← Chapters

ဆန်းကြယ်သောအရိုး

Vol. 32 Ch. 480

ဆန်းကြယ်သောအရိုး

Vol. 32 Ch. 480

ထွင်ထျန်းဟာက တိုက်ခန်းတွင် ဗိုလ်ချုပ်ကျန်းနှင့် ဆုံမိခဲ့သည်။

သို့သော် ၎င်းအပေါ် အဖိုးအို၏ သဘောထားအရ မကောင်းသော ရည်ရွယ်ချက်ကို မတွေ့ခဲ့ရပေ။

တစ်ချိန်က ဗိုလ်ချုပ်ကျန်း၏ လက်ထဲတွင် နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးနတ်ဘုရားက အသားပြားများ အဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

အကယ်၍ တစ်ဖက်လူ ထံတွင် မကောင်းသော ရည်ရွယ်ချက်များ အမှန်တကယ် ရှိခဲ့လျှင် ထွင်ထျန်းဟာ မသိစရာ အကြောင်းမရှိပေ။

သို့သော်လည်း ထွင်ထျန်းဟာက သတိထားနေရဆဲ ဖြစ်သည်။

အဆုံးသတ်တွင် ဆရာလေးလင်းသည် ယခုအခါတွင် ဗိုလ်ချုပ်ကျန်၏ ရေဒါတွင် ရှိနေပြီ ဖြစ်သည်။

ဓာတ်လှေကားပေါ် တက်စဉ် ထွင်ထျန်းဟာ၏ မျက်နှာပေါ်တွင် အာရုံစူးစိုက်သော အမူအရာတစ်ခု ရှိနေ၏။

"ဘာလက်ဆောင်လဲ"

ထွင်ထျန်းဟာက ဝေ့ကျစ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ရိုးသားစွာပြောရရင် ဝေ့ကျစ် သူ့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားမည်ဟု ထွင်ထျန်းဟာ လုံးဝမမျှော်လင့်ထားခဲ့ပေ။

သူနှင့်ဝေ့ကျစ်က အတော်လေး ဆက်ဆံရေး ကောင်းသည်မှာမှန်သော်လည်း တကယ်တမ်းတွင် တစ်ယောက်နှင့် တစ်ယောက် သိသည်မှာ တစ်ပတ်ပင် မပြည့်သေးချေ။

ထွင်ထျန်းဟာက သူ၏ ခြေသည်းများဖြင့် ရေတွက်လိုက်သည်။

ယနေ့ အပါအဝင်ဆို ခုနစ်ရက်တိတိ ရှိခဲ့ပြီ ဖြစ်သည်။

"ဒီလက်ဆောင်က ငါ့အတွက်တော့ အသုံးမဝင်တဲ့ အရာတစ်ခုပါ.. ဒါက မင်းနဲ့မှ လိုက်ဖက်လိမ့်မယ်"

ဝေ့ကျစ်က ဦးထုပ်ချွတ်လိုက်ပြီး သွားပေါ်သည်အထိ ပြုံးပြလိုက်သည်။

"ဒီနေ့က ငါတို့ရဲ့ နှစ်ပတ်လည်နေ့မို့လို့ ကောင်းမွန်တဲ့နေ့လေးတစ်နေ့ပဲ"

"ဘယ်လို နှစ်ပတ်လည်နေ့လဲ"

ထွင်ထျန်းဟာက မေးလိုက်သည်။

"နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို ဖြိုချခဲ့တဲ့ ငါတို့ရဲ့ ခုနစ်ရက်မြောက် နှစ်ပတ်လည်နေ့ပဲ"

ဝေ့ကျစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထွင်ထျန်းဟာ ".............."

