များနေတယ် ဗိုလ်ချုပ်ကျန်း"
ထိုစကားက အမှန်တရား ဖြစ်သည်။
သူ့သခင်လေးက တကယ့်ကို အလုပ်များနေခဲ့၏။
ဝမ်လင်းက စာမေးပွဲနှင့် အလုပ်ရှုပ်နေသည် မဟုတ်ပါလား။
သူ့အနေဖြင့် ဗိုလ်ချုပ်ကျန်း လက်တစ်ချက် ရမ်းလိုက်သည်နှင့် လဲကျသွားနိုင်သည်ကို ထွင်ထျန်းဟာ သိသည်။
ထို့ကြောင့် အလိုက်အထိုက် ဆက်ဆံရန် ဆုံးဖြတ်ခဲ့သည်။
ဗိုလ်ချုပ်ကျန်းက တိုက်ခန်းအဝင်ဝတွင် ခွေးတစ်ကောင်နှင့် စကားပြောရင်း ရယ်မောနေသည်ကို မြင်တွေ့ရသောအခါ လုံခြုံရေးတဲရှိ လုံခြုံရေး အစောင့်နှစ်ဦးက ဗိုလ်ချုပ်ကျန်းကို နှုတ်ဆက်လိုက်သည်။
"ဦးလေးကျန်း ပြန်ရောက်လာပြီလား"
"အင်း ငါ ဗိုလ်ချုပ်ရီနဲ့ ကော်ဖီသောက်ပြီး ပြန်လာတာ"
"ဗိုလ်ချုပ်ရီက စုန့်ဟိုင်မြို့ကိုရောက်နေတာလား"
လုံခြုံရေးအစောင့်များက အံ့အားသင့်သွားသည်။
"ဟားဟား.. သူက ငါ့လိုမဟုတ်ဘူး.. ငါက အနားယူမယ် ပြောရင် တကယ် အနားယူတယ်.. သူကတော့ တစ်နေကုန် အလကားနေရင်း လုပ်စရာ ရှာနေတာပဲ"
တစ်ဖက်မှ ထွင်ထျန်းဟာက ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
ဗိုလ်ချုပ်ရီက မိစ္ဆာဓားနတ်ဘုရားနှင့် တွေ့ဆုံရန် စုန့်ဟိုင်မြို့သို့ ရောက်လာသည်ကို ထွင်ထျန်းဟာ သိသည်။
ထို့နောက်တွင် အဖိုးအိုက အိတ်ကပ်ထဲမှ ဝင်ခွင့်ကတ်ပြားကို ထုတ်ပြီး သံမဏိတံခါး၏ အာရုံခံကိရိယာကို တို့ထိလိုက်သည်။
သံမဏိတံခါးဆီမှ ပြတ်သားသော အသံကို ကြားလိုက်ရပြီးနောက်တွင် ဝင်ပေါက် တံခါးက ပွင့်သွားခဲ့သည်။
ဗိုလ်ချုပ်ကျန်းက ဦးစွာဝင်ရောက်လာပြီး နောက်တွင် ထွင်ထျန်းဟာကိုကြည့်ကာ ပြောလိုက်သည်။
"အဲဒီမှာ ရပ်မနေနဲ့.. ဝင်လာခဲ့"
ဤမြင်ကွင်းကို လုံခြုံရေး အစောင့်နှစ်ယောက် မြင်လျှင် တုန်တုန်ယင်ယင် ဖြစ်ကာ နဖူးမှ ချွေးများပင် ချက်ချင်း ထွက်လာခဲ့သည်။
ဗိုလ်ချုပ်ကျန်း ကိုယ်တိုင်က တံခါးဖွင့်ပြီး ဤခွေးကို ဖိတ်ခေါ်နေသည် မဟုတ်ပါလား။
"ဦးလေးကျန်း ဒီခွေးကို သိလို့လား"
အစောင့်တစ်ယောက်က ချွေးများကို သုတ်လိုက်ပြီး မေးလိုက်သည်။
"သူက ဝေ့ကျစ်ရဲ့ သူငယ်ချင်းပါ.. ဝေ့ကျစ်ကို ရှာနေတာ"
ဗိုလ်ချုပ်ကျန်း၏ စကားကိုကြားလျှင် အစောင့်နှစ်ယောက်က ချက်ချင်း သဘောပေါက်သွားသည်။
"ဒီခွေးက အလည်လာနေကြလား"
"သူငယ်ချင်း အချင်းချင်း အလည်လာကြတာက ပုံမှန်ပါပဲ"
ထို့နောက် ဗိုလ်ချုပ်ကျန်းက ထွင်ထျန်းဟာကို လက်ညိုးထိုးပြကာ အစောင့်နှစ်ယောက်ကို ပြောလိုက်သည်။
"နောက်ဆိုမှတ်ထား.. တခြား လုံခြုံရေးတွေကိုလည်း အသိပေးထားလိုက်.. ဒီခွေးက ငါတို့တိုက်ခန်းကို အချိန်မရွေး ဝင်ထွက်ခွင့်ရှိတယ်"
ထိုစကားကို ကြားလျှင် အစောင့်နှစ်ယောက်က အံ့အားသင့်ကာ ထိတ်လန့်သွား၏။
ဗိုလ်ချုပ်ကျန်းက အမွေးစိမ်း ခွေးတစ်ကောင် အတွက် သူ၏ လုပ်ပိုင်ခွင့်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။
ဗိုလ်ချုပ်ကျန်းက အစောင့် နှစ်ယောက်ကို တစ်ချက်ကြည့်၍ ထပ်ပြောလိုက်သည်။
"တခြားသူတွေကတော့ သူတို့ရဲ့ ဝင်ခွင့်ကတ်ကို မေ့လာရင် စည်းကမ်းအတိုင်း အပြင်မှာစောင့်ရမယ်.. အဲဒါမျိုးဆို သူတို့ရဲ့ မိတ်ဆွေတွေကို ဆင်းလာခိုင်းလိုက်.. ငါပြောတာနားလည်တယ်မလား"
"ဟုတ်.. ဟုတ်.."