ဝေ့ကျစ်က ယနေ့ အထူးပျော်ရွှင်နေပုံရပြီး ဓာတ်လှေကားမှထွက်လာစဉ် သီချင်း အော်ဆိုနေခဲ့သည်။

သူက ရိုးရာအော်ပရာ အဆိုတော်အဖြစ် အဝတ်အစား သစ်များဝတ်ကာ စင်ပေါ်တက်၍ ဖျော်ဖြေခဲ့သည်ဟု ယမန်နေ့ညက အိပ်မက်မက်ခဲ့သည်။

ထွင်ထျန်းဟာက ဝေ့ကျစ် အမှန်တကယ် ကောင်းစွာ သီဆိုနိုင်သည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။

ဝေ့ကျစ်က စည်းချက်ကျကျ သီဆိုနိုင်၏။

အစပိုင်းတွင် သီချင်း စာသားများက အတော်လေး ပုံမှန်ဖြစ်သော်လည်း သံပြိုင်အပိုဒ်ကို ဆိုသည့်အခါတွင် စာသားကရုတ်တရက် ပြောင်းလဲသွားသည်။

အဲဒီနေ့က မင်းနဲ့ငါတွေ့ပြီး နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းထဲကို လျှို့ဝှက်စွာ သွားခဲ့တယ်..

ဒီနေ့က အဲဒီအဖွဲ့အစည်း ပြိုကွဲတဲ့ ခုနစ်ရက်မြောက်နေ့ပဲဆိုတာ မှတ်မိရဲ့လား..

ထွင်ထျန်းဟာ"............."

ခုနှစ်ရက်မြောက်နေ့က အဘယ်ကြောင့် ထိတ်လန့်စရာ ကောင်းနေရပါသနည်း။

....................

ဝေကျီက လက်ဆောင်ကို ကြိုပြီး ပြင်ဆင်ထားပုံရသည်။

နှစ်ဆယ့်သုံးထပ် တစ်ခုလုံးသည် ဝေ့ကျစ်၏နေရာ ဖြစ်သည်။

တွန်းထိုးခြင်း လိပ်ပြာကြီး အတွက် သင့်လျော်သော ဂေဟစနစ်တစ်ခု အဖြစ် ပြောင်းလဲရန် ဝေ့ကျစ်သည် တိုက်ခန်းအား ပြန်လည်မွမ်းမံဖို့ ငွေများစွာ သုံးစွဲခဲ့ရသည်။

ထို့ကြောင့် အချိန်တိုင်းတွင် သူ့အတွက် ပိုက်ဆံကျပ်နေရခြင်း ဖြစ်သည်။

ထွင်ထျန်းဟာ အတွက် လက်ဆောင်က အခန်းလွတ် တစ်ခုမှာ ရှိ၍ ဝေ့ကျစ်က သွားယူလိုက်သည်။

သူက ထိုအခန်းထဲရှိ လက်ဆောင်ကို ဖုံးထားသည့် အနက်ရောင် အဝတ်စကို ချွတ်လိုက်၏။

"တန်း ဒန်"

ထွင်ထျန်းဟာ "............"

ထွင်ထျန်းဟာက လေးထောင့်ကျသော မှန်ပုံး တစ်ခုကို တွေ့လိုက်ရပြီး အတွင်းတွင် အရွယ်ရောက်ပြီးသူ၏ လက်မောင်းကဲ့သို့ ထူထဲသည့် ၁.၇ သို့မဟုတ် ၁.၈ မီတာရှည်သော အရိုးကြီး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုအရိုးရှိ အဆစ်များသည် ပြင်းထန်လှသော အင်အားတစ်ခုကြောင့် ကျိုးနေပုံရသည်။

"ဝေ့ကျစ်က အရိုးတစ်ချောင်း ပေးချင်ခဲ့တာလား"

ယင်းက လုံးဝကို အဓိပ္ပါယ်ရှိ၍ ထွင်ထျန်းဟာက ထူးဆန်းသည်ဟု အနည်းငယ်မျှပင် မထင်ခဲ့ပေ။

ဝေ့ကျစ်က သူ၏ အထောက်အထား အစစ်အမှန်ကို မသိသောကြောင့် ယင်ကောင်များ လက်ဆောင် ပေးလျှင်သာ ထူးဆန်းနေလိမ့်မည် မဟုတ်ပါလော။

"ညီနောင်ခွေး သဘောကျရဲ့လား"

ဝေ့ကျစ်က ထွင်ထျန်းဟာကို ပြုံးပြ၍ ပြောလိုက်သည်။

အရိုးတစ်ခုအပေါ် ဤခွေး၏ တုံ့ပြန်မှုက အနည်းငယ် ထူးခြားပုံပေါက်သည်ဟု ခံစားမိသော်လည်း ထွင်ထျန်းဟာက သာမန်ခွေး မဟုတ်မှန်း ရိပ်စားမိသောကြောင့် စိတ်ထဲမထားခဲ့ပေ။

သာမန် ဝိညာဥ် ခွေးတစ်ကောင်သာ ဆိုလျှင် ဤကဲ့သို့ အရိုးကြီးကို မြင်သည်နှင့် မျက်လုံးများက ထိုအရိုးကနေ ခွာရတော့မည် မဟုတ်ပေ။

"အင်း ဒီလက်ဆောင်က မဆိုးပါဘူး"

ဤလက်ဆောင်က သူ့အတွက် သိပ်တန်ဖိုးမရှိချေ။

သို့သော်လည်း ဤအရာက ဝေ့ကျစ်၏ ကောင်းမွန်သည့် စေတနာ ဖြစ်သည်။

ထိုခဏဝယ် ထွင်ထျန်းဟာသည် တရုတ်စာလုံးများကို လေ့လာနေစဉ် အလွတ် ကျက်မှတ်ခဲ့သော ကဗျာသုံးရာနှင့် လောကနီတိကို လျင်မြန်စွာ ပြန်လည် သုံးသပ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် အဘယ်ကြောင့် ဝေ့ကျစ် အနည်းငယ် စိတ်ပျက်နေသည်ကို သူ ရုတ်တရက် သဘောပေါက်သွားသည်။

သူသာ စောစောက သိခဲ့လျှင် ဝိညာဥ်ခွေးများ၏ အရိုးကိုမြင်လျှင် တုံ့ပြန်ပုံအား စောင့်ကြည့်လေ့လာခဲ့မည် ဖြစ်သည်။

အရိုးများကို မကြိုက်လျှင်ပင် ဝေ့ကျစ် ဝမ်းသာအောင် အနည်းဆုံးတော့ ခွေးများ လုပ်သလို ပြုမူသင့်သည် မဟုတ်ပါလား။

ဝေ့ကျစ်က သူ၏ တုံ့ပြန်မှုကို အလွန်စိတ်ပျက်သွားသည်ဟု သူ ထင်ခဲ့သည်။

ထွင်ထျန်းဟာက စိတ်ထဲတွင် သက်ပြင်းချရင်း လေးထောင့်မှန်ပုံးဆီသို့ လျှောက်သွားခဲ့သည်။

ဤအရိုးကြီးက အနည်းငယ်ကြီးမားပြီး ဝိညာဥ်သားရဲ၏ ဝိညာဉ်အရိုးနှင့် တူသည်ဟု သူ ထင်မြင်မိသည်။

သူက ဤအရိုးကို စစ်ဆေးရန် တိုးကပ်လာရင်း ရုတ်တရက် အရိုးပေါ်မှ သွေးအနံ့များကို ရလိုက်သည်။

ထို့အပြင် ထွင်ထျန်းဟာက အရိုးပေါ်ရှိ သွေးနံ့နှင့် ရင်းနှီးနေခဲ့သည်။

"ဒါက သူတော်စင် သားရဲရဲ့ သွေးနံ့လား"

ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။

ဤအရာက သူတော်စင် သားရဲ၏ အရိုးဖြစ်မည်ဟု မထင်ထားခဲ့ပေ။

အရိုးပေါ်ရှိ သွေးချီကို စစ်ဆေးကြည့်လိုက်ရာ ဤအရိုးက အလွန်ဟောင်းနွမ်းခြင်း မရှိသေးကြောင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာခန့်က ဖြစ်သည်ဟု သူမှန်းဆခဲ့သည်။