ဤအချိန်တွင် အစောင့်နှစ်ယောက် လုံးဝ အံသြနေပြီ ဖြစ်ကြောင်း ထွင်ထျန်းဟာ မြင်လိုက်ရသည်။
ဗိုလ်ချုပ်ကျန်းက ရပ်ကွက်ကော်မတီ လူကြီး နှင့် တကယ်တူသည်ဟု ထွင်ထျန်းဟာ ထင်မြင်မိသည်။
ထို့နောက်တွင် ဗိုလ်ချုပ်ကျန်းက တိုက်ခန်းကော်မတီ ရုံးခန်းသို့ ဦးတည်၍ ထွက်သွားခဲ့သည်။
ထွက်မသွားခင်တွင် ဗိုလ်ချုပ်ကျန်းက ခဏလောက် သေချာစဉ်းစားခဲ့ပြီး လုံခြုံရေး အစောင့်နှစ်ယောက်ကို တစ်စုံတစ်ရာ ဖိအားပေးလို၍ မဟုတ်ကြောင်း ရှင်းပြခဲ့သည်။
ယင်းက မကြာသေးမီက ဖြစ်ပျက်ခဲ့သော တရားမ၀င် ဝိညာဥ်သားရဲရောင်းဝယ်မှုကို အခြေပြု၍ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။
"ဒါက တိရစ္ဆာန် ကာကွယ်ရေးနဲ့ ဘယ်လို သက်ဆိုင်သွားတာလဲ"
.................
ဗိုလ်ချုပ်ကျန်း ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဝေ့ကျစ် ရောက်လာသည်။
"ညီနောင်ခွေး"
ဝေ့ကျစ်က မြေညီထပ်သို့ ရောက်သည်နှင့် ထွင်ထျန်းဟာကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
တွန်းထိုးခြင်း လိပ်ပြာကြီးသည်လည်း ဝေ့ကျစ်နှင့်အတူ ပါလာခဲ့သည်။
၎င်းက ဝေ့ကျစ်၏ ပခုံးထက်တွင် မလှုပ်မယှက် နားနေသည်။
ထွင်ထျန်းဟာကို မြင်လိုက်သည်နှင့် အတောင်ပံ တဖျပ်ဖျပ်ခတ်ကာ နှုတ်ဆက်လိုက်သည်။
ဝေ့ကျစ်က ကြာပန်းပွင့်ကဲ့သို့ ပြုံးနေသည်ကို ထွင်ထျန်းဟာ သတိပြုမိသည်။
"ညီနောင်ခွေး.. မင်းက အရမ်း ကံကောင်းတာပဲ.. ဦးလေးကျန်းက မင်းကို အခွင့်ထူး ပေးခဲ့တယ်.. တခြားသူတွေအနေနဲ့ ဒီလိုအခွင့်အရေးမျိုး လုံးဝမရနိုင်ဘူး.. မင်း တစ်သက်လုံး ကြွားလို့ရသွားပြီ"
ထွင်ထျန်းဟာက အနည်းငယ် ထူးဆန်းသလို ခံစားသည်။
"အဲဒါကို မင်းဘယ်လိုသိတာလဲ"
ဝေ့ကျစ် "ဦးလေးကျန်းက ငါ့ကို စိတ်ချင်းဆက်သွယ်ပြီး ပြောပြခဲ့တယ်လေ.. ဦးလေးကျန်းက တစ်ယောက်ယောက်ကို ပြောချင်ရင် ဖုန်းမသုံးဘဲ စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်ရုံပဲ"
ထွင်ထျန်းဟာ ချွေးစေးများ ထွက်လာသည်။
ကျင့်ကြံခြင်း နယ်ပယ်အဆင့် မြင့်မားခြင်းက တကယ်ကို အဆင်ပြေသည့် အချိန်များ ရှိသည်။
"အပေါ်တက်ရအောင်"
ဝေ့ကျစ်က ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်ပြီး ထွင်ထျန်းဟာကို ကြည့်လိုက်သည်။
"ငါမင်းအတွက် လက်ဆောင်တစ်ခု စီစဥ်ထားတယ်.. အဲဒါကို မင်းအရမ်းကြိုက်မယ်လို့ ငါထင်တယ်"
ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ မှင်တက်သွားသည်။
လက်ဆောင်ပေးချင်တာလား။
"ဘယ်လိုလက်ဆောင်မျိုးကို ပေးချင်တာလဲ"
"ယင်ကောင်လား"
သို့သော် ပြဿနာမှာ ဗိုလ်ချုပ်ကျန်းက သူ၏ ဖားပြုပ်ဘဝက အကြိုက်ကို မြင်နိုင်ခဲ့လျှင်ပင် ဝေ့ကျစ်ကတော့ မြင်နိုင်ရန် မဖြစ်နိုင်ခြင်းပင်။