အနှစ်၂၀၀ ဟူသော အချိန် အတိုင်းအတာသည် သက်တမ်းရှည်သော သူတော်စင် သားရဲများအတွက်မူ သာမန်အချိန် မျှသာ ဖြစ်သည်။

အရိုးများ တောက်ပြောင်နေပုံကို ထောက်လျှင် တစ်စုံတစ်ယောက်က ဂရုတစိုက် ဆေးကြောသန့်စင်ခဲ့မှန်း ထင်ရှားနေ၏။

ဤကမ္ဘာပေါ်တွင် ငွေရောင်လေး အပြင် အခြားသူတော်စင်သားရဲများ ရှိနေသေးပါသလော။

ထွင်ထျန်းဟာ၏ အတွေးထဲ နစ်မြောနေသည့် အမူအရာကို မြင်နေရသော်လည်း ဝေ့ကျစ်က စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

ဤညီနောင်ခွေးက တကယ်ကို ချစ်စရာကောင်းသည်ဟု သူထင်ခဲ့သည်။

သာမန် ခွေးတစ်ကောင်သာ ဆိုလျှင် ဤအရိုးကို မြင်သည်နှင့်ငမ်းငမ်းတက် ဖြစ်နေမည်မှာ သေချာ၏။

သို့သော်လည်း ညီနောင်ခွေးကမူ အတော် က္ကုန္ဒြေရနေသည်။

ယင်းက ညီနောင်ခွေး၏ အခြားခွေးများနှင့် မတူသည့် ခြားနားချက် ဖြစ်နိုင်သည်ဟု ဝေ့ကျစ် ထင်ခဲ့သည်။

ညီနောင်ခွေး၏ ဝိညာဉ်ရေး အသိဥာဏ်က အလွန်မြင့်မားသော အဆင့်အထိ တိုးတက်နေပြီး လူသားအသွင်ဆောင်နိုင်သည်ဟု ကောလဟာလ ထွက်ပေါ်နေသော ပထမတန်းစား ဝိညာဉ်သားရဲများ ထက်ပင် သာလွန်နေလောက်သည်ဟု ဝေ့ကျစ် ယုံကြည်ခဲ့သည်။

"ဒီအရိုးကို ဘယ်ကနေ ရလာတာလဲ"

ထွင်ထျန်းဟာက အံ့အားသင့်မှုကို ထိန်းထားရန် ကြိုးစားရင်း ခဏအကြာတွင် ဝေ့ကျစ်ကို မေးခွန်းထုတ်လိုက်သည်။

ဝေ့ကျစ်က သူ့မေးစေ့ကို ပွတ်သပ်၍ ပြန်ဖြေလိုက်သည်။

"ဒါက ငါတို့ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်သူ အဖွဲ့အစည်းက ဒုဥက္ကဌ စုဆောင်းထားတဲ့ ပစ္စည်းတစ်ခုပဲ.. ဒီအရိုးကို ဒုဥက္ကဌက တမြတ်တနိုး သိမ်းထားခဲ့တာလေ.. ဒါပေမဲ့ မကြာသေးခင်က 'Fight the landlord" ကတ်ဂိမ်းမှာ သူငါ့ကို ရှုံးသွားခဲ့ပြီး အဖိုးအခအဖြစ် အရိုးကို ထုတ်ပေးခဲ့ရတယ်"

{Fight the Landlord= တရုတ်ကတ်ဂိမ်း}

ထွင်ထျန်းဟာ အံ့ဩသွားသည်။

"............."

"ဒါက ဘယ်လို လောင်းကြေးကြီးလဲဟ"

ဝေ့ကျစ် "သြော်.. ဒါနဲ့ ဒုတိယဥက္ကဋ္ဌက ဒီအရိုးကို အရိုးဘုရင်လို့ နာမည်ပေးထားတယ်"

ထွင်ထျန်းဟာ "..........."

အရိုးဘုရင်သည် 'Overlord' စီးရီး၏ အဓိကဇာတ်ကောင် ဖြစ်သည့် " အရေပြားနှင့် အသား မပါသော Ainz Ooal Gown ကို ရည်ညွှန်းသည်။

All Chapters